20/06/2021
''အင်း ဖုန်းဘေလ်တောင် နည်းနေပြီလား မသိဘူး။ ၅၀၀၀ လောက် ထည့်လိုက်ဦးမှပဲ''
''တောက်… တောက်… တောက်… တောက်''
''မင်္ဂလာပါ။ ဖုန်းဘေလ် 5000 ကျပ် ဖြည့်သွင်းပြီးပါပြီ။ လူကြီးမင်း၏ လက်ကျန်ငွေမှာ 2538 ကျပ် ဖြစ်ပါတယ်''
''ဟ… ဘာတုန်းဟ… ခုပဲ ၅၀၀၀ ထည့်လိုက်တာလေ''
''မင်္ဂလာပါ။ လူကြီးမင်း ဝယ်ယူထားသော လက်ကျန်ငွေမှ ချေးယူထားသည်ဟု ထင်ရသော ချေးငွေ ၈၀၀ ကျပ်နှင့် နှစ်ရက်စာ အတိုး ၅၃ ကျပ်ကို နုတ်ယူပြီး ဖြစ်ပါသည်။ လက်ကျန်ငွေစစ်ရန် *124 # ကို နှိပ်ပါ''
''ဟယ်… ဘယ်တုန်းက ချေးလို့တုန်း''
''မင်္ဂလာပါရှင်။ ချေးချေး မချေးချေး ဖြတ်ပါတယ်ရှင်။ ကျေနပ်မှုမရှိပါက နီးစပ်ရာ ရဲစခန်း သို့မဟုတ် အဂတိလိုက်စားမှု ကော်မရှင်များထံ တိုင်ကြားနိုင်ပါတယ်။ စောက်ဂရုမစိုက်ပါဘူးရှင်''
''လခွမ်း''
''ဝမ်းနည်းပါတယ်။ လူကြီးမင်း၏ လျှို့ဝှက်စကားလုံး မှားယွင်းနေပါသောကြောင့် နောက်ထပ် ၈၀၀ ဖြတ်ပါတယ်ရှင်''
''ဟာ… သေရောပေါ့ကွာ… ငါလခွမ်းတဲ့မှပဲ''
''ဝမ်းနည်းပါတယ်။ လူကြီးမင်း၏ အသုံးအနှုံး ရင့်သီးပါသဖြင့် ရှိသမျှအကုန် ဖြတ်သွားပါပြီ။ လက်ကျန်ငွေ နည်းပါးနေပါသဖြင့် ဘေလ်ချေးယူလိုပါက *800 # ကို ခေါ်၍ တောင်းပန်ပါရှင်''
''ဟေ! အေး… အေး… ဆောရီးပါကွာ… ဆောရီးပါ''
''တောင်းပန်ကြောင်း အတည်ပြုလိုပါက 'YES' ဟု message ပို့ပါ''
''YES'' ကြာ ''YES''
''မင်္ဂလာပါ။ လူကြီးမင်းသည် ယောနိတို့၏ စကားဝိုင်း အစီအစဉ်ကို ရယူပြီး ဖြစ်ပါသည်။ ယူထားသော ဝန်ဆောင်မှုမှ နေ့စဉ် ၃၀၀ ကျပ်ကို နုတ်ယူသွားမှာ ဖြစ်ပါတယ်''
''အမ်… စပပဲဟေ့… စပပဲ''
''မင်္ဂလာပါ။ လူကြီးမင်းသည် ယောနိတို့၏ စကားဝိုင်း အစီအစဉ်တွင် ပါဝင်ပြီး ဖြစ်ပါသည်။ ဆက်လက် အသုံးပြုလိုပါက ဆယ်ရက်စာ ဖုန်းဘေလ် ၃၀၀၀ ထည့်ပါရှင်''
''ယီးတောင် မထည့်ဘူး''
''ဝမ်းနည်းပါတယ်ရှင်။ လူကြီးမင်း၏ CODE မှားယွင်းနေပါသည်။ ဤဝန်ဆောင်မှုကို ရပ်တံ့လိုပါက 106 သို့ ဖုန်းခေါ်ဆို၍ စိတ်ဆိုးတဲ့ လေသံဖြင့် မပြောဘဲ 'မမရယ်… မောင်လေး ဘာမှ မယူပါဘူးဗျာ… ကျေးဇူးပြုပြီး ဒီအစီအစဉ်လေးကို ဖျက်ပေးပါနော်… please!' ဟု ပြောပေးပါရှင်။ လူကြီးမင်း၏ လေသံ အနိမ့်အမြင့်ပေါ် မူတည်၍ ပယ်ဖျက်သင့် မဖျက်သင့် စဉ်းစားပေးမှာ ဖြစ်ပါတယ်''
''ဘုရား… ဘုရား… ညီမလေးရယ်… အဲ… မမရယ်…''
''ဝမ်းနည်းပါတယ်။ မှားယွင်းခေါ်ဆိုသည့်အတွက် မရတော့ပါဘူးရှင်။ လက်ကျန်ငွေ မရှိတော့ဘဲ အသုံးပြုနေခြင်းကြောင့် black list အသွင်းခံရမှာ ဖြစ်ပါကြောင်း အသိပေးလိုက်ပါတယ်ရှင်''
''အောင်မယ်လေး… မလုပ်လိုက်ပါနဲ့ ကျေးဇူးရှင် မမရယ်… ဖုန်းဘေလ် ဖြည့်ဆို ဖြည့်ပါ့မယ်ဗျာ''
''မင်္ဂလာပါ။ လူကြီးမင်းသည် ဖုန်းဘေလ် 1000 ကျပ်ကို ထည့်သွင်းပြီးပါပြီ။ ယူထားသော ဝန်ဆောင်မှုများမှ 1024 ကျပ်ကို နုတ်ယူပြီး ဖြစ်ပါသည်။ ဝန်ဆောင်မှုများ ဆက်လက်အသုံးပြုရန် အနည်းဆုံး 3000 နှင့်အထက် ငွေဖြည့်ပြီး အပိုဆုငွေ 0.00% ကို ရယူလိုက်ပါ"
''ကျေးဇူးတင်ပါတယ်ဗျာ။ ဖုန်းမသုံးတော့ပါဘူး။ ရိုက်ခွဲလိုက်ပါတော့မယ်။ ကျေးဇူးပဲ''
''ကျေးဇူးတင်ပါတယ်ရှင်။ ကျန်ရှိသော အကြွေးများကို စာတိုက်နှင့် ဘဏ်များမှတဆင့် ဆက်လက် တောင်းခံသွားမည်ဖြစ်ကြောင်း သတင်းကောင်း ပါးအပ်ပါသည်။ လူကြီးမင်း ရိုက်ခွဲလိုက်သော ဖုန်းထဲတွင် New Data Carry Pack 100 MB သာကျန်ရှိပါတော့သည်။ အခြားဖုန်း အသုံးပြုပြီး *777 # ကို ခေါ်ဆိုကာ Monthly Data Pack များကို အကြွေးဖြင့် ရွေးချယ်၀ယ်ယူလိုက်ပါ။ MPT4U အပလီကေးရှင်းကိုအခမဲ့ ၁၀၀၀ ကျပ်တည်းဖြင့် ရယူရန် *4040 # ကိုခေါ်ဆိုပါ။ ထို့နောက် ဘဏ်တွင် ငွေသွားသွင်းပါ။ တစ်လလျင် 5000 ကျပ်သာ ကျသင့်…''
''ခွမ်း'' ''ဖုန်း'' ''အင့်ဟာ… အင့်ဟာ… ကိုင်း''
''စိတ်လျှော့ပါရှင်။ အခြားဖုန်းဖြင့် ဆက်လက် ခေါ်ဆိုမှာ ဖြစ်သည့်အတွက် ငွေထုပ်ပိုက်ကာ စောင့်နေစေချင်ပါတယ်။ ကျေးဇူးတင်ပါတယ်ရှင်''
''မသုံးဘူးဟေ့ မသုံးဘူး။ လုံးဝ မသုံးတော့ဘူး''
''မင်္ဂလာပါ။ လူကြီးမင်းသည် #သုံးသုံးမသုံးသုံး အစီအစဉ်တွင် ပါဝင်ပြီး ဖြစ်ပါသည်''
''ကိုင်း… ငါ့ဘာသာ သတ်သေမယ်ကွာ။ ဘာတတ်နိုင်သေးလဲ''
''မင်္ဂလာပါ။ လူကြီးမင်း၏ အသုဘစရိတ်နှင့် ကူညီ ထောက်ပံ့ငွေထဲမှ 1000 ကျပ်ကို နုတ်ယူပြီး ဖြစ်ပါသည်။ ကျေးဇူးတင်ပါတယ်ရှင်''
credit - သင်္ခရာဇာ