18/05/2026
မနေ့က PMGO Grand Finals ရဲ့ နောက်ဆုံးပွဲစဉ်အထိ ကျွန်တော်တို့ အစွမ်းကုန် ကြိုးစားခဲ့ကြပေမယ့်... မျှော်မှန်းထားတဲ့အတိုင်း Main Event ဆီကို တက်လှမ်းခွင့်မရခဲ့ပါဘူး။
ဒီ ၃ ရက်လုံးလုံး BCC Hall ထဲအထိရော၊ Hall အပြင်ဘက်မှာပါ အချိန်အကြာကြီး စောင့်ဆိုင်းပြီး အားတက်သရော လာရောက်အားပေးခဲ့ကြတဲ့ ညီအစ်ကိုမောင်နှမတွေ အားလုံးက တစ်ပွဲချင်းစီတိုင်းမှာ ပရိသတ်တွေရဲ့ အော်ဟစ်အားပေးသံတွေကို ကြားရတိုင်း ကျွန်တော်တို့ တကယ်စိတ်ခွန်အားရခဲ့ပါတယ်။
အားလုံးရဲ့ မျှော်လင့်ချက်တွေ၊ ပေးဆပ်မှုတွေကို ရလဒ်ကောင်းတစ်ခုနဲ့ ပြန်မလုပ်ပြနိုင်ခဲ့တဲ့အတွက် ကျွန်တော် တကယ်ကို အားနာမိပါတယ်ဗျာ။
ဒါပေမယ့် ခက်ခဲနေတဲ့အချိန်မှာတောင် ကျွန်တော်တို့ဘေးမှာ အမြဲရှိနေပေးပြီး အဆုံးထိ အားမလျော့တမ်း ဆက်လက်အားပေးခဲ့ကြတဲ့ ပရိသတ်တစ်ယောက်ချင်းစီတိုင်းကို ရင်ထဲကနေ အထူးပဲ ကျေးဇူးတင်ရှိပါတယ်။
ဒီကနေ ရခဲ့တဲ့ သင်ခန်းစာတွေ၊ အားနည်းချက်တွေကို ပြုပြင်ပြီး နောက်ပွဲစဉ်တွေမှာ ဒီထက်မက ပိုကောင်းတဲ့ ပုံစံတစ်ခုနဲ့ ပြန်လာခဲ့ပါမယ်။ 💪❤️
ဆက်လက်ပြီးလည်း ကျွန်တော်တို့ကို အားပေးကြပါဦးခင်ဗျာ