25/04/2026
Silent17 ပြောတဲ့ "Eclipse"အကြောင်း
ဒီ interview မှာ Silent17 ရဲ့မကြာခင် ထွက်ရှိလာမယ့် Eclipe EP အကြောင်းကို Ye Hunt မှ မေးမြန်းထားပီး ArtNation မှတင်ဆက်လိုက်ပါတယ်။
Watch full-length here - https://youtu.be/8vhiMfLpXq4
Silent17 ဟာ 2024 ခုနှစ်မှာ မန္တလေးသား တစ်ဦးက စတင်ဖန်တီးခဲ့တဲ့ solo project တစ်ခုဖြစ်ပြီး လက်ရှိမှာ UK ကနေ Music ဆက်လက် ဖန်တီးနေဆဲဖြစ်တယ်။ Silent17 ရဲ့ music genre ဟာ modern rock/metal ကို အခြေခံထားပြီး cinematic soundscapes တွေနဲ့ ပေါင်းစပ်ထားတာဖြစ်ပါတယ်။ သီချင်းထဲမှာ metalcore, progressive fusion နဲ့ cinematic scores တွေကို တွေ့မြင်နိုင်ပြီး heavy riffs နဲ့ breakdowns တွေကို သီချင်းတိုင်းထဲမှာ ထည့်သွင်းထားတာဖြစ်တယ်။
Silent17 ဟာ ပထမဆုံး debut EP ဖြစ်တဲ့ “Eclipse” EPကို ဖန်တီးနေဆဲဖြစ်ပြီး၊ ယခုလက်ရှိထွက်ထားတဲ့ “မိုးစက်အပြုံး”, “Run” နဲ့ “သည်းပစ်လိုက်ပါဒီမိုး” ကိုလဲ “Eclipse” EP ထဲမှာ ပါဝင်လာမှာဖြစ်ပါတယ်။