Con-Nabay

Con-Nabay Con-Nabay is for Artists.

26/05/2026
We’re not here to do the right thing. We never have been.”- Nothing frontman Domenic “Nicky”ကျွန်တော် ဒီရက်တွေထဲမှာ နားထ...
11/04/2026

We’re not here to do the right thing. We never have been.”

- Nothing frontman Domenic “Nicky”

ကျွန်တော် ဒီရက်တွေထဲမှာ နားထောင်ဖြစ်နေတဲ့ Album တချပ်ရှိတယ်။ ဒါကို တကောင်တည်းနားထောင်ရင်း ကိုယ့်လူတို့အတွက် ဒိန်ခဲလေး ဖြစ်မယ် ထင်လို့ Nothing ရဲ့ album အသစ်အကြောင်းလေး နည်းနည်း အာချောင်ချင်လို့ပါ။ ဘာမှတော့ မဟုတ်ပါဘူး။ ခင်များက အချိုမကြိုက်ရင်တော့ မပြောတတ်ဘူးပေါ့။

ဒီခွေက February တုန်းက ထွက်လာတဲ့ Album တွေအများကြီးထဲက ကျွန်တော်အကြိုက်ဆုံး အခွေထဲက တစ်ခုလို့ပြောရမယ်။

အရင်ဆုံး Nothing ဆိုတဲ့ band က ဘယ်တုန်းကမှ စည်းမျဉ်း စည်းကမ်းတွေ ဘာတွေကို သိပ်ထည့်စဉ်းစားတာ မဟုတ်ဘူး။ ဒီ ဘဲတွေက Shoegaze ရဲ့ stereotypically lightweight ပုံစံတွေကနေ bloodyknuckled ဆန်ဆန် အမေရိကန်အသံတွေနဲ့ သူတို့ရဲ့ ကိုယ်ပိုင်ပုံစံအသစ်ပြန်တည်ဆောက်နေကြတယ်လို့တောင် ပြောလို့ရတယ်။

စောက်ရမ်းဆူတဲ့ Fuzz နဲ့ Reverb တွေကြားမှာ သူတို့ရဲ့ ခံစားချက်တွေ၊ ဒေါသတွေ၊ နာကျင်မှုတွေကို အော်ဟစ်ပေါက်ကွဲပြတာ အနှစ်ကြီး။ ၂၀၁၀ ထဲက စလို့ ဒီဘဲတွေရဲ့ music မှာ လူ့ဘဝရဲ့ ပူလောင်ရတဲ့ ဒေါသတွေရော၊ တိုးတိုးလေး ညည်းညူနေတဲ့ ဝမ်းနည်းမှုတွေနဲ့ လူ့သဘာဝရဲ့ အစွန်းနှစ်ဖက်လုံးကို အမြဲတမ်း မိမိရရ ဖမ်းဆုပ် ခံစားရတယ်။ ဒါကလည်း ဒီ Band ကို ကျွန်တော်ငြိနေရတဲ့အချက်တွေထဲက တခုဖြစ်မယ်ထင်တယ်။

အခု A Short History of Decay ကတော့ သူတို့ရဲ့ ပဉ္စမမြောက် album ပါ။ ကျွန်တော် အပေါ်မှာ အာချောင်ထားတာတွေကို ဒီ album မှာ ပိုမြင်ရပြီး ဒါက ကျွန်တော် အကြိုက်ဆုံး Nothing ရဲ့ project တခုဖြစ်လာပါတယ်။ ဒီ Band ဆီကနေ အခုလောက်အထိ ကြီးကျယ်ခမ်းနားတဲ့၊ ရင်းနှီးနွေးထွေးတဲ့၊ ရိုးသားပွင့်လင်းတဲ့ အသံတွေမျိုး အရင်က တခါမှ မရှိခဲ့ဖူးပါဘူး။

Nothing က အမြဲပြောင်းလဲနေတဲ့ Band တွေထဲက တခုပါ။ အဖွဲ့ဝင်တွေကတော့

Doyle Martin (Cloakroom) - Guitarist

Bobb Bruno (Best Coast) - Bassist

Zachary Jones (MSC, Manslaughter 777) - Drummer

Cam Smith (Ladder To God, Cloakroom) - Third Guitarist

ဒီလိုဘဲတွေနဲ့ အတူ Frontman ဖြစ်တဲ့ Domenic “Nicky” Palermo က သူတို့ရဲ့ အကြီးကျယ်ဆုံး မှတ်တမ်းတစ်ခုကို ဖန်တီးခဲ့တာပါ။ Whirr အဖွဲ့က ဂစ်တာသမား Nicholas Bassett က Co-written နဲ့ produced ဝင်လုပ်ပေးပြီး Sonny Diperri (DIIV, Julie) က additional production နဲ့ Mixing ဝင်ကိုင်ပေးထားတော့ A Short History of Decay ဟာ Nothing အတွက်လည်း မှတ်တိုင်တခုပါပဲ။

“Cannibal World” နဲ့ “Toothless Coal” လို သီချင်းတွေဆိုရင် mechanized industrial-Gaze အသံတွေက ထင်ထားပိုပြီး extreme ဖြစ်နေပါသေးတယ်။

အခြားတစ်ဖက်မှာလည်း ဆွေးဆွေးမြည့်မြည့်လေးနဲ့ လှပတဲ့ “Purple Strings” မှာတော့ Nothing နဲ့ နှစ်ကြိမ်တိုင်တိုင် လက်တွဲခဲ့ဖူးတဲ့ Harpist Mary Lattimore ပါဝင်အားဖြည့်ထားပြီး အရမ်းစားလို့ကောင်းတဲ့ Harp အသံတွေကို ခံစားရမှာပါ။ ဒီလို classic ဆန်တဲ့ သိမ်မွေ့မှုလေးတွေက ဒီအယ်လ်ဘမ်ရဲ့ တခြားအကောင်းဆုံး သီချင်းတွေမှာလည်း ပါ,နေပါသေးတယ်။

“The Rain Don’t Care” - Mojave 3 အဖွဲ့ရဲ့ နွမ်းလျလှပတဲ့ဟန်ကို ရယူထားတဲ့ လွမ်းစရာလေး ကောင်းနေပြန်ရော။

“Nerve Scales” - အခြားကမ္ဘာတစ်ခုက atmosphere နဲ့ mortal precision မျိုးနဲ့ သေချာတိကျတဲ့ တီးခတ်မှုတွေကို ရောစပ်ပြီး Radiohead လို ခံစားရစေတဲ့ သီချင်း။

Palermo ကတော့ ဒီအယ်လ်ဘမ်သစ်ကို “နောက်ဆုံးအခန်း (A final chapter)” လို့ တင်စားထားပါတယ်။ ဒါက Nothing အဖွဲ့ ပြိုကွဲသွားတာမျိုး မဟုတ်ပါဘဲ ၂၀၁၄ ခုနှစ်က အချိန်တွေ၊ နောင်တတွေနဲ့ မသက်မသာ အမှန်တရားတွေကို ရင်ဆိုင်ရတဲ့အကြောင်းတွေ ပါဝင်တဲ့ Nothing ရဲ့ ပွဲဦးထွက် "Guilty of Everything" အယ်လ်ဘမ်နဲ့ စတင်ခဲ့တဲ့ ဇာတ်လမ်းတစ်ပုဒ်ဟာ အခု "A Short History of Decay" နဲ့ အဆုံးသတ်သွားပြီ ဆိုတဲ့ သဘောပါပေါ့။

ဒါဟာ Palermo ရဲ့ အတိတ်ကို ပြန်ပြောင်းကြည့်လိုက်တဲ့ မှတ်တမ်းပုံရိပ်တစ်ခု ဖြစ်သလို၊ Nothing ရဲ့ အနာဂတ်ဆီကို ခုန်ပျံကျော်လွှားလိုက်တဲ့ ခြေလှမ်းသစ်တစ်ခုလည်း ဖြစ်ပါတယ်။ Shoegaze အကြိုက် ဂီတချစ်သူတွေ သေချာပေါက် နားဆင်ကြည့်သင့်တဲ့ Masterpiece တစ်ခုပါ။

https://open.spotify.com/album/7euwYFDlezb1aLOvEE4p2P?si=_mTOtbZsQl2EKgAiZwze5g

Address

Yangon

Alerts

Be the first to know and let us send you an email when Con-Nabay posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share