07/04/2026
"ပေါက်တတ်ကရ ဂီတ ၇"
ရင်ဂို ကံကောင်းခြင်း အခွေထွက်တော့
ကျွန်တော်က ဗဒင် နေရာ အခွေ ပဲ ဝယ်ခဲ့မိတယ်
နောက်တော့ ရင်ဂို အခွေ ဝယ်မယ်ဆိုပြီး စိတ်ကူးနဲ့ သွားခဲ့ပေမဲ့
တကယ် ဝယ်လာဖြစ်ခဲ့ပြန်တာက
ဘီလီထွန်း သက္ကရာဇ်ရထား ဖြစ်နေပြန်ရော
အမှန်ပြောရရင် ကံကောင်းခြင်း က ပေါက်တယ်ဆိုပေမဲ့ ကျွန်တော်က သိပ်မကြိုက်သေးတာလဲပါပါတယ်
(ဖြစ်ချင်တော့ ကျွန်တော် ဝင်သွားမိတဲ့ဆိုင်က KISS တေးသံသွင်း ဖြစ်နေတာလဲ ပါသွားတာပေါ့လေ)
ရင်ဂို ကို တကယ်ကြိုက်မိသွားတာက ဒဏ်ရာဝတ်စုံ အခွေ ထွက်တော့မှာ
နာရီ မိနစ် စက္ကန့် မလစ် အဖွင့်နဲ့ ကို အသေကြွေတာ
ဘာရယ် မဟုတ်ပါဘူး ခုရက်ပိုင်း
ရင်ဂို ရဲ့ ကိုယ်ပိုင် သံစဥ် အခွေ ခံစားခွင့် တခွေလုံး repeat နားထောင်ရင်း
စိတ်ထဲ ပေါ်လာတာလေး ချရေးမိတဲ့ ပေါက်တတ်ကရလေးပါ
ရင်ဂို ရဲ့ သီချင်း ထဲ က တပုဒ်ပဲ ရွေးပါဆိုလာရင်တော့
လူတွေ သိပ်မကြိုက်လောက်တဲ့
သေမင်းလက်မှတ် ကိုရွေးမှာပါ
(ကန္တာရ ကဖေး အခွေထဲကပါ)