Nga Doh - ငါတို့

Nga Doh - ငါတို့ visit our instagram page

🔥 For Sale ဦးလွှမ်းမိုးရဲ့ ''မနှင်းဆီ'' သီချင်းကို ခံစား၍ ပန်းချီရေးထားခြင်းဖြစ်ပါတယ်။Title - မခင်နှင်းဆီSize - 12'' x ...
20/08/2022

🔥 For Sale

ဦးလွှမ်းမိုးရဲ့ ''မနှင်းဆီ'' သီချင်းကို ခံစား၍ ပန်းချီရေးထားခြင်းဖြစ်ပါတယ်။

Title - မခင်နှင်းဆီ
Size - 12'' x 10''
Medium - AC on Canvas
Artist - LwinKo
Price - 100,000 MMK

🔥 for saleTitle – Midnight ThoughtsMedium – Acrylic on CanvasSize – 1.5’ x 2’Artist - Alva 250,000 MMK per piece Availab...
15/08/2022

🔥 for sale

Title – Midnight Thoughts
Medium – Acrylic on Canvas
Size – 1.5’ x 2’
Artist - Alva

250,000 MMK per piece
Available for Collection

📍 ရောင်းရငွေ၏ 80 % နှုန်းကို မြန်မာပြည်၏ လိုအပ်သောနေရာများသို့ ပြန်လည်လှူဒါန်းသွားပါမည်။

🔥 FOR SALE Title      - OctoCoSize       - 15.5'' x 15.5''Medium - Acrylic on CanvasArtist     - Lwin KoPrice      - 250...
13/08/2022

🔥 FOR SALE

Title - OctoCo
Size - 15.5'' x 15.5''
Medium - Acrylic on Canvas
Artist - Lwin Ko
Price - 250,000 MMK (Frame Included)

📍 ပန်းချီကားရောင်းရငွေ၏ ၈၀ % ကို ပြန်လည်လှူတန်းမည် ဖြစ်ပါသည်။

04/08/2022

Installation Art by May Thu Khine ❤️

ဒီ  #ငါတို့ ပေ့ခ်ျပေါ်မှာ၁၊ ဩဂုတ်က စလို့လူငယ်၊လူသစ်တွေရဲ့ ရင်ထဲရှိနေတာတွေကို၊သူတို့စိတ်ကူးတွေကို သူတို့လက်နဲ့ အနုပညာလက်ရ...
02/08/2022

ဒီ #ငါတို့ ပေ့ခ်ျပေါ်မှာ
၁၊ ဩဂုတ်က စလို့
လူငယ်၊လူသစ်တွေရဲ့ ရင်ထဲရှိနေတာတွေကို၊
သူတို့စိတ်ကူးတွေကို သူတို့လက်နဲ့
အနုပညာလက်ရာလေးတွေအဖြစ် ဖန်တီး
မျှဝေပြ နေပါတယ်

၁ရက် လျှင် ၂ဦး နှုန်းနဲ့ အလှည့်ကြ
ပြနေတာမို့လို့
အချိန်ရတဲ့အခါ မိတ်ဆွေများ
ဝင်ကြည့်နိုင်ဖို့ သတင်းစကား ပါးတာပါ။

"Nga Doh - ငါတို့" page ဟာ instagram ပေါ်မှာလဲ ရောက်ရှိလို့နေပါပြီ။ Artist တွေ ရဲ့ လက်ရာအသစ်တွေကို ပြပွဲပြီးသွားတဲ့အခါတွ...
01/08/2022

"Nga Doh - ငါတို့" page ဟာ instagram ပေါ်မှာလဲ ရောက်ရှိလို့နေပါပြီ။ Artist တွေ ရဲ့ လက်ရာအသစ်တွေကို ပြပွဲပြီးသွားတဲ့အခါတွေမှာလည်း တလှည့်စီပုံမှန်တင်သွားပေးမှာဖြစ်လို့ follow လုပ်ပေးထားကြပါဦး ခင်ဗျား။

instagram:

26/07/2022

• ပြပွဲရက် ရွှေ့ဆိုင်းခြင်း •

ဒီနေ့မှာ "Nga Doh - ငါတို့" ရဲ့ Rendezvous ဆိုတဲ့ ပြပွဲကို စတင်ပြသဖို့ စီစဥ်ထားခဲ့ပါတယ်။ ကျွန်တော်တို့ အဖွဲ့သားတွေ အားလုံး ဆုံစည်းခဲ့ကြတဲ့ ၃ နှစ်ပြည့် အထိမ်းအမှတ်နေ့လဲ ဖြစ်သလို ... ပွဲအမည်ကိုလဲ ဆုံစည်းရာဆိုပြီး ပြင်သစ်အမည်ပေးခဲ့ကြပါတယ်။

ကျွန်တော်တို့ ရည်ရွယ်ထားတာကတော့ အခုလို ခက်ခဲတဲ့ကာလတွေမှာ ကျွန်တော်တို့စိတ်ထဲကနေ ရုန်းကန်ပွင့်ထွက်လာတဲ့ ခံစားချက်နဲ့ အတွေးအမြင်တွေကို မျှဝေနိုင်ဖို့၊ မှတ်တမ်းတင်နိုင်ဖို့ ဖြစ်သော်ငြားလည်းပဲ အားလုံးသိတဲ့အတိုင်း ဝမ်းနည်းပူဆွေးစရာကိစ္စရပ်တွေဟာ ဖြစ်ပေါ်လာခဲ့ပါတယ်။

"Nga Doh - ငါတို့" ရဲ့ artist တွေဆိုရင်လည်း စိတ်ဖိစီးမှုတွေကြောင့် သည်ရက်ပိုင်းတွေမှာ ပွဲကိုတက်ကြွစွာ ပါဝင်နိုင်ခြင်းမရှိတော့ပါဘူး။ ဒါ့အပြင် မမျှော်လင့်တဲ့ ကြေကွဲစရာအခြေအနေအရပ်ရပ်ကို စာနာနားလည်သောအားဖြင့် Rendezvous ပြပွဲရက်ကို သြဂုတ်လ ၁ ရက်၊ ၂၀၂၂ ခုနှစ်သို့ ​ရွှေ့ပြောင်းပြသသွားမည်ဖြစ်ကြောင်း သတင်းစကားပါးလိုက်ရပါတယ်။



24/07/2022

Artist Shun Lae Yi Aung ရဲ့ Video artwork ကို "Nga Doh" ရဲ့ ပရိတ်သတ်တွေ ခံစားနိုင်ဖို့ တင်ပေးလိုက်ပါတယ်။

Artist ဟာ ဒီ video ကို Soca Program #4 ပွဲမှာ တင်ဆက်ပြသခဲ့ဖူးပါတယ်။ အခုတော့ Artist ရဲ့ လက်ရာကို "Nga Doh" ကနေ featured လုပ်ပေးလိုက်ပါတယ်။

Enjoy!

Artist Shun Lae Yi Aung ကတော့ "Nga Doh - ငါတို့" ထဲမှာ အနုပညာခံစားမှုနဲ့ ဝေဖန်ပိုင်းခြားရှုမြင်မှုမှာ အားသန်တဲ့ artist တ...
19/07/2022

Artist Shun Lae Yi Aung ကတော့ "Nga Doh - ငါတို့" ထဲမှာ အနုပညာခံစားမှုနဲ့ ဝေဖန်ပိုင်းခြားရှုမြင်မှုမှာ အားသန်တဲ့ artist တစ်ယောက်ပဲဖြစ်ပါတယ်။ လူငယ်တစ်ယောက်ရဲ့ စိတ်အားထက်သန်မှုနဲ့ အတွေးအာရုံတွေကို သူ့ရဲ့လက်ရာတွေထဲမှာ မြင်ရနိုင်ပါတယ်။ သူ interview ကို ဘယ်လိုဖြေထားလဲဆိုတာလေးကို ကြည့်ရအောင်ဗျာ။

(၁) ဘယ်လိုကြောင့် ပန်းချီစဆွဲဖြစ်တာလဲ။ ဘ၀မှာ ပန်းချီကဘယ်လောက်ထိ အရေးပါသလဲ။
အကြောင်းအရာအသစ်တွေက်ိုလေ့လာရတာ
ကြိုက်နှစ်သက်တဲ့အတွက် ဘာသာစကားတွေ လေ့လာပြီး နောက်တစ်ဆင့်အနေနဲ့
ပန်းချီဖက်ကိုလှည့်မိတယ် ပန်းချီက
အရာအားလုံးရဲ့အခြေခံဖြစ်တယ်လို့ခံစားမိတာကြောင့်လည်းပါမယ်
အဲ့ဒါကြောင့်ပဲ 2018 New Zero မှာစတင်
လေ့လာဖြစ်ခဲ့ပါတယ်
လေ့လာလို့မကုန်နိုင်တဲ့အကြောင်းအရာသစ်
တွေ အများကြီးရှိနေလို့ ဘဝအတွက်
တော်တော်လေးအရေးပါတယ်လို့ ဆိုရမှာပါ


(၂) ဘယ်လိုပန်းချီတွေကို ခံစားကြည့်ရှုရတာကြိုက်ပြီးဘယ်လိုပန်းချီကို ဖန်တီးချင်တာလဲ။

ကိုယ့်ကို အတွေးတစ်ခုခုရစေတဲ့ Concept
ပါတဲ့ကားမျိုးကိုကြိုက်ပါတယ်
ဖန်တီးမှုပိုင်းကိုတော့ မကန့်သတ်ထားဘူး
စိတ်ထဲရှိတဲ့အတိုင်း လုပ်မယ် ဖြစ်ချင်ရာဖြစ်ပါပဲ

(၃) ဘယ် ပန်းချီဆရာတွေကို နှစ်သက်သလဲ။

ကြိုက်တဲ့ဆရာတွေကတော့ အများကြီးပါ
နိုင်ငံတကာအနေနဲ့ဆိုရင်တော့ Kandinsky,
Jackson Po***ck, Takashi Murakamiနဲ့
Chiho Aoshima တို့ကိုကြိုက်တယ်
ပြည်တွင်းမှာတော့ ဆရာအေးကို၊ဆရာမင်းဝေအောင်၊ဆရာခင်ဇော်လတ်တို့ကိုကြိုက်ပါတယ်


(၄) အခုလက်ရှိရော ပန်းချီနဲ့ပတ်သက်လို့ ဘာလုပ်ဖြစ်နေလဲ။ အရင်ကရော ဘယ်လိုအနုပညာနဲ့ပတ်သက်တဲ့လှုပ်ရှားမှုတွေရှိခဲ့လဲ။

ဒီတလောမှာတော့ ခံစားမှုအားကောင်းနေလို့
ပန်းချီပြပွဲတွေပဲ လိုက်ကြည့်ခံစားပါအုံးမယ်
လှုပ်ရှားမှုအနေနဲ့ကတော့
New Zero Art Space 11th Batch Exihition နဲ့ Soca Program #4 မှာ ပါဝင်ခဲ့ဖူးပါတယ်

(၅) ရှေ့ဆက်ပြီးတော့ရော Artist တစ်ယောက်အနေနဲ့ ဘာလှုပ်ရှားမှုတွေရှိလာမလဲ။

ပြီးခဲ့တဲ့နှစ်တွေမှာပန်းချီနဲ့ အလှမ်းဝေးခဲ့လို့
ပြန်အားစိုက်လုပ်ဖြစ်မယ်
နှစ်ကုန်ပိုင်းထဲမှာတော့ Group Show တစ်ခုလုပ်ဖို့ စီစဥ်ထားပါတယ်။



သူကတော့ "Nga Doh - ငါတို့" ရဲ့ ပန်းချီကို အရိုးရှင်းဆုံး ရင်ထဲကအရှိအတိုင်း ချဥ်းကပ်ခဲ့တဲ့ Artist Shwe Poe Eain ဖြစ်ပါတယ်...
17/07/2022

သူကတော့ "Nga Doh - ငါတို့" ရဲ့ ပန်းချီကို အရိုးရှင်းဆုံး ရင်ထဲကအရှိအတိုင်း ချဥ်းကပ်ခဲ့တဲ့ Artist Shwe Poe Eain ဖြစ်ပါတယ်။ သူ့ပန်းချီတွေထဲမှာ အမျိုးသမီးငယ်လေးတစ်ယောက်ရဲ့ စိတ်ပါဝင်စားမှုနဲ့ မြတ်နိုးတဲ့အရာတွေကိုလဲ တွေ့မြင်ရမှာ ဖြစ်ပါတယ်။ artist interview နဲ့ လက်ရာတွေကို ဆက်လက်ကြည့်ရှုကြရအောင်ပါ။

(1) ဘယ်လိုကြောင့် ပန်းချီစဆွဲဖြစ်တာလဲ။ ဘဝမှာ ပန်းချီက ဘယ်လောက်ထိ အရေးပါသလဲ။

ပန်းချီရယ်လို့မသိခင် ငယ်ငယ်လေးကတည်းက ပုံတွေလျှောက်ဆွဲရတာ၊အရောင်တွေခြယ်ရတာအရမ်းသဘောကျခဲ့တာလေ ။
2018ကုန်ခါနီး New Zero ရောက်မှပန်းချီသင်တန်းဆိုတာမျိုးကို စjoinခဲ့ဖူးတာပါ။အဲဒီရောက်မှ ပန်းချီအကြောင်းနည်းနည်းသိလာပြီး သေချာစဆွဲဖြစ်ခဲ့ပါတယ်။
ရွှေပိုးအတွက် ပန်းချီကစိတ်ခံစားမှုအရ တော်တော်လေး အရေးပါတယ်။ဆွဲချင်တဲ့အချိန်ကောက်ဆွဲလိုက်တာပဲ ။စိတ်ထွက်ပေါက်တစ်ခုဖြစ်ပြီး ဝါသနာတစ်ခုဆိုလည်း မမှားပါဘူး။

(2) ဘယ်လိုပန်းချီတွေကို ခံစားကြည့်ရှုရတာကြိုက်ပြီး ဘယ်လိုပန်းချီကို ဖန်တီးချင်တာလဲ။

ပန်းချီကားအကုန်လုံးနီးပါးကိုကြိုက်တယ်။ကားတိုင်းသူ့ ရသ နဲ့ သူရှိတာကိုး။ အထူးသဖြင့် Realism နဲ့ abstract တွေကိုကြိုက်တယ်။ ကိုယ်ပြောချင်တဲ့အကြောင်းအရာကို ပန်းချီကားထဲက အစိတ်အပိုင်းတွေအားလုံးပေါင်းပြီးမှ သိနိုင်မယ့် ကြည့်ရှုသူနဲ့ ပန်ချီကား နှစ်ဦးနှစ်ဖက် နားလည်ဆက်သွယ် နိုင်တဲ့ အဲ့လိုခံစားမှာရှိတဲ့ပန်းချီကားတွေ ဖန်တီးချင်တယ်

(3) ဘယ်ပန်းချီဆရာတွေကို ကြိုက်နှစ်သက်လဲ။

Local Artists တွေရော International artists တွေရော တော်တော်များများကိုသဘောကျပါတယ်(အများကြီးတော့ သိပ်မ‌သိသေးပေမယ့်ပေါ့)။
အခုတလော Pop-Art ရေးတဲ့ Artists တွေကိုပိုသဘောကျနေမိတယ်။

(4) အခုလက်ရှိရော ပန်းချီနဲ့ပတ်သက်လို့ ဘာလုပ်ဖြစ်နေလဲ။အရင်ကရော ဘယ်လို အနုပညာနဲ့ပတ်သက်တဲ့ လှုပ်ရှားမှုတွေရှိခဲ့လဲ ။

ဒီကာလတွေမှာ ပန်းချီနဲ့ အဆက်သွယ်ပြတ်နေတာ တော်တော်ကြာခဲ့ပြီ ။ အချိတ်အဆက်မိအောင် တော်တော်ပြန်ကြိုးစားရဦးမယ်။ အခုလက်ရှိတော့ Nga Doh group လေးရဲ့ တစ်ထောင့်တစ်နေရာကနေ ပါဝင်နိုင်အောင် ကြိုးစားနေပါတယ်။ 2018တုန်းကတော့ New Zero Art Space ရဲ့ သင်တန်းဆင်းပွဲမှာ ပါဝင်ခဲ့ပါတယ်။ဒုတိယအကြိမ်အနေနဲ့ကတော့ New Zero ကပြုလုပ်တဲ့ 2020 Online Divergence ပွဲမှာ ပါဝင်ခဲ့ဖူးပါတယ်။

(5) ရှေ့ဆက်ပြီးတော့ရော ပန်းချီ artist အနေနဲ့ ဘာလှုပ်ရှားမှုတွေရှိလာမလဲ။

ရှေ့လျှောက် ပန်းချီနဲ့ပက်သက်တဲ့ မသိသေးတဲ့အရာတွေ၊ မသုံးဖူးသေးတဲ့ medium တွေ style တွေကို ဆက်ပြီး လေ့လာရင်း ပန်းချီကားတွေ ရေးသွားမှာပါ။အခါအခွင့်သင့်လျှင်သင့်သလို group လိုက်ပွဲလေးတွေမှာ ပါနိုင်အောင် တတ်နိုင်သလောက် ကြိုးစားသွားမှာပါ



Artist Zaw Aung ပါ ခင်ဗျ။ still life, landscape နဲ့ portrait ရေးဆွဲရတာကို ချစ်တဲ့သူတစ်ယောက်လဲ ဖြစ်ပါတယ်။ ဖြေးဖြေးနဲ့မှန်...
17/07/2022

Artist Zaw Aung ပါ ခင်ဗျ။ still life, landscape နဲ့ portrait ရေးဆွဲရတာကို ချစ်တဲ့သူတစ်ယောက်လဲ ဖြစ်ပါတယ်။ ဖြေးဖြေးနဲ့မှန်မှန် ခံစားရေးဆွဲလေ့ရှိပြီး ပေါ့ပါးလွတ်လပ်တဲ့ ဟန်ပန်မျိုးကို အသုံးပြုဖော်ပြလေ့ရှိသူပါ။ artist portfolio ကတော့ အောက်မှာပါ။

(1) ဘယ်လိုကြောင့် ပန်းချီစဆွဲဖြစ်တာလဲ။ ဘဝမှာ ပန်းချီက ဘယ်လောက်ထိ အရေးပါသလဲ။

သေချာပြောရရင် ကလေးဘဝတည်းကဆွဲတယ် စပီးစိတ်ဝင်စားလာတာကတော့ ၇တန်းလောက်မှာပေါ့ လူပုံတွေရေးဖြစ်တယ် ကိုသိတဲ့သူတွေရဲ့ပုံတွေလျှောက်ရေးတယ် ပိုပီးရေးဖြစ်ဖို့အကြောင်းဖန်လာတာကတော့ သူငယ်ချင်းတစ်ယောက်ကြောင့်ပါ သူက ကနုတ်ရေးတာအရမ်းကောင်းတယ် အဲ့ခေတ်တုန်းက ကူးပီးရေးစရာလဲသိပ်မရှိပါဘူး ပိုက်ဆံမှာပါတဲ့ ကနုတ်တွေကိုသူကရေးတာများတယ် လက်ရာလဲကောင်းတယ် သူက ကနုတ်တစ်ပုံကိုတွေ့ရင် သေချာစူးစိုက်ကြည့်တတ်တယ် ပီးရင်အလွတ်ပြန်ရေးပြနိုင်တယ် အဲ့ချိန်တည်းက သူရေးတာ သူဘယ်လိုမှတ်တယ်ဆိုတာကိုသဘောကျတယ် ကိုယ်တိုင်လဲ လျှောက်ရေးနေခါစဆိုတော့ အပေါင်းအသင်းဖြစ်လာတော့တာပါပဲ ဘယ်လိုသူမှတ်သားထားလို့ အလွတ်ပြန်ရေးနိုင်တယ် မှတ်မိအောင်ဘယ်လိုမှတ်သလဲဆိုတာကအစပေါ့ မေးတယ် ကျွန်တော်လဲ စမ်းလုပ်ဖြစ်တယ် အဲ့လိုနဲ့စခဲ့ဖြစ်ပါတယ် ရယ်စရာပြောရရင်တော့ အဲ့ဒီအချိန်က လက်မောင်းမှာ ဘော့ပင်နဲ့ကနုတ်ရေးထားသူဆိုရင်တောင် စော်ကြည်သလိုလိုဗျ ကျွန်တော်လဲ သူငယ်ချင်းတွေကို ရေးပေးဖြစ်တယ် အိမ်မှာလဲ ကို့လက်ကိုယ် ပြန်ရေးရင်းလေ့ကျင့်သလိုဖြစ်ခဲ့တာပေါ့ သူငယ်ချင်းတွေကလဲ အဲ့တုန်းက သူတို့လက်မှာရေးပေးရင် ငါးဆယ်ပေးတယ်ဗျ မုန့်ကျွေးတာတို့ အရေးတယူဆက်ဆံတာမျိုးတို့ရှိတာပေါ့ဗျာ ကလေးဘဝဆိုတော့ ပြန်တွေးလဲပျော်စရာပါပဲ ဒီလိုနဲ့ပဲ အစပြုခဲ့တာပါ။
ဘဝမှာပန်းချီက ဘယ်လောက်အရေးပါလဲဆိုရင်တော့ ပန်းချီဆိုတာ ဘာသာစကားတစ်ခုလိုပါပဲ လူမျိုးခြားပဲဖြစ်ဖြစ် ကိုးကိုယ်ရာ ဘာသာမတူတာပဲဖြစ်ဖြစ် နောက်ဆုံး တစ်ဦးနဲ့တစ်ဦးနားလည်အောင်ပြောပြဖို့ ဘာသာစကားမတူတာပဲ​ြဖစ်နေပါစေဗျာ ပန်းချီဆိုတာ အဲ့တာတွေရဲ့ အပြင်ဘက်မှာရှိနေတဲ့ ကမ္ဘာသုံးစကားလို့မြင်ပါတယ် ဒါကြောင့် ပန်းချီဆိုတာ ကျွန်တော်မှ မဟုတ်ပါဘူး လူတိုင်း နားလည်သင့်တယ် လူတိုင်း အလေးထားသင့်တယ်လို့ မြင်ပါတယ် ပန်းချီဆိုတာ ကျွန်တော့်အတွက်တင်မကဘူး လူတိုင်းအတွက်အရေးပါပါတယ်။

(2) ဘယ်လိုပန်းချီတွေကို ခံစားကြည့်ရှုရတာကြိုက်ပြီး ဘယ်လိုပန်းချီကို ဖန်တီးချင်တာလဲ။

ဘယ်ပန်းချီမဆိုကြိုက်ပါတယ် ပန်းချီကားတစ်ချပ်ဖြစ်လာဖို့ဆိုတာ ဖန်တီးသူကိုယ်တိုင်က အများကြီးလေ့ကျင့်ပြီးမှ ရနိုင်တာမျိုးပါ အကုန်လုံးကို လေးစားရမှာဖြစ်သလို အကုန်လဲ​ြကိုက်ပါတယ် ဖန်တီးချင်တာသီးသန့်တော့ မထားချင်ပါဘူး အရင်ကဆို ပန်းချီရေးမယ်ဆိုရင် ငါဘာရေးရင်ကောင်းမလဲ ဘယ်လိုရေးရမလဲ ကောင်းရောကောင်းပါ့မလား စသည့်ဖြင့်အများကြီး စဥ်းစားမိတယ်။
စိတ်ထဲမှာလဲ မွမ်းကြပ်တယ် လူတွေရဲ့အမြင် လူတွေရဲ့ ဝေဖန်မှုတွေကို လိုက်ပီးခံစားမိခဲတယ် ခုတော့ အဲ့တာတွေကို သည်းမခံချင်တော့ဘူး ကိုယ့်အနုပညာအပေါ် လွတ်လပ်ချင်တယ် လွတ်လပ်စွာပဲ ဖန်တီးချင်တယ် စိတ်ထဲမှာလည်း ငါက လူတွေရဲ့အမြင်ကိုရေးမှာလား ငါ့အမြင်ကိုရေးမှာလား တွေးမိတယ်။

(3) ဘယ်ပန်းချီဆရာတွေကို ကြိုက်နှစ်သက်လဲ။

ကြိုက်တဲ့ပန်းချီဆရာရယ်လို့တော့ သီးသန့်မခွဲခြားမိပါဘူး အကုန်ကြိုက်တယ် ဥာဏ်မှီသလောက်ခံစားတယ်။

(4) အခုလက်ရှိရော ပန်းချီနဲ့ပတ်သက်လို့ ဘာလုပ်ဖြစ်နေလဲ။ အရင်ကရော ဘယ်လို အနုပညာနဲ့ပတ်သက်တဲ့ လှုပ်ရှားမှုတွေ ရှိခဲ့လဲ။

လက်ရှိကတော့လေ့လာနေဆဲပါ လေ့လာနေတာကိုကလဲ မကုန်နိုင်ဘူးလေ ဘာလုပ်ချင်နေတာလဲဆိုတာပဲထပ်ခါထပ်ခါမေးနေပါတယ်။
လှုပ်ရှားမှုအနေနဲ့တော့သိပ်မရှိခဲ့ပါဘူး ပြပွဲအနေနဲ့ပါဝင်ဖူးခဲ့ပေမယ့် ကိုယ်ဖြစ်ချင်တာ လုပ်ခွင့်ရတဲ့အခြေအနေတစ်ခုကိုပဲ
ကိုယ့်ရဲ့အခွင့်အရေးအနေနဲ့ဆက်လုပ်သွားချင်တယ်။

(5) ရှေ့ဆက်ပြီးတော့ရော ပန်းချီ artist အနေနဲ့ ဘာလှုပ်ရှားမှုတွေရှိလာမလဲ။

ရှေ့ဆက်ပီးရှာဖွေနေဆဲပါ လေ့လာစရာတွေကလဲ အများကြီးကျန်ပါသေးတယ် စောင့်ကြည့်ပေးကြပါလို့ပဲပြောချင်ပါတယ်။



Address

Yangon

Website

Alerts

Be the first to know and let us send you an email when Nga Doh - ငါတို့ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category