piece of box

piece of box
အပိုင်းအစလေးများ

06/01/2024

ပြန်မလာတဲ့ ပဲ့တင်သံတွေ ရှိခဲ့တယ် ...
အသွားအပြန် သီအိုရီဟာ
သံသယ ဖြစ်စရာပဲ .... ။

ကျွန်တော် စောင့်ဆိုင်းခဲ့ပါတယ် ... ။

05/01/2024

မင်းလည်းဆေးမမှီဘူး
ငါလည်းဆေးမမှီဘူး
ဆေးမမှီသူအချင်းချင်း ဆေးမကုချင်ဘူး
ကိုယ့်ပုံစံနဲ့ကို ရူးကြရုံ။

-လူမှား

05/01/2024

ပင်ပန်းစရာတွေ ပိုလာတဲ့အခါ
မင်းကိုပဲ အရင်ဆုံး သတိရတယ် ၊အသိပေးချင်တယ်

မျှဝေခံစားပေးစေချင်တာမျိုးမဟုတ်ဘဲ
မင်းရှိနေရင် ပင်ပန်းစရာ‌တွေ မေ့ထားလို့ရတယ်
ပြေပျောက်ရတယ် ၊ နွေးထွေးရတယ်..

အဲ့ဒီခံစားချက်လေးကို ကိုယ်လည်း သိသလို
မင်းလည်း သိမယ် ထင်ပါတယ် ။

- ခက်နှောင်

04/01/2024

ထပ်ပြီးရွေးကြည့်လည်း
သူ့မျက်ဝန်းတွေကိုပဲ ပြေးမြင်တယ်
တစ်ယောက်တည်းကိုပဲ
မငြီးငွေ့နိုင်အောင် သဘောကျရတယ်
တွယ်တာမိသမျှထဲ မလွှတ်ချချင်တဲ့
သက်ရှိလေးဟာ သူပါပဲ ။

30/07/2023

ကိုယ်တို့ တစ်သက်လုံး
တစ်ယောက်ယောက်ကို တစ်ယောက်
ပြန်တွေ့ရချင်မှ တွေ့ရမယ်၊
ဒါမှမဟုတ် ပြန်တွေ့ရချင်လည်း
ပြန်တွေ့ ရနိုင်တယ်၊နှစ်ခုလုံး
ထပ်တူထပ်မျှ ကြောက်စရာ ကောင်းပါတယ် ။

#ဏေသစ်

07/07/2023

မငိုဘူးလို့တင်းထားပြပြီး
ကိုယ့်ကောင်းကင်ထဲ ကိုယ်
တစ်သက်လုံး စွေနေမယ့်မိုးဟာ ကိုယ်ပဲ။

ရှိစုမဲ့စု စိတ်လေးပေးခဲ့ပြီးပြီ
ပြန်ရခဲ့တဲ့ စိတ်အနာတွေကိုတော့
ကိုယ်ထုတ်မပြချင်တော့ဘူး။

ပိုပြီးတိတ်ဆိတ်နေမယ်
ပျော်ချင်ဟန်ဆောင်မယ်
ကိုယ်နဲ့ဝေးမှ ပျော်မယ့်ဘဝတွေအတွက်
စိတ်တွေကို အပြေးလေ့ကျင့်ထားတယ်။

ဒီလောက်ပါပဲ။

- လင်းညီ

06/07/2023

အသံ
_____

လူဟာ လူလိုခံစားတတ်ရင်
တောင်ထိပ်ပေါ်ရောက်နေလည်း
မြစ်တစ်စင်းရဲ့ ဒဏ်ရာတွေကိုနားလည်တယ်။

- ညမိုး

03/07/2023

တစ်ဖက်က ချန်ခဲ့ရဲကြောင်း
တိတိကျကျကြီး ပြောတဲ့အခါ
ကိုယ်ကလည်း ကျန်ခဲ့ရဲကြောင်း
သက်သေ ပြရဲရမယ်
ပျော်တာ မပျော်တာက နောက်မှ

piece of box

Lol 😂Crd
03/07/2023

Lol 😂

Crd

12/06/2023

မာန ‌နဲ့ကောင်ပါ..
ကိုယ့်အတွက် သီးသန့်မဟုတ်ရင်..
ဘယ်ကျောက်ခဲမှ ရွှေမချဘူး..

🔱

29/04/2023

အသက်ပိုပါနေလို့တော့ မဟုတ်ဘူးကွယ်
မင်းကမ်းတဲ့ လက်တစ်စုံမို့..
ငရဲကြီး၈ထပ်ရဲ့ တံခါးဝ အစဆိုလည်း...
ငါနင်းဖြတ်လာမယ် မင်းသာဖြစ်နေပါစေ...

🔱

18/04/2023

"ဆုံးရှုံး တော့မယ့် အရာတစ်ခုကို,
မိုက်မိုက်မဲမဲ ပွေ့ဖက် ထားရတာမျိုး,
ကျွန်တော် ချစ်လိုက်တာ။"

#စစ်ငြိမ်း

Address

Yangon
Yangon

Website

Alerts

Be the first to know and let us send you an email when piece of box posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category