Entertainment Myanmar KKA

Entertainment Myanmar KKA Entertainment Myanmar KKA

MCLပြိုင်ပွဲ မှ အနိုင် ရ ရှိခဲ့ပါ သည်😎😎
15/06/2024

MCLပြိုင်ပွဲ မှ အနိုင် ရ ရှိခဲ့ပါ သည်😎😎

HAPPY BIRTHDAY JENNIE! OUR ONE AND ONLY IT GIRL 💅😘😘😘😘😍😍😍😍@စောင့်ကြည့်သူများ@စောင့်ကြည့်သူများ@စောင့်ကြည့်သူများ
16/01/2024

HAPPY BIRTHDAY JENNIE! OUR ONE AND ONLY IT GIRL 💅😘😘😘😘😍😍😍😍@စောင့်ကြည့်သူများ@စောင့်ကြည့်သူများ@စောင့်ကြည့်သူများ

Jennie ဟာ ODDATELIER လို့အမည်ရတယ့် ကိုယ်ပိုင် Label ကိုတည်ထောင်လိုက်ပြီပဲဖြစ်ပါတယ်။ODDATELIER ဆိုတယ့်နာမည်က“ပုံမှန် ဒါမှ...
24/12/2023

Jennie ဟာ ODDATELIER လို့
အမည်ရတယ့် ကိုယ်ပိုင် Label ကို
တည်ထောင်လိုက်ပြီပဲဖြစ်ပါတယ်။

ODDATELIER ဆိုတယ့်နာမည်က
“ပုံမှန် ဒါမှမဟုတ် မျှော်လင့်ထားတယ့်
အရာတွေကနေ မတူညီတယ့်နည်းလမ်းတွေနဲ့
ဆွဲဆောင်နိုင်ဖို့ အသစ်အသစ်သောအရာ‌တွေကို
ဖန်တီးဖို့ ရည်ရွယ်ထားတယ့် နေရာတစ်ခု” လို့
အဓိပ္ပါယ်ရပြီးတော့

Jennie အနေနဲ့ November, 2023 မှာ
စတင်တည်ထောင်ခဲ့ခြင်းဖြစ်ပါတယ်တယ့်။

YG နဲ့စာချုပ်က Group အတွက်ပဲဆိုတော့
Solo Activity တွေအတွက် ကိုယ်ပိုင်
Label နဲ့ ကိုယ့်ဘာသာကိုယ်ကြမ်းမယ့်ပုံပါပဲ။

ကိုယ်ပိုင် Label နဲ့ဆိုရင်တော့
အမိုက်စားတွေချည်းချပြမှာ မြင်ယောင်သေး။

“နင်မကြိုက်လည်းဂရုမစိုက်၊
ငါ့ Label က နင့်ထက်မိုက်”😑🔥


10/11/2023
“ CHRISTMAS မှာ သီချင်းအသစ် ထုတ်လုပ်သွားမဲ့ BLACKPINK's Jennie ”BLACKPINK အဖွဲ့ဝင် "Jennie" ဟာ လာမယ့် ဒီဇင်ဘာလ ၂၅ရက် ခရစ...
10/11/2023

“ CHRISTMAS မှာ သီချင်းအသစ် ထုတ်လုပ်သွားမဲ့ BLACKPINK's Jennie ”

BLACKPINK အဖွဲ့ဝင် "Jennie" ဟာ လာမယ့် ဒီဇင်ဘာလ ၂၅ရက် ခရစ်စမတ်နေ့အတွက် cover songအဖြစ် ထုတ်ဝေသွားမယ်လို့ ပရိသတ်တွေကိုအသိပေးလာခဲ့ပါတယ်။

Jennie ဟာ လက်ရှိမှာ Blackpink အဖွဲ့နားထားချိန် soloသီချင်းတွေဘက်ပိုမိုဦးစားပေးနေခဲ့ပြီး အောက်တိုဘာလ ၆ရက်နေ့က You & Me သီချင်းကိုလဲထုတ်ဝေထားခဲ့ပါတယ်။

ဒီနေ့မှာတော့ Jennie တစ်ယောက် ယခုနှစ် Christmas မှာ တစ်ကိုယ်တော်အဖြစ် နာမည်ကြီး Christmas သီချင်းတွေထဲက တစ်ပုဒ်ကို Cover သီဆိုထုတ်ဝေသွားမှာဖြစ်ပြီး ဘယ်သီချင်းကိုသီဆိုစေချင်လဲဆိုကာ Blink တွေကိုရွေးချယ်ခိုင်းထားပြီး အားလုံးထဲကမှတစ်ပုဒ်ကို သူမကိုယ်တိုင်ရွေးချယ်သွားမယ်လို့ ကြေညာထားပါတယ်။

၂၀၁၉ခုနှစ်ကထွက်ရှိခဲ့တဲ့ Blackpink အဖွဲ့ရဲ့ Christmas Cover song တစ်ပုဒ်ဖြစ်တဲ့ "Last Christmas" သီချင်းဟာလည်း ယနေ့ထိလူကြိုက်များနေဆဲ Cover Song အဖြစ်ရပ်တည်နေခဲ့ပါတယ်။

Writers | Anmicx
POP PLUS

29/09/2023

Happy birthday
to me🎂👏
21 years of happy☺

❝ 24 နှစ်ကြာပြီးနောက် VMAs မှာ Group Of The Year ဆုကိုရရှိတဲ့ပထမဆုံး Female Group ဖြစ်လာတဲ့ BLACKPINK ❞BLACKPINK ဟာဒီနှစ...
13/09/2023

❝ 24 နှစ်ကြာပြီးနောက် VMAs မှာ Group Of The Year ဆုကိုရရှိတဲ့ပထမဆုံး Female Group ဖြစ်လာတဲ့ BLACKPINK ❞

BLACKPINK ဟာဒီနှစ် VMAs ဆုပေးပွဲကြီးမှာ Group Of The Year ကိုထိုက်တန်စွာရရှိသွားပါတယ်။

TLC (1999) နောက်ပိုင်း VMAs မှာ Group Of The Year ကိုရရှိတဲ့ပထမဆုံး Female Group လဲဖြစ်ပါတယ်။ BLACKPINK နဲ့ TLC တို့သာလျှင်ဒီဆုရရှိဖူးသေးတဲ့ ONLY Female Group တွေပဲဖြစ်ပါတယ်။

Congratulations PINKs 😘😘😘😘

LALISA ရဲ့ Solo Debut 2 နှစ်ပြည့်သွားတဲ့ အထိမ်းအမှတ် နှစ်ပတ်လည်အတွက် Chinese Fanboy တစ်ဦးတည်းက ပြင်ဆင်ပေးထားတဲ့ Project ...
12/09/2023

LALISA ရဲ့ Solo Debut 2 နှစ်ပြည့်သွားတဲ့ အထိမ်းအမှတ် နှစ်ပတ်လည်အတွက် Chinese Fanboy တစ်ဦးတည်းက ပြင်ဆင်ပေးထားတဲ့ Project များဖြစ်ပါတယ်။ 👏⭐

တရုတ်နိုင်ငံရဲ့ အထင်ကရနေရာတွေအပြင် ပိုက်ဆံအများကြီး အသုံးပြုပြီးငှားရမ်းရမဲ့ နေရာတွေအထိ သေချာစီစဉ်ပေးထားတာဖြစ်ပါတယ်။

အဆိုပါ Fanboy က တရုတ်နိုင်ငံထဲက Shanghai, Wuxi နဲ့ Dalian မြို့တွေမှာ LALISA ရဲ့ Solo Debut နဲ့ပက်သတ်တဲ့ Light Show တွေကိုပြသပေးထားပြီး တရုတ်နိုင်ငံရဲ့ Bohai ပင်လယ်ကို ကူးသန်းသွားလာစေတဲ့ တံတားအထိပါ ‌Light Show ကိုပြသပေးထားပါတယ်။ 🫶

°°°°°°°°

ဒါကတော့ LALISA ရဲ့ Chinese Fanboy တစ်ဦးတည်းက ပြုလုပ်ပေးထားတာဖြစ်လို့ ဘယ်လောက်တောင်မှ RICH ဖြစ်သလဲဆိုတာကို စဉ်းစားလို့တောင် မရတဲ့အထိပါပဲ။

ဒါ့အပြင် အဆိုပါ Fanboy ဟာ LALISA ရဲ့မွေးနေ့တုန်းက တရုတ်နိုင်ငံထဲက မြို့ 9 မြို့ရဲ့အဆောက်အဦး 9 ခုမှာ 9 ရက်တိတိ LALISA ပုံနဲ့ မွေးနေ့ဆုတောင်းပေးခဲ့ဖူးပါတယ်။ Solo Album ထွက်ခါနီးတုန်းကလဲ LALISA ကိုဂုဏ်ပြုပေးတဲ့အနေနဲ့ တရုတ်နိုင်ငံရဲ့ မြို့ကြီး 16 မြို့မှာ Light Show တွေကို ပြုလုပ်ပေးခဲ့ပါသေးတယ်။

အဆိုပါ Fanboy က LALISA နဲ့ပက်သတ်တဲ့ Project တွေကိုဆို ခုလိုမျိုး အမြဲတမ်းအံ့ဩမှင်သက်ရတဲ့အထိ ပြင်ဆင်ပေးတတ်တာမလို့ ဒီတစ်ခေါက်ကလဲ တကယ်ကို THE BEST ပါပဲရှင်။ ✨

* Pics Credit to original owners *

#블랙핑크 #리사

ဒီလောက် ချစ်စရာကောင်းတဲ့ ကောင်မလေးကိုဘာလို့ မလှ ဘူးပြောတာလဲ😒😒
11/09/2023

ဒီလောက် ချစ်စရာကောင်းတဲ့ ကောင်မလေးကို
ဘာလို့ မလှ ဘူးပြောတာလဲ😒😒

LALISA ကသူမရဲ့မေမေနဲ့အတူ ထိုင်းနိုင်ငံမှာဖွင့်လှစ်ထားသည့် R.HAAN စားသောက်ဆိုင်ကို သွားခဲ့ပြီး အဆိုပါစားသောက်ဆိုင်ရဲ့ Mas...
10/09/2023

LALISA ကသူမရဲ့မေမေနဲ့အတူ ထိုင်းနိုင်ငံမှာဖွင့်လှစ်ထားသည့် R.HAAN စားသောက်ဆိုင်ကို သွားခဲ့ပြီး အဆိုပါစားသောက်ဆိုင်ရဲ့ Master Chef ဖြစ်သူ Chumpol Jangprai နဲ့အတူ အမှတ်တရဓာတ်ပုံ ရိုက်ကူးခဲ့ပါတယ်။

Caption : ❝ ကျွန်တော်တို့ရဲ့ R.HAAN စားသောက်ဆိုင်ကို ခုလိုလာရောက်စားသောက်ခဲ့တဲ့ ကမ္ဘာပေါ်က အလှပဆုံးနဲ့အရည်အချင်းအရှိဆုံး မိန်းကလေးဖြစ်သူ LALISA နှင့်သူမရဲ့မေမေဖြစ်သူကို ကျေးဇူးတင်ပါတယ်။ ❞

°°°°°°°

သူတို့ရဲ့ထိုင်းရိုးရာ အစားအစာဆိုင်ကို LALISA နှင့်သူမရဲ့မေမေက ခုလိုမျိုးလာရောက်တဲ့အတွက် Master Chef ဖြစ်သူ Chumpol Jangprai ကိုယ်တိုင်က ကျေးဇူးတင်နေတာရယ် !! 🥺🫶

ကိုယ်တွေရဲ့ Lili Ppeu ကလဲ Bare Face လေးနဲ့ဆို တကယ်ကို ကလေးလေးအတိုင်းပဲ။ မေမေဖြစ်သူကို သူ့မှာအမြဲတမ်း အချိန်ပေးတတ်တာကလဲ ချစ်စရာ ~ 🩶

* Pics Credit to original owners *

#블랙핑크 #리사

K Pop ရဲ့ ထိပ်သီးနှစ်ယောက်ဖြစ်တဲ့ BTS V နှင့် BlackPink Jisoo တို့ရဲ့ရင်းနှီးမှုလေးတွေ Jisoo နှင့် V တို့ဟာ လက်ရှိကေပေါ့...
09/09/2023

K Pop ရဲ့ ထိပ်သီးနှစ်ယောက်ဖြစ်တဲ့ BTS V နှင့် BlackPink Jisoo တို့ရဲ့ရင်းနှီးမှုလေးတွေ

Jisoo နှင့် V တို့ဟာ လက်ရှိကေပေါ့လောကရဲ့ အအောင်မြင်ဆုံးလို့ဆိုနိုင်တဲ့အဖွဲ့ နှစ်ဖွဲ့ရဲ့ အဖွဲ့ဝင်တွေဖြစ်ကြပါတယ်။ ကေပေါ့အိုင်ဒေါတွေကြားမှာရှိတဲ့ စည်းမျဥ်းနှင့် ပရိတ်သတ်တွေကြောင့် BTS နှင့် BlackPink တို့ဟာမရင်းနှီးဘူးလို့ထင်ရပါတယ်။ ဒါပေမဲ့ BlackPink အဖွဲ့ဝင်ဖြစ်တဲ့ Jennie ရဲ့ Calvin ပွဲကိုလည်း BTS အဖွဲ့ဝင်ဖြစ်တဲ့ JungKook ကလာရောက်ခဲ့သလို ပွဲအတွင်းမှာလည်း နှစ်ယောက်သားစကားလက်ဆုံကျခဲ့တာကြောင့် အဖွဲ့တွေဟာအချင်းချင်းတော့ရင်းနှီးနေပုံပေါ်ပါတယ်။ ဒီတစ်ခေါက်မှာလည်း V နှင့် Jisoo တို့ဟာ Paradise Art Event ရဲ့ညစာစားပွဲမှာမျက်နှာချင်းဆိုင်ထိုင်နေကြတဲ့အပြင် စကားပြောနေကြတဲ့ဗီဒီယိုလေးပါထွက်လာတာကြောင့် နှစ်ယောက်သားဟာသူငယ်ချင်းဖြစ်နေကြလောက်ပြီလို့ ပရိတ်သတ်တွေကယူဆနေကြတာဖြစ်ပါတယ်။ V ကလည်းမကြာသေးခင်ကပဲ Jisoo နှင့်အတူ ဇိမ်ခံဘရန်းဖြစ်တဲ့ Cartier ရဲ့ ကိုယ်စားလှယ်ဖြစ်လာပါတယ်။ ဒါ့အပြင် သူတို့နှစ်ယောက်ဟာ ၂၀၁၇ တုန်းက SBS K Pop Super Concert ရှိုးမှာလည်း တင်ဆက်သူတွေအဖြစ်အတူတူလုပ်ကိုင်ခဲ့ဖူးပါတယ်။ နှစ်ယောက်သားဟာသက်တူရွယ်တူလည်းဖြစ်တာကြောင့် အတော်လေးခင်မင်ရင်းနှီးနေကြမယ်လို့ပရိတ်သတ်တွေကယူဆကြပါတယ်။ BTS နှင့် BlackPink နှစ်ဖွဲ့လုံးရဲ့ပရိတ်သတ်ဖြစ်တဲ့ ArmyBlink လေးတွေအတွက်တော့ တစ်ကယ်ပျော်စရာပါပဲ။

Source – Allkpop

❝ကမ္ဘာ့ဖက်ရှင်လောကရဲ့ဩဇာအရှိဆုံး အမျိုးသမီးအယောက် 50စာရင်းထဲ Only K Pop Artistအဖြစ် ဖော်ပြခြင်း ခံခဲ့ရတဲ့ JENNIE 😭❤️❞နာမ...
07/09/2023

❝ကမ္ဘာ့ဖက်ရှင်လောကရဲ့ဩဇာအရှိဆုံး အမျိုးသမီးအယောက် 50စာရင်းထဲ Only K Pop Artistအဖြစ်
ဖော်ပြခြင်း ခံခဲ့ရတဲ့ JENNIE 😭❤️❞

နာမည်ကြီး အမျိုးသမီး Journal WWDမှ ရွေးချယ် ထုတ်ပြန်လိုက်တဲ့ "2023ခုနှစ်ရဲ့ ကမ္ဘာ့ဖက်ရှင် လောကကို ကြီးစိုးလွှမ်းမိုးထားတဲ့ ဩဇာအရှိဆုံး အမျိုးသမီး အယောက် 50" စာရင်းထဲ JENNIEက ပါဝင်လာခဲ့ပါတယ်

JENNIEက ဒီစာရင်းထဲ ပါဝင်လာတဲ့ တစ်ဦးတည်းသော K Pop Artistလည်း ဖြစ်ပါတယ်။ အမျိုးသမီး
တွေနဲ့ပတ်သက်ပြီး JENNIEရဲ့ခံယူချက်ကို အောက်
မှာ ဖတ်ရှုလိုက်ကြပါဦး

"အမျိုးသမီးတွေက သူတို့မှာရှိတဲ့ ကိုယ်ပိုင်တန်ဖိုးကိုသိရှိခြင်းနဲ့ သူတို့ရဲ့ဖွင့်ဟသံတွေကို သိနေခြင်းက တ
ကယ့်ကို အားအင်တစ်ခုလိုပါပဲ။ အထူးသဖြင့် ကျွန်မ
လို ဂီတလောကမှာ ရှိနေတဲ့ ပုဂ္ဂိုလ်မျိုးက ကိုယ်ခံယူ
ထားတဲ့ အရာအပေါ် ယုံကြည်မှုရှိနေခြင်းက တကယ့်
ကို အရေးကြီးပါတယ်၊ ကျွန်မတို့တွေက ကျွန်မတို့ ဘာကို လိုချင်နေလဲ/ ဘာကိုလွတ်လွတ်လပ်လပ် ဖန်တီးခွင့်ရှိလဲဆိုတာကို သိသွားတဲ့အချိန်ကတော့ ကျွန်မတို့တွေ ဩဇာရှိလာတဲ့အချိန်ပါပဲ" - JENNIE

JENငယ်က သူမချပြချင်တာတွေ သေသေချာချာလွတ်လွတ်လပ်လပ်ချပြပြီး လူအများရဲ့သဘောကျ
နှစ်ခြိုက်မှုတွေ အများအပြားရရှိနေတဲ့ အမျိုးသမီးလေးပါပဲကွယ် အဖိုးတန်လေးအတွက် ဂုဏ်ယူလို့မဆုံးသောပဲ 😭❤️

Address

Yangon

Alerts

Be the first to know and let us send you an email when Entertainment Myanmar KKA posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Establishment

Send a message to Entertainment Myanmar KKA:

Share