Creative Movie Store

Creative Movie Store Update Movie,Software, Music & Lyrics

Ram Setu(2022)  မင်းသားကြီးအာရှေးကူမာရဲ့ ကားအသစ်😘😍================ဒီနေ့ကတော့ မင်းသားကြီးတွေရဲ့ကားထွက်တဲ့နေ့ပါပဲ အခုလည်း ...
07/12/2022

Ram Setu(2022)
မင်းသားကြီးအာရှေးကူမာရဲ့ ကားအသစ်😘😍
================
ဒီနေ့ကတော့ မင်းသားကြီးတွေရဲ့ကား
ထွက်တဲ့နေ့ပါပဲ အခုလည်း အာရှေးကူမာရဲ့
ဘာသာရေး သမိုင်းနဲ့ ယုံကြည်ကိုးကွယ်မှုဆိုင်ရာ
ဇာတ်ကားကောင်းလေးတစ်ပုဒ်ကို တင်ဆက်ပေးလိုက်ပါတယ်

အာရန် (အာရှေးကူမာ) က ဘာသာတရားနဲ့ ဘုရားကို
အယုံအကြည်မရှိတဲ့
ရှေးဟောင်းသုတေသနပညာရှင် တစ်ယောက်ပေါ့
သူက အချက်အလက်ရှိပြီး သက်သေပြနိုင်တဲ့
အရာကိုပဲ ယုံကြည်တဲ့သူဖြစ်ပါတယ်

အိန္ဒိယလူမျိုးတွေဟာ အရှင်ရာမကို
အလေးအနက်ယုံကြည်ကြတဲ့သူတွေဖြစ်ပြီး
ရမ်ဆက်တူဆိုတဲ့ တံတားကိုလည်း
အရှင်ရာမတည်ထောင်ခဲ့တာလို့ ယုံကြည်ထားကြပါတယ်

အဲဒီတံတားကို အစိုးရအဖွဲ့အစည်းက
ကုန်သွယ်ရေးကိစ္စတစ်ခုနဲ့ ဖြိုချဖို့ လုပ်လာတဲ့အခါ
ပြည်သူတွေက ဆူပူအုံကြွလာကြပါတော့တယ်

ဒါကို အဲဒီရမ်ဆက်တူဆိုတာဟာ
လူဖန်တီးထားတာမဟုတ်၊ သဘာဝအလျောက် ဖြစ်တည်နေတာဖြစ်ကြောင်းကို
အစိုးရအဖွဲ့အစည်းက အာရန်ကို သက်သေထူခိုင်းပါတယ်

ဒါပေမယ့် အများနဲ့တစ်ယောက်ဖြစ်နေသလိုပဲ
ပြည်သူလူထုက လူအင်အားများပြီး
အစိုးရအဖွဲ့အစည်းက လူအင်အားနည်းနေတဲ့အခါ

အိန္ဒိယပြည်သူတွေရဲ့ ယုံကြည်မှုနဲ့
နိုင်ငံတော်အစိုးရအဖွဲ့အစည်းရဲ့ စီးပွားရေးကြိုးပမ်းမှုနဲ့ အာရန်ရဲ့ သက်သေပြမှုတွေကြားက
တိုက်ပွဲကို ခင်းကျင်းပြသထားတဲ့ ဒီကားဟာ
နိုင်ငံရေးရော ဘာသာရေးရော ပါဝင်တဲ့
ဇာတ်ကားကောင်းတစ်ကားပဲ ဖြစ်ပါတယ်။

လုံး၀ဟော့ ဖြစ်နေတဲ့ ဇာတ်ကား 1899 2022 မြန်မာစာတန်းထိုး ------------Netflix ရဲ့ နာမည်ကျော် Time Travel ဂျာမန် Series ဖြစ်...
07/12/2022

လုံး၀ဟော့ ဖြစ်နေတဲ့ ဇာတ်ကား
1899 2022 မြန်မာစာတန်းထိုး
------------

Netflix ရဲ့ နာမည်ကျော် Time Travel ဂျာမန် Series ဖြစ်တဲ့ Dark ရဲ့ ဖန်တီးရှင်တွေဖြစ်ကြတဲ့ Baran bo Odar နဲ့ Jantje Friese တို့ရဲ့နောက်ထပ်ဖန်တီးထားတဲ့ Series အသစ် 1899

1899 Series ဟာ Dark လိုဘဲ ဂျာမန်စကားပြောဂျာမန် Series ဖြစ်ပီး epic period mystery-horror အမျိုးအစားဖြစ်ပါတယ်။

ဇာတ်လမ်းကတော့

ဥရောပမှ ရွှေ့ပြောင်းနေထိုင်သူတစ်စုသည် နယူးယောက်မြို့၌ ဘဝသစ်များစတင်ရန် ရေနွေးငွေ့သင်္ဘောဖြင့် လန်ဒန်မှ ထွက်ခွာခဲ့ကြရာပင်လယ်ပြင်မှာဘာတွေကြုံတွေခဲ့ရမလဲ လျှိုဝှက်ဆန်းကြယ်ကိစ္စတွေနဲ့ဘယ်လိုခြောက်ခြားစရာတွေပင်လယ်ပြင်မှာကြုံတွေ့ရပီးသင်္ဘောပေါ်ကလူတစ်ခုဘယ်လိုတွေရင်ဆိုင်ရမလဲဆိုတာကိုကြည့်ရှု့ရမှာဖြစ်ပါတယ်။
# # # # # # # # # # # # # # # # # # # # # # # # # # # # # # # # # # #
Page ကိုfollowလုပ်ထားခြင့်ဖြင့်
Up To Date ဇာတ်ကားကောင်းများကို တဝကြီး
ရင်သပ်ရှုမောကြည့်ရှု့ခံစားနိုင်မှာဖြစ်ပါတယ်ရှင့်...😍😘

( )ချစ်ကြိုက်ကွဲညားမကြည့်ချင်ဘူး😉ဇာတ်ကားကောင်းကောင်းလေး ရှာနေတယ်ဆိုရင်တော့ ဒီရုပ်ရှင်ကို recommend လုပ်ပါတယ်😘ဒီရုပ်ရှင်က...
29/11/2022

( )
ချစ်ကြိုက်ကွဲညားမကြည့်ချင်ဘူး😉ဇာတ်ကားကောင်းကောင်းလေး ရှာနေတယ်ဆိုရင်တော့ ဒီရုပ်ရှင်ကို recommend လုပ်ပါတယ်😘

ဒီရုပ်ရှင်က Tom Hank ရဲ့ ရုပ်ရှင်ကားကောင်းတွေထဲက တစ်ကားအပါအဝင်ဖြစ်လာမယ်လို့ ထင်မိပါတယ်။ " ရုပ်ရှင်က သာမန်ပါပဲ၊ အရင်ကလဲ ဒီလို ဇာတ်အိမ်မျိုးနဲ့တူတဲ့ ရုပ်ရှင်တွေ ရှိတာပါပဲ" ဆိုရင်တောင် ဒီရုပ်ရှင်က စိတ်ပျက်စေရမှာတော့မဟုတ်ဘူးလို့ ထင်ပါတယ်။ ဒါကတော့ admin တစ်ယောက်ထဲရဲ့အမြင်ပါ။

Wall- E ရုပ်ရှင်ရဲ့ပုံစံနဲ့ နည်းနည်းဆင်တဲ့အတွက် Wall-E ရဲ့အငွေ့အသက်လေးတွေနဲ့ ကြည့်ရမှာပါ။ သက်ရှိတွေနဲ့ သက်မဲ့တွေကြားက လှပတဲ့ သံယောဇဥ်တွေ၊ သူတို့ကြားက ဆက်ဆံရေးတွေ ဒါတွေကို ဒီရုပ်ရှင်ထဲမှာ အများကြီးမြင်ရမှာပါ။

ဇာတ်လမ်းအကြောင်းနည်းနည်းပြောရမယ်ဆိုရင် ဒီရုပ်ရှင်ထဲမှာက အိုဇုန်းလွှာမရှိတော့တဲ့အတွက်ကြောင့် ကမ္ဘာကြီးကပျက်စီးနေပြီး သက်ရှိတွေနဲ့ လူတော်တော်များများက သေကြေပျက်စီးသွားကြပါပြီ။ Tom Hank ကတော့ အသက်ရှင်ကျန်ခဲ့တဲ့သူတွေထဲကတစ်ယောက်ပါ၊ သူ့မှာ ခွေးလေးတစ်ကောင်ရှိပြီး သူမရှိတော့ရင် သူ့ခွေးလေးကို စောင့်ရှောက်ဖို့အတွက် Robot တစ်ရုပ်ကို ဖန်တီးလိုက်ပါတယ်။

Sci-fic/ Drama အမျိုးအစားဖြစ်ပြီး ကြာမြင့်ချိန် ၂ နာရီနီးပါးရှိပါတယ်။ PG-13 သတ်မှတ်ထားတဲ့ ရုပ်ရှင်ပါ။ November 5, 2021 ကထွက်ရှိထားပြီး Rotten Tomatoes : 73% , IMDB : 7/10 ရရှိထားပါတယ်။

ချစ်ကြိုက်ကွဲညား မကြည့်ချင်ဘူး၊ ရုပ်ရှင် ကောင်းကောင်းလေး ရှာနေတယ်ဆိုရင်တော့ ဒီရုပ်ရှင်ကို recommend လုပ်ပါတယ်။
ရုပ်ရှင်ကြည့်စရာရှိတာလဲကြည့်ပြီး နေ့စဥ်လုပ်ရမဲ့ တာဝန်တွေရှိတာကိုလဲ မမေ့ကြပါနဲ့ခင်ဗျာ😍😘

The Good Witch Of Christmas (2022)ကဲ အားလုံးပဲ ခရစ်စမတ်အချိန်အခါကို ရောက်ရှိလာပြီဆိုတော့😍အိမ်မှာ ကလေးတွေနဲ့အတူတူ အနားယူရ...
29/11/2022

The Good Witch Of Christmas (2022)
ကဲ အားလုံးပဲ ခရစ်စမတ်အချိန်အခါကို ရောက်ရှိလာပြီဆိုတော့😍အိမ်မှာ ကလေးတွေနဲ့အတူတူ အနားယူရင်း ကြည့်လို့ရမယ့် ခရစ်
စမတ်ကားကောင်းလေးတစ်ပုဒ်ကို တင်ဆက်ပေးလိုက်ပါတယ်။

ခရစ်စမတ်ကာလရဲ့ နာမည်ကျော်သူခိုးကြီးတွေဖြစ်တဲ့ ဖရန့်ခ်နဲ့ တိုနီတို့
နှစ်ယောက်တို့ဟာ ဖရန့်ခ်ရဲ့ ညီဖြစ်သူက မွေးတဲ့ လီယမ်နဲ့ အိုလစ်
ဗီယာဆိုတဲ့ ကလေးနှစ်ယောက်ကို ထိန်းပေးဖို့ရာ အကြောင်းဖန်လာ
ပါတယ်။ဆန်တာကလော့စ်နဲ့ ခရစ်စမတ်လက်ဆောင်တွေကို အရမ်းယုံကြည်တဲ့
အိုလစ်ဗီယာနဲ့ ခရစ်စမတ်ကို အယုံအကြည်မရှိတဲ့ လီယမ်တို့ဆီ ဆန်တာရဲ့
နတ်သူငယ်တစ်ပါးဖြစ်တဲ့ အမျိုးသမီးတစ်ယောက် ရောက်ရှိလာပြီး၊သူတို့ရဲ့
မိဘတွေဆီကိုတော့ ဆန်တာကလော့စ်က ဆိုက်ဆိုက်မြိုက်မြိုက်ကြီး
ရောက်ရှိသွားတဲ့အခါမှာ
ခရစ်စမတ်ကာလတိုင်း မရိုးနိုင်တဲ့ မိသားစုဇာတ်လမ်းလေးကို ရယ်ရွှင်ဖွယ်ရာ
များနဲ့အတူ ကြည့်ရှုရဦးမှာပဲ ဖြစ်ပါတယ်။

Nocebo (2022)ကြည့်ရင်းနဲ့ ကိုယ်တိုင်စိတ်တ္တဇဖြစ်ချင်သလိုလို မရိုးမရွသလိုလိုခံစားရမယ့်😬 ဇာတ်ကားသစ်ခရစ္စတင်းဟာ အလုပ်အရမ်းမ...
28/11/2022

Nocebo (2022)
ကြည့်ရင်းနဲ့ ကိုယ်တိုင်စိတ်တ္တဇဖြစ်ချင်သလိုလို မရိုးမရွသလိုလိုခံစားရမယ့်😬 ဇာတ်ကားသစ်

ခရစ္စတင်းဟာ အလုပ်အရမ်းများတဲ့ ဖက်ရှင်ဒီဇိုင်နာတစ်ယောက်ဖြစ်ပြီး
ခင်ပွန်းသည်ဖီးလစ်၊ သမီးလေးဘော့ဘ်တို့နဲ့ အတူနေထိုင်ပါတယ်။
အားလုံးအဆင်ပြေနေသယောင်ရှိပေမဲ့ ခရစ္စတင်းဟာ စိတ်ကယောင်
ခြောက်ခြားဖြစ်ပြီး အရမ်းမေ့တတ်တဲ့ ရောဂါဆန်းတစ်မျိုးရှိပါတယ်။
အဲဒီအထိက ပုံမှန်လိုပါပဲ။

ဒါပေမဲ့ သူတို့အိမ်ကို ဒိုင်ယာနာဆိုတဲ့ ဖိလစ်ပိုင်သူရောက်လာချိန်မှာ
အဓိကဇာတ်လမ်းစပါတော့တယ်။ သံသယ၀င်စရာကောင်းတဲ့ ဒိုင်ယာနာ့
အပြုအမူတွေကလည်း ပရိသတ်ကိုစိတ်၀င်တစားဖြစ်စေမှာပါ။

ဒိုင်ယာနာဟာ ခရစ္စတင်းအတွက် မိတ်ဆွေဖြစ်မလား ရန်သူဖြစ်မလာ၊
ခရစ္စတင်းရဲ့ရောဂါဆန်းက ဒိုင်ယာနာနဲ့ပတ်သက်နေမလား၊ နောက်ပိုင်းမှာ
ဘယ်လိုမထင်မှတ်တဲ့ ထိတ်လန့်စရာတွေက စောင့်ကြိုနေမလဲဆိုတာ
ရင်တထိတ်ထိတ် ကြည့်ရှုကြရမှာ ဖြစ်ပါတယ်။ ခပ်ဆန်းဆန်း Psychological
thriller ကားမျိုးမှ ကြိုက်တတ်တဲ့ ရုပ်ရှင်ချစ်သူတွေအတွက် တင်ဆက်
ပေးလိုက်ပါပြီ.......🤗🤑😍
-----------------------------------------------------------------------
ဘက်ဂျက်အများကြီးသုံးစရာမလိုဘူး Quality ကလည်းပေးရတဲ့ ဈေးထက်သာလွန်တဲ့ စွမ်းဆောင်ရည်ကိုရမယ်
အသစ်စက်စက်
Show Room Display Collection (OR) Used....
ချိုသာတဲ့ ဈေးနှုန်းနဲ့ Qualityမှန်တဲ့ External HD
တစ်လုံးလိုအပ်နေပြီလား?
ချစ်Customerတို့ရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးပါရစေ😍

Seagate 1 TB-170000
(Backup plus Slim 3.0)
New(3 years Warranty)

Seagate 2TB-199000
New(3 years warranty)

Second Seagate Prices
1TB 108000
2TB 128000(power on time-3 Days used)
(3 Months Warrantry)

Movies/Series copy prices
1TB-25,000KS
2TB အထက် ကူးယူးမှုများအတွက် အိမ်တိုင်ရာရောက်ဝန်ဆောင်မှု ပေးပါသည်။ # # Town အတွင်းသာ

Years plan/unlimited plan
Start Valid Date from until 22/23
Price- 45,000KS
အသေးစိတ်သိရှိလိုပါက Page Chat Box (သို့မဟုတ်) ဖုန်းဖြင့်လည်း မေးမြန်းလို့ရပါတယ် ခင်ဗျာ
-----------------------------------
ဝယ်ယူအားပေးသော customer များ ဘဏ်ဖြင့်ငွေလွှဲလျှင် အမည် ၊ မှတ်ပုံတင် ဖြင့်လွဲပေးပါခင်ဗျ
ကျွန်တော်တို့ Creative Movie Store မှ ဝယ်ယူအားပေးကြသော Customer များအားလုံးကို ကျေးဇူးအထူးတင်ရှိပါသည်ခင်ဗျ...🙏🙏🙏
-----------------------------------

Tadka [2022]  #ဇာတ်ကားသစ်အသစ်စက်စက် အိန္ဒိယ အချစ်ဟာသကားလေးပါ...အချစ်တော် "တာ့ပ်ဆီး"လေးလဲပါတယ်ဆိုတော့ပရိသတ်ကြီးကြိုက်ကြမယ...
28/11/2022

Tadka [2022] #ဇာတ်ကားသစ်
အသစ်စက်စက် အိန္ဒိယ အချစ်ဟာသကားလေးပါ...

အချစ်တော် "တာ့ပ်ဆီး"လေးလဲပါတယ်ဆိုတော့
ပရိသတ်ကြီးကြိုက်ကြမယ်ထင်ပါတယ်

ဇာတ်လမ်းအညွှန်းလေးကတော့

တူကာရမ်(Nana Patekar)က အစားအသောက်တွေကိုနှစ်သက်တဲ့ရှေးဟောင်းသုတေသနပညာရှင်ဖြစ်ပြီး လူပျိုကြီး တစ်ကိုယ်တည်းသမားပေါ့..

မဒူရား (Shriya Saran)ကတော့ ရေဒီယိုတင်ဆက်သူတစ်ဦးဖြစ်ပါတယ်

တစ်နေ့မှာတော့ မဒူရာနဲ့ ဖုန်းမှားခေါ်မိရာက
လေလှိုင်းထဲကနေတစ်ဆင့် တစ်ယောက်နဲ့တစ်ယောက် သဘောကျမိသွားကြပါတယ်..

ကိုလူပျိုကြီးတူကာရမ်ကတော့ ရေငတ်တုန်းရေတွင်းထဲကျဆိုသလိုပါပဲ ဖုန်းထဲမှာတော်ကီတွေလွှတ်ပစ်ပြီးချုပ်တာပေါ့..

ဒါပေမယ့်တကယ်တမ်းလူချင်းတွေ့ကြမယ်ဆိုတော့ မထုံတက်တေးနဲ့မထော်မနမ်းတွေလုပ်မိမှာလဲစိုး..

ဒီလိုနဲ့ တူကာရမ်ရဲ့တူဖြစ်သူ ခပ်နောက်နောက်လူငယ်လေး ဆစ် (Ali Fazal) နဲ့ အရမ်းဟော့တဲ့
နီကိုလ် ( Taapsee)တို့က လူအစားဝင်ပြီးတွေ့ကြတဲ့အချိန်မှာ နီကိုလ်းရဲ့အလှမှာမျောသွားတဲ့
ဆစ်က အရွယ်ချင်းကွာတယ် အဆင်မပြေဘူးဘာညာပေါ့...

ကိုလူပျိုကြီးတူကာရမ်ရဲ့ ကြီးမှဝက်သက်ပေါက်ရတဲ့အချစ်ဇာတ်လမ်းမှာသူတို့လေးယောက်ဘယ်လိုတွေများ မီးစင်ကြည့် ကကြမလဲဆိုတာကြည့်ရင်းရယ်ရင်းနဲ့ပဲ ဆက်လက်အားပေးလိုက်ကြပါဦး....

Exist Within (2022)  ဇာတ်ကားအသစ် Thriller ရုပ်ရှင်တွေကို သဘောကျတတ်တဲ့သူတွေအတွက်ပဟေဠိတွေ အများကြီးပါဝင်တဲ့ ဇာတ်လမ်းလေးတစ်...
09/11/2022

Exist Within (2022) ဇာတ်ကားအသစ်

Thriller ရုပ်ရှင်တွေကို သဘောကျတတ်တဲ့သူတွေအတွက်ပဟေဠိတွေ အများကြီးပါဝင်တဲ့ ဇာတ်လမ်းလေးတစ်ပုဒ်ကို တင်ဆက်ပေးပါဦးမယ်

အွန်းဆူဟာ စာရေးဆရာမအဖြစ် ပြိုင်ပွဲမှာ ဝင်ပြိုင်ဖို့အတွက် ကုန်ကြမ်းရှာတဲ့အချိန်မှာ
ပတ်ဝန်းကျင်က အဖြစ်အပျက်ကိုပဲ ဇာတ်လမ်းအဖြစ် ရေးဖို့ ဆုံးဖြတ်လိုက်ပါတယ်

အဲဒီအချိန်မှာပဲ သူနေတဲ့အခန်းရဲ့အပေါ်ထပ်က အမြဲတမ်းလိုလို အသံတွေကြားရပြီး
ကြားရတဲ့အသံကလည်း တစ်ပုံစံတည်းဖြစ်နေတာပါ
အဲဒီအသံနောက်ကိုလိုက်ပြီး ကုန်ကြမ်းရှာရာမှာတော့ ကိစ္စတွေ အများကြီး ကြုံတွေ့လိုက်ရပါတယ်

သူ့အနေနဲ့ အကြောင်းအရင်းကိုရှာတွေ့နိုင်မလား
စာရေးဖို့အတွက် ဇာတ်လမ်းကောင်းတစ်ပုဏ်ရလားမလားဆိုတာကိုတော့ ကြည့်လိုက်ကြပါဦးနော်

အညွှန်း နဲ့ ဘာသာပြန်ကတော့ Joyz ပဲ ဖြစ်ပါတယ်

08/11/2022

ဘက်ဂျက်အများကြီးသုံးစရာမလိုဘူး Quality ကလည်းပေးရတဲ့ ဈေးထက်သာလွန်တဲ့ စွမ်းဆောင်ရည်ကိုရမယ်
အသစ်စက်စက်
Show Room Display Collection (OR) Used....
ချိုသာတဲ့ ဈေးနှုန်းနဲ့ Qualityမှန်တဲ့ External HD
တစ်လုံးလိုအပ်နေပြီလား?
ချစ်Customerတို့ရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးပါရစေ😍

Seagate 1 TB-170000
(Backup plus Slim 3.0)
New(3 years Warranty)

Seagate 2TB-199000
New(3 years warranty)

Second Seagate Prices
1TB 108000
2TB 128000(power on time-3 Days used)
(3 Months Warrantry)

Movies/Series copy prices
1TB-25,000KS
2TB အထက် ကူးယူးမှုများအတွက် အိမ်တိုင်ရာရောက်ဝန်ဆောင်မှု ပေးပါသည်။ # # Town အတွင်းသာ

Years plan/unlimited plan
Start Valid Date from until 22/23
Price- 45,000KS
အသေးစိတ်သိရှိလိုပါက Page Chat Box (သို့မဟုတ်) ဖုန်းဖြင့်လည်း မေးမြန်းလို့ရပါတယ် ခင်ဗျာ
-----------------------------------
ဝယ်ယူအားပေးသော customer များ ဘဏ်ဖြင့်ငွေလွှဲလျှင် အမည် ၊ မှတ်ပုံတင် ဖြင့်လွဲပေးပါခင်ဗျ
ကျွန်တော်တို့ Creative Movie Store မှ ဝယ်ယူအားပေးကြသော Customer များအားလုံးကို ကျေးဇူးအထူးတင်ရှိပါသည်ခင်ဗျ...🙏🙏🙏
-----------------------------------

Blood and ties  မြန်မာအကယ်ဒမီ များရှင် ဆရာကြီး ဝိုင်းရိုက်တဲ့ ရိုက်တယ် " လှပ် ရ်ျ လွင့်သော "  ဆိုတဲ့ အခု ရုံတင်တဲ့ မြန်မ...
08/11/2022

Blood and ties
မြန်မာအကယ်ဒမီ များရှင် ဆရာကြီး ဝိုင်းရိုက်တဲ့ ရိုက်တယ် " လှပ် ရ်ျ လွင့်သော " ဆိုတဲ့ အခု ရုံတင်တဲ့ မြန်မာ ရုပ်ရှင် ကား review ကို ဖတ်ကြည့် တော့

ကျွန်တော် တခါ က ကြည့်ဖူးခဲ့တဲ့ Korea ကားဇတ်လမ်းနဲ့သွားတူနေတယ် ။ အခု အင်တာ နက်မှာ ရှာတာ ပြန်တွေ့ ပါတယ် ။ နာမည် က blood and tie ပါ ။မင်းသမီး က သတင်းထောက် သူ အဖေ က သူငယ်ငယ် က လူသတ်မှု နဲ့ စွတ်စွဲ ခံ တယ် အဲဒါ ကို သတင်းထောက် ဖြစ်မှ မဟုတ်ကြောင်းသက် သေ ပြချင်လို့ ပြန် စုံစမ်းတယ်။ နောက်ဆုံး မှာ တော့ သူ့ အဖေ က တကယ်သတ်ခဲ့ တယ် ဆိုတာ သိလိုက်တယ် ။ ဘာကြောင့် သိရလဲ ဆိုတော့ လူ သတ် သမားရဲ့ phone ခေါ်သံ ကြောင့်ပါ ။ သူ မ ရလိုက်တဲ့ အဲဒီ အသံ က သူ့ အဖေ အသံ ဖြစ်နေလို့ပါပဲ ။ နောက်ဆုံး အခန်းမှာ သူ့ အဖေ က ကြောက်ကျစ်စွာ အပြုံး နဲ့ ဇတ်သိမ်းသွားတယ် ။
အဆုံး အထိ ကို ဇတ်လမ်း က ကြည့်ကောင်းတယ် ။
မိတ်ဆွေ တို့ ကြုံ ရင် ကြည့် ကြည့်ပါလား ။နောက် ဆရာကြီး ဝိုင်း ကားရဲ့ review ကို ဖတ်ပြီး ဇတ် အိမ် တူ မတူ ခန့်မှန်းပေါ့ ။ Copy ဟုတ် မဟုတ် ကတော့ ပရိတ် သတ်ကြီး တွေ ဆုံးဖြတ်ပေါ့ ။
Channel Myanmar က ကြည့် ဖြစ်တယ်ထင်တာပါပဲ ။ ကြာတော့ ကြာခဲ့ပါပြီ ။
မင်းသမီး ကတော့ ကိုရီးယား မှာ အလှ ဆုံး မင်း သမီး တလက် ဖြစ်တဲံ Son Ye-Jin ပါ ။
April snow မှာ လူသိများပါတယ် ...

𝐇𝐞𝐲 𝐑𝐚𝐦 [𝟐𝟎𝟎𝟎] မြန်မာစာတန်းထိုး*********************************IMDb: 7.9/10မင်းသားကြီး ကမလ် ဟာဆန် နဲ့ ရှာရွတ်ခန်း ရဲ့ န...
08/11/2022

𝐇𝐞𝐲 𝐑𝐚𝐦 [𝟐𝟎𝟎𝟎] မြန်မာစာတန်းထိုး
*********************************
IMDb: 7.9/10

မင်းသားကြီး ကမလ် ဟာဆန် နဲ့ ရှာရွတ်ခန်း ရဲ့ နာမည်ကြီး ကား Hey Ram စာတန်းထိုး HD ရပါပြီ။ ဒီကားက မဟတ္တမ ဂန္ဒီ ကို သတ်ချင်တဲ့ သူ တစ်ယောက် အကြောင်းပါ။ သူ ဘာလို့ မဟတ္တမ ဂန္ဒီ ကို သတ်ချင်တာလဲ/ နောက်ဆုံး ဘယ်သူ သတ်သွားလဲ ဆိုတာကို ရှုစားကြပါ။

ဒီကားက Hindi-Tamil ဘာသာစကား နှစ်မျိုးနဲ့ တပြိုင်နက် ရိုက်ခဲ့တဲ့ကားပါ။ ဒီကားက ဟိန္ဒီ သရုပ်ဆောင်တွေ ဖြစ်တဲ့ ရှာရွတ်ခန်း/ ရာနီး မူခါဂျီး နဲ့ တခြား ဟိန္ဒီ သရုပ်ဆောင်တွေကို တကယ်ချီးကျူးတယ်။ ဘာလို့တုန်း ဆို သူတို့ ဒီကားမှာ သူတို့ မတတ်တဲ့ တမီးလ်စကားကို ပြောခဲ့တယ်။ ဒီကားက တယောက်ယောက်ကို အသံသွင်းခိုင်းတဲ့ Dubbing မလုပ်ခဲ့ဘူး။ ရှုတင် မှာ ရှာရွတ်ပြောတဲ့ ရှာရွတ်လေသံ နဲ့ တမီးလ်စကား ကိုဘဲ သုံးခဲ့တယ်။

ခုကျနော် တင်ထားတာတော့ Hindi Version ပါ။ သရုပ်ဆောင်တိုင်း ပါးစပ်လှုပ်တာလဲ Hindi ပြောတာလဲ Hindi။
ဘာလို့ဆို ရှာရွတ် ဖန်တွေ တောင်းဆိုတဲ့ကားမို့ Hindi လိုဘဲ တင်ပေးလိုက်တာပါ။

ရှာရွတ်က မင်းသားကြီး ကမလ် ဟာဆန် ဖန်မို့ ဒီကားမှာ ငွေတစ်ပြားမှ မယူခဲ့ဘူးး

Sanak (2021)   ===========ဒီဇာတ်ကားကတော့ ဆေးရုံကို အကြမ်းဖက်သမားတွေဝင်စီးတဲ့ အက်ရှင်ဇာတ်ကားကောင်းပဲဖြစ်လို့အမိုက်စားကြည့...
08/11/2022

Sanak (2021)
===========

ဒီဇာတ်ကားကတော့ ဆေးရုံကို အကြမ်းဖက်သမားတွေဝင်စီးတဲ့ အက်ရှင်ဇာတ်ကားကောင်းပဲဖြစ်လို့
အမိုက်စားကြည့်ရူရမယ့်ဇာတ်ကားပဲဖြစ်ပါတယ်

ဗီဗန်ဟာ နှလုံးခွဲစိတ်မှုခံယူထားတဲ့ ဇနီးဖြစ်သူ အန်ရှီကာကိုသိပ်ချစ်မြတ်နိုးပြီး တစ်နေ့ သူတို့ဆေးရုံဆင်းခါနီး ဗီဗန် ဆေးရုံစရိတ်သွားဆောင်နေတုန်း အကြမ်းဖက်သမားတွေက ဆေးရုံကိုဝင်စီးခဲ့ပါတယ်

ဖြစ်စဉ်ကတော့ လက်နက်မှောင်ခိုသမားတစ်ယောက်ဟာ နှလုံးဖောက်လို အကျဉ်းထောင်ကနေ ဆေးရုံကိုရောက်လာခဲ့ပါတယ်

ထိုလူကို ကယ်ထုတ်သွားဖို့ အကြမ်းဖက်သမားတွေက ကြိုတင်ကြံစည်ထားပြီး ဆေးရုံကိုဝင်စီးခဲ့ပါတယ်

နှလုံးရောဂါသည်ဇနီးဖြစ်သူကိုစိုးရိမ်နေတဲ့ ဗီဗန်တစ်ယောက် အကြမ်းဖက်သမားတွေနဲ့ ဘယ်လိုရင်ဆိုင်မလဲ

ဆေးရုံကိုဝင်စီးမှုအောင်မြင်မလားဆိုတာ ဒီဇာတ်ကားမှာစောင့်ကြည့်ရမှာဖြစ်လို့ တင်ဆက်ပေးလိုက်ပါတယ်

The OctoGames (2022) မြန်မာစာတမ်းထိုးရဘေ၀ဲ လူ tတ်ဂိမ်းကားသစ်ကြီး😱================================IMDB: 4.5/10 နာမည်ကျော်...
07/11/2022

The OctoGames (2022) မြန်မာစာတမ်းထိုး
ရဘေ၀ဲ လူ tတ်ဂိမ်းကားသစ်ကြီး😱
================================
IMDB: 4.5/10
နာမည်ကျော်ကြားမှုနဲ့ ပိုက်ဆံအတွက် သူတပါးဘ၀ကိုချနင်းရက်တဲ့သူတွေဘယ်လောက်များရှိနိုင်မလဲ။

ဒီဇာတ်လမ်းထဲက လူ ၈ ယောက်ကတော့
အဲဒီလိုချနင်းရမယ်မှန်းမသိဘဲ ဂိမ်းတစ်ခုထဲ ဘုမသိဘမသိပါလာကြပါတယ်။
သူတို့ပါ၀င်ခဲ့ရတဲ့ဂိမ်းက OctoGames။

ရေဘဝဲဂိမ်းလို့ပဲအလွယ်ခေါ်ကြပါစို့။ ရေဘဝဲရဲ့ခြေတံလက်တံ ၈ ခုကို ကိုယ်စား ပြုပြီး ဂိမ်း ၈ မျိုး၊ လူ ၈ ယောက် ကစားတာကြောင့်ပါ။ ဂိမ်းအားလုံးက ကလေး
ကစားတဲ့ဂိမ်းတွေဖြစ်ပေမဲ့ ရှုံးနိမ့်သူတွေအတွက် ပေးဆပ်လိုက်ရတာက တကယ့်အTက်နဲ့ဘ၀ပါ။ အဲဒီလူtတ်ကစားပွဲကြီးကိုဖန်တီးသူကတော့ follower သန်း
ပေါင်းရာချီတဲ့ နာမည်ကျော် YouTuber ဂျက်စ်ပရို ဆိုသူ ဖြစ်ပါတယ်။ကယ်ရီ၊ မက်ဆင်း၊ အေဂျေ၊ စကွစ်ရှ်၊ ရုသ်၊ ဝေါလ်တာတို့က မျက်စိလည်လမ်းမှားပြီး
လူtတ်ဂိမ်းကြီးထဲ ပါ၀င်မိကြသူတွေပေါ့။

ဂိမ်းရဲ့သရုပ်မှန်ကိုသိသွားချိန်မှာတော့
နောက်ပြန်ဆုတ်လို့မရတော့ဘဲ ကိုယ့်အtက်ရှင်သန်ရေးအတွက် ရုန်းကန်ကြရပါတော့တယ်။ အဲဒီလိုနဲ့ ဘယ်သူကရှင်သန်ပြီး ဘယ်သူတွေရှုံးနိမ့်သွားကြမလဲဆိုတာကို
ကြည့်ရှုခံစားရင်း အခက်အခဲကြုံချိန်မှာ တွေ့ရတဲ့သံယောဇဉ်၊ ကိုယ်ချင်းစာတရား၊ကောက်ကျစ်စဉ်းလဲမှု၊ တစ်ကိုယ်ကောင်းဆန်မှု၊ လူတွေရဲ့ရူးသွပ်မိုက်မဲမှုတွေကို
အထင်းသားတွေ့ကြရမှာပါ။
ပရိသတ်ကြီးစိတ်၀င်တစားကြည့်ရလောက်အောင် လှုပ်လှုပ်ရှားရှားဖြစ်တဲ့ Horror ဆန်ဆန် ပဟေဠိဆန်ဆန် ဇာတ်လမ်းမျိုးမို့ ကြည့်ကြဖို့ ညွှန်းပေးလိုက်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Cmon ဖြစ်ပါတယ်)

Address

YANSHIN Road
Yangon

Telephone

+959255740704

Website

Alerts

Be the first to know and let us send you an email when Creative Movie Store posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Establishment

Send a message to Creative Movie Store:

Share