Betta Village

Betta Village Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Betta Village, Aquarium, Yangon.

11/09/2022
10/09/2022
ငါးကန်ကို ခြံ၀န်းအဖြစ်ကာရံထားတဲ့ တူရကီ သန်းကြွယ်သူဌေးတစ်ယောက်ရဲ့ အိမ် :O
27/08/2022

ငါးကန်ကို ခြံ၀န်းအဖြစ်ကာရံထားတဲ့ တူရကီ သန်းကြွယ်သူဌေးတစ်ယောက်ရဲ့ အိမ် :O

25/06/2022

WILD BETTA IMBELLIS

05/06/2022

ခွဲကျောင်းထားတာလေးတွေ ကာလာဝင်

22/05/2022
𝗕𝗲𝘁𝘁𝗮  တွေကို သားခွဲခြင်း (သို့) ပုလင်းကျင့်ခြင်း (သို့) ခွဲကျောင်းခြင်း တို့အတွက် အခြေခံအချက်_______________________Bet...
19/02/2022

𝗕𝗲𝘁𝘁𝗮 တွေကို သားခွဲခြင်း (သို့) ပုလင်းကျင့်ခြင်း (သို့) ခွဲကျောင်းခြင်း တို့အတွက် အခြေခံအချက်
_______________________

Betta မွေးသူများအတွက် အနည်းငယ် ခက်ခဲခြင်း သို့မဟုတ် အလုပ်များစေလုပ် အလုပ်တစ်ခုမှာ အရွယ်ရောက်သားပေါက်များကို တစ်ကောင်ချင်းစီ စတင်သီးသန့်ခွဲကျောင်းသော အချိန်ဖြစ်ပါတယ်။

Betta သားပေါက်များသည် အရွယ်အစား တဖြည်းဖြည်းကြီးလာသည်နှင့် အမျှ အတောင်အလက်များ ရှည်လျားလာခြင်း၊ အရောင်ထွက်လာခြင်း နှင့် အတူ ဗီဇပြကာ တစ်ကောင်နှင့် တစ်ကောင် ရန်လိုမာန်ဖီခြင်း စသည်တို့ဖြင့် တိုက်ပွဲဆီသို့ ဦးတည်လာကြပါတယ်။ အဲဒီလိုတွေ စတင်တွေ့လာပြီဆိုရင်တော့ တစ်ကောင်ချင်းစီ သီးသန့် ခွဲထုတ်ဖို့ အချိန်ရောက်ပြီလို့ ဆိုရမှာ ဖြစ်ပါတယ်။ အဲလိုမှ မလုပ်ဖြစ်ဘူးဆိုရင်တော့ အချင်းချင်းကိုက်ပြီး ရေယက်များ အတောင်များ ပြက်ထွက်ကာ အနာတရ ဖြစ်ကုန်ပါလိမ့်မယ်။ သေသည် အထိတောင် ဖြစ်နိုင်ပါတယ်။

ပုံမှန်အားဖြင့် တစ်ကောင်ခြင်းစီ သီးသန့်ခွဲကျောင်းခြင်းဟာ မွေးမြူသူတွေ အတွက် အနည်းငယ် ပင်ပန်းစေတဲ့ အလုပ်တခုပါ။ အောက်မှာ ရေးပြထားတဲ့ အခြေခံ အချက်တွေကိုက ဖတ်ကြည့်ခြင်းဖြင့် Batta ဝါသနာရှင်၊ မွေးမြူသူတို့အတွက် အထောက်အကူဖြစ် တခု စေနိုင်ပါသည်။

(၁) Betta ငါးများသည် သဘာဝအားဖြင့် ရန်လိုတတ်သော ငါးမျိုးစိတ် ဖြစ်သောကြောင့် တစ်ကောင်နှင့် တစ်ကောင် ရန်လိုခြင်း မာန်ဖီခြင်းတို့ကို အရွယ်ရောက်ချိန်မှာ မြင်တွေ့လာရမှာ ဖြစ်ပါတယ်။ အဲလို စတင်တွေ့ရှိချိန်မှာ စတင်လုပ်ဆောင် သင့်ပါတယ်။ မဟုတ်ရင် အချင်းချင်းကိုက်ပြီး အနာတရဖြစ်ကာ ရေယက်များ အတောင်များ ပျက်စီးနိုင်ပါသည်။ ပျက်စီးသွားသော အတောင်များသည် အချိန်အတိုင်းတခု ကြာမြင့်ရင်တော့ ပြန်လည်ကောင်းမွန်လာနိုင်သော်လည်း ကြီးထွားမှု ဖြစ်စဉ်ကို အနည်းငယ် နှောင့်နှေးစေသလို အလှမွေးငါးတစ်ကောင်ရဲ့ အလှအပကို ထိခိုက်စေပါတယ်။

(၂) ရန်လို၍လိုက်ကိုက်နေသော ငါး သို့မဟုတ် အကိုက်ခံနေရသော ငါးကို တွေ့ပါက တခါတည်းဖမ်းကာ သီးသန့်ခွဲကျောင်း ထားသင့်ပါတယ်။ တပြိုင်နက် အားလုံးကို သီးသန့်ခွဲထားခြင်းထက်စာရင် အလုပ်ရှုပ်သက်သာတာပေါ့။

(၃) Betta ကို စတင်သားဖောက်တော့မည်လို့ ဆုံးဖြက်လိုက်ပြီဆိုရင်တော့ သူတို့တွေကြီးလာရင် ခွဲကျောင်းဖို့ ဖန်ပုလင်း၊ ရေသန့်ဘူးခွံ စတာတို့ကို ကြိုတင်ရှာထားသင့်ပါတယ်။ ပုံမှန်အားဖြင့် Betta တစ်ကောင်အတွက် ရေ ၂ လီတာ ဝင်ဆံ့တဲ့ ဘူး၊ ခွက်ဟာ လုံလောက်ပါတယ်။ တကယ်လို့ အကောင်ရေများမယ်ဆိုရင်တော့ ၁လီတာ လောက်ဆိုရင်လည်းဖြစ်ပါတယ်။ တစ်ကောင်ခြင်းဆီ ထည့်ရမှာ ဖြစ်လို့ အကောင်ရေများလေ ဘူး၊ခွက် ထားရန်နေရာများများ လိုအပ်မှာပါ။ အသင့်တော်ဆုံးကတော့ ရေသန့်ဘူးကို ထိပ်ဝဖြတ်ပီး ထည့်ရင် အကောင်းဆုံးပါပဲ။ ငွေကြေးလည်း တတ်နိုင်တယ်၊ နေရာလည်းရှိတယ်ဆိုရင်တော့ အလျား ၆ လက်မှ အနံ ၄ လက်မ အမြင့် ၆ လက်မရှိတဲ့ မှန်ကန်ဆိုရင်တော့ အကောင်းဆုံးပဲပေါ့။

(၄) ပထမဆုံး စပြီးခွဲကျောင်းတော့မယ်ဆို သူတို့ကို လက်ရှိထည့်ထားတဲ့ ကန်ထဲရေကိုပဲ အသုံးပြုသင့်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ လက်ရှိသူနေတဲ့ကန်ထဲက ရေက သူနဲ့ အသားကျပြီးသား ဖြစ်နေပါတယ်။ မဟုတ်ရင် တစ်ကောင်တည်း ကန်အသစ်ထဲမှာ အသားမကျသေးတဲ့ရေနဲ့ နေရတဲ့အခါ သူတို့အတွက် စိတ်ဖိစီးမှုဖြစ်စေပါတယ်။ အပေါင်းအဖော်တွေနဲ့နေနေရတဲ့ ဘဝကနေ တစ်ကောင်တည်းခွဲနေရတာဖြစ်လို့ သူတို့တွေမှာလည်း ခံစားတတ်တဲ့ နှလုံးသားရှိပါတယ်။

(၅) နောက်တခုက နည်းနည်းထူးဆန်းတယ်လို့ ဆိုရပါမယ်။ ငါးရယ်လို့စတင်ဖြစ်လာကတည်းက မွေးချင်းတွေနဲ့ အတူ ကန်တစ်ကန်ထဲမှာ အချိန်အတိုင်းအတာ တစ်ခုထိကြီးပြင်းလာပြီး ရုပ်တရက် တစ်ကောင်တည်း ခွဲခံလိုက်ရတဲ့အတွက် သူတို့တွေမှာ စိတ်အားငယ်ခြင်း စိတ်ဓတ်ကျခြင်း များလည်း ဖြစ်လာပါတယ်။ အဲလိုမဖြစ်အောင် သီးသန့်ခွဲကျောင်းပြီဆိုရင် စစခြင်းမှာ တစ်ကောင်နဲ့တစ်ကောင်မြင်သာစေရန် ယှဉ်တွဲ ကပ်ထားပေးသင့်ပါတယ်။ အချိန်အတိုင်းအတာတခုထိ ထားပြီးမှ နေရာပြောင်းချင်ပြောင်းပေါ့။ ခွဲကျောင်းအရွယ်လေးဆိုတာ သူတို့အတွက် ကလေးသာသာ အရွယ်ပဲရှိသေးတာလေ။

(၆) နောက်ဆုံးတချက်ကတော့ စတင်ခွဲကျောင်းတဲ့ အချိန် တစ်ကောင်းတည်း စနေရတဲ့အချိန်မှာ ရက်အနည်းငယ်လောက် အစာမစားတာ ဖြစ်တတ်ပါတယ်။ အဲလိုဖြစ်တာတွေ့ရင်တော့ သူတို့အကြိုက်ဖြစ်တဲ့ ရေတီ (tubifex)၊ သွေးတီ (blood worm) စတဲ့ အာဟာရဖြစ်စေတာမျိုးကို သတိထားကျွေးသင့်ပါတယ်။ ဒါမှသာ သူတို့တဲ့ ပုံမှန်ဘဝကို ပြန်ရောက်ဖို့ အထောက်အကူဖြစ်စေပါတယ်။

အထက်မှာရေးခဲ့တာတွေက သားခွဲခြင်း (သို့) ပုလင်းကျင့်ခြင်း (သို့) ခွဲကျောင်းခြင်းတို့အတွက် အခြေခံအချက်တွေ ဖြစ်ပေမယ့် မွေးမြူသူတစ်ဦးချင်းစီရဲ့ လုပ်ဆောင်ပုံခြင်း တူချင်မှာတူမှာပါ။ အားလုံးရဲ့ ရည်ရွယ်ချက်တော့ ကိုယ်မွေးထားတဲ့ ငါးကို ကျန်းမာသန်စွမ်း၊ အရောင်အသွေးလှပပြီး သူတို့လေးတွေ သက်တမ်းစေ့နေထိုင်သွားစေဖို့ပဲ မဟုတ်လား။

Crd, original owner

Address

Yangon

Telephone

+959421079041

Website

Alerts

Be the first to know and let us send you an email when Betta Village posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category