Myanmar Artist's Entertainment

Myanmar Artist's Entertainment Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Myanmar Artist's Entertainment, Arts and entertainment, Yangon.

Myanmar Artist's Entertainmentဖျော်ဖြေရေးချန်
နယ်သည်အစီအစဉ်များကိုအစဉ်အမြဲဆန်းသစ်နေ
စေရန်နှင့်ကြည့်ရှုအားပေးသူများအနေဖြင့်ကျေနပ်
အားရမှုရှိစေရန်ကြိုးပမ်းအားထုတ်နေပါသည်။
MA Entertainmentဝိုင်းတော်သားများသည်ကြည့်
ရှုသူများ၏စိတ်နှလုံးရွှင်ပြုံးပျော်ရွှင်မှုကိုအလေး
အနက်ထားပါသည်။
ကြည့်ရှုသူများကိုယ်တိုင်ပါဝင်တင်ဆက်နိုင်မည့်
အစီအစဉ်သစ်များကိုလည်းကြံဆလျက်ရှိပါသည်။
ကြည့်ရှုအားပေးမှုကိုအထူးကျေးဇူးတင်ရှိပါသ

ည်။
အမှုဆောင်အဖွဲ့
MA Entertainment

01/10/2021
ဒေါသမာန်ပြင်းတိမ်ဝဠာ  ပြိုးပြိုးပြက်နှင့်ထိုးထွက်မယ့်  ဟန်တွေပြင်။မာန်ဆင်လို့  ထစ်ကာချုန်းတော့စုရုံးလို့  လျှပ်ရောင်ထင်။...
27/09/2021

ဒေါသမာန်ပြင်း

တိမ်ဝဠာ ပြိုးပြိုးပြက်နှင့်
ထိုးထွက်မယ့် ဟန်တွေပြင်။
မာန်ဆင်လို့ ထစ်ကာချုန်းတော့
စုရုံးလို့ လျှပ်ရောင်ထင်။
ဒေါမာန်ဟုန် မြည်သံပင်
အင်အားကုန် အစွမ်းပြ
လှမ်းကြွမည်လား။
အနောက်တောင် ရပ်ဝန်းဆီက
လျှပ်တန်းတွေ ရောင်ဝါထလို့ရယ်
လျှမ်းခြုံမှ ငြှိုးပြေရော့မယ်
ဖြေလျော့သူ့အား။ ။
အက္ခရာ(လယ်ဝေး)

ဘဝတန်ဖိုးဘဝဟူသည်မတည်ထာဝရ  နိစ္စမရှိအရှိအပျက်  အခက်အလွယ်အကျယ်အကျဉ်း  အလင်းအမှောင်တောင်မြောက်ဝဲယာ  တွဲစပ်ကာဖြင့်မာယာဖွဲ့သိ...
24/09/2021

ဘဝတန်ဖိုး

ဘဝဟူသည်
မတည်ထာဝရ နိစ္စမရှိ
အရှိအပျက် အခက်အလွယ်
အကျယ်အကျဉ်း အလင်းအမှောင်
တောင်မြောက်ဝဲယာ တွဲစပ်ကာဖြင့်
မာယာဖွဲ့သို့ ဒွိစုံဖို့၏။
လူ့သဘာဝ ထွေပြားလှဘိ
ဘဝမွေ့ချော သာယာနှောက
မောသည်မရှိ ချမ်းသာပြည့်သို့
အတိဒုက္ခ မေ့နိုင်ကြလည်း
သောကလွယ်မွေ့ ဆင်းရဲတွေ့မူ
အရွေ့မဟန် စည်းမမှန်နှင့်
တင်းခံနိုင်သည့် အားမရှိကြ
သတ္တိမဲ့လျင်း သိစိတ်ကင်း၏။
ဆင်းရဲချမ်းသာ ဓမ္မတာကို
ဉာဏ်လွှာဆချင့် တွေးယှဉ်သင့်စွ
အမြင့်ကြုံလည်း ဂုဏ်နှင့်အညီ
စံမီလျှောက်ပတ် အနေတတ်၍
ယှဉ်လတ်နိမ့်ခါ ဉာဏ်ဆင့်ဖြာလျက်
လျော်စွာတောင့်ခံ အတွေးမှန်ဖြင့်
ရုန်းကန်ကျော်မှ လူ့ဘဝလျှင်
မုချမြတ်၏ ဆိုနိုင်ဘိ။
စဉ်းစားတွေးကြည့် ချိန်ပါဘိ။ ။

ကြည်သိန်းဇော်

18/09/2021

__ကမ္ဘာကျော်ရုပ်ပုံလွှာ__

ဟင်နရီဒူးနန့် အပိုင်း(၁)

ဘာသာပြန်ဆိုသူ~ဇင်မျိုး

နောက်ခံအသံနှင့်~မောင်အောင်သင်း
တည်းဖြတ်

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Myanmar Artist's Entertainment posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Establishment

Send a message to Myanmar Artist's Entertainment:

Share