Gita Garden Music Production

Gita Garden Music Production Gita

01/08/2024
11/01/2024

ကရင်နှစ်သစ်ကူးနေ့ တိုင်းရင်းသားအားလုံး အေးချမ်းပျော်ရွှင်ကြပါစေ

22/12/2022

ကရင်ဒုံးယိမ်း

တောင်းဆုတော်ပန်ရွယ်🎼ရှေးကမ္ဘာဦးက🎼ထူးတဲ့စေတနာကြွယ်🎼မင်္ဂလာအခါတော်      အကယ်ဒမီချိုပြုံးမင်္ဂလာမေတ္တာရွှေစောင်း      ကိုဟန်စိုးမဂ...
15/12/2021

တောင်းဆုတော်ပန်ရွယ်🎼ရှေးကမ္ဘာဦးက🎼
ထူးတဲ့စေတနာကြွယ်🎼
မင်္ဂလာအခါတော် အကယ်ဒမီချိုပြုံး
မင်္ဂလာမေတ္တာရွှေစောင်း ကိုဟန်စိုး
မင်္ဂလာအခမ်းအနားမှူး ဦးသင်မြင့်သန်း
15.12.2021 Inya Lake Hotel

မင်္ဂလာအဘိသေကမှုး -ဒေါက်တာဟိန်းတေဇာစိုးမင်္ဂလာအခါတော်ပေး  - ရတနာသန့် စန္ဒယား-ဦးခင်လှနတ်ရွှေစောင်းတော် - သဲအောင်ချစ် ၊နီလာညို(...
13/12/2021

မင်္ဂလာအဘိသေကမှုး -ဒေါက်တာဟိန်းတေဇာစိုး
မင်္ဂလာအခါတော်ပေး - ရတနာသန့်
စန္ဒယား-ဦးခင်လှ
နတ်ရွှေစောင်းတော် - သဲအောင်ချစ် ၊နီလာညို(မန္တလေး)
တေးသံရှင်-ဖြိုးထက်


မင်္ဂလာမောင်နှံ ရာသက်ပန်ရိုးမြေကျ ရတုအဆက်
ဆက်ပေါင်းဖက်နိုင်ပါစေသတည်း

မိုးထိ‌အောင်ပင် ကျက်သရေတိုးပမာထည်ဝါ တင့်ရွှန်းဖြိုးလို့အခါတော်နရီ သင့်မြတ်ချိန်ဝယ်မင်္ဂလာမဟာရွှေဆိုင်းတော် နှင့်အဘိသေကရေစင် ...
04/12/2021

မိုးထိ‌အောင်ပင် ကျက်သရေတိုး
ပမာထည်ဝါ တင့်ရွှန်းဖြိုးလို့
အခါတော်နရီ သင့်မြတ်ချိန်ဝယ်
မင်္ဂလာမဟာရွှေဆိုင်းတော် နှင့်
အဘိသေကရေစင် သွန်းကာလောင်း
မင်္ဂလာအပေါင်းခဝေညောင်းတည်း.......

ဟူစွ ဆရာထက်အာကာ ရေးသားပေးသည့် ကဗျာအင်္လကာအတိုင်း ကျက်သရေအဖြာဖြာ မင်္ဂလာနှင့်ပြည့်စုံလှတဲ့ မင်္ဂလာသတို့သား ဒေါက်တာအောင်ကျော်သက် + မင်္ဂလာသတို့သမီး မနန်းဇင်ပိုးပိုး‌သော် တို့ရဲ့ စုလျားရစ်ပတ်ထိမ်းမြားမင်္ဂလာပွဲကြီးတွင် The Magic Touch Plannings ၏ စီစဉ်မှုနဲ့အတူ HTET ARKAR Myanmar Music And Performances မှ မင်္ဂလာအခါတော် နိုင်ငံကျော်တေးသံရှင် ဒေါ်ရီရီသန့် နှင့်အတူ မြန်မာ့ဆိုင်းပညာရှင် ရွာစားထက်အာကာ မင်္ဂလာဆိုင်းဝိုင်းကြီးဖြင့် ဂုဏ်ယူစွာဖြင့် ဖျော်ဖြေတင်ဆက်ကာ အောင်မြင်ခဲ့ပါပြီ...... 💛 ❤️

#စုလျားရစ်ပတ် #ဘိသိက်မင်္ဂလာ #မိုးထိနန်းတော်

ရှေးရှေးဘဝက ရေစက်ဟောင်းကြောင့်ကွယ်🎼မင်္ဂလာအခါတော်    ခင်စိုးဝင်းမင်္ဂလာမေတ္တာရွှေစောင်း   ကိုဟန်စိုးမင်္ဂလာအခမ်းအနားမှူး     ထွဋ...
01/12/2021

ရှေးရှေးဘဝက ရေစက်ဟောင်းကြောင့်ကွယ်🎼
မင်္ဂလာအခါတော် ခင်စိုးဝင်း
မင်္ဂလာမေတ္တာရွှေစောင်း ကိုဟန်စိုး
မင်္ဂလာအခမ်းအနားမှူး ထွဋ်ခေါင်လင်း
မင်္ဂလာတေးဂီတ 💐မေတ္တာရွှေရည်💐
1.12.2021 မင်းကွန်းတိပိဋကရွှေရတုခန်းမ

ဇမ္ဗူဒီတောင်ကျွန်းတင့်ရွှန်းတည့်ကြက်သရေဖြာ🎼မင်္ဂလာအခါတော်    ခင်စိုးဝင်းမင်္ဂလာမေတ္တာရွှေစောင်း   ကိုဟန်စိုးမင်္ဂလာအခမ်းအနားမှူး ဦ...
27/11/2021

ဇမ္ဗူဒီတောင်ကျွန်းတင့်ရွှန်းတည့်ကြက်သရေဖြာ🎼
မင်္ဂလာအခါတော် ခင်စိုးဝင်း
မင်္ဂလာမေတ္တာရွှေစောင်း ကိုဟန်စိုး
မင်္ဂလာအခမ်းအနားမှူး ဦးရန်နောင်မောင်မောင်တိုး
27.11.2021 Queen Shin Saw Pu Hotel

နေ့လည်ခင်းချိန်ခါမှာမင်္ဂလာရွှေမိုးရွာမင်္ဂလာအခမ်းအနားမှူး  ထက်နိုင်ဖြိုးမင်္ဂလာအခါတော်   ခင်စိုးဝင်းမင်္ဂလာမေတ္တာရွှေစောင်း   ကိုဟ...
07/11/2021

နေ့လည်ခင်းချိန်ခါမှာမင်္ဂလာရွှေမိုးရွာ
မင်္ဂလာအခမ်းအနားမှူး ထက်နိုင်ဖြိုး
မင်္ဂလာအခါတော် ခင်စိုးဝင်း
မင်္ဂလာမေတ္တာရွှေစောင်း ကိုဟန်စိုး
မင်္ဂလာတယော ကိုဇော်မျိုးအောင်
ဗုံ စည်းဝါး ကိုသန်းဝင်း ကိုဇော်
မင်္ဂလာတေးဂီတ 💐မေတ္တာရွှေရည်💐
မင်္ဂလာရှိသောမြန်မာပြည်ကြီးအောင်ပါစေ🙏
7.11.2021 City Golf Resort Hotel

ဝါကျွတ်ကာလပွဲဦးထွက် မင်္ဂလာတွေပြည့်ဝနေသော မင်္ဂလာပွဲကြီးတွေနဲ့ ဖွင့်လှစ်ခဲ့ပါပြီ 🙏
07/11/2021

ဝါကျွတ်ကာလပွဲဦးထွက် မင်္ဂလာတွေပြည့်ဝနေသော မင်္ဂလာပွဲကြီးတွေနဲ့ ဖွင့်လှစ်ခဲ့ပါပြီ 🙏

🙏🏻 ဝါဆိုလပြည့် ဓမ္မစကြာအခါတော်နေ့ အကြောင်း သိကောင်းစရာ 🙏🏻++++++++++++++++++++ဝါဆိုလပြည့်နေ့ကို ဓမ္မစကြာ အခါတော်နေ့ အထိမ်းအ...
22/07/2021

🙏🏻 ဝါဆိုလပြည့် ဓမ္မစကြာအခါတော်နေ့ အကြောင်း သိကောင်းစရာ 🙏🏻

++++++++++++++++++++

ဝါဆိုလပြည့်နေ့ကို ဓမ္မစကြာ အခါတော်နေ့ အထိမ်းအမှတ်အဖြစ် ကျင်းပရခြင်းမှာ ထိုနေ့၌ ဓမ္မစကြာတရားတော်ကို မြတ်စွာဘုရားက ဟောကြားတော်မူသည်ကို အကြောင်းပြု၍ ကျင်းပရခြင်း ဖြစ်ပါသည်။

ဓမ္မစကြာ တရားတော်ကို မြတ်စွာဘုရားသည် အိန္ဒိယနိုင်ငံ ဗာရာဏသီပြည် မိဂဒါဝုန်တော၌ မဟာသက္ကရာဇ် ၁၀၃-ခုနှစ် ဝါဆိုလပြည့်နေ့ နေ၀င်လထွက်အချိန်၌ ပဉ္စ၀ဂ္ဂီငါးဦးတို့အား ဘုရားအဖြစ်ကို ၀န်ခံသောအားဖြင့် ဟောကြားတော်မူခဲ့ပါသည်။

ဓမ္မစကြာတရားတော်သည် ဝိနည်းမဟာဝါပါဠိတော်၌ ပဉ္စ၀ဂ္ဂိယ ကထာ-အမည်ဖြင့် လာရှိပါသည်။
ပဋိသမ္ဘိဒါမဂ္ဂ ပါဠိတော်၌ ဓမ္မစက္ကပ၀တ္တန ဝါရ-အမည်ဖြင့် လာရှိပါသည်။
မဟာဝဂ္ဂသံယုတ် ပါဠိတော်၌ ဓမ္မစက္ကပ၀တ္တန သုတ္တ-အမည်ဖြင့် လာရှိပါသည်။

ဓမ္မစက္ကပ၀တ္တန၏ အဓိပ္ပါယ်မှာ တရားတည်းဟူသော အသိစက်ကို ဖြစ်စေ၊ လည်စေတော်မူခြင်း-ဟု အဓိပ္ပါယ် ရပါသည်။
(ဓမ္မစက္က=တရားတော်။ ပ၀တ္တ=ဖြစ်စေ၊ လည်စေခြင်း။)

ဓမ္မစကြာတရားတော်သည် သစ္စာလေးပါးတရားကို ညွှန်းဆိုဟောကြားသော ဒေသနာဖြစ်၍ ပိဋကသုံးပုံ၏ အနှစ်ချုပ်တရားဟု ဆိုထိုက်ပါသည်။ ဓမ္မစကြာတရားတော်ကို စိစစ်သုံးသပ်ကြည့်ပါလျှင် လမ်းစဉ်မှာ
(အစွန်း ၂-ခု) ကို ရှောင်ကြဉ်ရေး၊ မဇ္ဈိမပဋိပဒါ လမ်းစဉ်မှန်ကို ကျင့်သုံးရေးတို့ကို ညွှန်ကြားထားပြီး သစ္စာလေးပါးတရားကို သိမြင်စေရန် ဟောကြားထားသောကြောင့် ဗုဒ္ဓဝါဒ၏ တိကျခိုင်မာသော သဘောတရားကို တွေ့မြင်နိုင်ပါသည်။

ဤကဲ့သို့ အနှစ်သာရပါရှိသော တရားဖြစ်၍ ဗုဒ္ဓဘာသာဝင် ရဟန်းရှင်လူတို့က ဓမ္မစကြာတရားတော်ကို အထူးပင်အာရုံစိုက်၍ ရွတ်ဖတ် သရဇ္ဈာယ်တော်မူကြပါသည်။ အမြို့မြို့ အရွာရွာ၌ ဓမ္မစကြာ အသင်းများ ဖွဲ့စည်းပြီး ပြန့်ပွားအောင် ဆောင်ရွက်လျက်ရှိကြပါသည်။

( ဝါဆိုလပြည့်နေ့၏ ထူးခြားချက်များ )

မြန်မာ့ရိုးရာ ၁၂-လရှိသည့်အနက် ဝါဆိုလပြည့်နေ့သည်-
၁။ ဂေါတမဘုရားလောင်း ပဋိသန္ဓေနေသောနေ့ဖြစ်၍ ထူးခြားခြင်း။
၂။ ဂေါတမဘုရားလောင်း တောထွက်တော်မူသောနေ့ဖြစ်၍ ထူးခြားခြင်း။
၃။ ဂေါတမမြတ်စွာဘုရား ဓမ္မစကြာတရား စတင်ဟောတော်မူသောနေ့ဖြစ်၍ ထူးခြားခြင်း။
၎။ ရေမီးအစုံစုံတို့ဖြင့် တန်ခိုးပြာဋိဟာကို ပြတော်မူသောနေ့ဖြစ်၍ ထူးခြားခြင်း။
၅။ ဘုရားအဖြစ်ကို ၀န်ခံတော်မူသောနေ့ဖြစ်၍ ထူးခြားခြင်း။
၆။ တရားရတနာ စတင်ပေါ်သောနေ့ဖြစ်၍ ထူးခြားခြင်း။
၇။ သံဃာရတနာ စတင်ပေါ်သောနေ့ဖြစ်၍ ထူးခြားခြင်း။
၈။ ပုထုဇဉ်ခရီးမှ အရိယာခရီးသို့ စတင် ကူးပြောင်းခွင့်ကြုံသောနေ့ဖြစ်၍ ထူးခြားခြင်း။
၉။ ဧဟိ ဘိက္ခု-ဟူသောစကားကို စတင်ကြားရသောနေ့ဖြစ်၍ ထူးခြားခြင်း။

အထက်ဖော်ပြပါ ဝိသေသအကြောင်းများကြောင့် ဗုဒ္ဓဘာသာဝင် သူတော်စင်တို့က ဤဝါဆိုလပြည့်နေ့၌ ကျောင်းကန်ဘုရားသို့ သွားရောက်၍ ဝါဆိုပန်းများ ကပ်လှူခြင်း၊ ဝါဆိုသင်္ကန်း လှူဒါန်းခြင်း၊ ဓမ္မစကြာတရားတော်များကို ရွတ်ဖတ်သရဇ္ဈာယ်ခြင်းအားဖြင့် ဝါဆိုလပြည့် ဓမ္မစကြာ အခါတော်နေ့-ကို ဆင်နွှဲ ပြုလုပ်ကြပါသည်။

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Gita Garden Music Production posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Establishment

Send a message to Gita Garden Music Production:

Share