20/09/2023
ကဲ ...... Season 1 ရဲ့ နောက်ဆုံးနေ့ရက် နောက်ဆုံးအချိန် တွေ ရောက်ရှိလို့ လာခဲ့ပါပြီ။
Champion List တွေ Runner Up List တွေလဲ ပေါ်ထွက်လို့ လာခဲ့လေပြီ။
ဒါကြောင့်လဲ အားလုံးနဲ့ အပြုံးတွေ ကိုယ်စီ အမုန်းတွေ မရှိ ဆိုတဲ့ ရလဒ်နဲ့ ခဏတာ ခွဲခွါရမဲ့ အချိန်တွေ ရောက်ရှိလာပြီ ။
ခွဲခွါခြင်းနဲ့အတူ ကျွန်တော်တို့ MLBB Junior Professional – Myanmar မှ ကျေးဇူးတင်စကားများကို ပြောလိုက်ချင်ပါတယ်။
ပထမဆုံးအနေနဲ့ MJPM Tournament ကို ယုံကြည်စွာ လာရောက်စာရင်းသွင်းပြီး ပြိုင်ပွဲဝင်ခဲ့ကြတဲ့ Player တစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးတင်ကြောင်း ပြောချင်ပါတယ်။
ဒုတိယအနေနဲ့ MJPM Tournament ကို ပံ့ပိုးကူညီပေးတဲ့ Saponsar Chit Kaung Mon နှင့် Makeup by HNIN တို့ကို ကျေးဇူးတင်ကြောင်း ပြောချင်ပါတယ်။
တတိယအနေနဲ့ကတော့ MJPM နဲ့အတူ အခက်အခဲတွေ ကျော်ြဖတ်ပြီး Tournament ပြီးမြောက်အောင် ဝိုင်းဝန်ကူညီပေးခဲ့ကြသည့် Admin များကိုလဲ ကျေးဇူးတင်ကြောင်း ပြောချင်ပါတယ်။
MJPM နဲ့အတူ ညီအကိုအားလုံးတို့သည် မိမိတို့ရည်မှန်းထားတဲ့ပန်းတိုင်ကို အဆင်ပြေ လွယ်ကူစွာနဲ့ ရောက်အောင်လျှောက်လှမ်းနိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းပေးရင်း MLBB Junior Professional – Myanmar မှ MJPM Tournament တွင် လိုအပ်ချက်များစွာရှိခဲ့သည်ကိုလည်း နားလည်သီးခံခွင့်လွှတ်ပေးဖို့ တောင်းပန်လိုက်ပါတယ်။
နောင်လုပ်မည့် Season 2 မှာ လဲ ထပ်မံပြီး လာရောက် ယှဉ်ပြိုင်ပေးဖို့ကိုလဲ တောင်းဆိုချင်ပါတယ်။ Season 2 လုပ်မဲ့အခါကျရင်လဲ MJPM Page မှာ တင်ပေးသွားပါမည်။
အားလုံးကိုကျေးဇူးတင်ရှိပါသည်။