12/05/2022
ဒီနေ့တော့ Oscar အမျိုးအစားတွေအကြောင်း ဗဟုသုတ အနေဖြင့်တင်ပေးပါ့မယ်ဗျ
Oscar အမျိုးအစားများကတော့
1. Tiger Oscar
2. Albino Tiger Oscar
3. Copper Oscar
4. Fire red Oscar
5. Lutino Oscar
6. Lemon Oscar
7. Black Oscar Fish
8. Black and White Oscar Fish
9. Florida Oscar Fish
10. Veil Tail Oscar Fish
11. Super red Oscar fish
12. Chilli red Oscar fish
13. Bumblebee Oscar fish
14. Mango Oscar fish
15. Snow White Oscar fish ဆိုပြီး အမျိုးစားကွဲတွေရှိတဲ့ အနက် နံပါတ်စဥ် ၁ ကနေ ၆ အထိသာ မြန်မာနိုင်ငံ ငါးစျေးကွက်အတွင်းတွေ့နိုင်ပါတယ်။ Oscar တွေဟာ cichlid အမျိုးစားကွဲဖြစ်ပြီး သက်တမ်းအားဖြင့် ၁၀နှစ်ကနေ အနှစ် ၂၀ ကြားထိ အသက်ရှည်နိုင်ပါတယ်။ တခြားသောနာမည်များအနေဖြင့် Oscar ငါးနာမည်ကို Tiger Oscar၊ Cichlid Oscar၊ Velvet cichlid၊ Mabled cichlid၊ Water dog စသဖြင့် နာမည်ကွဲများလဲရှိသလို သိပ္ပံအခေါ်အားဖြင့်် နောက်တစ်မျိုး Astronotus ocellatus လို့ခေါ်ဆိုနိုင်ပါသေးတယ်။ ကြီးထွားနှုန်းအားဖြင့်လဲ ၁ပေ၂လက်မ ကနေ ၁ပေခွဲလောက်ထိ ကြီးထွားနိုင်ပြီး အလေးချိန်အားဖြင့် ၃ပေါင်ကနေ ၄ပေါင်ကြားထိ ရှိနိုင်ပါတယ်ဗျ။ ရှာဖွေတွေ့ရှိနိုင်တဲ့နေရာတွေကတော့ Gatun Lake, Grzymislawskie Jezioro နေရာတွေဖြစ်ပါတယ်။
နောက်များမှာလဲ Oscar ငါးများအတွက် ဆောင်ရန် ရှောင်ရန် နှင့် ဖြစ်လေ့ဖြစ်ထရှိသော ရောဂါများအကြောင်း၊ ကုသနည်းများအကြောင်း တင်ပေးပါ့မယ်။
သိချင်တာများရှိလျှင်လဲ chat box မှာမေးမြန်းလို့ရပါတယ်ဗျ။