Poem In Myanmar

Poem In Myanmar Poet....

ဝမ်းနည်းဖွယ်နိုင်ငံတော်မှာ ရယ်စရာတစ်ခုခု ပျောက်ဆုံးသွားတဲ့အခါနစ်နာသူဟာ ကျွန်တော်တို့ပါ ။              -ယဉ်ဝယ်ထက်-
01/06/2024

ဝမ်းနည်းဖွယ်နိုင်ငံတော်မှာ
ရယ်စရာတစ်ခုခု ပျောက်ဆုံးသွားတဲ့အခါ
နစ်နာသူဟာ ကျွန်တော်တို့ပါ ။

-ယဉ်ဝယ်ထက်-

သူစိမ်း ဆိုပေမယ့်          ကျွန်တော် တို့ဘဝ ထဲရောက်ပြီးမှ          စိမ်းသွားတဲ့ သူစိမ်းက          ပိုစိမ်းနေရောလား..... ...
29/05/2024

သူစိမ်း ဆိုပေမယ့်
ကျွန်တော် တို့ဘဝ ထဲရောက်ပြီးမှ
စိမ်းသွားတဲ့ သူစိမ်းက
ပိုစိမ်းနေရောလား.....

ရင်းနှီးပြီးမှ စိမ်းတဲ့
" အရင်းနှီးဆုံး သူစိမ်း" လေ

( Kae )

09/02/2024

အမေရိုက်ရင် ပတ်ပြေးခဲ့တဲ့ ကောင်က
ကမ္ဘာကြီးကို ပြုပြင်မယ်တဲ့

ထမင်းနပ်မှန်ဖို့
နဖူးကချွေးခြေမကျအောင်ရုန်းနေရတဲ့ကောင်က
ကမ္ဘာကြီးကို အေးချမ်းစေချင်တယ်တဲ့

ဒေါင်ကျကျ ပြားကျကျဆိုတဲ့ကောင်လဲ
နောင်ရေးတွေးမိရင် မျက်လုံးမှာအရည်တစ်ချို့နဲ့

ဘယ်နေ့သေမှန်းမသိတဲ့ ဒီခေတ်ကြီးထဲမှာတော့
ဒီလူငယ်ဟာ ငယ်ငယ်ကလိုအမေ့ကိုကြောက်တဲ့စိတ်နဲ့

တစ်ညလောက်သာ အိပ်ပျော်ချင်တော့တာမို့
ကျွန်တော် ငြိမ်းချမ်းလိမ့်မယ် ထင်ပါတယ်..။

- ရိုးတံ -

09/02/2024

Valentine Day အမှီ

ချစ်သူရှာနေရင်

ဒို့ရှိနေတယ်နော်...

05/02/2024

သူများအပိုင်ကိုလုဖို့နေနေသာသာ

ကိုယ့်အပိုင်တောင်
သူများလက်ထဲမှာပျော်လို့

-(Kae)-

05/02/2024

- ချစ်တိုင်း ထုတ်မပြောနဲ့

- ဝေးရတတ်တယ်

ဆွေး(ရေအိုင်)

22/12/2023

ကျွန်တော်တို့ ဆုံရန်မရှိတော့ပါဘူး
နောက်နောင်နွေမှာလည်း
ကျွန်တော်တို့ ဆုံရန်မရှိတော့ပါဘူး။

-အောင်ချိမ့်

21/12/2023

ချယ်ရီတွေပွင့်နေပြီ..
သဇင်တွေလန်းနေပြီ...

ငါတို့ရဲ့ အောင်ခရီးက
မဝေးတော့ပြီ

Address

Yangon

Telephone

+959787939451

Website

Alerts

Be the first to know and let us send you an email when Poem In Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Establishment

Send a message to Poem In Myanmar:

Share

Category