Creepy Vibe

Creepy Vibe Horror movie Review and Entertainment.

Scream 7‎‎ကျွန်တော်အကြိုက်ဆုံး horror franchise တစ်ခုဖြစ်တဲ့ scream 7 ကတော့ ထွက်လာခဲ့ပါပြီ။‎3 နှစ်ကြာပြီးမှ အသစ်ပြန်လည်ထ...
21/03/2026

Scream 7

‎ကျွန်တော်အကြိုက်ဆုံး horror franchise တစ်ခုဖြစ်တဲ့ scream 7 ကတော့ ထွက်လာခဲ့ပါပြီ။
‎3 နှစ်ကြာပြီးမှ အသစ်ပြန်လည်ထွက်ရှိလာတဲ့ Scream franchise ရဲ့ 7ကား‌ေမြာက်မှာတော့
‎မူရင်း director Kevin Williamsonပြန်လည်ရိုက်ကူးထားပြီးတော့ scream 4 အပြီးဇာတ်လမ်းကိုပြန်ချိတ်ထားပါတယ်။
‎No.5&6 က Wednesday actress တို့ညဖိမတွေအကြောင်းပြန်မပါဘဲ original storyline ကိုပြန်သွားထားတာတွေ့ရပါတယ်။

‎Review

‎ဒီကားကတော့ အရင်ကားတွေ‌ကိုလောက်မမှီပေမဲ့လဲ အနည်းဆုံးတော့သတ်တာဖြတ်တာတွေကတော်တော်လေးမိုက်နေပါတယ်။jumpscareတွေလဲပါပြီးတော့ ဒီကားတွေရဲ့အဓိကအနှစ်အရသာဖြစ်တဲ့ killerကိုလိုက်ခန့်မှန်းရတာလဲပျော်စရာပါပဲ။နောက်ဆုံးမှာလဲ ကိုယ်မထင်ထားတဲ့သူတွေဖြစ်နေတတ်ပါတယ်။
‎ဒီကားကအရင်No.1 ကားကို Reference တွေအများကြီးယူထားပြီး 1 တုန်းကရခဲ့တဲ့ vibeလေးတွေပြန်ရပါတယ်။

‎ဒီနှစ်ထဲကားကောင်းတွေနည်းနေချိန်မှာ ကြည့်ကိုကြည့်သင့်တဲ့ horror scary ကားတစ်ကားပါပဲ။

‎ဇာတ်လမ်းအကျဉ်း

‎အဓိကဇာတ်လိုက်ကြီး ဆစ်ဒနီပရက်စ်စကော့ ပြန်ပါ၀င်လာပြီးသူ့မိသာစုနဲ့ဖြစ်သွားချိန် မြို့ပြောင်းနေချိန်မှာတော့ သူ့သမီး Tatum ကိုလိုက်သတ်တာကနေစထားပါတယ်။
‎Scream 1 တုန်းက killer စတူးနဲ့ တစ်ခြားသူတွေပါပြန်လည်ခေါ်ပြထားတော့ အရင်scream 1 ကိုအမှတ်ရမိစေပါတယ်။
‎ခြုံပြောရရင် သတ်တာဖြတ်တာ Mystery တွေကြည့်ရတာကြိုက်ရင်တော့ကြည့်သင့်ပါတယ်။

‎🚨သွေးသံရဲရဲသတ်ဖြတ်တာတွေပါလို့ အသက်16နှစ်အောက်ကလေးတွေနဲ့ နှလုံးရောဂါရှိသူတွေမကြည့်သင့်ပါဘူး။

‎Personal Rating- 7/10
‎IMDb Rating-5.8/10
‎Tomatoes -31%
‎ကြာချိန်- 1hr54min

Movie ကြည့်မယ်ဆို ဒိTelegram channel join

https://t.me/creepyvibe20

‎First Impression‎‎Conjuring 4 full review ကတော့ videoလေးနဲ့သေချာထပ်လုပ်ပေးပါမယ်။‎ရုံမှာကြည့်ပြီးအခြေအနေပြောရရင်‎ကြည့်ရတ...
07/09/2025

‎First Impression

‎Conjuring 4 full review ကတော့ videoလေးနဲ့သေချာထပ်လုပ်ပေးပါမယ်။
‎ရုံမှာကြည့်ပြီးအခြေအနေပြောရရင်
‎ကြည့်ရတာတန်တဲ့ထဲပါပါတယ်။

‎ဒီနှစ်ထဲရုံတင် horrorကားကောင်းတွေနည်းတဲ့ချိန် horror fanတွေအနေနဲ့သွားကြာ့်သင့်တဲ့ကားပါ။

‎ဟိုနေ့ကပိုစ့်ထဲကလိုပဲ Character development ပိုင်းတွေအားကောင်းတာတွေ့ရတယ်။family ဦးစားပေးထားတာတွေ့ရတယ်။ဆိုတော့ ဒါလေးတွေကြောင့်အနည်းငယ်ပျင်းစရာကောင်းပေမဲ့လဲ ခြောက်တဲ့အခန်းတွေကတော့တကယ်တော်တော်မိုက်ပါတယ်။
‎အဆုံးသတ် လှလှလေးနဲ့ဇာတ်သိမ်းသွားတာလဲတွေ့ရလို့ ၀မ်းသာမလို၀မ်းနည်းမလိုလေးတော့ဟာတာတာလေးဖြစ်ပါတယ်။
‎Conjuring 1&2 vibeလေးတွေပြန်ရပါတယ်။
‎ဆိုတော့မကြည့်ရသေးရင် ချစ်ရခင်ရသူတွေနဲ့ ရုံတင်တုန်းလေး cinema vibeလေးနဲ့ပိုခံစားရတာကောင်းလို့ ကြည့်ဖို့တိုက်တွန်းပါတယ်။
‎Personal Rating -8.8/10


Goldwin review ကတော့5/5 ပါပေးထားပါတယ်။ဆိုတော့ကာ သူရဲ့ပြောတာအရ တော်တေယ်ကောင်းတယ် jumpscreတွေလဲပါမယ် ထင်တဲ့အချိန်တွေပါသလို...
04/09/2025

Goldwin review ကတော့5/5 ပါပေးထားပါတယ်။
ဆိုတော့ကာ သူရဲ့ပြောတာအရ တော်တေယ်ကောင်းတယ် jumpscreတွေလဲပါမယ် ထင်တဲ့အချိန်တွေပါသလိုsurpriseတွေလဲအများကြီးပါလာမယ်။
Character development ပိုင်းမှာသိသိသာသာကောင်းလာတာတွေ Warren family ကိုconjuring universeမှာနောက်ဆုံးအနေနဲ့တွေ့ရမယ်ဆိုလဲ နောက်ဆုံးပိတ်အိတ်နဲ့လွယ်တဲ့ကား ချုံပြောရင်တော့ ကောင်းတယ်ဆိုတဲ့သဘောပါပဲ။
ဆိုတော့ တကယ်ကောင်းမကောင်းကတော့မနက်ဖြန်ရုံတင်မှပဲစောင့်ကြည့်ရ‌မယ်။
ဘယ်သူတွေ ဦးဆုံးသွားကြည့်ကြမလဲဗျ။
ကြည့်ပြီးရင်reviewလေးတွေလာပြောကြပါဦး

ကျွန်တော်အကြိုက်ဆုံးသော Conjuring universe ရဲ့ ကားကတော့နောက်အပတ်ရုံတင်သွားဖို့ရှိပါတယ်။နောက်ဆုံးပိတ်အိတ်နဲ့လွယ်ဖြစ်မလားစ...
29/08/2025

ကျွန်တော်အကြိုက်ဆုံးသော Conjuring universe ရဲ့ ကားကတော့နောက်အပတ်ရုံတင်သွားဖို့ရှိပါတယ်။
နောက်ဆုံးပိတ်အိတ်နဲ့လွယ်ဖြစ်မလားစောင့်ကြည့်ရမယ်။
ပြီးတော့ ဇာတ်လမ်းကလဲထုံးစံအတိုင်း တကယ့်ဖြစ်ရပ်မှန်သရဲနှင်တာကိုရိုက်ပြထားတာပဲဖြစ်မှာဆိုတော့ အရင်ကားတွေနဲ့ကော ဘယ်လိုချိတ်ဆက်သွားမလဲဆိုတာစောင့်ကြည့်ရပါမယ်။


Sinners (2025)ဒီနှစ်ထဲကျွန်တော်စောင့်နေခဲ့တဲ့ ဒီကားကတော့ စောင့်ရတာနဲ့တန်လောက်အောင်ကို တော်တော်ကိုကြည့်လို့ကောင်းပါတယ်။ မ...
04/06/2025

Sinners (2025)

ဒီနှစ်ထဲကျွန်တော်စောင့်နေခဲ့တဲ့ ဒီကားကတော့ စောင့်ရတာနဲ့တန်လောက်အောင်ကို တော်တော်ကိုကြည့်လို့ကောင်းပါတယ်။
မတွေ့ရတာကြာပြီဖြစ်တဲ့ Horror vampire🦇 ကိုမှဇာတ်လမ်းဇာတ်အိမ်ကောင်းကောင်းလေးနဲ့ 2နာရီဘယ်လိုကုန်လို့ကုန်မှန်းမသိအောင် ဆွဲခေါ်သွားပါတယ်။
ကျွန်တော်တို့ပုံမှန်ကြည့်ဖူးနေကျ vampireကားတွေနဲ့ မတူဘဲရိုက်ပြထားပါတယ်။သူရဲ့vibeက From Series ထဲကပုံစံနဲ့တောင်အနည်းငယ်သွားဆင်‌ေနခဲ့ပါတယ်။ From ကြည့်ဖူးတဲ့သူတွေတော့ ခံစားရမယ်ထင်ပါတယ်။ အိမ်ထဲ၀င်မရဘဲ အပြင်ကစောင့်ပြီး စိတ်ကိုစွတာတွေ တချို့နေရာတွေသွားဆင်နေပါတယ်။
Castတွေကလဲ လုံး၀နာမည်ကြီးတွေထည့်ထားပြီးတော့
Michael B Jordan ရဲ့ နှစ်ကိုယ်ကွဲသရုပ်ဆောင်ချက်တွေတော်တော်လေးမိုက်ပါတယ်။
Actressကလဲ Hailee Steinfeld ကပါ၀င်အားဖြည့်ထားပါတယ်။


ဇာတ်လမ်းအကျဉ်း

Smoke and stark အမွှာညီကိုနှစ်ယောက်က ချီကာဂိုကနေ မွေးရပ်မြေပြန်လာကြပြီး bar Restaurant လေးဖွင့်ဖို့ပြင်ဆင်တာကနေစထားတယ်။ဆိုတော့ လိုအက်တာတွေစု လူတွေစု‌နဲ့ ဆိုင်ဖွင့်ပွဲပါတီညလေးလုပ်ကြတဲ့အခါမှာ မထင်မှတ်ဘဲ vampireတွေ ရောက်လာတဲ့အခါမှာတော့ ဘယ်လိုတွေဆက်ဖြစ်ကြမလဲ ကြည့်ရှုရမှာပါ။

IMDb 7.9/10
Rotten Tomatoes 97% ထိရရှိထားတာမို့လို့ လုံး၀ကိုကြည့်ရတာတန်တဲ့ကားပါ။
Personal Rating -8/10
‼️တချို့အခန်းတွေ 18+စကားသုံးနှုန်းတာတွေ အနည်းငယ်ပါလို့ မိသားစုနဲ့ကြည့်လို့တော့မပြေပါဘူး
တချို့တွေကတော့ Michael B.Jordanကို Oscarတွေပါမှန်းတဲ့ထိရှိနေကြပြီ။

Conjuring 4 Trailer breakdown မကြာခင်လုပ်ပေးဖို့ရှိပါတယ်။
13/05/2025

Conjuring 4 Trailer breakdown မကြာခင်လုပ်ပေးဖို့ရှိပါတယ်။


2013ကတောင် ကြည့်ရအဆင်ပြေသေး2025 ကြီးက ဘာရုပ်ကြီးဖြစ်နေမှန်းမသိဘူး😂
11/05/2025

2013ကတောင် ကြည့်ရအဆင်ပြေသေး
2025 ကြီးက ဘာရုပ်ကြီးဖြစ်နေမှန်းမသိဘူး😂

Final Destination ရဲ့ Marketingကတော့သွားရှုပ်လို့မရဘူး။လမ်းသွားလမ်းလာတွေပါ စိတ်ဒုက္ခပေးတာPosterမှာ အလုပ်သမားတွဲလောင်းကျန...
11/05/2025

Final Destination ရဲ့ Marketingကတော့သွားရှုပ်လို့မရဘူး။

လမ်းသွားလမ်းလာတွေပါ စိတ်ဒုက္ခပေးတာ
Posterမှာ အလုပ်သမားတွဲလောင်းကျနေတာကိုတကာ်ထင်နေကြတဲ့သူတွေက ဖုန်းတွေဆက်‌ပြီး ပြာယာတွေခပ်🤣🤣

ဒီလ 16ရက်နေ့ရုံတင်မှာဆိုတော့ ကြည့်လို့ရပြီ။

08/05/2025

𝗧𝗵𝗲 𝗖𝗼𝗻𝗷𝘂𝗿𝗶𝗻𝗴 4: 𝗟𝗮𝘀𝘁 𝗥𝗶𝘁𝗲𝘀 𝗢𝗳𝗳𝗶𝗰𝗶𝗮𝗹 𝗧𝗿𝗮𝗶𝗹𝗲𝗿

ဒီနှစ်ထဲ ကျွန်တော်မျှော်လင့်နေခဲ့တဲ့ Conjuring final ကားလေးကတော့ Trailerမှာတင် တော်တော်လေးမိုက်နေပါတယ်။အပိတ်ကားလေးကိုလဲအကောင်းဆုံးတင်ဆက်သွားလိမ့်မယ်လို့မျှော်လင့်မိပါတယ်။

ခုကား Last Rites ကို Conjuring 3 နဲ့ The Nun 2 ကို
ရိုက်ကူးပေးခဲ့တဲ့ ဒါရိုက်တာက Michael Chaves
ကပဲ ရိုက်ကူးပေးထားတာပါ။
1986 ခုနှစ်မှာ ဇာတ်အိမ်တည်ထားပြီး Warren
ဇနီးမောင်နှံရဲ့ true eventအပနှင်ခြင်း ကိုရိုက်ပြထားတာပါ။

ဒီနှစ် September 5 မှာ ရုံတင်ပြသသွားမှာဖြစ်ပါတယ်။

Disclaimer:No COPYRIGHT infringement intended. For entertainment purposes only.I do not own the VIDEO and MUSIC.All rights and credits go to rightful owner.


သူက်ြန်ပိတ်ရက်ထဲမှာ ကြည့်လို့ရအောင်ကားဟောင်းလေးတွေဖြစ်တဲ့ Final Destination 1-5 ပြန်ကြည့်လို့ရအောင်တင်ပေးထားပါမယ်။မကြာခင...
15/04/2025

သူက်ြန်ပိတ်ရက်ထဲမှာ ကြည့်လို့ရအောင်ကားဟောင်းလေးတွေဖြစ်တဲ့ Final Destination 1-5 ပြန်ကြည့်လို့ရအောင်တင်ပေးထားပါမယ်။မကြာခင် bloodline ကားသစ်ထွက်မှာဖြစ်လို့ အပျင်းပြေပြန်ကြည့်ထားလို့ရပါတယ်။ဆက်စပ်မှုရှိမရှိတော့ ထွက်လာမှကြည့်ရမှာပဲဖြစ်ပါတယ်။

Tele channel joinချင်သူများ channel linkလာယူလို့ရပါတယ်။

The Monkey (2025). Fail❌ဒီနှစ်ထဲမျှော်နေခဲ့တဲ့ ဗုံတီးတဲ့မျောက်ကားကတော့ တော်တော်failတယ်ပြောရမယ်။ဇာတ်လမ်းဇာတ်အိမ်က သေချာမပ...
11/04/2025

The Monkey (2025). Fail❌

ဒီနှစ်ထဲမျှော်နေခဲ့တဲ့ ဗုံတီးတဲ့မျောက်ကားကတော့ တော်တော်failတယ်ပြောရမယ်။ဇာတ်လမ်းဇာတ်အိမ်က သေချာမပြတော့ဘယ်လိုမှလက်ခံလို့မရဘူး။Creepy thriller ဖြစ်တဲ့ လူသတ်ခံရတဲ့အခန်းတွေကလွဲလို့တစ်ကားလုံးပျင်းစရာကြီးဗျာ။ဆိုတော့အချိန်ကုန်မယ့်တူတူ မကြည့်တာပိုကောင်းပါတယ်။

Address

Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00

Telephone

+959785164077

Website

Alerts

Be the first to know and let us send you an email when Creepy Vibe posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share