Happy & Co.

Happy & Co. Happy&Co.

redefines mental well-being through Creative Entertainment, ensuring individuals do not feel stigmatized when seeking mental regulation activities, emotional relief and self-expression.

The Resilient Heart: ကြေမွသွားတဲ့ နှလုံးသားကို ပြန်လည်ထွေးပွေ့ခြင်း💔ဒီစာကို ဖတ်နေတဲ့အချိန်မှာ သင့်ရင်ဘတ်ထဲက ဒဏ်ရာဟာ လတ်လ...
01/06/2026

The Resilient Heart:
ကြေမွသွားတဲ့ နှလုံးသားကို ပြန်လည်ထွေးပွေ့ခြင်း
💔ဒီစာကို ဖတ်နေတဲ့အချိန်မှာ သင့်ရင်ဘတ်ထဲက ဒဏ်ရာဟာ လတ်လတ်ဆတ်ဆတ် သွေးထွက်နေတုန်း ဖြစ်နိုင်သလို၊ ဘယ်သူ့ကိုမှ ပြောမပြရဲဘဲ တစ်ယောက်တည်း ကြိတ်ငိုထားရလို့ မွန်းကျပ်နေတာလည်း ဖြစ်နိုင်ပါတယ်။

💔အချစ်ဆုံးလူရဲ့ သစ္စာဖောက်မှု၊ ချစ်ခင်ရတဲ့သူတွေရဲ့ စိတ်ပိုင်းရာနှိပ်စက်မှု၊ ဒါမှမဟုတ် ယုံကြည်ခဲ့ရတဲ့ သူငယ်ချင်းရဲ့ ကျောခိုင်းမှုတွေကို ကြုံရတဲ့အခါ... လူတွေက သင့်ကို "အားတင်းထားပါ၊ မေ့ပစ်လိုက်ပါ" လို့ လွယ်
လွယ်လေး ပြောတတ်ကြပါတယ်။
🥺ဒါပေမဲ့ အဲ့ဒီစကားလုံးတွေက သင့်ကို ပိုပြီး အထီးကျန်စေတယ် မဟုတ်လား…….

💖ဒီစာကနေသင့်ကို ပထမဆုံး ပြောချင်တာကတော့... "သင် အခုလို ပြိုလဲနေတာ၊ ဒေါသထွက်နေတာ၊ ဝမ်းနည်းနေတာတွေဟာ ဖြစ်လို့ပါတယ်။ သင် မှားမနေပါဘူး" ဆိုတာပါပဲ။
သင် ခံစားနေရတဲ့ နာကျင်မှုတိုင်းဟာ နောက်ကွယ်မှာခိုင်လုံတဲ့ အကြောင်းပြချက် ရှိပါတယ်…….ဘယ်သူမဆို ဒီလို အချိန်မှာ ခံစားရမှာပါပဲ…………

⭐️ဒီနေ့မှာတော့ သီအိုရီတွေ၊ စာအုပ်ကြီးတွေ ခဏဘေးဖယ်ပြီး... နာကျင်နေတဲ့ သင့်နှလုံးသားကို တဖြည်းဖြည်းချင်း ဘယ်လို ပြန်လည်ပွေ့ဖက် တည်ဆောက်မလဲဆိုတာ တူတူ ဖြတ်သန်းကြည့်ရအောင်နော်…….

🙌၁။ ခန္ဓာကိုယ်ရဲ့ နာကျင်မှုကို အသိအမှတ်ပြုပေးခြင်း
မသီတာရဲ့ case
ခင်ပွန်းဖြစ်သူရဲ့ ဖောက်ပြန်မှုကို သိလိုက်ရပြီးကတည်းက မသီတာဟာ အိမ်ထဲမှာတင် ဘေးကင်းတယ်လို့ မခံစားရတော့ပါဘူး……🥺
ဖုန်းသံကြားတိုင်း ရင်ဘတ်ကြီး တုန်လာတယ်၊ လက်ဖျားတွေ အေးစက်ပြီး အသက်ရှူကျပ်လာတယ်။ စိတ်ကို အေးအေးထားဖို့ ကြိုးစားလေ၊ ပိုပြီး ထိတ်လန့်လာလေ ဖြစ်နေပါတယ်။

🙌မသီတာလိုပဲ သင်လည်း ရင်တုန်နေသလား၊ အိပ်မပျော်ဘဲ ငိုနေမိသလား။
ကိုယ့်ကိုယ်ကိုယ် "ငါ ဘာလို့ ဒီလောက်တောင် အားနည်းနေရတာလဲ" လို့ အပြစ်မတင်ပါနဲ့တော့နော်…..
ဒါတွေဟာ သင့်ဦးနှောက်နဲ့ ခန္ဓာကိုယ်က ကြီးမားတဲ့ ရှော့ခ် (Shock) တစ်ခု ရသွားလို့ သင့်ကို ကာကွယ်ဖို့ ကြိုးစားနေလို့ ဖြစ်လာတဲ့အရာတွေပါ။
ဒါဟာ သင့်အပြစ် မဟုတ်ပါဘူး……….

ရင်ဘတ်ထဲမှာ မီးတောက်လို ပူနေရတဲ့အခါ၊ အတိတ်က ပုံရိပ်တွေ ပြန်ပေါ်လာတဲ့အခါ— ဘာမှ ဆက်မတွေးပါနဲ့ဦး…….
❣️ရေချိုးခန်းထဲသွားပြီး မျက်နှာကို ရေအေးအေးနဲ့ အကြာကြီး သစ်လိုက်ပါ။
❣️ရေခဲတုံးလေးတစ်တုံးကို လက်ထဲမှာ အကြာကြီး ဆုပ်ထားပေးပါ။
❣️ပြီးရင် ရင်ဘတ်ပေါ် လက်ကလေးတင်ပြီး "အဆင်ပြေတယ်... အခု ငါဘေးကင်းနေပြီ" လို့ ကိုယ့်ကိုယ်ကိုယ် ဖြည်းဖြည်းချင်း ပြန်ပြောပေးပါ။
❣️ခန္ဓာကိုယ်လေး ငြိမ်သွားအောင် အရင်ဆုံး စောင့်ရှောက်ပေးပါရှင်။

🙌၂။ လုံးဝ အဆက်အသွယ်ဖြတ်ပါ
ကိုကျော်ရဲ့ case ကိုကြည့်ရအောင်
ချစ်သူက အကြိမ်ကြိမ် လိမ်ခဲ့လို့ လမ်းခွဲခဲ့ပေမဲ့ ကိုကျော်ဟာ ညဘက်ဆို "သူ ဘာလုပ်နေမလဲ" ဆိုတဲ့ စိတ်နဲ့ Fake အကောင့်နဲ့ ဝင်
ချောင်းကြည့်မိတယ်။
သူမက ဘာမှမဖြစ်သလို ပျော်နေတာ မြင်ရင် ပိုခံစားရတယ်….🥺
တစ်ခါတလေ သူမဆီက စာလေးတစ်စောင် ဝင်လာရင်ပဲ စိတ်တွေပျော့ပြီး နာကျင်ရမယ့် သံသရာထဲ ပြန်ဝင်မိပြန်ပါတယ်။

🥺💔"သူ့ကို စိတ်နာရက်နဲ့ ဘာလို့ ငါသွားသွားကြည့်မိနေရတာလဲ" ဆိုပြီး ကိုယ့်ကိုယ်ကိုယ် စိတ်ပျက်နေပြီလား။
စိတ်မပျက်ပါနဲ့ရှင်.. အဲ့ဒါ သင် အချစ်ရူးမို့လို့ မဟုတ်ပါဘူး။
တစ်ခါတလေ အရမ်းကောင်းပြလိုက်၊ တစ်ခါတလေ လိမ်လိုက်နဲ့ အမြဲအတက်အကျဖြစ်နေတဲ့ ဆက်ဆံရေးဟာ ဦးနှောက်ထဲမှာ Dopamine (စွဲလမ်းစေတဲ့ဓာတ်) ကို အဆမတန် ထွက်စေပါတယ်။
သူမဆီက စာလေးတစ်စောင် မြင်ရဖို့ မျှော်လင့်နေတာဟာ မူးယစ်ဆေးသမား ဆေးငတ်တာနဲ့ အတူတူပါပဲ။
သင့်ဦးနှောက်က တစ်ဖက်လူကို "မူးယစ်ဆေးစွဲသလို" စွဲလမ်းနေလို့ပါ။
ဆေးဖြတ်တဲ့သူတစ်ဦးဟာ ဆေးငတ်ရင် ဘယ်လောက်ရုန်းကန်ရလဲ။
အခု သင် ဖြစ်နေတာလည်း အဲ့ဒီလို ဓာတုဗေဒအရ ရုန်းကန်နေရတာပါ။ ခွဲခွါရတာအတွက်နာကျင်တာ သဘာဝကျပါတယ်။

😢သူ့ Social Media ကို သွားကြည့်ချင်တဲ့စိတ် (သို့မဟုတ်) ဖုန်းဆက်ချင်တဲ့စိတ်တွေ အရမ်းပြင်းထန်လာရင် ကိုယ့်ကိုယ်ကိုယ် အတင်းမချုပ်တည်းပါနဲ့။
စက္ကူတစ်ရွက်ပေါ်မှာ "သူ ငါ့အပေါ် ဘယ်လောက်ရက်စက်ခဲ့လဲ" ဆိုတဲ့ အမှန်တရားတွေကို ချရေးပါ။
ပြီးရင် "ငါအခု ခံစားနေရတာ ဆေးငတ်သလို ဖြစ်နေလို့ပဲ။ ဒီ ၁ မိနစ်လေးပဲ ငါအောင့်ခံကြည့်မယ်" ဆိုပြီး အချိန်ကို သေးသေးလေးတွေ ခွဲပြီး ကျော်ဖြတ်ပေးပါနော်။

🙌၃။ ငယ်ငယ်က ငိုခဲ့ရတဲ့ ကလေးငယ်လေးကို ရှာဖွေခြင်း
မချိုရဲ့ case
🥺လက်တွဲဖော်က စာပြန်တာ ၁ နာရီလောက် နောက်ကျရင် မချိုဟာ သာမန်ထက်ပိုပြီး ထိတ်လန့်လာပါတယ်။
"သူ ငါ့ကို ငြီးငွေ့သွားပြီလား၊ တခြားသူရှိနေပြီလား၊ ငါ့ကို ထားခဲ့တော့မှာလား" ဆိုတဲ့ အတွေးနဲ့ ရူးမတတ်ဖြစ်ပြီး စာတွေအစောကြီး အဆက်မပြတ် ပို့မိပါတယ်။
🥺ပြီးရင်လည်း "ငါ ဘာလို့ ဒီလောက်တောင် ကပ်တွယ်နေရတာလဲ" ဆိုပြီး ကိုယ့်ကိုယ်ကိုယ် ပြန်မုန်းနေတတ်ပါတယ်။ အကြောင်းရင်းကတော့ သူမ ၇ နှစ်သမီးမှာ အမေဖြစ်သူက ပစ်ထားခဲ့ဖူးတဲ့ စိတ်ဒဏ်ရာရှိနေလို့ပါ။

💔တစ်ခါတလေ တစ်ဖက်လူရဲ့ လျစ်လျူရှုမှု သေးသေးလေးက သင့်ကို ရူးမတတ် နာကျင်စေတယ် မဟုတ်လား။
အဲ့ဒါဟာ အခုလက်ရှိ နာကျင်မှုတင်မကဘဲ... သင် ငယ်ငယ်က အပစ်ပယ်ခံခဲ့ရတုန်းက၊ အထီးကျန်ခဲ့ရတုန်းက ရခဲ့တဲ့ "ငယ်ဘဝဒဏ်ရာ" ပါ ပြန်ပွင့်လာလို့ပါ။
🥺အခု သင့်ရင်ထဲမှာ ငိုနေတာဟာ လက်ရှိလူကြီးတင်မကဘဲ ကလေးငယ်လေးပါ ရောငိုနေတာမို့ ပိုပြီး နာကျင်ရတာပါ။

🥺စိုးရိမ်စိတ်တွေ တက်လာတဲ့အခါ တစ်ဖက်လူဆီက လုံခြုံမှု လိုက်မတောင်းပါနဲ့ဦးနော်
💖ကိုယ့်ရင်ဘတ်ကို ကိုယ်ပြန်ဖက်ပြီး "မကြောက်နဲ့တော့နော်။ ငယ်ငယ်ကလို ပစ်ထားခဲ့ခံရမှာ ကြောက်နေတာမလား။ အခု မင်းဘေးမှာ ငါဆိုတဲ့ လူကြီးရှိနေပြီ။ ဘယ်သူက ငါ့ကို ပစ်သွားပစ်သွား... ငါကတော့ မင်းကို ဘယ်တော့မှ ပစ်မသွားဘူး" ဆိုပြီး ကိုယ့်ရဲ့ အတွင်းစိတ်ကလေးကို နွေးနွေးထွေးထွေး ပြန်ချော့ပေးပါ။

🙌၄။ ကိုယ့်ကိုယ်ကိုယ် ပြန်ယုံကြည်ပေးပါ (သေးငယ်တဲ့ ကတိလေးများရဲ့ စွမ်းအား)

ကိုမင်းမင်းရဲ့case

ကိုမင်းမင်း ဟာ အိမ်ထောင်ရေးပြိုကွဲပြီးတဲ့နောက် "ငါဟာ လူကဲမခတ်တတ်တဲ့ အသုံးမကျတဲ့ကောင်ပဲ၊ ငါ့ရဲ့ ဆုံးဖြတ်ချက်တွေက အမြဲမှားတယ်" ဆိုပြီး ဘာလုပ်လုပ် ကိုယ့်ကိုယ်ကိုယ် မယုံရဲတော့ပါဘူး။ အလုပ်ထဲမှာ ဆုံးဖြတ်ချက်အသေးအဖွဲလေး ချဖို့တောင် တွန့်ဆုတ်နေပြီး လူမှုပတ်ဝန်းကျင်ကနေ လုံးဝဖယ်ခွာကာ အထီးကျန်စွာ နေထိုင်နေပါတယ်။

💔သစ္စာဖောက်ခံရတဲ့တဲ့အခါ အဆိုးရွားဆုံးက "ငါ့မျက်စိရှေ့မှာ လိမ်နေတာကို ငါဘာလို့ မသိခဲ့တာလဲ" ဆိုပြီး အဲ့တုန်းကရှိနေခဲ့တဲ့ ကိုယ့်ရဲ့ပုံစံကိုပါ ရှက်ရွံ့စိတ်ဖြစ်ပြီး ကိုယ့်ရဲ့ ပင်ကိုယ်သိစိတ် (Self-Trust) ပါ ပြိုလဲသွားတာပါပဲ။
ဘာလုပ်လုပ် ကိုယ့်ကိုယ်ကိုယ် မယုံရဲတော့တဲ့ ခံစားချက်ဟာ အင်မတန် မွန်းကျပ်ဖို့ ကောင်းပါတယ်။

💖ပြိုလဲသွားတဲ့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုကို ပြန်ဆောက်ဖို့ ဘဝကြီးတစ်ခုလုံးကို ချက်ချင်းကြီး ကောင်းအောင် လုပ်ဖို့မလိုပါဘူး။
တစ်နေ့ကို အလွန်သေးငယ်တဲ့ ကတိ (၁) ခုပဲ ကိုယ့်ကိုယ်ကိုယ် ပေးပါ။
ဥပမာ— "ငါ ဒီနေ့ ရေ (၃) ဘူး ကုန်အောင် သောက်မယ်" သို့မဟုတ် "မနက်ဖြန် ငါ လမ်း ၅ မိနစ် လျှောက်မယ်။" အဲ့ဒီကတိကို ဖြစ်အောင်လုပ်ပါ။ "ငါ ပေးတဲ့ကတိကို ငါတည်အောင် လုပ်နိုင်ပါလား" ဆိုတဲ့ အသိလေးတွေကနေ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ပြန်ရလာပါလိမ့်မယ်။

🙌၅။ သင့်တန်ဖိုးက ဘယ်တော့မှ မလျော့သွားပါဘူး
ကိုသက်ဦးရဲ့ case
အလုပ်ခွင်မှာ အထက်လူကြီးရဲ့ မညှာမတာနှိမ်ချမှုကို ခံခဲ့ရတဲ့ ကိုသက်ဦးဟာ "ငါညံ့လို့ အလုပ်က ထွက်လိုက်ရတာ၊ ငါဟာ ဘာကောင်မှ မဟုတ်ဘူး" ဆိုပြီး တွေးကာ အမြဲ စိတ်ဓာတ်ကျနေပါတယ်။

🥺"ငါမကောင်းလို့၊ ငါမပြည့်စုံလို့ သူတို့ ငါ့ကို ဒီလိုလုပ်တာ" ဆိုပြီး ကိုယ့်ကိုယ်ကိုယ် အပြစ်တင်ရင်း အရှက်တရား (Shame) တွေနဲ့ လူးလဲနေပါလား။
သေချာမှတ်ထားပေးပါနော်... တစ်ဖက်လူက သစ္စာဖောက်တာ၊ နှိပ်စက်တာဟာ သင့်ရဲ့ တန်ဖိုးနဲ့ လုံးဝမဆိုင်ပါဘူး။
ဒါဟာ သူ့ရဲ့ ကိုယ်ကျင့်တရား အားနည်းမှုနဲ့ သူ့ရဲ့ ရွေးချယ်မှု သက်သက်သာ ဖြစ်ပါတယ်။ သင်ကဘာမှ မမှားပါဘူး။

💖စိတ်ထဲမှာ "ငါညံ့လို့" ဆိုတဲ့ အတွေးဝင်လာတိုင်း အခုလို ပြောင်းတွေးပေးပါ—
"ငါ ညံ့လို့ ဖြစ်ခဲ့တာ မဟုတ်ဘူး။ ငါ့ရဲ့ စိတ်လုံခြုံမှုကို ကာကွယ်ဖို့အတွက် Toxic ဖြစ်တဲ့ ပတ်ဝန်းကျင်ကနေ ငါကိုယ်တိုင်က သတ္တိရှိရှိ လမ်းခွဲဖို့ ရွေးချယ်ခဲ့တာ ဖြစ်တယ်။ ငါဟာ အရှုံးသမားမဟုတ်ဘူး၊ ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်ခဲ့တဲ့ ရှင်သန်သူ (Survivor) ပဲ။"

💖ဒဏ်ရာတွေ ဘယ်လောက်ပဲ နက်ပါစေ... သင့်နှလုံးသားဟာ ပြန်လည်ရှင်သန်နိုင်စွမ်း ရှိပါတယ်။ အလျင်စလို မလုပ်ပါနဲ့။ ကိုယ့်ကိုယ်ကိုယ် အချိန်ပေးပြီး တဖြည်းဖြည်းချင်းပဲ ပြန်လည်ပွေ့ဖက် ပျိုးထောင်ပေးပါရှင်။
လိုအပ်ရင် professional အကူအညီ ယူပါနော်……..

🤰 "၉ လ လွယ်၊ ၁၀ လ ဖွား" ရုံတင်မကပါဘူး... အမိဝမ်းထဲကတည်းက သားသားမီးမီးတို့ရဲ့ ဦးနှောက်ဟာ အလုပ်လုပ်နေပါပြီ။👉ကျွန်မတို့က ကလ...
29/05/2026

🤰 "၉ လ လွယ်၊ ၁၀ လ ဖွား" ရုံတင်မကပါဘူး... အမိဝမ်းထဲကတည်းက သားသားမီးမီးတို့ရဲ့ ဦးနှောက်ဟာ အလုပ်လုပ်နေပါပြီ။
👉ကျွန်မတို့က ကလေးတစ်ယောက်ရဲ့ ဘဝနဲ့ စိတ်ဒဏ်ရာဟာ မွေးဖွားပြီးမှ စတင်တယ်လို့ ထင်တတ်ကြပါတယ်။
👉ဒါပေမဲ့ တကယ့် အမှန်တရားကတော့ ကလေးငယ်ဟာ အမိဝမ်းထဲမှာ ရှိနေစဉ်ကတည်းက သူ့ပတ်ဝန်းကျင်က အတွေ့အကြုံတွေကို ဖွံ့ဖြိုးနေတဲ့ ဦးနှောက်ကနေ စတင် "သိမ်းဆည်း" နေပါပြီ။
👉ဒါဟာ မိခင်လောင်းတွေနဲ့ ဖေဖေတွေ မဖြစ်မနေ သိထားရမယ့် "ပထမဆုံး ကိုးလတာ အံ့ဖွယ်ကမ္ဘာ" အကြောင်းပဲ ဖြစ်ပါတယ်။
🚀 တစ်စက္ကန့်ကို ဆဲလ်အသစ် ပေါင်း နှစ်သောင်း” လောက် ဖြစ်နေတဲ့ အရှိန်အဟုန်ကိုယ်ဝန်ဆောင်ထားရတဲ့ ပထမဆုံး ကိုးလတာ ကာလအတွင်းမှာ ကလေးငယ်ရဲ့ ဦးနှောက်ဖွံ့ဖြိုးမှုဟာ ကျွန်မတို့ မခန့်မှန်းနိုင်လောက်အောင် အရှိန်အဟုန်ပြင်းစွာ ဖြစ်ပေါ်နေတာပါ။
နှိုင်းယှဉ်ချက်အရ - လူကြီးတစ်ယောက်ဟာ စိတ်အခြေအနေ အကောင်းဆုံးနေ့မှာတောင် ဦးနှောက်ဆဲလ်အသစ် (Neurons) ခုနှစ်ရာပဲ ဖန်တီးနိုင်ချိန်မှာ၊သန္ဓေသားလေးကတော့ - တစ်စက္ကန့်ကို ဆဲလ်အသစ်ပေါင်း နှစ်သောင်းအထိ ဖန်တီးနေတာ ဖြစ်ပါတယ်။
မွေးဖွားလာတဲ့ အခိုက်အတန့်မှာတော့ ကလေးငယ်ရဲ့ ဦးနှောက်ထဲမှာ အာရုံကြောဆဲလ်ပေါင်း ၈၆ ဘီလီယံ တောင် ရှိနေပါပြီ။
ဒီဆဲလ်တွေဟာ ကလေးငယ် ပတ်ဝန်းကျင်ကို အဓိပ္ပာယ်ဖော်နိုင်အောင် ရှုပ်ထွေးတဲ့ ကွန်ရက်တွေအဖြစ် ဆက်လက် ချိတ်ဆက်ကြရမှာပါ။
⛈️ မိခင်ရဲ့ "စိတ်ဖိစီးမှု" က သန္ဓေသားအပေါ် ဘယ်လို သက်ရောက်သလဲ?
ဖွံ့ဖြိုးဆဲ သန္ဓေသားရဲ့ ဦးနှောက်ကို မိခင်ရဲ့ စားသောက်မှုပုံစံ၊ လှုပ်ရှားမှုတွေအပြင် "မိခင်ရဲ့ စိတ်ခံစားမှု" က အကြီးမားဆုံး လွှမ်းမိုးနေပါတယ်။
❣️မေမေ စိတ်ဖိစီးနေတဲ့အခါ၊ အိမ်မှာ ရန်ပွဲတွေ ခဏခဏ ဖြစ်နေတဲ့အခါ - မိခင်ခန္ဓာကိုယ်က ထွက်လာတဲ့ စိတ်ဖိစီးမှု ဟော်မုန်းတွေဟာ ချက်ကြိုးကတစ်ဆင့် ကလေးဆီ ရောက်သွားပါတယ်။
❣️ရလဒ်အနေနဲ့ - ကလေးရဲ့ ဦးနှောက်ဟာ ကမ္ဘာကြီးကို "မလုံခြုံတဲ့ နေရာတစ်ခု၊ ရန်လိုတဲ့ နေရာတစ်ခု" လို့ မွေးကတည်းက ကြိုတင် သတ်မှတ်ပြီးသား ဖြစ်သွားတတ်ပါတယ်။
❣️မွေးဖွားပြီးနောက်မှာလည်း မွေးကင်းစဘဝကနေ လမ်းလျှောက်စ အရွယ်အထိ ကြုံတွေ့ရတဲ့ အတွေ့အကြုံတွေဟာ ကလေးရဲ့ ဦးနှောက်ပုံသဏ္ဍာန် ဖော်ရာမှာ အချိုးအစားမမျှလောက်အောင် အားကောင်းလှပါတယ်။
❣️အသက် ၂၄ နှစ်အရွယ် လူကြီးတစ်ယောက်တောင် စိတ်ဒဏ်ရာကြောင့် ဦးနှောက်ပြောင်းလဲနိုင်ရင်၊ အခုမှ စာရွက်ဖြူလေးလို ဖွံ့ဖြိုးစ ကလေးငယ်တွေရဲ့ ဦးနှောက်အပေါ် စိတ်ဒဏ်ရာရဲ့ သက်ရောက်မှုက ဘယ်လောက်တောင် ပိုပြီး နက်ရှိုင်းသွားမလဲဆိုတာ စဉ်းစားကြည့်ရုံနဲ့တင် ကြောက်စရာကောင်းလှပါတယ်။
💡 မေမေ ဖေဖေတို့အတွက် လက်တွေ့လုပ်ဆောင်ရန်မှာ
📍ကလေးတစ်ယောက်ကို ကောင်းမွန်စွာ ကြီးပြင်းစေချင်ရင် မွေးလာမှ ဂရုစိုက်လို့ မရပါဘူး။
📍ကိုယ်ဝန်ဆောင်ကာလကို ဘေးကင်းစိမ်းလန်းပါစေ: မေမေလောင်းတွေအနေနဲ့ စိတ်ဖိစီးမှု ကင်းဝေးအောင် နေထိုင်ပါ။
📍ဖေဖေတွေအနေနဲ့လည်း မိခင်လောင်း စိတ်ချမ်းသာအောင် အတတ်နိုင်ဆုံး ပံ့ပိုးကူညီပေးပါ။
📍အစောပိုင်းနှစ်တွေကို အလေးထားပါ: မွေးကင်းစကနေ အသက် ၃ နှစ်အထိ ကာလဟာ ကလေးရဲ့ ဦးနှောက် အမြန်ဆုံးနဲ့ အတက်ကြွဆုံး ချိတ်ဆက်မှု လုပ်နေတဲ့ အချိန်ပါ။
📍ဒီအချိန်မှာ ကလေးကို စိတ်ဒဏ်ရာရစေမယ့် အော်ဟစ်ကြိမ်းမောင်းမှုတွေ၊ အကြမ်းဖက်မှုတွေနဲ့ လုံးဝ ဝေးဝေးထားပါ။
📍"ကလေးငယ်ဟာ သူ ကြီးပြင်းလာမယ့် ကမ္ဘာကြီးကို မိဘတွေရဲ့ အပြုအမူ၊ အိမ်တွင်းပတ်ဝန်းကျင် ဆိုတဲ့ Filter တွေကတစ်ဆင့်ပဲ မြင်တွေ့ရတာ ဖြစ်ပါတယ်။
📍"သင့်ရင်သွေးလေးရဲ့ ဦးနှောက်ထဲမှာ ထာဝရ ဘေးကင်းလုံခြုံပြီး နွေးထွေးတဲ့ အမှတ်တရ ကွန်ရက်လေးတွေပဲ တည်ဆောက်ပေးကြပါစို့။ ❤️

🤫 "ကလေးကို မဆဲဘူး၊ မရိုက်ဘူးပဲ" ... ဒါပေမဲ့ သင့်ကလေး စိတ်ဒဏ်ရာ ရနေနိုင်တာ ဘာကြောင့်လဲ။❣️မိဘအချို့က တွေးတတ်ကြပါတယ်— "ငါ က...
27/05/2026

🤫 "ကလေးကို မဆဲဘူး၊ မရိုက်ဘူးပဲ" ... ဒါပေမဲ့ သင့်ကလေး စိတ်ဒဏ်ရာ ရနေနိုင်တာ ဘာကြောင့်လဲ။
❣️မိဘအချို့က တွေးတတ်ကြပါတယ်— "ငါ ကလေးကို ရိုက်လည်း မရိုက်ဘူး၊ ရိုင်းရိုင်းစိုင်းစိုင်းလည်း မပြောဘူး။ ဒါကြောင့် ငါ့ကလေးမှာ စိတ်ဒဏ်ရာ (Trauma) မရှိနိုင်ပါဘူး" တဲ့။

❣️ဒါပေမဲ့ ဦးနှောက်သိပ္ပံအရ လူသားတွေရဲ့ ဆက်သွယ်မှု အများစုဟာ "စကားလုံး" တွေ မဟုတ်ဘဲ "စကားမဲ့ ဆက်သွယ်မှု (Nonverbal Communication)" သက်သက် ဖြစ်တယ်လို့ ဆိုပါတယ်။

❣️ကျွန်မတို့ လူ့အဖွဲ့အစည်းဟာ ရေးသားထားတဲ့ စကားလုံးနဲ့ ပြောဆိုတဲ့ စကားလုံးတွေကိုပဲ အလေးထားလေ့ ရှိကြပါတယ်။ ဒါပေမဲ့ ကလေးငယ်တွေရဲ့ ဦးနှောက်ထဲမှာတော့ "စကားမဲ့ ဆက်ဆံရေး အရိပ်အယောင်" တွေကို အလွန်အမင်း ခံစားလွယ်တဲ့ အစိတ်အပိုင်းတွေ ရှိနေပါတယ်။

❣️ကလေးတစ်ယောက်ဟာ သူစိမ်းတစ်ယောက်အနေနဲ့ ဘာသာစကားမတတ်ဘဲ အိမ်တစ်အိမ်ထဲ လမ်းလျှောက်ဝင်သွားရင်တောင် "ဒါဟာ လူတွေ အချင်းချင်း ချစ်ကြတဲ့အိမ်လား၊ တစ်ခုခု မှားယွင်းနေတဲ့အိမ်လား" ဆိုတာကို လေထုထဲက တုန်ခါမှု (Vibration) အတိုင်း ခံစားမိနိုင်စွမ်း ရှိပါတယ်။

❣️ဒါကြောင့် မိဘတွေက နှုတ်ကနေ ဘာမှမပြောဘဲ အချင်းချင်း မျက်စောင်းထိုးတာ၊ တင်းမာနေတာ၊ စိတ်ပျက်လက်ပျက် ဖြစ်နေတာတွေကို ကလေးက အပြည့်အဝ ခံစားမိနေတာပါ။

❣️ဦးနှောက်ရဲ့ အပေါ်ဘက် Cortex အပိုင်းက နာမည်တွေ၊ ဖုန်းနံပါတ်တွေကို မှတ်မိရုံပဲ တတ်နိုင်တာပါ။ ဒါပေမဲ့ ဦးနှောက်ရဲ့ အောက်ခြေ (Limbic system) မှာတော့ "စိတ်ခံစားမှုဆိုင်ရာ မှတ်ဉာဏ်တွေ (Emotional Memories)" ကို သိမ်းဆည်းပါတယ်။

🎄 ဥပမာအားဖြင့် -

❣️ကျွန်မတို့ဟာ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက ထမင်းဆီဆမ်းနံ့ ဒါမှမဟုတ် အကြော်ပူပူနံ့လေး ရရုံနဲ့ နွေးထွေးတဲ့ အတိတ်ကို သတိရပြီး လွမ်းဆွတ်သွားတတ်ကြသလိုမျိုးပါပဲ။

❣️ကလေးငယ်ဘဝမှာ ကြုံခဲ့ရတဲ့ "မေမေ စိတ်တိုရင် ထွက်လာတဲ့ အသက်ရှူသံပြင်းပြင်း"၊ "ဖေဖေ စိတ်ဆိုးရင် စားပွဲခုံကို ဒေါသတကြီး ချလိုက်တဲ့အသံ"၊ "မိဘတွေရဲ့ အေးစက်စက် မျက်နှာအမူအရာ" တွေဟာ ကလေးရဲ့ အာရုံကြောကွန်ရက်ထဲမှာ ရှုပ်ထွေးလှတဲ့ မှတ်ဉာဏ်ခြေရာတွေအဖြစ် ထာဝရ စွဲမြဲသွားပါတယ်။

❣️ကလေးက ကြီးလာတဲ့အခါ အဲဒီလို အသံ၊ အနံ့ ဒါမှမဟုတ် ပတ်ဝန်းကျင် အနေအထားမျိုးနဲ့ ပြန်ကြုံရတဲ့အခါ ဘာအကြောင်းရင်းမှမရှိဘဲ ရင်တုန်ပန်းတုန် ဖြစ်လာတာ၊ စိုးရိမ်စိတ်တွေ ထိန်းမရအောင် ဖြစ်လာတာမျိုး (Trigger ဖြစ်တာ) တွေ ကြုံရတတ်ပါတယ်။

📍ဒါကြောင့် ကလေးတွေရဲ့ ရှေ့မှာ စကားလုံးလှလှလေးတွေ သုံးပြီး စိတ်ပူပန်ဒေါသထွက်နေတာတွေကို ဖုံးထားနေရုံနဲ့ မလုံလောက်ပါဘူး။ 📍သူတို့ဟာ သင့်ရဲ့ နှုတ်ထွက်စကားထက် သင့်မျက်နှာက အမူအရာ၊ သင့်အသံနေအသံထားနဲ့ သင့်ဆီက ထွက်လာတဲ့ စိတ်ခံစားမှု ရာသီဥတု ကို ပိုပြီး စုပ်ယူနေတာ ဖြစ်ပါတယ်။

📍ကလေးကို ကြည့်တဲ့အခါ "သားကို မေမေ/ဖေဖေ ဂရုစိုက်တယ်၊ စိတ်ဝင်စားတယ်" ဆိုတဲ့ နွေးထွေးတဲ့ အရိပ်အယောင်ပဲ ပြပါ။
"ငါ မင်းကို စိတ်ပျက်နေတယ်၊ အော်တော့မယ်" ဆိုတဲ့ အကြည့်မျိုးတွေကို အတတ်နိုင်ဆုံး ရှောင်ကြဉ်ပါ။

📍မိဘအချင်းချင်း တင်းမာမှုတွေ ရှိနေရင် ကလေးကွယ်ရာမှာပဲ ရှင်းလင်းပါ။ အိမ်ထဲမှာ အမြဲတမ်း စိတ်အေးချမ်းသာယာမှု ရှိနေအောင် ဖန်တီးပေးခြင်းက ကလေးရဲ့ ဦးနှောက်ထဲမှာ ဘေးကင်းလုံခြုံတဲ့ စိတ်ခံစားမှုဆိုင်ရာ မှတ်ဉာဏ်ကောင်းတွေ တည်ဆောက်ပေးရာ ရောက်ပါတယ်။

📍ဒါကြောင့် ကိုယ့်ဆီမှာ ဒါမှမဟုတ် ကိုယ့် partner နဲ့မှာ စိတ်အဆင်မပြေမှုတွေရှိနေတယ်ဆို ကိုယ့်စိတ်က်ု ကောင်းမွန်တဲ့နညါးလမ်းနဲ့ ဘယ်လို regulate လုပ်မလဲသင်ယူပါ။ လေ့ကျင့်ပါ။ ကိုယ်တိုင်က စိတ်ဒဏ်ရာ/ ငယ်ဘဝ အတွေ့အကြုံတွေကြောင့် regulate သေချာမလုပ်နိုင်ဘူး/ ဘယ်လိုလုပ်ရမလဲ ရှုပ်ထွေးနေရင် counseling ယူပါနော်။

🙌"ဆက်သွယ်မှုရဲ့ အများစုဟာ စကားလုံးတွေ မဟုတ်ပါဘူး။ သင့်ကလေးကို သင့်ရဲ့ မေတ္တာအစစ်အမှန်ကို ပြချင်ရင် သင့်ရဲ့ စကားမဲ့ အပြုအမူတွေကနေ စတင်ပြီး ပြောင်းလဲပေးပါ၊ ဖန်တီးပေးပါ။" ❤️

🙌"ကလေးက ငယ်သေးတာ ဘာသိမှာလဲ" ဆိုတဲ့ အတွေးဟာ မှန်ပါလား?မိဘတော်တော်များများ ပြောလေ့ရှိကြပါတယ်"ကလေးက ငယ်ပါသေးတယ်၊ အိမ်ထဲမှာ ...
23/05/2026

🙌"ကလေးက ငယ်သေးတာ ဘာသိမှာလဲ" ဆိုတဲ့ အတွေးဟာ မှန်ပါလား?
မိဘတော်တော်များများ ပြောလေ့ရှိကြပါတယ်
"ကလေးက ငယ်ပါသေးတယ်၊ အိမ်ထဲမှာ ရန်ဖြစ်တာ၊ အော်ဟစ်တာတွေ သူ ဘာမှ နားမလည်ပါဘူး။ ကြီးလာမှပဲ သတိထားတော့မယ်" တဲ့……
📌တကယ်တော့ ဒါဟာ အယူအဆလွဲနေတာလို့ ပြောချင်ပါတယ်။

⭐️ဦးနှောက်သိပ္ပံ သုတေသနတွေအရ ကလေးတွေဟာ သူတို့ အသက်ငယ်လေလေ၊ ပတ်ဝန်းကျင်ရဲ့ "စိတ်ခံစားမှု ရာသီဥတု (Emotional Climate)" ကို ပိုပြီး အာရုံခံစားလွယ်လေလေ ဖြစ်တယ်လို့ ဆိုပါတယ်။

👶 လူကြီးတစ်ယောက်ဟာ အကောင်းဆုံးစိတ်အဆင်ပြေဆုံးနေ့မှာတောင် ဦးနှောက်ဆဲလ်အသစ် (Neurons) ခုနှစ်ရာပဲ အသစ်ဖန်တီးနိုင်ချိန်မှာ၊ အမိဝမ်းထဲကနေစပြီး မွေးကင်းစ ကလေးငယ်တစ်ယောက်ဟာ တစ်စက္ကန့်ကို ဆဲလ်အသစ် နှစ်သောင်း အထိ အရှိန်အဟုန်ပြင်းစွာ ကြီးထွားနေတာပါ။
🥺ကလေးတွေဟာ စကားလုံးရဲ့ အဓိပ္ပာယ်ကို နားမလည်သေးပေမဲ့...ဖေဖေမေမေတို့ အော်ဟစ်ငြင်းခုံသံထဲက တင်းမာမှုနဲ့ ရန်လိုမှု ကို သိကြပါတယ်။
🥺စိတ်ဓာတ်ကျနေတဲ့ စကားသံတွေထဲက ပင်ပန်းနွမ်းနယ်မှုနဲ့ မျှော်လင့်ချက်မဲ့မှု ကို အာရုံခံစားမိကြပါတယ်။
😯သူတို့ရဲ့ ဦးနှောက်ဟာ ခန္ဓာကိုယ်ရဲ့ တုန်ခါမှု (Vibrations) တွေ၊ အိမ်တွင်းလေထုရဲ့ လေသံတွေကို အရေပြားကအစ စုပ်ယူနေတာ ဖြစ်ပါတယ်။
📖 ကလေးငယ်တိုင်းရဲ့ ဦးနှောက်မ
မှာ ကိုယ်ပိုင် "လျှို့ဝှက်ကုဒ်စာအုပ် လိုမျိုး" ရှိတတ်ပါတယ်-ကလေးဘဝရဲ့ အခိုက်အတန့်တိုင်းမှာ ဖွံ့ဖြိုးဆဲဦးနှောက်ဟာ ပတ်ဝန်းကျင်ကို အကဲခတ်ပြီး မှတ်ဉာဏ်ကတ်တလောက် (Catalog) တစ်ခု တည်ဆောက်နေသလိုမျိုးပေါ့။
📌ဉပမာ-မျက်လုံးချင်းဆုံကြည့်တဲ့အခါ:
⭐️ချစ်ခြင်းမေတ္တာအပြည့်ရှိတဲ့အိမ်ကကလေးအတွက်ဆိုရင်:
"ငါ့ကို ဂရုစိုက်တယ်၊ ချစ်တယ်" လို့ အဓိပ္ပာယ်ရပြီး၊
🥺အကြမ်းဖက်မှုရှိတဲ့အိမ်ကကလေးအတွက်ဆိုရင်တော့:
"ငါ့ကို အော်တော့မယ်၊ ရိုက်တော့မယ်" လို့ အဓိပ္ပာယ် ပြန်ဆိုတတ်ပါတယ်။
📌အသက် ၃ နှစ်အောက် ကလေးငယ်တွေဟာ ဘာဖြစ်ခဲ့လဲဆိုတာကို အစီအစဉ်တစ်ကျ စကားလုံးနဲ့ ပြန်မပြောပြတတ်သေး (Linear narrative memory) တဲ့အတွက်၊ ဒီလို စိတ်ဒဏ်ရာ (Trauma) တွေဟာ ဦးနှောက်ရဲ့ အောက်ခြေစနစ်တွေထဲမှာ "အကြောင်းရင်းမရှိဘဲ ကြောက်ရွံ့ထိတ်လန့်ခြင်း" အနေနဲ့ တစ်သက်လုံး ပိတ်မိသွားတတ်ပါတယ်။

👉ပိုရှင်းသွားအောင် အောက်က ဉပမာမှာကြည့်ကြရအောင်ပါရှင်……

❣️မင်းမင်းဟာ အသက် ၂ နှစ်အရွယ် မွေးကင်းစကလေးငယ် ဖြစ်ပါတယ်။
မင်းမင်းရဲ့ မိဘနှစ်ပါးဟာ အိမ်ထောင်ရေးအဆင်မပြေလို့ ညတိုင်းလိုလို မီးဖိုချောင်ထဲမှာ အကြီးအကျယ် အော်ဟစ်ဆဲဆို၊ ရန်ဖြစ်ပြီး ပန်းကန်ခွက်ယောက်တွေ ရိုက်ခွဲလေ့ရှိပါတယ်။

❣️မိဘတွေကတော့ "ကလေးက ငယ်သေးတယ်၊ အိပ်ပျော်နေတာပဲ။ ပြီးတော့ ဘာစကားမှလည်း နားလည်တာ မဟုတ်ဘူး၊ ကြီးလာရင် မေ့သွားမှာပါ" လို့ တွေးပြီး ကလေးရှေ့တင်ကော၊ ကလေးအိပ်နေချိန်မှာပါ အထိန်းအကွပ်မရှိ ဒေါသတကြီး ရန်ဖြစ်ခဲ့ကြပါတယ်။

👉🥺မင်းမင်းရဲ့ ဦးနှောက်ထဲမှာ ဘာတွေဖြစ်ပျက်နေခဲ့လဲ?
မင်းမင်းဟာ စကားလုံးတွေရဲ့ အဓိပ္ပာယ် (ဥပမာ- ကွာရှင်းမယ်၊ ပိုက်ဆံ၊ အပြစ်တင်တာ) ကို နားမလည်တာ မှန်ပါတယ်။ ဒါပေမဲ့ သူ့ရဲ့ ဖွံ့ဖြိုးဆဲဦးနှောက် အောက်ခြေစနစ် (Limbic System) က အောက်ပါအရာတွေကို အရေပြားကအစ စုပ်ယူ မှတ်တမ်းတင် နေခဲ့ပါတယ်-

📌ရန်ဖြစ်ချိန်မှာ ထွက်လာတဲ့ အော်ဟစ်သံ အကျယ်ကြီးတွေ နဲ့ ပန်းကန်ကွဲသံ မြင့်မြတ်စူးရှမှုများ။

📌အိမ်တွင်းလေထုထဲမှာ လွှမ်းမိုးနေတဲ့ တင်းမာမှု စွမ်းအင် (Vibrations) များ။

📌ရန်ဖြစ်ပြီးနောက် မေမေက သူ့ကို လာချီတဲ့အခါ မေမေ့ခန္ဓာကိုယ်က တုန်ရင်နေမှုနဲ့ နှလုံးခုန်မြန်နေမှု။

📌မင်းမင်းရဲ့ ဖွံ့ဖြိုးဆဲဦးနှောက်က ဒါကို "အန္တရာယ်" လို့ ဘာသာပြန်ပြီး ခန္ဓာကိုယ်ထဲကို စိတ်ဖိစီးမှု ဟော်မုန်း (Cortisol နဲ့ Adrenaline) တွေ အလွန်အမင်း ထုတ်လွှတ်လိုက်ပါတယ်။ 📌စကားမပြောတတ်သေးတဲ့ အသက် ၃ နှစ်အောက်ကလေးမှာ ဘာဖြစ်ခဲ့လဲဆိုတဲ့ ဇာတ်ကြောင်းမှတ်ဉာဏ် (Linear Narrative Memory) မရှိပေမဲ့၊ ထိုကြောက်ရွံ့ထိတ်လန့်မှုတွေဟာ ဦးနှောက်အောက်ခြေမှာ "အကြောင်းရင်းမရှိဘဲ ထိတ်လန့်ခြင်း" အဖြစ် ပိတ်မိသွားပါတယ်။

💔 ရေရှည်ဆိုးကျိုး (The Long-term Impact)
မင်းမင်း အသက် ၆ နှစ် အရွယ် ရောက်လာတဲ့အခါ မိဘတွေက ရန်မဖြစ်တော့ဘဲ အေးအေးဆေးဆေး နေထိုင်ကြပါတယ်။ ဒါပေမဲ့ မင်းမင်းဆီမှာ ထူးဆန်းတဲ့ အပြုအမူတွေ တွေ့လာရပါတယ်-

အသံကျယ်ကျယ်ကြားလျှင် ထိတ်လန့်ခြင်း: မီးဖိုချောင်ထဲမှာ ပန်းကန်တစ်ခုခု မတော်တဆ ပြုတ်ကျပြီး "ဒုန်း" ဆိုတဲ့ အသံကြားတာနဲ့ မင်းမင်းဟာ အလွန်အမင်း ကြောက်လန့်တုန်ရင်ပြီး ခုံအောက်ထဲ ဝင်ပုန်းပါတော့တယ်။

အမြဲတမ်း စိုးရိမ်သောကရောက်နေခြင်း (Hypervigilance): အိမ်မှာ ဘာပြဿနာမှ မရှိရက်နဲ့ မင်းမင်းဟာ မျက်လုံးလေး ကလည်ကလည်နဲ့ အမြဲတမ်း ဘေးပတ်ဝန်းကျင်ကို အကဲခတ် စိုးရိမ်နေတတ်ပါတယ်။

အာရုံစူးစိုက်မှု မရခြင်း: ကျောင်းတက်တဲ့အခါ ဆရာမပြောတာကို အာရုံမစိုက်နိုင်ဘဲ ဂဏာမငြိမ် ဖြစ်နေတတ်ပါတယ်။

⭐️စိတ်ပညာရှင်များ၏ သုံးသပ်ချက်:
လူကြီးတွေက ကလေး ဘာမှမသိဘူးလို့ ထင်ခဲ့ပေမဲ့၊ မင်းမင်းရဲ့ ဦးနှောက်ကတော့ ငယ်စဉ်ကတည်းက "ဒီအိမ်က မဘေးကင်းဘူး၊ အသံကျယ်ရင် ငါအန္တရာယ်ကြုံရမယ်" ဆိုပြီး ပုံသွင်းခံလိုက်ရလို့ ဖြစ်ပါတယ်။
ကြီးလာတဲ့အခါ အတိတ်ကအကြောင်းကို မမှတ်မိတော့ပေမဲ့ ခန္ဓာကိုယ်နဲ့ ဦးနှောက်ထဲက ဒဏ်ရာ (Body Keeps the Score) က ကျန်ရစ်ခဲ့တာ ဖြစ်ပါတယ်။

💔ကြီးလာတဲ့အခါမှာတောင်မှ အကြောင်းရင်းမရှိဘဲ စိုးရိမ်သောကရောက်တာ၊ လူတွေကို မယုံကြည်နိုင်တာ၊ ယုံကြည်မှုပျက်ပြားတာတွေ ဖြစ်လာနိုင်ပါတယ်။

💡ဒါကြောင့် မိဘများ သတိပြုရန်မှာ
❣️အသက် ၃ နှစ်အောက် ကလေးငယ်တွေဟာ တစ်စက္ကန့်ကို ဦးနှောက်ဆဲလ်အသစ် (Neurons) ပေါင်း ထောင်နဲ့ချီပြီး အရှိန်အဟုန်ပြင်းစွာ ကြီးထွားနေတာမို့ ပတ်ဝန်းကျင်က အဆိပ်အတောက်တွေကို အမြန်ဆုံး စုပ်ယူပါတယ်။

❣️ကလေးတွေက ဘာမှ ပြန်မပြောနိုင်သေးပေမဲ့ အိမ်ထဲက ချစ်ခြင်းမေတ္တာ သို့မဟုတ် တင်းမာမှုတွေကို အပြည့်အဝ ခံစားသိရှိနေပါတယ်။
💡ဒါကြောင့် မိဘများအတွက် သတိထားရန်မှာ
မွေးကင်းစကတည်းက ကလေးငယ် ကြုံတွေ့ရတဲ့ ဘဝအတွေ့အကြုံတွေက သူတို့ဦးနှောက်ရဲ့ ဖွဲ့စည်းပုံနဲ့ အလုပ်လုပ်ပုံကို တိုက်ရိုက် ပုံဖော်ပေးသွားတာပါ။
✨ဒါကြောင့် ကလေးတွေအတွက် အကောင်းဆုံး လက်ဆောင်ဟာ "နွေးထွေးပြီး ဘေးကင်းတဲ့ အိမ်တွင်းရာသီဥတုအခြေအနေ" ကို ဖန်တီးပေးခြင်းပါပဲ။
🙌သူတို့ ရှေ့မှာတင်မကဘဲ သူတို့ ကွယ်ရာမှာလည်း မိသားစုအချင်းချင်း မေတ္တာထားပါ။
⭐️ကလေးငယ်လေးတွေဟာ ဘာမှ ပြန်မပြောနိုင်သေးပေမဲ့၊ အိမ်ထဲမှာ လွှမ်းမိုးနေတဲ့ ချစ်ခြင်းမေတ္တာ သို့မဟုတ် တင်းမာမှုတွေကို သူတို့ရဲ့ ဦးနှောက်သေးသေးလေးတွေက အပြည့်အဝ စုပ်ယူပုံဖော်နေတယ်ဆိုတာကို အမြဲ သတိရပေးကြပါ မိဘတို့ရှင်။ 🙏

ဒီစာလေးဖတ်မိပြီး
👉မိမိကိုယ်တိုင်ငယ်စဉ်ကဘယ်လိုကြုံတွေ့ခဲ့ရလဲ…….?
👉 ဒီအတွေ့အကြုံတွေက မိမိရဲ့ ပုံစံ၊ လူမှုဆက်ဆံရေး relationships၊ မိမိရဲ့ parenting ပုံစံတွေမှာ ဘယ်လိုသက်ရောက်နေလဲ……?
Comment မှာရေးပေးသွားဦးနော်…..💖

ဟိုနေ့က ခံစားချက်တွေအကြောင်းတင်ထားတော့ ဒီနေ့တော့ ခံစားချက်တွေအပေါ် ဘယ်လိုတုံ့ပြန်ကြမလဲဆိုတာ လေ့လာကြည့်ကြရအောင်နော်.... ခ...
11/05/2026

ဟိုနေ့က ခံစားချက်တွေအကြောင်းတင်ထားတော့ ဒီနေ့တော့ ခံစားချက်တွေအပေါ် ဘယ်လိုတုံ့ပြန်ကြမလဲဆိုတာ လေ့လာကြည့်ကြရအောင်နော်....
ခံစားချက်တွေကို အကောင်းဆုံးအသုံးချနိုင်ဖို့မှတ်ထားရမယ့် IAAA နည်းလမ်း
I (Identify): ဘာခံစားနေရလဲ သိအောင်လုပ်ပါ။
A (Accept): "ငါ ဝမ်းနည်းနေတာ မမှားပါဘူး" လို့ လက်ခံပါ။
A (Attribute): ဘာကြောင့် ဒီလို ဖြစ်ရတာလဲဆိုတဲ့ အကြောင်းရင်း ရှာပါ။
A (Act): ပြီးရင် ဘာလုပ်ရမလဲ ဆုံးဖြတ်ပါ။ (ဥပမာ- တစ်ယောက်ယောက်ကို ဖွင့်ပြောမလား၊ ဒါမှမဟုတ် အနားယူလိုက်မလား)
ဒီဥပမာလေးတွေကို ဖတ်ကြည့်ရင်း၊ သင့်ဘဝထဲက အဖြစ်အပျက်လေးတွေနဲ့ တိုက်ဆိုင်စစ်ဆေး ကြည့်ပေးပါနော်။

📍၁။ အိမ်ပြန်ရောက်တဲ့အခါ ခံစားရတဲ့ "ဟာတာတာကြီး" (The Empty Success)
အလုပ်မှာ အောင်မြင်လို့ အားလုံးက ဝိုင်းချီးကျူးနေကြပေမဲ့၊ အိမ်ပြန်ရောက်လို့ တံခါးလည်း ပိတ်လိုက်ရော... ရင်ထဲမှာ ဟာခနဲဖြစ်ပြီး ဝမ်းနည်းသလိုလို၊ အထီးကျန်သလိုလို ခံစားလိုက်ရတဲ့ အခိုက်အတန့်မျိုးပါ။
👉IAAA နဲ့ ကြည့်ရင်
🌻Identify (မိတ်ဖွဲ့ပါ): "ဟေး... အောင်မြင်မှုတွေကြားထဲမှာ ငါ့စိတ်လေးက 'အထီးကျန်' နေတာပါလား။"
🌻Accept (လက်ခံပေးပါ): "အထီးကျန်တာ မမှားပါဘူး။ လူကြားထဲမှာ အောင်မြင်နေပေမဲ့ ကိုယ်ချစ်တဲ့သူတွေနဲ့ ဝေးနေရင် ဒီလိုဖြစ်တတ်တာပဲ။"
🌻Attribute (နားလည်ပေးပါ): "ဪ... ငါက အလုပ်ကိုပဲ အာရုံစိုက်နေမိလို့ ငါ့နှလုံးသားက 'နွေးထွေးမှု' ကို တောင်းဆိုနေတာပဲ။"
🌻Act (လုပ်ဆောင်ပါ): အလုပ်ကိစ္စတွေ အကုန်ဘေးချထားလိုက်ပါ။ ကိုယ်လွမ်းနေတဲ့ သူငယ်ချင်း (သို့) မိသားစုဝင်တစ်ယောက်ဆီ ဖုန်းဆက်ပြီး "နေကောင်းလား၊ သတိရလို့" ဆိုပြီး စကားလေး ပြောလိုက်ပါ။ အဲဒီအခါ ဟာနေတဲ့ စိတ်လေး ပြန်ပြည့်သွားပါလိမ့်မယ်။
ဆက်ဆံရေးမှာ "နှလုံးသားချင်း ချိတ်ဆက်ကြည့်ပါ"
🌻သင် ချစ်ရတဲ့သူတွေ၊ သူငယ်ချင်းတွေနဲ့ စကားပြောတဲ့အခါ အပေါ်ယံ အချက်အလက်တွေပဲ မမေးပါနဲ့။
🌻"ဒီနေ့ ဘာစားလဲ"၊ "ဘယ်သွားလဲ" ဆိုတာထက် Vertical Questioning တွေကို မေးကြည့်ပါ။
ဥပမာ- သင့်အမျိုးသား (သို့မဟုတ်) ဇနီးသည် အလုပ်က ပြန်လာလို့ မျက်နှာမကောင်းရင် "အလုပ်မှာ အဆင်မပြေတာ ရှိလို့လား?" လို့ မေးမယ့်အစား "သဲ မျက်နှာကြည့်ရတာ စိတ်ပင်ပန်းနေပုံပဲ၊ တစ်ခုခုဖြစ်ခဲ့လို့လား ကို့ကို ပြောပြမလား" လို့ မေးကြည့်ပါ။
🌻ဒီလိုမေးခြင်းက တစ်ဖက်လူကို "ငါ့ကို ဂရုစိုက်သူရှိပါသေးလား" ဆိုတဲ့ လုံခြုံမှုကို ပေးစွမ်းနိုင်ပါတယ်။

📍ချစ်ရသူအပေါ် "မကျေနပ်စိတ်" (The Silent Grudge)
ကိုယ့်ရဲ့ အိမ်ထောင်ဖက် (သို့) သူငယ်ချင်းက ကိုယ့်ကို ဂရုမစိုက်ဘူးလို့ ခံစားရတဲ့အခါ... "ရန်မဖြစ်ချင်လို့" ဆိုပြီး အောင့်အည်းသည်းခံနေပေမဲ့ စိတ်ထဲမှာတော့ မကျေနပ်မှုတွေက တောက်လောင်နေပြီး စကားပြောရင်လည်း ရွဲ့တာလေးတွေ ပါလာတာမျိုးပါ။
👉IAAA နဲ့ ကြည့်ရင်
🌻Identify (မိတ်ဖွဲ့ပါ): "ငါ အခုဖြစ်နေတာ စိတ်ရှည်ပေးနေတာ မဟုတ်ဘူး၊ ငါ့စိတ်ထဲမှာ 'မကျေနပ်ချက်' တွေ တောက်လောင်နေတာ။"
🌻Accept (လက်ခံပေးပါ): "ဒေါသထွက်တာ မမှားဘူး။ ငါ့ကို ဂရုမစိုက်ဘူးလို့ ခံစားရရင် ဘယ်သူမဆို စိတ်နာမှာပဲ။”
🌻Attribute (နားလည်ပေးပါ): "ဪ... ငါက ဒီလူကို အရမ်းတန်ဖိုးထားလို့၊ သူက ငါ့ကို အရေးတယူ ရှိစေချင်လို့ ဒီလောက်တောင် ဒေါသဖြစ်နေရတာပဲ။”
🌻Act (လုပ်ဆောင်ပါ): ခနဲ့ပြီးပြောမယ့်အစား "မနေ့က သဲလုပ်လိုက်တဲ့ပုံစံက ကို့ကို သဲအတွက်အရေးမပါဘူးလို့ ခံစားရစေတယ်။ ကိုစိတ်မကောင်းဖြစ်သွားတယ်၊ နောက် အဲ့လိုလေးမဖြစ်အောင် ကိုတို့ဘယ်လိုလုပ်ကြမလဲ" လို့ ကိုယ့်ရဲ့ ခံစားချက်ကို ရိုးရိုးသားသား ဖွင့်ပြောလိုက်ပါ။ ရန်ဖြစ်တာထက် ပိုကောင်းတဲ့ အဖြေတစ်ခု ထွက်လာပါလိမ့်မယ်။

📍မသေချာတဲ့ အနာဂတ်အတွက် "ရင်လေးတာ" (The Future Fear)
"နောင်ခါ ဘာဖြစ်မလဲ" ဆိုတဲ့ အတွေးနဲ့ ညဘက်တွေမှာ အိပ်မပျော်ဘဲ ရင်ဘတ်ထဲမှာ တစ်ခုခု တားထားသလို လေးလံနေတာမျိုးပါ။
👉IAAA နဲ့ ကြည့်ရင် -
🌻Identify (မိတ်ဖွဲ့ပါ): "ငါ့ရင်ဘတ်ထဲမှာ လေးလံနေတာဟာ အနာဂတ်ကို ကြိုပြီး 'စိုးရိမ်' နေတာပါလား။”
🌻Accept (လက်ခံပေးပါ): "စိုးရိမ်တာ မမှားပါဘူး။ ငါ့ဘဝကို ငါချစ်လို့၊ ဘေးကင်းစေချင်လို့ စိတ်ပူနေတာပဲ။”
🌻Attribute (နားလည်ပေးပါ): "ဪ... ငါက ထိန်းချုပ်လို့မရတဲ့ အရာတွေကို လိုက်တွေးနေလို့ ငါ့စိတ်လေး ပင်ပန်းနေတာပဲ။"
🌻Act (လုပ်ဆောင်ပါ): အနာဂတ်ကြီးကို တစ်ခုလုံး လိုက်တွေးမနေပါနဲ့တော့။ "ဒီနေ့၊ အခုလောလောဆယ် ငါဘာလုပ်လို့ရမလဲ" ဆိုတဲ့ လက်တွေ့ကျတဲ့ အလုပ်လေးတစ်ခု (ဥပမာ- စာရင်းချရေးတာ၊ အစီအစဉ်ဆွဲတာ) ကိုပဲ အာရုံစိုက်လိုက်ပါ။ အဲဒီအခါ စိုးရိမ်စိတ်ကနေ 'ပြင်ဆင်မှု' အဖြစ် ပြောင်းသွားပါလိမ့်မယ်။

❣️ဒီဥပမာတွေရဲ့ တူညီတဲ့အချက်ကတော့ "ခံစားချက်တွေကို အပြစ်မတင်ဘဲ သူတို့ရဲ့ သတင်းစကားကို ရှာဖွေတာ" ပါပဲ။

🙌ခံစားချက်တွေက ကျွန်မတို့ဘဝရဲ့ Compass (သံလိုက်အိမ်မြှောင်) တွေပါ။
💖သူတို့ပြတဲ့ အရပ်မျက်နှာကို သေချာကြည့်တတ်ရင် ကျွန်မတို့ဟာ ပိုပြီး တည်ငြိမ်တဲ့၊ ပိုပြီး ရဲရင့်တဲ့ လူသားတွေ ဖြစ်လာပါလိမ့်မယ်။
💖ဒီလို အဆင့်လေးတွေအတိုင်း လုပ်ဆောင်ကြည့်မယ်ဆိုရင် သင့်ရဲ့ နေ့စဉ်ဘဝဟာ ပိုပြီး ငြိမ်းချမ်းပြီး အားအင်တွေ ပြည့်ဝလာတာကို တွေ့ရပါလိမ့်မယ်။
💖အခုကစပြီး သင့်ရဲ့ ခံစားချက်လေးတွေကို "သူငယ်ချင်းကောင်း" တစ်ယောက်လို ဆက်ဆံကြည့်ဖို့ အကြံပြုချင်ပါတယ်ရှင်။

ဒီနေ့ကစပြီး ကိုယ့်ရဲ့ အတွင်းစိတ်လေးကို အချိန်ပေးပြီး နားထောင်ပေးဖို့ အဆင်သင့် ဖြစ်ပြီလားရှင်?

🙌ဆက်ဆံရေးတစ်ခုမှာ မိမိရဲ့ ပုံစံအစစ်အမှန်ကို ထုတ်ဖော်ပြသနိုင်ဖို့ကလွန်စွာအရေးကြီးပြီး၊ ခိုင်မာတဲ့ ဆက်ဆံရေးတစ်ခုကို တည်ဆော...
08/05/2026

🙌ဆက်ဆံရေးတစ်ခုမှာ မိမိရဲ့ ပုံစံအစစ်အမှန်ကို ထုတ်ဖော်ပြသနိုင်ဖို့ကလွန်စွာအရေးကြီးပြီး၊ ခိုင်မာတဲ့ ဆက်ဆံရေးတစ်ခုကို တည်ဆောက်ဖို့အတွက် အခြေခံအကျဆုံး လျှို့ဝှက်ချက်တစ်ခုဖြစ်ပါတယ်။
"The more parts of yourself that you can bring into your relationship, the less likely you will be to go look for those parts elsewhere" (Esther Perel)

ဒါက အက်စသာပရဲရဲ့ ပြောဆိုချက်ပါ။ သူ့စကားအပေါ် ဆန်းစစ်သုံးသပ်ကြည့်စေချင်တယ်။
💔လူတော်တော်များများဟာ ဆက်ဆံရေးတစ်ခုစတင်ပြီဆိုရင် တစ်ဖက်လူသဘောကျစေမယ့် "စံပြပုံစံ" တစ်ခုဖြစ်အောင် ကြိုးစားတတ်ကြပါတယ်။ မိမိရဲ့ ဝါသနာ၊ မိမိရဲ့ ထူးခြားတဲ့အမူအကျင့်တွေ ဒါမှမဟုတ် မိမိရဲ့ အားနည်းချက်တွေကို ချစ်သူက ငြိုငြင်သွားမှာစိုးလို့ ဖုံးကွယ်ထားတတ်ကြပါတယ်။
💔ဒီလိုနဲ့ ကြာလာတဲ့အခါ မိမိရဲ့ ဖြစ်တည်မှုအစိတ်အပိုင်းတချို့ဟာ ဆက်ဆံရေးထဲမှာ နေရာမရတော့ဘဲ "အသံတိတ်" သွားရပါတယ်။ ဥပမာ- သင်က အနုပညာဝါသနာပါသူဖြစ်ပေမယ့် အဖော်ဖြစ်သူက ဒါကို အချိန်ဖြုန်းတာလို့ မြင်မှာစိုးလို့ စွန့်လွှတ်လိုက်ရတာမျိုးပါ။ ဒီလို စွန့်လွှတ်လိုက်ရတဲ့အစိတ်အပိုင်းတွေက ပျောက်ပျက်သွားတာမဟုတ်ဘဲ သင့်ရင်ထဲမှာ တငွေ့ငွေ့နဲ့ ကျန်နေခဲ့ပါတယ်။
💔😢သင့်ရဲ့ အစိတ်အပိုင်းတစ်ခု (ဥပမာ- သင့်ရဲ့ ဖန်တီးနိုင်စွမ်း၊ သင့်ရဲ့ ရယ်မောပျော်ရွှင်တတ်မှု ဒါမှမဟုတ် သင့်ရဲ့ လေးနက်တဲ့ အတွေးအခေါ်တွေ) ကို လက်ရှိဆက်ဆံရေးမှာ မျှဝေခွင့်မရတော့တဲ့အခါ စိတ်အာဟာရ ငတ်မွတ်မှု စတင်လာပါတယ်။
💔ဒီအခါမှာ စိတ်အာရုံဟာ အလိုလိုနေရင်း အပြင်ဘက်ကို စတင်ခြေဦးလှည့်လာတတ်ပါတယ်။ ဒါဟာ ဖောက်ပြန်ခြင်း (Affair) တစ်ခုတည်းကို ဆိုလိုတာ မဟုတ်ပါဘူး။
🥺အိမ်ကလူထက် သင့်အကြောင်းကို ပိုနားလည်ပေးမယ့် တခြားသူတစ်ယောက်နဲ့ ပိုနီးစပ်သွားတာ။
🥺အိမ်မှာ မရနိုင်တဲ့ အသိအမှတ်ပြုမှုကို ရဖို့အတွက် အလုပ်ထဲမှာပဲ အချိန်ကုန်ဆုံးနေတာ။
🥺မိမိကိုယ်ကိုယ် ပျောက်ဆုံးနေတာကိုဖုံးကွယ်ဖို့ အလေ့အကျင့်ဆိုး (လောင်းကစား၊ အရက်စသဖြင့်) တွေထဲ နစ်မွန်းသွားတာမျိုးတွေ ဖြစ်နိုင်ပါတယ်။
🙌❣️အစိတ်အပိုင်းအားလုံးကို ယူဆောင်လာခြင်း (Bringing All of You)
"နားလည်မှုရှိတဲ့ ဆက်ဆံရေး" ဆိုတာ သင့်ရဲ့ ကောင်းကွက်တွေကိုပဲ လက်ခံတာမဟုတ်ဘဲ သင့်ရဲ့ ရှုပ်ထွေးမှုတွေ၊ ကြောက်ရွံ့မှုတွေနဲ့ ထူးဆန်းတဲ့ ဝါသနာတွေကိုပါ "နေရာပေး" ထားခြင်း ဖြစ်ပါတယ်။
🙌👉မိမိရဲ့ အစိတ်အပိုင်းအားလုံးကို ဆက်ဆံရေးထဲ ယူဆောင်လာခြင်းရဲ့ အရေးပါပုံကို ပိုမိုထင်ရှားစေဖို့အတွက် ကုထုံးပညာရပ်ဆိုင်ရာ ရှုထောင့်ကနေ (အမည်လွှဲဖန်တီးထားတဲ့) Case Study တစ်ခုကို တင်ပြပေးချင်ပါတယ်။
အသက် (၃၅) နှစ်အရွယ်ရှိ ကိုအောင်နဲ့ မသီတာ တို့ဟာ အိမ်ထောင်သက် (၇) နှစ်ရှိပြီဖြစ်တဲ့ စုံတွဲတစ်တွဲ ဖြစ်ပါတယ်။ အပြင်ပန်းကြည့်ရင် သူတို့ဟာ အောင်မြင်တဲ့၊ အေးချမ်းတဲ့ မိသားစုတစ်ခုပါ။ ကိုအောင်က အလုပ်ကြိုးစားပြီး တာဝန်ကျေတဲ့ ခင်ပွန်းဖြစ်သလို၊ မသီတာကလည်း အိမ်ထောင်မှုကို စနစ်တကျ ထိန်းသိမ်းတဲ့ ဇနီးကောင်းတစ်ယောက် ဖြစ်ပါတယ်။
🍍ဒါပေမဲ့ မသီတာဟာ အမြဲတမ်း စိတ်မပျော်သလို ခံစားနေရပါတယ်။
သူမဟာ ငယ်စဉ်ကတည်းက ပန်းချီဆွဲတာနဲ့ အတွေးအခေါ်စာအုပ်တွေ ဖတ်ရတာကို အရမ်းဝါသနာပါသူပါ။
🍍ဒါပေမဲ့ ကိုအောင်က လက်တွေ့ဆန်တဲ့ စီးပွားရေးသမားတစ်ယောက် ဖြစ်တာကြောင့် "ပန်းချီဆွဲတာ စိတ်ကူးယဉ်တာတွေက အပိုပဲ" လို့ တွေးမိမှာစိုးပြီး သူမရဲ့ ဒီအစိတ်အပိုင်းကို အိမ်ထောင်ရေးထဲမှာ လုံးဝဖျောက်ထားခဲ့ပါတယ်။
🍍သူမဟာ ကိုအောင့်ရှေ့မှာ "လက်တွေ့ဆန်တဲ့ ဇနီး" ပုံစံပဲ နေထိုင်ခဲ့ပါတယ်။
🥺အချိန်ကြာလာတာနဲ့အမျှ သူမရဲ့ ဖန်တီးလိုစိတ်ရှိတဲ့ အစိတ်အပိုင်း (Creative Self) ဟာ ဆက်ဆံရေးထဲမှာ နေရာပျောက်သွားပါတယ်။
🍍ဒီလိုနဲ့ မသီတာဟာ သူမရဲ့ ပန်းချီဝါသနာနဲ့ လေးနက်တဲ့ အတွေးအခေါ်တွေကို မျှဝေဖို့အတွက် Online အနုပညာ Group တစ်ခုမှာ စတင်ပါဝင်လာပါတယ်။
🍍အဲဒီမှာ သူမရဲ့ အနုပညာကို နားလည်ပေးတဲ့၊ သူမရဲ့ စိတ်ကူးတွေကို အသိအမှတ်ပြုပေးတဲ့ တခြားအမျိုးသားတစ်ယောက်နဲ့ ခင်မင်သွားပြီး "Emotional Affair" (စိတ်ပိုင်းဆိုင်ရာ ဖောက်ပြန်မှု) စတင်ဖြစ်ပေါ်လာပါတယ်။
🥺သူမဟာ ကိုအောင့်ကို မုန်းလို့မဟုတ်ဘဲ၊ သူမရဲ့ "စွန့်ပစ်ထားရတဲ့ အစိတ်အပိုင်း" ကို အသိအမှတ်ပြုပေးမယ့် နေရာတစ်ခုကို အိမ်ပြင်ပမှာ သွားရှာမိခြင်းပဲ ဖြစ်ပါတယ်။

✨ကုထုံးနှင့် ပြောင်းလဲမှု
Counseling စတင်ယူတဲ့အခါမှာ မသီတာက သူမရဲ့ ဖုံးကွယ်ထားတဲ့ အစိတ်အပိုင်းတွေကို ပွင့်လင်းစွာ ထုတ်ဖော်ပြောပြခဲ့ပါတယ်။
❣️မသီတာက သူမရဲ့ ဝါသနာတွေကို ကိုအောင် လှောင်ပြောင်မှာ ကြောက်ခဲ့တဲ့အကြောင်း ဝန်ခံခဲ့ပါတယ်။
❣️ကိုအောင်ကလည်း သူမရဲ့ ဒီအစိတ်အပိုင်းကို မသိခဲ့လို့ နေရာမပေးမိခဲ့တာဖြစ်ကြောင်း နားလည်သွားပြီး၊ အိမ်မှာ ပန်းချီဆွဲဖို့ သီးသန့်နေရာလေးတစ်ခု ဖန်တီးပေးခဲ့ပါတယ်။
❣️ကိုအောင်က မသီတာရဲ့ ပန်းချီတွေအကြောင်းကို မေးမြန်းလာပြီး သူမရဲ့ စိတ်ကူးယဉ်ကမ္ဘာထဲကို ဝင်ရောက်လာပါတယ်။
🙌မသီတာဟာ သူမရဲ့ "Artist Soul" ကို အိမ်ထဲမှာပဲ ရှင်သန်ခွင့်ရသွားတဲ့အခါ အပြင်မှာ အသိအမှတ်ပြုမှု ရှာဖွေစရာ မလိုတော့ပါဘူး။ 🙌သူမရဲ့ စိတ်ပိုင်းဆိုင်ရာ ဖောက်ပြန်မှုဟာလည်း အလိုလို ရပ်တန့်သွားပါတယ်။
🙌သူတို့နှစ်ဦးကြားက ချစ်ခင်ရင်းနှီးမှု (Intimacy) ဟာ အရင်ကထက် ပိုမိုနက်ရှိုင်းသွားပြီး၊ "စက်ရုပ်ဆန်တဲ့ အိမ်ထောင်ရေး" ကနေ "အသက်ဝင်တဲ့ ဆက်ဆံရေး" ဖြစ်လာပါတယ်။
👉ဒီ Case Study က ပြသနေတာကတော့:
📍ကျွန်ုပ်တို့ဟာ မိမိရဲ့ အစိတ်အပိုင်းတစ်ခုကို ဖုံးကွယ်ထားရင် အဲဒီအစိတ်အပိုင်းက "ဆာလောင်" လာပါတယ်။
📍အဲဒီ ဆာလောင်မှုကို ဖြည့်ဆည်းဖို့အတွက် စိတ်က အလိုလိုနေရင်း အပြင်ကို ခြေဦးလှည့်ပါတယ်။
📍မိမိကိုယ်ကိုယ် "အပြည့်အစုံ" ဆက်ဆံရေးထဲ ယူဆောင်လာခြင်းကသာ အပြင်မှာ ထွက်ရှာစရာမလိုတဲ့ ခိုင်မာတဲ့ "စိတ်ပိုင်းဆိုင်ရာ ချိတ်ဆက်မှု” (Emotional Anchor) ကို ဖန်တီးပေးနိုင်တာ ဖြစ်ပါတယ်။
👉ဒါကြောင့် သင့်ရဲ့ ဆက်ဆံရေးမှာ သင်ဟာ "သင့်ဖြစ်တည်မှုရဲ့တစ်ဝက်တစ်ပျက်" ပဲ ရှိနေတာလား၊ ဒါမှမဟုတ် "အစိတ်အပိုင်း အားလုံး" နဲ့ ရှိနေတာလားဆိုတာ ပြန်လည်ဆန်းစစ်ကြည့်ဖို့ လိုအပ်ပါတယ်။
🙌💖သင့်ရဲ့ အစိတ်အပိုင်းအားလုံးကို ဆက်ဆံရေးထဲ ယူဆောင်လာနိုင်တဲ့အခါ:
✨လုံခြုံမှု (Psychological Safety) ရလာပါတယ်။
"ငါ့ရဲ့ ဘယ်လိုပုံစံကိုမဆို သူက လက်ခံထားတယ်" ဆိုတဲ့ ခံစားချက်က စိတ်ဖိစီးမှုကို လျော့ကျစေပါတယ်။

✨ချစ်ခင်ရင်းနှီးမှု (Deep Intimacy) ပိုရလာပါတယ်။
ရုပ်ပိုင်းဆိုင်ရာထက် စိတ်ပိုင်းဆိုင်ရာ ရင်းနှီးမှုက ပိုမိုခိုင်မာလာပါတယ်။
✨အိမ်ထောင်ရေး တည်မြဲ တည်ငြိမ်မှု (Stability) ပိုရလာပါတယ်။
သင့်ကိုယ်သင် တခြားနေရာမှာ သွားရှာနေဖို့ မလိုတော့တဲ့အတွက် လက်ရှိဆက်ဆံရေးအပေါ်မှာပဲ အာရုံအပြည့်အဝ ထားနိုင်လာပါတယ်။
✨🙌👉ဘယ်လို စတင်မလဲ
မိမိရဲ့ အစိတ်အပိုင်းတွေကို ဆက်ဆံရေးထဲ ယူဆောင်လာဖို့ဆိုတာ သတ္တိလိုပါတယ်။
❣️မိမိကိုယ်ကိုယ် ပြန်လည်ဆန်းစစ်ပါ
ငါ ဘယ်လို အစိတ်အပိုင်းတွေကို ဖုံးကွယ်ထားမိလဲ? ငါ့ရဲ့ ဘယ်ဝါသနာတွေ၊ ဘယ်ခံစားချက်တွေကို အဖော်ဖြစ်သူကို မပြောဘဲ ထိန်ချန်ထားလဲ?
❣️ပွင့်လင်းစွာ ပြောဆိုပါ
"ငါ့မှာ ဒီလိုဝါသနာရှိတယ်၊ ဒါကို မင်းနဲ့အတူ မျှဝေချင်တယ်" ဒါမှမဟုတ် "ဒီကိစ္စနဲ့ ပတ်သက်ရင် ငါ့မှာ ဒီလို ခံစားချက်ရှိတယ်" ဆိုတာကို အေးအေးဆေးဆေး တိုင်ပင်ပါ။
❣️အပြန်အလှန် နေရာပေးပါ
သင့်ဘက်က ပွင့်လင်းသလို တစ်ဖက်လူရဲ့ ထူးခြားတဲ့ အစိတ်အပိုင်းတွေကိုလည်း လှောင်ပြောင်ခြင်းမရှိဘဲ လက်ခံပေးဖို့ လိုအပ်ပါတယ်။
💖နိဂုံးချုပ်အနေနဲ့ ပြောရရင် ဆက်ဆံရေးဆိုတာ လူနှစ်ယောက်ရဲ့ ပုံရိပ်စစ်တွေ ပေါင်းစပ်ထားတဲ့ နေရာတစ်ခု ဖြစ်သင့်ပါတယ်။
💖သင့်ရဲ့ အစိတ်အပိုင်းတွေကို ချန်ထားရစ်ခဲ့လေလေ၊ အဲဒီအစိတ်အပိုင်းတွေက သင့်ကို တခြားတစ်နေရာဆီ ခေါ်ဆောင်သွားဖို့ ကြိုးစားလေလေပါပဲ။

💖ဒါကြောင့် သင့်ရဲ့ အစိတ်အပိုင်းတိုင်းကို ချစ်ရသူနဲ့အတူ "အတူတူရှင်သန်ခွင့်" ပေးလိုက်ပါ။
✨💖✨အဲဒီအခါမှာ သင့်ရဲ့ ဆက်ဆံရေးဟာ ပိုမိုစိုပြေပြီး ပြည့်စုံတဲ့ ခရီးတစ်ခု ဖြစ်လာပါလိမ့်မယ်။

✨ဒီနေ့ ကျွန်မတို့အားလုံး ခဏလောက်အနားယူပြီး၊ ကိုယ့်ရဲ့ အတွင်းစိတ်ထဲကို အတူတူလှမ်းကြည့်ကြရအောင်။❣️လူအတော်များများက ကျွန်မတ...
05/05/2026

✨ဒီနေ့ ကျွန်မတို့အားလုံး ခဏလောက်အနားယူပြီး၊ ကိုယ့်ရဲ့ အတွင်းစိတ်ထဲကို အတူတူလှမ်းကြည့်ကြရအောင်။
❣️လူအတော်များများက ကျွန်မတို့ကို သင်ပေးခဲ့ကြတယ်၊ "ခံစားချက်ဆိုတာ အားနည်းချက်" တဲ့။ "သိပ်ပြီး စိတ်လှုပ်ရှားမနေနဲ့၊ ဦးနှောက်နဲ့ပဲ စဉ်းစား" လို့ ပြောခဲ့ကြတယ်။
❣️ဒါပေမဲ့ တကယ့်အမှန်တရားက အဲဒီလိုမဟုတ်ဘူးဆိုတာ သိပါသလား……
❣️ကျွန်မတို့ဟာ တွေးခေါ်တတ်တဲ့ ခံစားမှုသတ္တဝါတွေပါ။ ခံစားချက်မရှိဘဲ ကျွန်မတို့ ရှင်သန်လို့မရပါဘူး။
👉စိတ်ခံစားချက်တွေက ဘာလို့အရေးကြီးတာလဲ?
📍၁။ ခံစားချက်ဆိုတာ တကယ်က "Superpower" ပါ
ကျွန်မတို့ လူ့အဖွဲ့အစည်းမှာ ဝမ်းနည်းတာ၊ ကြောက်တာ၊ ဒါမှမဟုတ် စိတ်လှုပ်ရှားတာတွေကို "ကလေးဆန်တယ်" လို့ မြင်တတ်ကြတယ်။ ဒါပေမဲ့ သေချာစဉ်းစားကြည့်ပါ။
❣️The Hunger game ဆိုတဲ့ရုပ်ရှင် ကြည့်ဖူးလားနော်။ အဲ့ဒီရုပ်ရှင် ကျမ သိပ်ကြိုက်တာ မင်းသမီးက အသက်ကိုရင်းရတဲ့ games ကို သူချစ်ရတဲ့ ညီမလေး အစား ဝင်ပြိုင်ပေးတာ...
ဒီမေတ္တာတရားကြောင့်ပဲ သူမ သတ္တိရှိလာပြီး၊ အောင်နိုင်သွားစေခဲ့တယ်…
ဒီမေတ္တာတရားကြောင့် သူမကို inspired ဖြစ်ကြပြီး၊ အခြားသူတွေဆီက support တွေရခဲ့တယ်

💖ခံစားချက်တွေဟာ သင့်ခန္ဓာကိုယ်က သင့်ကိုပေးတဲ့ "သတင်းစကား" တစ်ခုပါ။
🙌ပျော်ရွှင်ခြင်းခံစားချက်တွေက ကျွန်မတို့ကို အားအင်ဖြစ်စေပြီး၊ ရှေ့ဆက်ဖို့ တွန်းအားပေးပါတယ်။
🙌ဝမ်းနည်းခြင်း ခံစားချက်တွေက ကျွန်မတို့ကို "အနားယူဖို့" နဲ့ "ကုစားဖို့" လိုအပ်နေပြီလို့ သတိပေးတာပါ။
🙌ဒေါသထွက်ခြင်း ခံစားချက်က ကျွန်မတို့ရဲ့ "စည်းဘောင်" (Boundary) ကိုတစ်ယောက်ယောက်က ကျော်လာတဲ့အခါ သတိပေးတာပါ။
🙌ကြောက်ရွံ့ခြင်း ခံစားချက်ကတော့ ကျွန်မတို့ကို "ဘေးကင်းအောင်" နေဖို့ ခန္ဓာကိုယ်က သတိပေးတဲ့ စနစ်ပါ။

📍၂။ ခံစားချက်တွေကို ဖုံးကွယ်ထားရင် ဘာဖြစ်မလဲ?
ခံစားချက်တွေကို ငြင်းပယ်တာ၊ ဖိနှိပ်တာဟာ အချိန်ကိုက်ဗုံးတစ်လုံးကို ပိုက်ထားသလိုပါပဲ။ "ကိုယ်အဆင်ပြေပါတယ်" လို့ ပါးစပ်က ပြောနေပေမဲ့ ကိုယ့်အတွင်းစိတ်ကတော့ နာကျင်နေနိုင်တယ်။ ဒီလို ဖိနှိပ်ထားတဲ့ ခံစားချက်တွေက နောက်ဆုံးမှာ🥺
အကြောင်းမဲ့ ခေါင်းကိုက်တာ၊ ဗိုက်နာတာတွေ ဖြစ်လာမယ်။
ဘာမဟုတ်တဲ့ အကြောင်းအရာလေးနဲ့ ဒေါသတွေ ပေါက်ကွဲထွက်မယ်။
ဘယ်လောက်ပဲ အောင်မြင်နေပါစေ စိတ်ထဲမှာ ဟာတာတာကြီး ဖြစ်နေမယ်။
📍၃။ ကိုယ့်ကိုယ်ကိုယ် ပြန်ပြီး "Connect" လုပ်ဖို့ လေ့ကျင့်ခန်း
အခုပဲ ကျွန်မနဲ့အတူ ဒါလေးကို စမ်းကြည့်ရအောင်။

မျက်စိလေးမှိတ်လိုက်ပါ။ ဘာအတွေးမှ မတွေးဘဲ သင့်ရင်ဘတ်ထဲက ခံစားချက်ကိုပဲ အာရုံစိုက်ပါ။

ကိုယ့်ကိုယ်ကိုယ် မေးပါ - "အခု ငါ တကယ် ဘာခံစားနေရတာလဲ?"

အမည်တပ်ပါ - "ငါ အလုပ်တွေ များနေလို့ ပင်ပန်းနေတာလား?" ဒါမှမဟုတ် "တစ်ယောက်ယောက်ကို အားနာနေလို့ စိတ်ကျဉ်းကျပ်နေတာလား?"

🌻ဒီလို အမည်တပ်လိုက်တာနဲ့တင် သင့်စိတ်ဟာ ထက်ဝက်မက ပေါ့ပါးသွားတာကို ခံစားရပါလိမ့်မယ်။
🌻ဘာဖြစ်လို့လဲဆိုတော့ "မသိတဲ့အရာ" ကို သိသွားတဲ့အခါ ကျွန်မတို့မှာ ထိန်းချုပ်နိုင်စွမ်း ရှိလာလို့ပါပဲ။

Address

Yangon

Alerts

Be the first to know and let us send you an email when Happy & Co. posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Establishment

Send a message to Happy & Co.:

Share