11/01/2024
သို့မိတ်ဆွေ
--------------------------
သင်ဟာမှားမှာ ကြောက်နေတဲ့သူလား
မှားမှာကိုကြောက်နေသ၍ သင်ဟာ
အမြဲဆက်မှားနေဦးမှာပါ။
အမှားထဲက အမှန်ကိုရှာနိုင်မှသာ
ဆက်မမှားအောင် ဆင်ခြင်နေထိုင်နိုင်မှာပါ။
သူများအမှားကိုကြည့်ပြီး
ဆင်ခြင်ရမှာပါ သူလိုမျိုး ငါမမှားအောင်နေမယ်ဆိုတဲ့ စိတ်တွေးရမှာပါ။
ငါတော့မမှားဘူး သူကတော့မှားတယ်
တော်သေးတယ် ငါမှန်တယ်ဆိုတဲ့ စိတ်ထက် သူ့လိုအမှားမဖြစ်အောင်နေရမှာပါ။
သူများအမှားတွေပဲရှာကြည့်နေသ၍
သင်ကိုယ်တိုင် ဘာတွေမှားနေလဲဆိုတာ မေ့လျော့တတ်ပါတယ်။
Perfect ဖြစ်တဲ့လူဆိုတာ မရှိပါဘူး။
အမှားတွေထဲကမှ အမှန်ကိုရှာပြီးသင်ယူရမှာပါ။
သူတစ်ပါး မှားနေတဲ့အချိန်မှာ သင်ဟာ အပြစ်တင် ဝေဖန် ဘူးရင် သင်မှားတဲ့အခါမှာလည်း တစ်ဖက်လူပြောတာ ခံနိုင်အောင်ကြိုးစားပါ။
သင်ဟာသူတစ်ပါးကို လက်ညိုးနေချိန်မှာမှာ သင့်လက် သုံးချောင်းကသင့်ကိုပြန်ထိုးနေတယ်ဆိုတာမမေ့ပါနဲ့။
#ပုန်းည