Ywat Warr

Ywat Warr Author

12/08/2025

100 Days
တစ်ဘဝလုံး ယှဉ်ကြည့်ရင် လူသားတွေအတွက် မြူမှုန်တမျှ ကာလလေးပါ။ သို့သော် ဘဝတစ်ခုလုံးစာရှင်သန်ဖို့၊ ဘယ်အရာကိုမဆို အရှုံးမပေးတော့ဖို့ လုံလောက်သွားခဲ့ပြီ။လူတစ်ယောက်ကို ကိုယ့်ကိုယ်ကို ပြန်မေးရလောက်တဲ့ထိ ချစ်ခဲ့ဖူးပြီ။ အချစ်ဆိုတဲ့အရာ ‌ဘယ်လိုဖွဲ့စည်းထားကြောင်းကို လူတစ်ယောက်က မချစ်ပေးခဲ့ဘူးဆိုသော်ငြား ကျွန်တော် ခံစားရတယ် လေးလေးနက်နက်ကို အချစ်ဆိုတာကို ခံစားခဲ့ရပါတယ်။ သူပျော်ရင် ထပ်တူပျော်ရွှင်ခဲ့ရသလို စိတ်ညစ်မှုတွေ စိတ်မကောင်းမှုတွေကိုလည်း မျှဝေခံစားပေးနိုင်သလောက် ရှိပေးနိုင်ခဲ့တယ်။ နေ့ရက်တွေမှာ ရှင်သန်နေရခြင်းဟာ အဓိပ္ပာယ်ရှိလာတယ်။ အဆုံးမရှိတဲ့ ခွန်အားတွေ တစ်ဘဝလုံးစာအတွက် လုံလောက်ခဲ့ရတယ်။ ဘယ်လိုအခြေနေ ဘယ်လို ပုံစံမျိုးပဲဖြစ်ဖြစ် ဖြစ်တည်မှုကို ချစ်ခဲ့မိလို့ လိပ်ပြာလုံလုံနဲ့ တစ်ဘဝလုံးရှိပေးနိုင်ဖို့ စိတ်ဓာတ်တွေရခဲ့တယ်။ ရေစက်တွေဟာ သိပ်ကိုလှပခဲ့ပါတယ်။ မဆုံနိုင်တော့ရင်တောင် နောင်တနဲ့သံသယမရှိလောက်အောင်ပဲ ပြည့်စုံလွန်းခဲ့ရတယ်။ ဘဝတစ်ခု မွေးဖွားခြင်းနဲ့ သေဆုံးခြင်းမှာ မင်းဆီက တစ်ဘဝလုံးစာအတွက် သေဆုံးဖို့ လုံလောက်တဲ့ အကြောင်းပြချက်နဲ့ စိတ်ခွန်အားတွေ ပိုင်ဆိုင်ခဲ့ရပြီ။
သေရမယ်ဆိုရင်တောင် ဘဝဟာ လှပနေခဲ့ကြောင်း သံသရာမှာ ကြုံလေသမျှကို လိုက်လံကြွားလုံးထုတ်နေမိမယ်ထင်ပါရဲ့။ ချစ်တယ် ဆိုတဲ့ လေးနက်တဲ့စကားတွေနဲ့ပဲ ချီးကျူးဖွဲ့ဆိုချင်မိတယ်။ ရေစက်ဆိုတဲ့အရာ ကံဆိုတဲ့အရာသာ လူကလုပ်နိုင်သာမှန်ကန်ခဲ့ရင် ဒီအသက်ဓာတ် လေးတစ်ခုနဲ့ပဲ သံသရာ အဆုံးထိ ပါရမီဖြည့်သွားချင်မိပါရဲ့။

5th May,25-13th May,25🌷
To the girl(Theingi)who loves Tulip
Ywat Warr🌻

01/06/2025

မိုးဦးမိုးနှောင်း

နွေအခါ‌နှောင်း မိုးဦးပြောင်းခဲ့
ရွက်ခြောက် ကြွေလု ရွက်သစ်နုစ
အခါသမယတွင် ဖူးလုအပွင့်
လွမ်းတစ်ဆွင့်ဆွင့် ပန်းတစ်ပွင့်ထံ
ခိုဝင်ခဲ့မိ ဝတ်မှုန်ထက်မှ ပျားသကာ။

မိုးကမစဲ ရွာမြဲမြဲသာ
သန်းခေါင်တစ်ချက်နား
ဤခေါင်ထွဋ်ဖျား ညံစွာ ရိုက်ခတ်
ပြတင်းဝဖြတ် စိုစွတ်လာသည့်
လေမှုန်တို့တွင် မိုးစက်ပျောက်သည့်
ညည့်ငှက်ငယ်။

လည့်ပြောင်းခါညောင်း ဥတုအပြောင်းတွင်
ရွာသာရွာမြဲ ဤဓာတ်ထုသည်
ကမ္ဘာပြောင်းသာ မြေလွှာမပျောက်
တစ်ပွင့်ထံသာ ဖူးပွင့်စေမည့်
ကြေကွဲ လုလု မိုးစက်တစ်ခု။

ရွက်ဝါ။

24/03/2025

အုံ့မှိုင်း အုံ့စိုင်း ခဲ့ပြီး

တိမ်ထူထပ်နေခဲ့သော နေ့‌တစ်နေ့ကိုသာ

မစတင်မိခဲ့လျှင် ကမ်းစပ်တစ်ခုရဲ့

အခိုက်တန့်တွေမှာသာ မျှောမဝင်မိခဲ့လျှင်

ဘာမှ မဖြစ် ဘာမှ မသိခဲ့ရသော

လူတစ်ယောက်ကဲ့သို ဒီနေ့ဒီရက်မှာ

မောဟ ကင်းကင်းနဲ့ ရှင်သန်နေထိုင်နိုင်ဦးမှာပါ။

အတိတ်မှနှုတ်ထွက်ခြင်း
ရွက်ဝါ( 24/03/24-25)🍁

22/03/2025

ကျွန်တော် တို့ဘဝတွေဟာ တစ်ခါတစ်လေ နှုတ်ပိတ်ပြီး အရိုက်ခံနေရတဲ့ တရားခံတွေလိုပါပဲ။

မကျူးလွန်ခဲ့တာတွေအတွက်
တစ်စ တစ်စ ပေးဆပ်နေရတယ်။

တစ်နည်းအားဖြင့် အပြစ်မဲ့ကျူးလွန်ကြ
သူများဟုလည်းခေါ်ဆိုနိုင်သည်။
ရွက်ဝါ( 22/03/25)
20 Days of Autumn 🍁

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Ywat Warr posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Establishment

Send a message to Ywat Warr:

Share

Category