90's Books

Call Directions Contact the establishment

90's Books 𝐁𝐞 𝐚 𝐝𝐨𝐞𝐫-𝐭𝐡𝐢𝐧𝐤𝐞𝐫 𝐧𝐨𝐭 𝐚 𝐭𝐡𝐢𝐧𝐤𝐞𝐫-𝐩𝐫𝐞𝐚𝐜𝐡𝐞𝐫
(1)

08/09/2026

အကျွန်ုပ်၏ ချို့ယွင်းချက်များကို သိသည့်တိုင်
အကျွန်ုပ်အား ချစ်ခင်လျက် ရှိသေးသူများကို
ဦးညွှတ်လိုက်ပါ၏။

- တဂိုး

ကမ္ဘာ့စာပေသမိုင်းမှာ အကြောင်းအရာ၊ ဖန်တီးမှု နဲ့ သမိုင်းကြောင်းအရ အထူးခြားဆုံးစာအုပ်များအဖြစ် သတ်မှတ်ခံထားရတဲ့ စာအုပ်အချိ...
08/09/2026

ကမ္ဘာ့စာပေသမိုင်းမှာ အကြောင်းအရာ၊
ဖန်တီးမှု နဲ့ သမိုင်းကြောင်းအရ အထူးခြားဆုံး
စာအုပ်များအဖြစ် သတ်မှတ်ခံထားရတဲ့
စာအုပ်အချို့ကို ဖော်ပြပေးလိုက်ပါတယ်။

၁။ Voynich Manuscript
(ဗွိုင်နစ် လက်ရေးမူ စာအုပ်)

ဒီစာအုပ်ကို ၁၅ ရာစုခန့်က ရေးသားခဲ့ပြီး ကမ္ဘာ
ပေါ်မှာ ဖတ်ရှုဖော်ထုတ်ရ အခက်ခဲဆုံး ဝှက်စာ
စာအုပ်အဖြစ် ကျော်ကြားပါတယ်။ ဘာသာဗေဒ
ပညာရှင်တွေနဲ့ ဝှက်စာဖော်ထုတ်သူအဆက်ဆက်
လေ့လာခဲ့ပေမဲ့ ဒီနေ့ထိ ဘာ ဘာသာစကားနဲ့
ရေးထားမှန်း မသိရသေးပါဘူး။ စာအုပ်ထဲမှာ
ကမ္ဘာပေါ်မှာ မရှိတဲ့ အပင်ပုံများ၊ နက္ခတ္တဗေဒ
ပုံကြမ်းများနှင့် ထူးဆန်းသော ပုံဆွဲလက်ရာများ
ပါဝင်ပါတယ်။
ပုံ - ၁ တွင်ရှုပါ။
ပုံ၊၁ - Voynich Manuscript မှ ထူးဆန်းသော
အပင်ပုံများနှင့် ဝှက်စာများ
Source: YaleNews - Yale University

၂။ Codex Gigas (Devil's Bible - မိစ္ဆာကျမ်းစာ)
၁၃ ရာစုခန့်က ရေးသားခဲ့တဲ့ ကမ္ဘာ့အကြီးဆုံး
လက်ရေးမူ စာအုပ်ကြီး ဖြစ်ပါတယ်။ စာအုပ်ရဲ့
အလေးချိန်မှာ ၇၅ ကီလိုဂရမ် (ပေါင် ၁၆၅)
နီးပါး ရှိပြီး စာမျက်နှာတခုဆီမှာ မိစ္ဆာတွေရဲ့
ပန်းချီပုံအပြည့် ပါဝင်တာကြောင့် လူသိများပါတယ်။ ပါးစပ်ရာဇဝင်များအရ မကောင်းမှုပြုခဲ့တဲ့
ဘုန်းတော်ကြီးတစ်ပါးက ပြစ်ဒဏ်မှ
လွတ်မြောက်ရန် မိစ္ဆာနဲ့ သဘောတူညီမှုယူကာ
တစ်ညတည်းနဲ့ ရေးသားခဲ့တယ်လို့ ဆိုကြပါတယ်။
ပုံ - ၂ တွင် ရှုပါ။
ပုံ၊၂ - Codex Gigas စာအုပ်အတွင်းမှ
ထင်ရှားသော မိစ္ဆာပုံ.
Source: Wikipedia

၃။ Codex Seraphinianus (ဆီရာဖီနီယေးနပ်စ် ကျမ်း)
၁၉၇၈ ခုနှစ်မှာ အီတလီအနုပညာရှင် Luigi
Serafini ရေးသားခဲ့ပြီး ယနေ့ မျက်မှောက်ခေတ်
အတွင်း အထူးဆန်းဆုံး စာအုပ်တစ်အုပ်ပါ။
မရှိသေးတဲ့ စိတ်ကူးယဉ်ကမ္ဘာတစ်ခုကို
စွယ်စုံကျမ်းသဖွယ် ပုံဖော်ရေးသားထားပြီး
မည်သူမျှ ဖတ်မရသည့် ဝှက်စာဆန်ဆန်
စာလုံးများနှင့် ထူးဆန်းသော သတ္တဝါများ၊
စက်ပစ္စည်းပုံများကို ရေးဆွဲထားပါတယ်။
ပုံ-၃ Codex Seraphinianus စာအုပ်အတွင်းမှ
ထူးဆန်းသော သတ္တဝါများ
Source : Ebay

၄။ Rohonc Codex (ရိုဟွန်ခ် လက်ရေးမူ စာအုပ်)
၁၈၃၈ ခုနှစ်မှာ ဟန်ဂေရီနိုင်ငံ Rohonc မြို့မှာ
တွေ့ရှိခဲ့တဲ့ ဝှက်စာစာအုပ် ဖြစ်ပါတယ်။ ဒီ
စာအုပ်ရဲ့ ထူးခြားချက်က စာအုပ်ထဲမှာ
လက်ရေးမူ စာလုံးပေါင်း ၈၇၀ ကျော်
ပါဝင်ပြီး သာမန် ဘာသာစကားများထက်
စာလုံးသင်္ကေတ ပမာဏ အဆမတန် များပြား
နေပါတယ်။ ခရစ်ယာန်၊ အစ္စလာမ်နဲ့ ဟိန္ဒူ
သာသနာရေးရာ သင်္ကေတများ၊ စစ်ပွဲပုံများ
ပါဝင်ပြီး ဘာသာဗေဒပညာရှင်များ ယနေ့ထက်ထိ အဓိပ္ပာယ် မဖော်နိုင်သေးပါဘူးလို့ သိရပါတယ်။
ပုံ-၄ တွင် ရှုပါ။
ပုံ၊၄ Rohonc Codex အတွင်းမှ စာမျက်နှာတချို့။
Source : Discovery UK

၅။ The Book of Soyga (စောဂါ စာအုပ်)
၁၆ ရာစုက ထင်ရှားခဲ့တဲ့ အဲလိဇဘက် ဘုရင်မရဲ့
နက္ခတ္တဗေဒပညာရှင်နှင့် မှော်ဆရာ John Dee
ပိုင်ဆိုင်ခဲ့တဲ့ စာအုပ်ဖြစ်ပါတယ်။ စာအုပ်၏
နောက်ဆုံး စာမျက်နှာ ၃၆ မျက်နှာတွင် မည်သည့် အစီအစဉ်ဖြင့် စီစဉ်ထားမှန်း မသိရသည့် အက္ခရာဇယားကွက်ကြီးများ သက်သက်သာ ပါဝင်ပါတယ်။
၂၀၀၂ ခုနှစ်မှာတော့ ကွန်ပျူတာ အယ်လဂိုရီသမ်
များကို သုံးပြီး ထိုအက္ခရာဇယားများသည်
သင်္ချာနည်းကျ ရေးဖွဲ့ထားသော နက္ခတ္တဗေဒဆိုင်ရာ
ဝှက်စာများ ဖြစ်ကြောင်း ဖော်ထုတ်နိုင်ခဲ့ပါတယ်။
ပုံ-၅ တွင်ရှုပါ။
ပုံ၊၅ - The Book of Soyga တွင် ပါဝင်သော
စာမျက်နှာတချို့

၆။ Les Prophéties - Nostradamus
(နော့စထရာဒေးမတ်စ်၏ ဗေဒင်နိမိတ်ကျမ်း)
၁၅၅၅ ခုနှစ်မှာ ပြင်သစ်ဆရာဝန် Nostradamus
ရေးသားခဲ့တဲ့ ကဗျာဆန်ဆန် နိမိတ်ဖတ်ချက်
၉၄၂ ခု ပါဝင်သည့် စာအုပ်ဖြစ်ပါတယ်။
ကမ္ဘာ့သမိုင်း၏ ကြီးမားသော ဖြစ်ရပ်များ (ဥပမာ-
Hitတလာ၏ အာဏာရလာမှု၊
9/11 တိုက်ခိုက်ခံရမှု စသည်) ကို ကြိုတင်
နိမိတ်ဖတ်ထားသည်ဟု လူသိများပြီး ရာစု
နှစ်ပေါင်းများစွာ ကမ္ဘာတစ်လွှား အငြင်းပွားရဆုံး
နှင့် လူကြိုက်အများဆုံး စာအုပ်တစ်အုပ်လည်း
ဖြစ်ပါတယ်။
ပုံ-၆ တွင်ရှုပါ။
ပုံ၊၆ Les Prophéties By Nostradamus
Source : Gonnelli

၇။The Pop-up Book of Phobias (၁၉၉၉)
ယခုစာအကပ်ဟာ သာမန် ကလေးဖတ် စာရွက်ခေါက် Pop-up စာအုပ်ပုံစံကို လူကြီးတွေ
ကြောက်ရွံ့တတ်တဲ့ စိတ္တဇရောဂါ/ကြောက်ရွံ့မှုများ (Phobias) နဲ့ ပေါင်းစပ်ပြီး ဖန်တီးထားတဲ့
ခေတ်သစ် အနုပညာ စာအုပ်တစ်အုပ်
ဖြစ်ပါတယ်။

စာရေးဆရာ Gary Greenberg က စိတ်ကူးထုတ်ပြီး စာရွက်ခေါက် အနုပညာရှင် (Paper Engineer)
Matthew Reinhart က 3D ပန်းချီပုံစံများဖြင့်
ရုပ်လုံးကြွ ဖန်တီးထားတာဖြစ်ပါတယ်။ စာမျက်နှာ
လှန်လိုက်တာနဲ့ စာဖတ်သူရဲ့ ရှေ့မှောက်မှာ
ကြောက်စရာ အရာတစ်ခုခုက ပြူးထွက်လာအောင်
တမင်ဖန်တီး ပြုလုပ်ထားပြီး (First-Person
Perspective) ခံစားချက်ကို ပေးစွမ်းနိုင်ပါတယ်။
ပုံ-၇တွင်ရှုပါ။
ပုံ၊၇ - The Pop-up Book of Phobias
Source: Rooke Books

08/09/2026

အသက်လည်းရလာပြီဆိုတော့ ဂရမ်လေးတခုတော့
အပိုင်ကိုင်ထားရ‌တာပေါ့၊ ညီကိုမိတ်ဆွေတို့ရော
ဘာဂရမ်တွေကိုင်ထားကြလဲ၊ ကျနော်ကိုင်ထားတာကတော့ တယ်လီဂရမ်။

ဆရာဦးစိုးညွန့်က ဗာဂျီးနီးယားဝုဖ်ရဲ့ မစ္စစ်ဒဲလိုဝေးကို ဘာသာပြန်စေချင်ခဲ့တာ ဆယ်စုနှစ်နှစ်ခုနီးပါး ရှိပါပြီ။ ဝတ္ထုအစပိုင်းက...
08/09/2026

ဆရာဦးစိုးညွန့်က ဗာဂျီးနီးယားဝုဖ်ရဲ့ မစ္စစ်
ဒဲလိုဝေးကို ဘာသာပြန်စေချင်ခဲ့တာ ဆယ်စုနှစ်
နှစ်ခုနီးပါး ရှိပါပြီ။ ဝတ္ထုအစပိုင်းကို မိမိ ဘာသာပြန်ထားခဲ့သည်မှာလည်း အချိန်အတော်ကြာခဲ့ပါပြီ။ အကြောင်းအမျိုးမျိုးကြောင့် ဆက်မပြန်ဖြစ်ခဲ့ပါ။

အခုတစ်ဖန် ဦးစိုးညွန့်ရဲ့ ရာပြည့်စာအုပ်တိုက်
(၂၅) နှစ်မြောက်အတွက်ဆက်လက် ဘာသာပြန်
ဖြစ်ခြင်း ဖြစ်ပါတယ်။ဘာသာပြန်စာပေမှာ ရှိသင့်
ရှိထိုက်တဲ့ စာအုပ်တစ်အုပ် ဖြစ်လို့လည်း ဘာသာ
ပြန်ခဲ့တာပါ။ အရင်လူတွေ မတို့ မထိခဲ့တဲ့ စာအုပ်ကို ဘာသာပြန် ရတာ(ဦးစိုးညွန့် ပြောသလို) စာပေသူရဲကောင်းတော့ မဟုတ်ပါဘူး။ အရင်လူတွေ နောက်ဆုတ်ခဲ့လို့ မိမိအတွက် ကျန်ခဲ့တာလို့
ပြောရမလားပါပဲ။

အဓိက အချက်တစ်ခုက မိမိဟာ စာရေးခြင်းနဲ့ အသက်မွေးသူ မဟုတ်ဘဲ အားလပ်ချိန်မှာ ဝါသနာ
အရ ဘာသာပြန်သူ ဖြစ်လို့လည်း ဘာသာပြန်ဖြစ်ခဲ့
တာ ဖြစ်ပါတယ်။ မစ္စစ်ဒဲလိုဝေးဟာ အင်္ဂလိပ်
ဝတ္ထုများရဲ့ ရိုးရာအစဉ်အလာ ရေးနည်းရေးဟန်
ကနေ ခွဲထွက်လာတဲ့ ဝတ္ထုတစ်ပုဒ် ဖြစ်ပါတယ်။ ဇာတ်လမ်း ဇာတ်ကွက် (မရှိ မဟုတ်) အဓိကမထားဘဲဇာတ်ဆောင်များရဲ့ အတွင်းစိတ်သန္တာန်ကို ရေးသားဖော်ပြတဲ့ သိစိတ်အလျဉ် ရေးနည်းနဲ့ ရေးခဲ့တဲ့
ပထမဆုံး ဝတ္ထုတစ်ပုဒ်ပါ။ ၁၉၂၅ ခုနှစ်မှာ ပထမ
အကြိမ် ထုတ်ဝေခဲ့တယ်ဆိုတော့ အခုဆို နှစ်တစ်ရာ
နီးပါး ရှိခဲ့ပါပြီ။ အမှန်ပြောရရင် ဒီဝတ္ထုကို ဘာသာ
ပြန်ရတာ အတော် ခက်ခဲတာကို ဝန်ခံရမှာ
ဖြစ်ပါတယ်။

အဓိက အချက်ကတော့ ဝုဖ်ရဲ့ သိစိတ်အလျဉ်
ရေးဟန်အတိုင်း ဘာသာပြန်ရတဲ့ အချက်ပါ။ ဝုဖ်ဟာ ဇာတ်ဆောင်များရဲ့ စိတ်အတွေးများ၊ ပြောစကား
များကို တိုက်ရိုက်ပြောစကား၊ တစ်ဆင့် ပြန်ပြောစကားများနဲ့ ရောစပ်မွှေနှောက်ရေးသားထားပါတယ်။
သူမရဲ့အာဘော် မပျက်အောင် သတိထား ပြန်ဆိုရပါ
တယ်။ ဝုဇ်ဟာ ဝါကျအရှည်ကြီးများ ရေးခဲ့တဲ့အပြင် နာမဝိသေသနများ၊ ကြိယာဝိသေသနများကိုလည်း
ထပ်ကာထပ်ကာ သုံးပါတယ်။ နာမ်စားများကိုလည်း
အတော်သုံးခဲ့လို့ မြန်မာပြန်တဲ့အခါ အချို့နေရာများမှာ နာမည်ကို ပြန်ထည့်ရေးရပါတယ်။

ဝတ္ထုသက်တမ်းဟာ နှစ်တစ်ရာနီးပါး ရှိခဲ့ပြီဆိုတော့
ဝုဖ် ရေးခဲ့တဲ့ ဥပမာ၊ဥပမေယျများဟာ ယနေ့ခေတ်
နဲ့ ပြန်ကြည့်ရင် အနည်းငယ် ဆန်းနေပေမဲ့ ဝုဖ်ရဲ့
ရေးဟန်၊ ရေးဖွဲ့တဲ့ အကြောင်းအရာများကတော့
ခေတ်မီနေဆဲပါပဲ။ ဝုဖ်ရဲ့ စကားလုံး အသုံး
အနှုန်းများကို တတ်နိုင်သမျှ အတိကျဆုံး
ဘာသာပြန် ပေးထားတာမို့ အချို့နေရာများမှာ
ဖတ်ရတာ အနည်းငယ် ထောင့်ကောင်း ထောင့်
နိုင်ပါတယ်။

ဘာသာပြန်ရာမှာ တွေ့ရတဲ့ နောက်ထပ် အခက်အခဲကတော့ ဝုဖ်ရဲ့ ဆိုလိုရင်းကို နားလည်ဖို့ ကြိုးစား
ရခြင်းပါ။ ဝုဖ်ဟာ ဝါကျအရှည်ကြီးများ ရေးခဲ့တဲ့
အပြင် အီဒီယမ် (Idiom) များကိုလည်း အများကြီး
သုံးထားခဲ့ပါတယ်။

တစ်ခါတစ်ရံမှာ စာတစ်ကြောင်း၊ စာတစ်ပိုဒ်ကို
ဘာသာပြန်ဖို့ အချိန်တစ်ရက်မက ကြာသွားတာမျိုးလည်း ကြုံခဲ့ရပါတယ်။ ဝုဖ်ရဲ့ အချို့အသုံးအနှုန်း
များကို သူတို့ဆီက စာဖတ်သူများကြား အချင်းချင်း
ပြန်မေး၊ ပြန်အဓိပ္ပာယ် ဖော်ရတာ မျိုးလည်း ရှိကြကြောင်း သိရပါတယ်။

မစ္စစ်ဒဲလိုဝေးကို သိစိတ်အလျဉ် ရေးနည်းနဲ့
ရေးထားတဲ့ မော်ဒန်ဝတ္ထုတစ်ပုဒ် ဆိုပေမဲ့
နားမလည်နိုင်အောင် ရေးထားတာ မဟုတ်ဘဲ
အလွန်လှပစွာအချိတ်အဆက်မိမိ ရေးထားတာ
ဖြစ်ပါတယ်။

ဝတ္ထုကို တစ်ခေါက်တည်း မဟုတ်ဘဲ ပြန်ဖတ်
ကြည့်ရင် သိနိုင်ပါတယ်။ အစအဆုံး ဘာသာပြန်
ပြီးသွားသော်လည်း မိမိ စိတ်တိုင်းကျလို့ ပြောလို့
မရသေးပါ။ ခွင့်ပြုတဲ့ အချိန်အတိုင်းအတာအရ
ဒီလောက်နဲ့ပဲ ကျေနပ်လိုက်ရပါတယ်။ ဒီစာအုပ်ကို
ဖတ်ပြီး ဝုဖ်ရဲ့ အရှိန်အဝါ၊ ဩဇာကြီးမားတဲ့ရေးနည်း
ရေးဟန်ကို ဖမ်းဆုပ်မိတယ်ဆိုရင် ဘာသာပြန်ရကျိုး
နပ်ပါပြီ။ မိမိရဲ့ ဘာသာပြန်ဆိုချက် အပေါ် အကောင်းအဆိုး ဝေဖန်ချက် အားလုံးကို ကြိုဆိုကြောင်း
ပြောလိုပါတယ်။

ဒီဝတ္ထုကို ဘာသာပြန်ဖြစ်အောင် တွန်းအားပေးပြီး စာမူကြမ်းကို စိတ်ရှည်လက်ရှည် စစ်ဆေးပေးခဲ့တဲ့
ရာပြည့်ဦးစိုးညွန့်၊ မိမိရဲ့ စာများကို ကူရိုက်ပေးခဲ့တဲ့
မိတ်ဆွေ ဦးတင်ဝင်းတို့ကို အထူးကျေးဇူးတင်
ရှိပါတယ်။- ဘာသာပြန်သူ

#လူချို (မြန်မာပြန်)
📖 Mrs Dalloway By Virginia Woolf
📖ပထမအကြိမ် ၂၀၂၀ ၊ စာ ၃၁၇

"အရာရာကို အနိုင်ရရှိခဲ့လျှင်ပင် မာန၏ လွှမ်းမိုးမှုကို ခံရသူသည် စိတ်ဓာတ်ပိုင်းဆိုင်ရာ၌ ရှုံးနိမ့်သူဖြစ်၏။ အမှားများကို သတ...
08/09/2026

"အရာရာကို အနိုင်ရရှိခဲ့လျှင်ပင် မာန၏ လွှမ်းမိုးမှု
ကို ခံရသူသည် စိတ်ဓာတ်ပိုင်းဆိုင်ရာ၌ ရှုံးနိမ့်သူ
ဖြစ်၏။ အမှားများကို သတိထားမိချိန်တွင်
နောင်တရစရာများ အဆုံးမရှိတော့ပေ။

ကြောက်ရွံ့စရာများကို မုန်းတီးသော်လည်း
အသိဉာဏ် ပျက်စီးမသွားသရွေ့ နှလုံးသား၏
နာကျင်မှုနှင့် ခံစားချက်ကို ဖုံးကွယ်ထား၍
မရနိုင်ပါ။ ဤအမှန်တရားကို မသိကျိုးကျွံ
ပြုလိုသူတို့မှာမူ ထိုခံစားချက်ကို ဖုံးကွယ်
နိုင်မလားဟု အသီးသီး ကြိုးစားကြည့်နေကြဆဲ ဖြစ်သည်။"

မှတ်ချက်။ ။ မြန်မာပြည်မှ တက်သစ်စ လူငယ်
Rapper တယောက်၏ မြန်မာ+ပါဠိစာသားဖြင့်
ရွတ်ဆိုထားသော Rap စာသားများကို မြန်မာ
ဘာသာသို့ အနီးစပ်ဆုံး ဘာသာပြန်ထားခြင်းဖြစ်သည်။

ပုံထဲက Rapper ကလည်း ဒီလို အဓိပ္ပာယ်
လေးနက်တဲ့ စာသား၊သံစဥ်တွေကို သီဆိုပုံဖော်ခဲ့သူမို့
ထည့်သွင်းဖော်ပြလိုက်ခြင်း ဖြစ်ပါတယ်။

🔴🔴 Rapper တွေ အကုန်လုံး မရိုင်းပါဘူး 🔴🔴

Photo & Lyrics
Credit goes to original writer & editor.

မျှော်လင့်ခြင်း ထမင်းသိုးများ   #မောင်ချောနွယ်_______________________ညနေခင်းတွေဟာကမ္ဘာမြေပေါ်က မြို့ရွာတွေအပေါ်ဘယ်လိုမျာ...
08/09/2026

မျှော်လင့်ခြင်း ထမင်းသိုးများ
#မောင်ချောနွယ်

_______________________

ညနေခင်းတွေဟာ
ကမ္ဘာမြေပေါ်က မြို့ရွာတွေအပေါ်
ဘယ်လိုများ ကျရောက်ခဲ့ပါသလဲ။

ဟောဒီလိုများ
တစ်နေရာရာမှာတော့
ကျရောက်ခဲ့မယ် ထင်တာပဲ။

ငါးရှဥ့်သွေးရောင် ကောင်းကင်လမ်းမှာ
ငန်းမွေးရောင် ဘောင်းဘီ
မြင်းချေးရောင် ဖိနပ်
တိမ်သားရောင်စုံ ရှပ်အင်္ကျီကောင်းဝတ်လို့
ညနေခင်းဟာ
လေညင်းခံ ထွက်နေမယ်။

အဲဒီမှာ
လေညင်းကလည်း
နှင်းဆီခင်းတွေထဲ လူးလှိမ့်လာခဲ့လို့
နှင်းဆီနံ့တွေနဲ့
ကိုယ်လက်နှီးနှောခဲ့လို့မို့
ညနေခင်းဟာ မွှေးပြီးနေပါလိမ့်မယ်။

ဒါမှမဟုတ်ရင်လည်း
ဖန်ကလပ်ထဲမှာ
ဝိုင်ပုလင်းထဲမှာ
ညနေခင်းဟာ တစ်ကိုယ်လုံး ဆင်းစိမ်ပြီး
စည်းစိမ်ယစ်မူး ပျော်ပါးနေတာလည်း
ကမ္ဘာမြေ တစ်နေရာက
မြို့တစ်မြို့မှာ
ရှိဖြစ်တန်ကောင်းလေရဲ့။
ဒီမှာ
ဟောဒီမှာ
ရန်ကုန်အစွန် ငမိုးရိပ်ချောင်းစပ်နားက
ထားပါ
လယ်ကွင်းတွေ ဝိုင်းရံထားလို့မို့
လယ်ကွင်းတွေနဲ့ ရန်ကုန်မှာပေါ့။

၇ပေ၊ ၁၀ပေ အခန်းတစ်ခုထဲမှာ
ညနေခင်းဟာ ..
ဆာလောင်ခြင်း ဒီရေတက်ပြီး
ညနေခင်းဟာ ..
လူဆန်ချင်နေရှာပါတယ်။

ဒီအခန်းမှာ
ညနေခင်းမှာ
ဝမ်းစာသင်္ဘောဟာလည်း
ဆိုက်ကပ်မလာခဲ့သေးပါဘူး။

ဒီမှာတော့
ညနေခင်းဟာ
အထိအခိုက် အကျအရှုံးများစွာနဲ့
သူဆင်းရဲသား ဖြစ်ခဲ့ရှာရဲ့။

ဒီညနေခင်း
အလင်းဝပ်အား ပိန်ပိန်မှာ
သူ့နို့ပိန်ကလေးကို လီဆယ်ပြီး
နို့တိုက်နေတဲ့ ကလေးအမေ
အသက်ငယ်ငယ် အရွယ်အိုအို
လူသားအရောင်အဝါ မှိန်မှိန်
တစ်လွှာပြီး တစ်လွှာပေါ့
ဒီမိန်းမသားရဲ့ မျက်နှာမှာ
မျှော်လင့်ခြင်း အရေပြားတွေ ကွာကျ။

ဒီလိုမျိုး
မျှော်လင့်ခြင်းကို
ညနေခင်းကို
စောင့်မျှော်ခြင်းကို
ဆာလောင်ခြင်းကို
ဘဝကို
မျိုမျိုချခဲ့ရလွန်းလို့
စောင့်မျှော်ခြင်းနာရီတွေသာ
ခရီးထွက်သွားမယ်ဆိုရင်
ခုလောက်ဆို
နယူးယောက်မြို့ကို ရောက်လောက်ပြီလို့
ဒီလိုမျိုး တွေးမိလေသလား။

သားသည်အမေ အဘွားအိုမလေး
လမ်းမမျှော် သူ့မျက်နှာကို
ခါယမ်းလိုက်ကာ
သူ့ကလေးတွေကို လှမ်းကြည့်မိရဲ့။

အခန်းထောင့် ဖျာကြမ်းစုတ်စုတ်မှာ
ဖျားနာနေတဲ့ ကလေး
စောင်ခြုံလို့
တကယ်တော့
ကလေးရော စောင်ပါ ဖျားနာနေခဲ့ပါပြီ။

ထမင်းဆာလွန်းတဲ့ ကလေး
တအီအီနဲ့
ဒီတက်လို့

ဒီမှာ
သူ့လက်လာတိုးတဲ့ သွေးက
သူ့ကလေးတွေ သူ့ရင်ခွင်မှာ
သူ့မျက်စိအောက်မှာပေမယ့်
သူ့ကလေးတွေနဲ့ သူနဲ့
ကမ်းဝေးနေတာ မြင်ရ
သူ့သက်ပြင်း မီးသင်္ဘောဟာ
မီးခိုးတအူအူနဲ့ ထွက်ခွါသွားတော့ရဲ့။

ဒီမှာ
သူ့အသက်ရှင်ခြင်းအပေါ်
ခပ်ပြင်းပြင်းရိုက်ထားတဲ့
သံကျစ်ဆူးကိုနုတ်ဖို့ လှုပ်လိုက်တော့
အိမ်ကထွက်သွားတဲ့ အိမ်သားဟာ
အသိုက်က ထွက်သွားတဲ့ ငှက်ပေါ့လေ တဲ့
ငှက်ခတ်သမားနဲ့တွေ့လို့များ
အသက် ပါသွားလေသလား
မျက်လုံးတစ်ဖက်တည်းနဲ့ပဲ
အိမ်ပြန်လာလေမလား
လက်ကျိုးပြီး ပြန်လာမလား
ခြေတစ်ဖက်တည်းနဲ့ပဲ အိမ်ပြန်လာမလား
သူ့နှလုံးသားကို
အဲဒီလို
သွားပွတ်သပ်မိရှာတယ်။

နောက်ဆုံး
အကောင်းဆုံး
ကလေးအမေ သူဆင်းရဲသားရဲ့မယား
ဒီလို တွေးရှာတယ်
အူဟောင်းလောင်းနဲ့ပေါ့
ဒီထက်ကောင်းတဲ့ ညစာမျိုး
မရှိတော့ပါဘူးတဲ့။

စာ ရေရိက္ခာတွေ
မပါလာရင်လည်း နေပါစေတော့
(မိမွေးတိုင်း ဖမွေးတိုင်း)
ကောင်းမွန်ချောမောစွာ
အိမ်ပြန်လာရင်ပဲ တော်ပါပြီ ..တဲ့
အဲ့ဒီလိုနဲ့
မျှော်လင့်ခြင်းဟာ
ထမင်းအသိုးများသာ ဖြစ်ခဲ့ပါတယ်၊

ဒီထမင်းအသိုးများပဲ
ချဉ်ခြင်းပြင်းစွာ ဖြစ်မိပါသတဲ့
အဆွေခင်ပွန်းကောင်း ညနေရေ။ ။

  "ဝတ္ထုတို ဖခင်ကြီး (သို့မဟုတ်) ပီမိုးနင်း"ပီမိုးနင်း (၅ နိုဝင်ဘာ ၁၈၈၃ - ၆ ဇန်နဝါရီ ၁၉၄၀) သည် ထင်ရှားသော မြန်မာ စာရေးဆရ...
07/09/2026



"ဝတ္ထုတို ဖခင်ကြီး (သို့မဟုတ်) ပီမိုးနင်း"

ပီမိုးနင်း (၅ နိုဝင်ဘာ ၁၈၈၃ - ၆ ဇန်နဝါရီ ၁၉၄၀)
သည် ထင်ရှားသော မြန်မာ စာရေးဆရာတစ်ဦး ဖြစ်သည်။ သူ၏ ရေးဟန်မှာ ထိုခေတ်အခါက
အခြားစာရေးဟန်များနှင့် ကွဲပြားပြီး ရှင်းလင်း
ကျစ်လျစ်စွာ ရေးသားလေ့ရှိသည်။ ထို့ကြောင့်
ပီမိုးနင်းအား မြန်မာဝတ္ထုတိုရေးသားခြင်း၏
ဖခင်တစ်ဦးအဖြစ် သတ်မှတ်ကြသည်။
အနောက်တိုင်းဘာသာစကားများမှ အထွေထွေ
ဗဟုသုတ စာပေများစွာကို ဘာသာပြန်ခဲ့သူလည်း ဖြစ်သည်။

⚜️ အစောပိုင်းဘဝ ⚜️
ပီမိုးနင်းကို ပဲခူးစီရင်စု၊ သုံးဆယ်မြို့ ရွာမရပ်တွင်၁၂၄၅ခုနှစ်တန်ဆောင်မုန်းလဆန်း၆ရက်၊
တနလ်ာနေ့၊ခရစ်သက္ကရာဇ်(၅.၁၁.၁၈၈၃)ခုနှစ်
၌ ဖွားမြင်ခဲ့သည်။ ငယ်မည်မှာ မိုးနှင်း ဖြစ်၍
ဇာတာအမည်မှာမူ မောင်ကျော်ညွန့် ဖြစ်သည်။ အသက်ဆယ်နှစ်ခန့်အရွယ်တွင် အာ-စီ-အင် (မ်) ခရစ်ယာန် သာသနာပြု ကျောင်းတွင် စာပေ
သင်ကြားခဲ့သည်။ သုံးနှစ်အကြာတွင်
ကျောင်းအုပ် ဖြစ်သော ခရစ်ယာန် ဘုန်းကြီး
ဖာသာရ်-ဝဲလဝါး၏ အကူအညီဖြင့်
မော်လမြိုင်မြို့ရှိ ဆန်မင်နာရီကျောင်း (Seminary School) ခေါ် ဘုန်းကြီး အတတ်သင်ကျောင်းတွင် သင်ကြားခဲ့သည်။ သုံးနှစ်အကြာတွင်
မလေးရှားနိုင်ငံ ပီနန်မြို့ရှိ ‘ဂျင်နရယ် ကောလိပ်' (General College) ခေါ် ပြင်သစ်ပြည်
ပါရီ မြို့တော်မှ တဆင့် ခွဲ၍ ထားသော
သိပ္ပံ ကျောင်းကြီးသို့ ပို့လွှတ်ခြင်း ခံရကာ
စကားပြောဆိုခြင်းအတတ်၊ ဒဿနနှင့်
ယုတ္တိဗေဒ ပညာရပ်များကို သင်ကြားခဲ့သည်။ အသက် ၂၀ နှစ် အရွယ်တွင် မြန်မာပြည်သို့
ပြန်လည်ရောက်ရှိကာ ငယ်ဆရာ ငယ်ကျောင်း
ဖြစ်သော ဖာသာရ်-ဝဲလဝါး၏ အာ-စီ-အင် (မ်) ကျောင်းတွင်ပင် ဆရာအဖြစ် ခန့်ထား ခံရသည်။ (နောက်ပိုင်းတွင် လယ်တီ ဆရာတော်ထံတွင်
ရဟန်းခံခဲ့လေသည်။)

⚜️ပုဂ္ဂိုလ်ရေးဘဝ⚜️
ပီမိုးနင်းသည် စာအုပ်ရေးသားမှု များပြား
သော်လည်း ငွေကြေးအရ မအောင်မြင်ခဲ့ပေ။
ဘဝတလျှောက်လုံး အနောက်တိုင်းဂန္ထဝင်နှင့်
ဒေသန္တရ ဗဟုသုတ နှစ်မျိုးလုံးကို မြန်မာ
ပရိသတ်များအား ပညာပေးလိုသော ဆန္ဒဖြင့်
ရေးသားခဲ့သည်။ သူသည် လေးတန်းအထိ
မြန်မာဘာသာစကား အနည်းငယ် လေ့လာခဲ့သည်။
သို့သော် ပထွေးဖြစ်သူ၏ စာကြည့်တိုက်နှင့်
သင်ကြားမှုက ပိုမိုကောင်းမွန်သော စာပေ
လက်ရာများကို ရေးသားနိုင်ရန် အထောက်အကူ
ဖြစ်စေခဲ့သည်။

အဘိုးအဘွားများသည် ချမ်းသာသော်လည်း
သူခိုးဓားပြများနှင့် ငှက်ပျောခင်းတွင် မီးရှို့
ခံရပြီးနောက် ဆင်းရဲနွမ်းပါးလာသည်။
နောက်ပိုင်းမှာ သူတို့သည် ဆင်းရဲတွင်းမှ
ထွက်မလာနိုင်တော့ပေ။ ဖခင်ဖြစ်သူမှာ
လူရမ်းကားတစ်ဦးဖြစ်ကာ မိခင်ဖြစ်သူမှာ
ကလေးများအတွက် အလုပ်လုပ်ကိုင်ခဲ့ရသည်။
ပီမိုးနင်းနှင့် သူ့ညီမတို့သည် RCM ရိုမန်ကက်သလစ်သာသနာပြုကျောင်းသို့ ထွက်ပြေးခဲ့ကြပြီး
ကျောင်းအုပ်ကြီး Palwa က သူတို့ကို မွေးစား
ခဲ့သည်။ မိခင်မှာ စကားပြောကောင်းပြီး
ထက်မြက်သူတစ်ဦး ဖြစ်ကာ ဟာသဉာဏ်ဖြင့်
ပုံပြင်ကို မရပ်မနား ပြောနိုင်သူ တစ်ဦး
ဖြစ်သည်။ ပီမိုးနင်း ကိုယ်တိုင်က သူ၏
တွေးခေါ်မှုနှင့် အရေးအသားသည် မိခင်ထံမှ
အမွေဆက်ခံကြောင်း အသိအမှတ်ပြုခဲ့သည်။

ကိုယ်ရေးကိုယ်တာအကျပ်အတည်းများစွာသည်
ပီမိုးနင်း၏မိသားစုထံ ရောက်ရှိလာသည်။
ဝင်ငွေကောင်းလာသောအခါ လောင်းကစားနှင့်
မူးယစ်ဆေးဝါး အပါအဝင် အကောင်းအဆိုး
အားလုံးတို့တွင် သုံးစွဲခဲ့သည်။ ကောင်းမွန်သော
အသက်မွေးဝမ်းကြောင်းအလုပ်ရှိသော်လည်း
အလုပ်တစ်ခုကို ရေရှည်မလုပ်ခဲ့ပေ။ မိခင်၏
ဒုတိယအိမ်ထောင်မှာ မြန်မာစာပေတတ်မြောက်သူဖြစ်သည်။ ပီမိုးနင်း၏ သားအကြီးဖြစ်သူမှာ
သရုပ်ဆောင် ကျော်စိုး ဖြစ်ပြီး ဓားထိုးခံရကာ
ကွယ်လွန်ခဲ့သည်။ မျက်မမြင်ဇနီးသည်မှာလည်း
သုံးလအကြာတွင် သေဆုံးသွားခဲ့သည်။ ပီမိုးနင်းသည်လည်း လေဖြတ်ခြင်းခံရပြီး ကျန်းမာရေး
ဆိုးဝါးခဲ့ရသည်။

⚜️ အလုပ်အကိုင်များ ⚜️
ပီမိုးနင်းသည် စာရေးသားခြင်းအပြင် အခြားသော အလုပ်အကိုင်များစွာကိုလည်း လုပ်ကိုင်ခဲ့သည်။

သုံးဆယ်မြို့ ဖာသာဝဲလဝါး၏ ကျောင်းတွင် ဆရာအဖြစ် လုပ်ကိုင်ခဲ့သည်။

မြန်မာ့မိတ်ဆွေမဂ္ဂဇင်း ကို ထုတ်ဝေခဲ့သည်။ ဒုတိယကမ္ဘာစစ်၏ဒဏ်ကြောင့် စက္ကူများလည်း လုံလောက်စွာ မရ၊ ဈေးနှုန်းခ များလည်း အဆမတန် ကြီးလေးလာရသဖြင့် မဂ္ဂဇင်းထုတ်ဝေခြင်းကို ရပ်စဲပြီး ရန်ကုန်မြို့သို့ အလုပ်ရှာသွားခဲ့သည်။

အလုံမြို့ ကျမ်းစာကျောင်းတွင် လက်တင်ဘာသာဆရာအဖြစ် လုပ်ကိုင်ခဲ့သည်။ အလုပ်လျှောက်စဉ်က သူ၏ ခရစ်ယာန်အမည် Phillip ဖီးလစ်မှ အစစာလုံး P ကို ယူကာ ငယ်အမည် မိုးနှင်း နှင့် ပေါင်းစပ်ပြီး ပီမိုးနင်းဟူသော အမည်ကို ယူခဲ့သည်။ ထိုအလုပ်မှ ထွက်သောအခါ သတင်းစာများတွင် အလုပ်လုပ်ကိုင်ခဲ့သည်။

သားဖြစ်သူ ကျော်စိုး သည် သရုပ်ဆောင်အဖြစ် ကျော်ကြားလာသည့်အခါ ဗြိတိသျှဘားမား ရုပ်ရှင်တွင် ဇာတ်ညွှန်းရေးသားသူအဖြစ်လည်း လုပ်ကိုင်ခဲ့သေးသည်။

📖 ထင်ရှားသောလက်ရာအချို့ 📖
ကမ္ဘာ့မင်တံကျမ်း၊လက်တွေ့ကြီးပွားရေးကျမ်း၊
အပျိုစိတ်ကျမ်း၊လူပျိုစိတ်ကျမ်း၊အောင်စိတ်၊
သားဂုဏ်ရည်၊သမီးဂုဏ်ရည်၊မိန်းမစိတ်ကျမ်း၊
ကာမသိဒ္ဓိကျမ်း၊လောကီလမ်းညွှန်၊
အစ္စလာမ်အလင်းပြကျမ်း၊ကမ္ဘာ့အလင်း ကျမ်း၊
ထွက်သက်ဝင်သက်ကျမ်း၊သိသူဖော်စား မသိသူကျော်သွား၊နိုင်ငံရေးကျမ်း၊ ဂဏန်းဗေဒင်ကျမ်း
ကုန်သည်အိတ်ဆောင်ကျမ်း။

📖ဘဝနိဂုံး 📖
သို့နှင့် မြန်မာစာဖတ် ပရိသတ်၏ စိတ်နှလုံးကို
ယနေ့ထက်ထိတိုင်အောင်ပင် ယူကျုံးစွဲမက်
လျှက်ရှိစေသည့် ဝတ္ထုတို ဝတ္ထုရှည်အမြောက်
အများ ဆောင်းပါး ကဗျာအမျိုးမျိုး ကြီးပွားတိုးတက်ရေးဆိုင်ရာ စာအုပ်စာတမ်း အဝဝကို ကျန၊
သေချာ ရေးသားဖြန့်ဖြူးထုတ်ဝေခဲ့ပေသော
ဆရာကြီးပီမိုးနင်းသည် အသက် ၅၆ နှစ် အရွယ် [ဇန်နဝါရီ ၁၉၄၀|၁၉၃၉] ခုနှစ် ဒီဇင်ဘာလ
၅ ရက်နေ့တွင် ဆူးလေဘုရားအနီး၌ စက်ဘီး
တိုက်ခံသဖြင့် ဒူးဆစ်အထက်ပိုင်း သွင်သွင်
ကျိုးသွားကာ ထိုဒဏ်ရာကို ရန်ကုန်ဆေးရုံကြီးသို့ ပို့ဆောင်၍ ကုသရလေသည်။ ထိုသို့ အတွင်း
လူနာအဖြစ် ကုသနေဆဲတွင် အဆုတ်
အအေးမိရောဂါကြောင့် သက္ကရာဇ် ၁၉၄၀ ခုနှစ် ဇန်နဝါရီလ ၆ ရက်၊စနေနေ့ (မြန်မာ သက္ကရာဇ်
၁၃၀၁ ခုနှစ် နတ်တော် လဆုတ် ၁၂ ရက်၊
စနေနေ့) နံနက် ၉ နာရီနှင့် ၁၉ မိနစ် အချိန်တွင်
ဘဝဇာတ်ထုပ် ချုပ်ငြိမ်းပျောက်ကွယ်သွားရရှာပါသတည်း။

"ဖွင့်ဟဝန်ခံချက်"အရင်က ကျနော့်မှာ မကောင်းတဲ့ စိတ်ဓာတ်ယုတ်ညံ့တဲ့ စိတ်ထား တခုရှိတယ်၊အဲ့ဒါက ငွေရှင်ကြေးရှင်တွေအပေါ်မှာပဲကော...
07/09/2026

"ဖွင့်ဟဝန်ခံချက်"

အရင်က ကျနော့်မှာ မကောင်းတဲ့ စိတ်ဓာတ်
ယုတ်ညံ့တဲ့ စိတ်ထား တခုရှိတယ်၊
အဲ့ဒါက ငွေရှင်ကြေးရှင်တွေအပေါ်မှာပဲ
ကောင်းကောင်းမွန်မွန် ပြောဆို ဆက်ဆံခြင်း
ဖြစ်ပါတယ်။

စာပေကို အမှီပြုပြီး လုပ်ကိုင်စားသောက်နေရပေမယ့်
စာပေချစ်စိတ်ပျောက်ပြီး ဒီလို စီးပွားရေးသမား
အတွေးပဲတွေးခဲ့တယ်၊ ဒီလိုတွေးခဲ့တာကလည်း
ကျနော်ဟာ အနိမ့်ကျဆုံး အခြေအနေအထိ
သက်ဆင်းခဲ့ရဖူးသူတယောက် ဖြစ်ခဲ့လို့ပါ။

ကျနော် လွဲခဲ့တာက ဒီငွေ‌ရှင်ကြေးရှင်တွေဆီက
ငွေရတာ လွယ်တဲ့အတွက် သူတို့အပေါ်
ကောင်းကောင်းမွန်မွန် ဆက်ဆံရင် ကျနော့်အတွက်
အကျိုးများမယ်ဆိုတဲ့ အတွေးပေါ့။

တကယ်တမ်း အဲ့ဒီအချိန်တွေမှာ ကျနော်
အဆင်မပြေခဲ့ပါဘူး ၊သာမန်အချိန်တွေထက်
ပိုပြီး အားထုတ်ခဲ့ရတယ်၊ ကျနော် အခက်အခဲ
ဖြစ်လို့ စုဆောင်းထားတဲ့ စာအုပ်လေးတွေ
ထုတ်ရောင်းတဲ့အခါ ဒီလူတွေက ဘာမှ
အကူအညီမပေးနိုင်ခဲ့ပါဘူး၊ အကူအညီပေးဖို့လည်း
သူတို့မှာ ဘာတာဝန်မှ မရှိပါဘူး။အားလုံးက
ကိုယ်ပြုသမျှ ဖြစ်လာတာပါပဲ။ ကိုယ့်ရဲ့
လောဘ၊ဒေါသ၊မောဟက ဖိစီးလာတဲ့
သဘောပါပဲ။ အရမ်း ရိုးရှင်းပါတယ်။

ဒါပေမယ့် ကျနော်သဘောတရားတခုနဲ့ စတင်
ထိတွေ့မိတဲ့ ကာလ လွန်ခဲ့သော ၁၅ရက်
ဝန်းကျင်ခန့်က နားထောင်မိတဲ့ တရားတပုဒ်က
ကျနော့် ဦးဏှောက်ထဲက မီးလုံးတွေကို
တဖျတ်ဖျတ် လင်းလက် သွားစေခဲ့တယ်။

အဲဒီတရားရဲ့ အနှစ်သာရက လူတိုင်းကို တပြေးတည်း
တတန်းတည်း ဆက်ဆံရမယ်၊ မေတ္တာထားရမယ်
ဆိုတာပါပဲ။ အခုခေတ်မှာ လူတယောက်ရဲ့ ပိုင်ဆိုင်မှု၊
ကျွမ်းကျင်မှုကို ဖေ့စ်ဘွတ် ပရိုဖိုင်လောက်နဲ့
ဆုံးဖြတ်လို့ မရတော့ပါဘူး၊ Fake Account ဆိုပြီး
ကိုယ်က မချေမငံ ဆက်ဆံလိုက်တဲ့ လူတယောက်ကလည်း သူ့နယ်ပယ်မှာ ကျွမ်းကျင်သူတယောက်
ဖြစ်နေနိုင်တာပဲလေ၊အခု‌ခေတ်မှာ ဉာဏ်ရှိတဲ့
လူတိုင်းက ဘဝလုံခြုံရေးအတွက် ကိုယ့်အရှိတရားနဲ့ ပိုင်ဆိုင်မှုကို ချမပြတော့ပါဘူး။

ကျနော်တို့ Fake Account လို့ ထင်ပြီး မချေမငံ
ပြောဆိုလိုက်တဲ့ လူတယောက်က ကျနော်တို့ရဲ့
Royal Customer (ဖောက်သည်ကြီး) ဖြစ်လာနိုင်ပါတယ်

အဓိက လိုရင်းကို ချုပ်ရရင် လူတိုင်းအပေါ်
‌စေတနာ၊မေတ္တာထားပြီး ဆက်ဆံပါ၊ ကုသိုလ်တရား
ပေါများသူဆို ချက်ချင်း အကျိုးပေးပါလိမ့်မယ်။
အကျိုးမပေးသေးရင် စေတနာ၊မေတ္တာ စစ်မှန်ရဲ့လား
ပြန်ဆန်းစစ်ပါ၊ ကုသိုလ်ပြုပါ၊ သေခါနီးမှ
ကုသိုလ်ပြုမယ် စဉ်းစားထားရင်တော့ သေလိုက်ဖို့ပဲ
ရှိပါတော့တယ်။

ဒါက ဗုဒ္ဓနည်းကျ စီးပွားရှာနည်းပါ။
အရင်က တလလုံးလုပ်မှ ရမယ့် ငွေပမာဏကို
ဒီလို စိတ်ထားမွေး‌မြူပြီး ၇ရက်အတွင်းမှာပဲ
ရရှိခဲ့ပါတယ်။ ဒါက ကျနော်ပြုခဲ့တဲ့
ကုသိုလ်ဒါနတွေနဲ့လည်း အများကြီး
သက်ဆိုင်နေနိုင်ပါတယ်။

ဘုရားဖြစ်ရာခေတ်▬▬▬▬▬▬▬“ဗုဒ္ဓုပ္ပါဒေါ ဒုလ္လဘော လောကသ္မိံ” ဟူသည်နှင့်အညီ လောက၌ ဘုရားပွင့်ရာ သာသနာခေတ် သမယသည် အလွန်ဖြစ်နိုင...
07/09/2026

ဘုရားဖြစ်ရာခေတ်
▬▬▬▬▬▬▬

“ဗုဒ္ဓုပ္ပါဒေါ ဒုလ္လဘော လောကသ္မိံ” ဟူသည်နှင့်အညီ လောက၌ ဘုရားပွင့်ရာ သာသနာခေတ် သမယသည် အလွန်ဖြစ်နိုင်ခဲလှ၏၊ ကမ္ဘာတစ်ရာ ကမ္ဘာတစ်ထောင် ကမ္ဘာတစ်သောင်း ကမ္ဘာတစ်သိန်းတွင် တစ်လှည့် တစ်ကြိမ်မျှ ပေါ်ခဲ၏၊ သုညကမ္ဘာ တွေသာ များ၏။ ရံခါရံခါ ကမ္ဘာအသင်္ချေပတ်လုံး သုညကမ္ဘာချည်းဖြစ်၏။

ဘုရားပွင့်တော်မူသော ကမ္ဘာမှာလည်း သံဝဋ္ဋကပ်, သံဝဋ္ဋဋ္ဌာယိကပ်, ဝိဝဋ္ဋကပ်, ဝိဝဋ္ဋဋ္ဌာယိကပ် ဟူ၍ လေးပါးရှိသည်တို့တွင် ဝိဝဋ္ဋဋ္ဌာယိကပ်၌သာ ဘုရားပွင့်နိုင်၏။ ကြွင်းသောကပ်တို့၌ မပွင့်နိုင်၊ ဝိဝဋ္ဋဋ္ဌာယိကပ် မှာလည်း အန္တရကပ် ၆၄-ကပ် ရှိသည် တွင် ၁-ဆူဖြစ်အံ့၊ ၁-ကပ်၌သာပွင့်၏။ ၂-ဆူဖြစ်အံ့၊ ၂-ကပ်၌သာပွင့်၏။ ၃-ဆူဖြစ်အံ့၊ ၅-ဆူဖြစ်အံ့၊ ၅-ကပ်၌သာပွင့်၏။ ကြွင်းသော အန္တရကပ်တို့သည် သုညကပ်တို့သာ ဖြစ်ကုန်၏။

ပွင့်သော အန္တရကပ်တို့မှာလည်း အနှစ် တစ်သိန်းတန်းမှအောက်, တစ်ရာတန်းမှ အထက်၌သာပွင့်၏။ ပွင့်သောအခါ၌လည်း တစ်သိန်းတန်းမှာပွင့်လျှင် သာသနာတော် သည် အနှစ် နှစ်သိန်း, သုံးသိန်းမျှသာ တည်၏။ အန္တရကပ် ၁-ကပ် မည်သည် နှစ်အသင်္ချေပေါင်း အနန္တများလှသည်ဖြစ်၍ ထိုသာသနာတည်သော အနှစ် နှစ်သိန်း, သုံးသိန်းသည် လောက၌ မျက်တောင်တစ်ခတ် လျှပ်တစ်ပြက်မျှ ကဲ့သို့သာရှိ၏။ ဤသို့လျှင် ဗုဒ္ဓုပ္ပါဒ သမယ၏ လောက၌ ဖြစ်ပေါ်ခဲပုံကို သိအပ်၏။

ဘုရားရှင်နှင့်
တွေ့ရန်ခဲယဉ်းပုံ
▬▬▬▬▬▬▬

ထိုသို့ပင် ဖြစ်ပေါ်ခဲလှသော်လည်း သံသရာရှည်လှသည့် အတွက်ကြောင့် ရှေးရှေး၌ ဖြစ်ပေါ်ခဲ့ပြီးသော ဗုဒ္ဓုပ္ပါဒ သမယပေါင်း ဂင်္ဂါသဲမှုန့်မက များခဲ့လှလေပြီ၊ ထိုသို့ များခဲ့ပါသော်လည်း သူသူငါငါ သတ္တဝါအပေါင်းတို့သည် ဘုရားပေါင်းအဆူ တစ်ရာတွင် တစ်ဆူကိုမျှ မတွေ့နိုင်ကြကုန်၊ အဆူတစ်ထောင်တွင် တစ်ဆူကိုမျှ မတွေ့ နိုင်ကြကုန်၊ အဆူတစ်သောင်းတွင်, အဆူတစ်သိန်းတွင် တစ်ဆူကိုမျှ မတွေ့နိုင် ကြကုန်။

ယခုအခါတွင် ဤကမ္ဘာ၌ မေတ္တေယျဘုရားတစ်ဆူသာ ကျန်တော့သည်၊ နောက် ကိုလည်း သုညကမ္ဘာတွေ များစွာလာပြီးမှ ဗုဒ္ဓုပ္ပါဒကမ္ဘာ လာတော့မည်။

ယခုတွေ့ကြုံ၍ နေဆဲဖြစ်သော အရှင်ဂေါတမသာသနာကို လွန်၍သွားသော သူတို့သည် မေတ္တေယျဘုရား တစ်ဆူကို မဆိုထားလင့်ဦး နောက်ကို ဘုရားပေါင်း တစ်ရာကိုပင် လွဲနိုင်ကြကုန်သေး၏။ အဘယ့်ကြောင့်နည်း ဟူမူ တွေ့ကြုံရန်လမ်းကား တစ်လမ်းသာရှိ၏။ လွဲကြရန်လမ်းကား အသင်္ချေပေါင်း အနန္တရှိ၏။

ထို့ကြောင့် ယခုအခါ နောက်မေတ္တေယျဘုရားကို ထင်းစာကြ အားကိုးကြသော အမှုသည် လူ့ပြည်က အပ်တစ်ချက် ဘဝဂ်က အပ်တစ်စင်း အပ်သွားချင်း တိုက်မှုထက် ပင် ခဲယဉ်းလှချေ၏၊ သတိမူကြပါလေကုန်။

သံဖော့လုံးဘူး ဥပမာ
▬▬▬▬▬▬▬▬▬

အနတ္တဝိပဿနာ သမ္မာဒိဋ္ဌိ၏ တည်ရာကား နိဗ္ဗာန်တည်း၊ ခိုင်လုံလှစွာသော သံဖြင့်ပြီးသော ဖော့လုံးဘူးကြီး တွေကို တစ်စုံတစ်ခုသော ပယောဂဖြင့် မဟာသမုဒ္ဒရာ ရေထဲသို့ နစ်လေသော်လည်း ပယောဂမှု ထက်ကြပ်ရှိခိုက်၌သာ ရေထဲမှာ နေလေကုန်၏။ ပယောဂမှု ကင်းလွတ်လျှင် အထက်ရေပြင် ကောင်းကင်သို့သာ ပေါ်လာလေကုန်ရာ၏။

ထို့အတူ အနတ္တဝိပဿနာ သမ္မာဒိဋ္ဌိ ကောင်းစွာတည်ပြီးသော သူတို့သည် လူ့ဘုံ၌ နေကြကုန်သော်ငြားလည်း အထက်အထက် ဘုံတို့သို့ ဆန်တက်ရန် ထိုနိဗ္ဗာန်သို့ ရောက်ပေါက်ရန် တစ်ချီတည်းချီ၍ နေကြကုန်၏။

နတ်ဗြဟ္မာချမ်းသာ
သင်္ခါရဒုက္ခဖြင့်နှိပ်စက်ပုံ
▬▬▬▬▬▬▬▬▬▬

နတ်ချမ်းသာတို့၌လည်း ထိုက်သည်အားလျော်စွာ သင်္ခါရဒုက္ခမျိုးကို သိလေ၊ ဗြဟ္မာ့ချမ်းသာ၌ ရှေးဘဝ၌ တင်ကူး၍ပြုရသော ဈာနဘာဝနာဟူသော သင်္ခါရဒုက္ခမှုကို အလွန်ကြောက်မက်ဖွယ် ကောင်းလှသော သင်္ခါရဒုက္ခမှုကြီးတွေသာတည်း။

ယခုအခါ၌ ပထမဈာန် အစရှိသော ဈာန်များကို ရအောင် အားထုတ်နိုင် ကြပါလျှင် သေသည်၏ အခြားမဲ့၌ ဗြဟ္မာ့ပြည်သို့ရောက်၍ တစ်ဘဝတည်းနှင့်ပင် မေတ္တေယျမြတ်စွာဘုရား သာသနာကို မှီနိုင်၏၊ မေတ္တေယျ မြတ်စွာဘုရား မပွင့်မီ အကြား၌လည်း အပါယ်လေးပါးအတွက် ကြောင့်ကြဖွယ်မရှိ၊ အသက်မွေးမှု ဒုစရိုက် တရား ပွားများမှုအတွက်လည်း ကြောင့်ကြဖွယ်မရှိ၊

အန္တရကပ် တစ်ကပ်ပတ်လုံး ဈာန်သမာပတ်ချမ်းသာ တန်ခိုးဣဒ္ဓိပါဒ် ချမ်းသာ တို့ကို ခံစားစံစား၍ နေနှင့်ပြီးလျှင် မေတ္တေယျဘုရား သာသနာ၌ ချမ်းသာစွာ ကျွတ်လွတ်ဖို့သာ ရှိတော့သည်ဟူသော အခွင့်အလမ်းကြီးကို လူလူရှင်ရှင် မြင်ကြ သိကြပါကုန်လျက်နှင့် ဈာန်သမာပတ်ရအောင် အားထုတ်ရာသော အခွင့်အလမ်းကြီး ကို မတိုးဝံ့ကြ ကြောက်ရွံ့ကြသည့်အတွက်ကြောင့် ဈာန်ရပုဂ္ဂိုလ်ဟူ၍ မမြင်ကြကုန်။

ဤသို့လျှင် ဗြဟ္မာ့ချမ်းသာသည် အနမတဂ္ဂသံသရာ၌ သတ္တဝါအပေါင်းတို့ကို ဈာနဘာဝနာမှု တည်းဟူသော ကြောက်မက်ဖွယ် သင်္ခါရဒုက္ခဖြင့် လွန်စွာနှိပ်စက်၏။

စာညွှန်း -

ကျေးဇူးရှင် လယ်တီဆရာတော်ဘုရားကြီး ရေးသားစီရင်တော်မူအပ်သော အနတ္တဒီပနီ

Address

Yangon

Telephone

+959986977561

Website

Alerts

Be the first to know and let us send you an email when 90's Books posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Establishment

Send a message to 90's Books:

Shortcuts

Share

Category