29/11/2020
၇ရက်သားသမီးအပေါင်းစိတ်ချမ်းသာကိုယ်ကျန်းမာကြပါစေကြောင်း DM မိသားစုမှဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ရှင်🙏🏻🙏🏻🙏🏻
တန်ဆောင်မုန်းလပြည့်
မြန်မာ့ရိုးရာ ၁၂-လရာသီပွဲတော်များအနက် တန်ဆောင်မုန်းလဟာ တမူထူးခြားတဲ့ လဖြစ်ပါတယ်။ ဒီလမှာ
တန်ဆောင်တိုင် မီးထွန်းပွဲတော်၊
ကထိန်သင်္ကန်း အလှူပွဲတော်၊
မသိုးသင်္ကန်း ရပ်လုပ်ပူဇော်ပွဲတော်၊
မဲဇလီဖူးသုပ် ဝေငှသောပွဲတော်၊
ကျီးမနိုးပွဲတော်၊
သာမညဖလအခါတော်နေ့ ပွဲတော်တို့ကို ကျင်းပလေ့ရှိကြပါတယ်။
မသိုးသင်္ကန်းဆိုသည်မှာ
မြတ်စွာဘုရားရှင် လက်ထက်တော် အခါက ....မိထွေးတော်ဂေါတမီ အမှူးပြုတဲ့နန်းတွင်းသူ များက တန်ဆောင်မုန်းလပြည့်နေ့မှာ မြတ်စွာဘုရားရှင်ကို သင်္ကန်းလှူဒါန်းဖို့ စီစဉ်ကြပါတယ် .... ဒီအခါမှာ ပဇာပတိဂေါတမီ မိဘုရားကြီးက သူ့သားတော် မြတ်ဗုဒ္ဓကို ကပ်လှူမယ့် သင်္ကန်းကို နေ့ မကူးစေပဲ တစ်ရက်ထဲနဲ့အပြီး အစီး ရက်လုပ်ရန် စီစဉ်ပါတယ် အဲ့ဒီခေတ်အချိန်အခါက အဝတ်အထည် ဆိုတာ ကိုယ်ပိုင်ရက်ကန်းစင်မှာ ကိုယ်တိုင်ရက်လုပ်ရတာပါ ။ရက်လုပ်တာရော၊ ချုပ်တာရော ၊ဆေးဆိုး တာရော အားလုံး ကို အာရုဏ်တက်ချိန်မှာ ကပ်လှူနိုင်ရန်အတွက် တစ်ညတည်းနှင့် အပြီးရက်လုပ် သောသင်္ကန်းကို မသိုးသင်္ကန်းဟုခေါ်ပါသည်။ ဆိုလိုသည်မှာ တစ်ရက်ထဲ အပြီး နေ့မကူးစေပဲ ကပ်လှူရတဲ့သင်္ကန်းပါ ( မြတ်ဘုရားကိုဆွမ်းခဲဘွယ် ဘောဇဉ် ကပ်သလိုပါ ချက်ပြီးပြီးချင်း မကပ်ပဲနောက်နေ့ကူးမှကပ်ရင် သိုးသွားသလိုပါ ကထိန်သင်္ကန်း ကလဲဒီလိုပါပဲ လှုပြီးတာနဲ့ နောက်နေ့အာရုံ မတက်ခင် ကထိန်ခင်း ရတာပါ မခင်းရင် ဒီသင်္ကန်းဟာ အဲ့သံဃာအတွက် သိုးသွားပါပြီ မသိုးသင်္ကန်းမမည်တော့ပါ ဒါကြောင့် ကြိုကပ် ထားလို့မရပါဘူး ) အချို ့သောဒေသများတွင်မသိုးသင်္ကန်း ကပ်လှူပွဲများကို ယနေ့ခေတ်အထိ ကျင်းပနေကြပါသေးသည်။ ကထိန်သင်္ကန်း မသိုးသင်္ကန်းဆိုတာ ဒီကနေစတင်ဖြစ်ပေါ် လာတာလို့ ပဲကောက် ချက်ချရမှာပါ ။ နှစ်ပေါင်း ၂၅၀၀ ကျော်ဆက်လက် တည်တံ့ လာသော... ဘုရားရှင် လက်ထက်တော် ကတည်းက သယ်ဆောင်လာတဲ့ ဓလေ့ဖြစ်ပါသည်။
ဒါကြောင့် ကထိန်ခင်းဖို့အတွက် လှူဒါန်းတဲ့သင်္ကန်း အလှူခံရလာတဲ့သင်္ကန်းကို ဒီနေ့မခင်းဖြစ်ဘူးဆိုရင် နောက်တစ်နေ့ အရုဏ်မတက်ခင်အတွင်းမှာ ကထိန်မခင်းဖြစ်ဘူးဆိုရင် နောက်တစ်နေ့ အရုဏ်လွန်သွားတာနဲ့ တစ်ပြိုင်နက် အဲဒီသင်္ကန်းဟာ သိုးသွားတဲ့သင်္ကန်း ဖြစ်သွားတဲ့အတွက် ကထိန်သင်္ကန်းကို အလှူခံပြီးတာနဲ့ တစ်ပြိုင်နက် နောက်တစ်နေ့ အရုဏ်မတက်ခင်အတွင်းမှာ သံဃာတော်များက ပြီးဆုံးအောင် ကထိန်ခင်းကြရပါတယ်။
တန်ဆောင်မုန်းလတွင် မယ်ဇလီဖူးသုပ် စားရခြင်းအကြောင်းရင်းမှာ
တန်ဆောင်မုန်းလအခါတွင် ဆေးပင်အပေါင်းကို စေါင့်သောနတ်တို့သည် မယ်ဇလီပင်စေါင့်နတ်မင်းအား တစ်ညီတစ်ညွတ်တည်း လ
ာရောက်ခစားကြသည်။မယ်ဇလီဖူးကို စားသုံးခဲ့သော် ၊(၉၆)ပါး
သော ရောဂါများကင်းရှင်း၍ ဘုန်းကြီးအသက်ရှည်နိုင်သည် ဟု ၊“သာရကောမုဒိ” ဆေးကျမ်း ကပြဆိုပါသည်။
ထို့ကြောင့် ၊ မြန်မာ့ရှေးရိုးအစဉ်အလာအရ တန်ဆောင်မုန်းလပြည့် အခါသမယတွင် ၊မယ်ဇလီဖူး ကိုအဆာစုံစွာသုပ်၍ မိသားစုဝင်များအားလုံးစားသုံးကာ ၊ ပတ်ဝန်းကျင် အိမ်နီးချင်းများအားလည်း ၊ မယ်ဇလီဖူးသုပ်အထုပ်ငယ်များကို ဆေးဝါးအဖြစ်ပေးဝေလျက် ဒါနပြုလေ့ရှိကြပါသည်။
နက္ခတ်၊ ကြယ်တာရာ စုံညီစွာပေါ်ထွန်းသောကြောင့် ၊ဆေးအာနိသင်များ နိုးကြွထက်မြက်စေ၍ “ဆေးပေါင်းခသည့်ည” -ဟုလည်း ၊ယုံကြည်ကြသည်။
ဤညအခါ၌ ၊ခူး ဆွတ် တူးဖေါ်ရရှိသော ဆေးပင် ၊ဆေးရွက်၊ အမြစ် ၊ အဖု ၊အဥ တို့ကို အထူးသိမ်းဆည်းထားကာ အလိုရှိရာအခါ၌ ၊အသုံးပြုကြသည်။
လပြည့်နေ ညဥ့်လယ် လမွန်းတည့်အချိန်၌ ၊ လရိပ်သည် ရေအပြင်ပေါ်ကျရောက်သောအခါ ၊ “လမွန်းတည့်ရေ”
ကို သောက်သုံး၍ ၊ဆေးအာနိသင်များပြည့်ဝလျက် ကျန်းမာရေးကို ကောင်းမွန်စေသည်-ဟု ယူဆကြသည်။
ဤအခါ၌ ၊ လက်လှမ်းမီရာ ဆေးပင် ၊ဆေးရွက်တို့ကို ခူးဆွတ်ကာစားသုံးလေ့ရှိကြသည်။
တန်ဆောင်မုန်းလတွင် ထွက်ပေါ်သော“ကြတ္တိကာနက္ခတ်”ကို နက္ခတ်ပညာရှင်တို့က၊ “စောရနက္ခတ်(ခေါ်) သူခိုး နက္ခတ်” ဟု ၊ဆိုလေ့ရှိကြသည်။ထို့ကြောင့် လပြည့်နေ့ညအခါတွင် “ကျီးမနိုးပွဲ”
(ခေါ်)“သူခိုးကာလ” အဖြစ် ကလေး ၊ လူငယ်များ ပျော်ရွှင်စွာ ဆော့မြူးလေ့ရှိကြသည်။
တစ်ညလုံး နံနက်ကျီးမနိုးမီတိုင်အောင်၊ အိမ်ရှင်မသိစေပဲ အလွယ်တစ်ကူ တွေ့ရှိချီမနိုင်သောပစ္စည်းများကိုယ ူ၍ လမ်းမတွင် စုပုံထားခြင်း ၊ပုဆိုး ထမီ ရရာတို့ကို အလံထူ၍ထားခြင်း စသည်တို့ဖြင့် ၊နံနက်အခါ၌ လူ ရယ်ဖွယ်ဖြစ်အောင် ဖန်တီးထားတတ်ကြသည်။
တစ်ညနေခင်းလု ံး အိမ်ပေါက်စေ့လိုက်ကာ အလှူငွေနှင့်စားစရာများ အလှူခံကြပြီး၊ တစ်ညခင်းလုံး ချက်ပြုပ်၊စားသောက်ကာ မြူတူး ပျော်ရွှင်ကြသည်။
ငွေကြေးပြည့်စုံသူတို့ကမူ ၊ လပြည့်နေ့ညတွင် “မခေါ်မုံ့လုံး”(ခေါ်)မုံ့လုံးရေပေါ်များကျွေးခြင်း၊ ကြက်သားဆန်ပြုပ် တိုက်ကျွေးခြင်း ၊ မယ်ဇလီဖူးသုပ်ဝေခြင်းနှင့် ပိုက်ဆံကြဲခြင်း တို့ကို ပြုကာ ၊ ကုသိုလ်
ယူလေ့ရှိကြသည်။
သာမညဖလအခါတော်နေ့ ပွဲတော် ကျင်းပခြင်းရဲ့ အကြောင်းရင်းမှာ
အဇာတသတ်မင်းဟာ ဒေဝဒတ်နှင့် ပေါင်းမိပြီး ခမည်းတော် ဗိမ္ဗိသာရမင်းကို သတ်ခဲ့မိပါတယ်။ ဒီအချိန်ကစပြီး အိပ်မပျော်တဲ့ ရောဂါဝေဒနာ စွဲကပ်ခဲ့ပါတယ်။ သူ၏မျက်လုံးတွေကို လှံချက်ပေါင်း အရာအထောင်တို့နဲ့ ထိုးဆွခြင်းခံရသလို ဝေဒနာစွဲကပ်ခဲ့ပါတယ်။ ဒီဝေဒနာ ပျောက်ကင်းအောင် မည်သည့်ဆေးနှင့်မှ ကုစား၍မရ ဖြစ်နေခဲ့ပါတယ်။ ဒီအခါ ဝေဒနာကို ကုစားရန်အတွက် အမတ်များ၏ အကြံပေးချက်အရ တိတ္ထိဆရာကြီး ၆-ယောက်တို့ထံ ရှေးဦးစွာ ရောက်သွားပါတယ်။
ဒါပေမဲ့ တိတ္ထိဆရာကြီး ၆-ဦးဟာ အဇာတသတ်မင်း၏ ရောဂါဝေဒနာကို ပျောက်ကင်းရန် နည်းပေးလမ်းညွှန်မှု မပြုနိုင်ခဲ့ပါဘူး။ နောက်ဆုံးတော့ စိတ်သောကတွေသက်သာအောင် ဇီဝကအမတ်၏အကြံပေးချက်အရ မြတ်စွာဘုရားထံသွားရောက်ဖူးတွေ့ဖို့သွားရောက်ခဲ့ပါတယ်။
မြတ်စွာဘုရားထံရောက်ရှိခဲ့တဲ့ ညဟာ တန်ဆောင်မုန်းလပြည့်ညဖြစ်ပြီး ဇီဝကဦးဆောင်တဲ့ မိန်းမစစ်သည်တော် ၅၀၀တို့ဟာ အဇာတသတ်မင်းကြီး မကြောက်ရွံဖို့နဲ့ မြတ်စွာဘုရားရဲ့ကျောင်းတော် ဆီမီးအလင်းရောင်ထိန်ထိန်လင်းစေဖို့ တန်ဆောင်တိုင်လို့ခေါ်တဲ့ မီးတိုင်တွေကို ကိုင်ဆောင် ထွန်းညှီကာ မြတ်စွာဘုရားရဲ့ကျောင်းတော်ကို ထိန်လင်းစေတာကိုအစွဲပြုပြီး တန်ဆောင်တိုင်ပွဲတော်ကို ကျင်းပခဲ့ကြပါတယ်။
ဇီဝကလှူဒါန်းတဲ့ ကျောင်းတော်ကိုရောက်တဲ့ခါမှာ ဥယျာဉ်တော်ထဲမှာ တစ်ထောင်ငါးရာတစ်ဆယ်သော ရဟန်းအပေါင်းခြံရံလျက် တင့်တယ်သပ္ပါယ်စွာသီတင်းသုံးနေတော်မူသောမြတ်စွာဘုရားကိုတွေ့မြင် လိုက်ရတဲ့အခါ အဇာတသတ်ဟာ ကြည်ညိုသောသဒ္ဓါတရာတွေ ဖြစ်ပွားပြီးငြိမ်သက်တည်ကြည်သော ရဟန်းတို့ကိုရှေးကတစ်ကြိမ်တစ်ခါမျှမမြင်ဘူးပါလားတကားလို့တည်ကြည်သောစိတ်ထားဖြင့်
နုတ်မှရေရွတ်ပြီး အလွန်ကြည်ညိုသွားပါတော့တယ်။ ထိုအခါ မြတ်စွာဘုရားကို သာမညဖလသုတ်ကိုဟောကြားသော်လည်း အဇာတသတ်ဟာ ဘုရားရှင်ထံမှ တရားတော်ကို ကြည်ညိုသဒ္ဓါပွားနာကြားပြီး တရားသဖြင့်မင်းပြုခဲ့ပေမယ့် ဒေဝဒတ်ဟူသောပညာမဲ့ယုတ်မာသူကို မှီဝဲဆည်းကပ်မှုကြောင့် အဇာတသတ်ဟာကြီးလေးသောအမှားကြီးဖြစ်တဲ့ ကံကြီးငါးပါးထဲက ပိတုဃာတကအဖကိုသတ်တဲ့ကံဖြစ်သော ဖခင်ဗိမ္ဗိသာရမင်းကြီးကို သတ်မိတဲ့ကံ
ကြောင့် မြတ်စွာဘုရားရှင်ဟောကြားသောတရားတော်ကိုနာကြားပေမယ့် သောတပတ္တိဖိုလ်မရပဲနောင်တမလွန် ဘဝမှာလည်း အပါယ်ငရဲ၌ ကျခဲ့ရပါတယ်။
သာမညဖလ တရားတော်ကို နာကြားလိုက်ရသည့်အတွက် အဇာတသတ်မင်းအဖို့ အိပ်မပျော်သော ရောဂါဝေဒနာလည်း ငြိမ်းအေးပျောက်ကွယ်သွားခဲ့ပါတယ်။ဒါတင်မကပဲ ခမည်းတော်ကို သတ်ခဲ့မိတဲ့ သူရဲ့အမှားကိုလည်း ကြီးစွာနောင်တရခဲ့ပါတယ်။ ပြီးတော့ မြတ်စွာဘုရားထံမှာ
(၁) (ခမည်းတော်ကို သတ်ခဲ့မိတဲ့ အပြစ်ကို) ဝန်ခံခြင်း၊
(၂) (ခမည်းတော်ကို သတ်ခဲ့မိတဲ့ အပြစ်ကို) တောင်းပန်ခြင်း၊
(၃) (ထိုကဲ့သို့သော မကောင်းမှုကို နောင်တဖန်မလုပ်တော့ပါ ဟု) ကတိပေးခြင်း၊
တို့ကိုလုပ်ဆောင်ခဲ့ပါတယ်။
အဇာတသတ်မင်းကြီးဟာ သာမညဖလသုတ် တရားတော်ကို ကြားနာရပြီး သူ့အပြစ်တွေကိုဒီလို ကုစားခဲ့တာကြောင့် မဟာ အဝီစိ ငရဲတွင် မကျရောက်တော့ဘဲ အပြစ်ဒဏ် ပေါ့တဲ့ လောဟကုမ္ဘီ ငရဲ၌သာ ကျရောက်ပြီး နောင်သောအခါမှာ ဝိဇိတာဝီ မည်တဲ့ ပစ္စေကဗုဒ္ဓါဖြစ်ပြီး ကျွတ်တမ်းဝင်ရ ပါလိမ့်မယ်။
သာမည ဖလ = ရဟန်းပြုခြင်း၏ အကျိုးကျေးဇူးတွေကတော့------
၁။ မင်းခစားဘဝနှင့် မင်းပြစ် မင်းဒဏ်မှ လွတ်ကင်းခြင်း အကျိုး။
၂။ အခွန်ထမ်းဆောင်မှု မှ လွတ်ကင်းခြင်း အကျိုး။
၃။ ပါတိမောက္ခ သံဝရသီလ နှင့် ပြည့်စုံသဖြင့် အပါယ်ဘေးမှ ကင်းဝေးခြင်း အကျိုး။
၄။ ဒုစရိုက်ကို ရှောင်သဖြင့် ဒုစရိုက် ဒုက္ခ မှ ကင်းလွတ်၍ စူဠ သီလ နှင့်ပြည့်စုံ ခြင်း အကျိုး။
၅။ ပွဲသဘင် အမျိုးမျိုး၊ ကစားပွဲ အမျိုးမျိုး မကောင်းသောစကားအမျိုးမျိုး တို့မှ ရှောင်ကြဉ် သဖြင့် ထိုဒုက္ခများမှ ကင်းလွတ်၍ မဇ္ဈိမ သီလနှင့်ပြည့်စုံခြင်း အကျိုး ။
၆။ နက္ခတ်ဗေဒင် ၊ယတြာ လက္ခဏာ ဆေးကုခြင်း စသည်တို့မှ ရှောင်ကြဉ်သဖြင့် အာဇီဝ ပါရိသုဒ္ဓိ သီလ နှင့် ညီညွတ်၍ မဟာသီလနှင့် ပြည့်စုံခြင်းအကျိုး ။
၇။ ဣနြေ္ဒ ၆ပါး ၌ အကုသိုလ် မဖြစ်အောင် စောင့်စည်းနိုင်ခြင်း အကျိုး။ (ဤ သည်တို့ကား အခြေခံ သီလများဖြစ်ပါသည်)။
၈။ သတိ နှင့် ပြည့်စုံခြင်း အကျိုး။
၉။ သမ္ပဇဉ် (ဆင်ခြင်တုံ ) တရားနှင့်ပြည့်စုံခြင်း အကျိုး။
၁၀။ သန္တောသ ( ရောင့်ရဲခြင်း) အကျိုး။
အခြေခံသီလ ၊သတိ သမ္ပဇဉ် ၊ သန္တုဋ္ဌီ တရားများနှင့် ပြည့်စုံသော ရဟန်းသည် သမထ ဝိပဿနာ တရားကို ဆက်လက်အားထုတ်ပါက အေက်ပါ အကျိုး များကို လက်တွေ့ ခံစားရရှိနိုင်ပါသေးတယ်။
၁၁။ နီဝရဏ ငါးပါးမှ လွတ်ကင်းခြင်း အကျိုး
၁၂။ ဈာန်တရား ရနိုင်ခြင်း အကျိုး
၁၃။ ဝိဇ္ဇာ ရှစ်ပါး နှင့် ပြည့်စုံ၍ မဂ် ဖိုလ် ရနိုင်ခြင်း အကျိုး။
တွေ ဖြစ်ပါတယ်။
တန်ဆောင်မုန်းလပြည့်
လှူကထိန်သင်္ကန်းနှင့်၊
မဂ်လမ်းတဲ့ ဆုပန်ရွယ်
သည်ချိန်ကို ရွှေမုံကြဲလို့
ခဝဲရွှေကြာရင်းမှာ၊ သင်းရနံကြွယ်
ကောင်းကင်လယ်
ထက်ဝယ်ဘုံဦး
ရွှေစန္ဒာနှင့်
ကြတ္တိကာ ကြယ်ရောင်စွန်းတယ်
ထွန်းထိန်လို့မြူး။
ကိုယ်စိတ်နှစ်ဖြာ ပျော်ရွှင်စွာ ကုသိုလ်ကောင်းမှု ပြည့်ပါစေ။
အညတြဘိက္ခု