เส้นทาง ติดต่อ ธุรกิจของเรา

Nyi Saung Oo စာဖတ်ပါ။ စာဖတ်တာထက် ကြီးကျယ်တဲ့အလု?

18/05/2026

လူကောင်း လုပ်ကြည့်ပြီးပြီ
ပျော်စရာ မကောင်းဘူး။

22/02/2026

"အကြွေပန်းပေမယ့် ရွှေနန်းတော့ထိုက်ချင်တယ်။"
*************************************
ကိုတေဇသားနဲ့ ရတဲ့ကောင်မလေး ညီအမတွေက ကိုယ်တို့ သူတို့အဖေနဲ့စီးပွားရေးတွေလုပ်နေတဲ့အချိန်မှာ သူတို့အိမ်ကို ဝင်ထွက်သွားလာနေကြတုန်းက ပီဘိ ခလေးလေးတွေပေါ့။

ကိုတေဇသားနဲ့လက်ထပ်တဲ့အချိန်မှာ ပထမအိမ်ထောင်နဲ့ကွဲပြီးမှလို့သိရတယ်။ ဒါလဲတွေ့ဆုံကြုံကွဲအပြောင်းအလဲများတဲ့ ခေတ်ကြီးမှာ အထူးအဆန်းမှမဟုတ်တာ။ အဲ့ဒီမှာကိုတေဇသားက ဒီခလေးမလေးကို ခန်းခန်းနားနားနဲ့ ထည်ထည်ဝါဝါ မင်္ဂလာဆောင်လိုက်တယ်။ ဝမ်းသာရပါတယ်။

မိန်းမတယောက်ရဲ့တန်ဖိုးဆိုတာ တဘယ်လူက ဘယ်လောက်မြင်မြင့်မားမားတန်ဖိုးထားသလဲဆိုတာနဲ့ ပဲပြောရမယ်ထင်ပါတယ်။ မူစကူဒူးတာခြင်းတူရင်တောင် ကိုယ့်ကောင်မလေးကို ဟိုးခမ်းခမ်းနားနား Five Star Hotel ကြီးမှာ အကုန်ကျခံပြီး မူစကူဒူးမလား၊ ဒါမှမဟုတ် တောကြိုအုံကြား မြက်ခင်းကြားမှာ ဒူးမလားဆိုတာက တန်ဖိုးထားတဲ့ယောကျာ်းနဲ့ပဲဆိုင်တဲ့ကိစ္စ။ ဒါကတချက်၊ နောက်တခုကတော့ တောသူတောင်သားတွေရဲ့ ရိုးရာဓလေ့၊ ရှေးခေတ်တုန်းကတော့ သီချင်းတွေ စာတွေထဲထည့်စပ်ခဲ့ကြတဲ့ ကောက်ရိုးပုံတော်သလင်း ဖဲမွေ့ရာပေါ်ဝယ်ဆိုတာက တောဘက်ကျေးရွာတွေမှာ ဖြစ်ခဲ့ကြတာ။ နောက်ပိုင်းတော့ ဘုရားအို ဘုရားပျက် ဆိတ်ကွယ်ရာတွေပေါ့။ နောက်ဆုံးတချက်ကတော့ ကိုယ်က ဘယ်လောက်ပဲကိုယ့်ကောင်မလေးကို Five Star Hotel ကြီးခေါ်ချင်ပါစေ ကိုယ်ကိုယ်တိုင်က ဆင်းရဲမှုရဲ့သရုပ် ခေတ်သစ်နင်းပြားတွေဖြစ်နေရင်၊ တနေ့လုပ်မှ တနေ့စားမှ ဖြစ်မယ်ဆိုရင်လဲ ဒီကိစ္စဟာဖြစ်နိုင်မှာမဟုတ်ဘူး။

ကိုယ်တွေ ပုသိမ်စပြောင်းတော့ ကန်သုံးဆင့်ဘုရားရဲ့နောက်ဘက်ကနေ တိုက်ရိုက်မြင်ရတဲ့အိမ်။ ဒီအိမ်ဟာ အစောင့်အရှောက်ကြီးလို့ နည်းနည်းလဲ ကြမ်းတယ်လို့ နာမည်ကြီးတဲ့အိမ်ကိုပြောင်းရတယ်။

တက္ကသိုလ်တွေပိတ်ထားလို့ ကိုယ်ရယ်၊ အဖေရယ်၊ ကိုယ့်အကိုတဝမ်းကွဲရယ်ပြောင်းကြတယ်။ အဖေရုံးသွားရင် တရက်ကို အတွဲတွေက ကန်သုံးဆင့်ဘုရားထဲလာပြီးမူစကူဒူးကြတာ ဟိုးလွန်ခဲ့တဲ့ အနှစ် ၃၀ ကျော်ကတည်းက။ ဒါပုသိမ်သူ ပုသိမ်သားတွေနဲ့ ဧရာဝတီတိုင်းထဲကနေ ပုသိမ်တက္ကသိုလ်လာတက်ကြတဲ့အတွဲတွေများတယ်။

ဘုရားဘက်ကျောပေးထားရင်ကိုယ်တို့အိမ်က လူမနေတဲ့အိမ် အခုမှ လူတွေရောက်လာတာလဲမသိကြတော့ ကိုယ်တို့ဘက်ကဆို တရက်ကို ဗွီဒီယို နှစ်ကား အောက်ထစ်ကြည့်ရသလို ကံကောင်းတဲ့နေ့တွေဆို လေးငါးကားကြည့်ရတယ်။ လူတွေလဲ တော်တော်နုန်းကြဒယ် (ဤကားစကားချပ်)

အတွဲတွေ ဘုရားထဲမူစကူဒူးတာ အဆန်းမှမဟူတ်တာ။ အထူးသဖြင့် ကန်သုံးဆင့်ဘုရားကြီးထဲဒူးတာ။ ဟိုးရှေးခေတ်တုန်းကတော့ ဂေါပကလူကြီးရယ်၊ အုပ်ကြီးရယ်၊ အရန်မီးသတ်ရယ်ပေါင်းပြီးပေးစားပစ်လိုက်ကြတာပဲ။ ဒီလိုနည်းနဲ့ရခဲ့တဲ့အတွဲတွေကနေမွေးဖွားလာတဲ့မျိုးဆက်သစ်တွေက နည်းမှမနည်းတာ။

ပျော်ဘွယ် ဘုန်းကြီးကျောင်းကေစ့်က ပြသနာက ဘုန်းကြီးကစတာပဲ။ ဘုရားထဲဘာမူစကူဒူးလို့ဆိုပြီး Social Media ပေါ်မှာ ဗီဒီယိုရိုက်တင်ခွင့် ဘုန်းကြီးမှာမရှိဘူး။ ဘုရားထဲမူစကူဒူးတာက ကေစ့်သတ်သတ်၊ အင်တာနက်ပေါ်တင်တာက ကေစ့်သတ်သတ်။ ဒါဟာဥပဒေအရ ရာဇဝတ်မှု မြောက်တဲ့ကိစ္စ။

ဒုတိယကတော့ နောက်ကနေလိုက်လာတဲ့ Name and Shaming ကိစ္စတွေပဲ။ လုပ်ချင်ရင် ကာယကံရှုင်မိန်းခလေးရဲ့မျက်နှာကို ကာထားပေးပါ။ အဲ့လိုမှမဟုတ်ရင် ခင်ဗျားတို့လုပ်တဲ့ဟာက ရေနစ်တဲ့သူ ဝါးကူထိုးတာနဲ့အတူတူပါပဲ။ အသိမိတ်ဆွေတွေကိုသတိပေးပေမယ့်လို့ မသိတဲ့သူတွေတင်ထားရင် Harassment နဲ့ကျွန်တော်တော့ တန်း Report ထုတာပဲ။

ဒီနေရာမှာ ဘုရားပရဝဏ်အတွင်းမှာ ဖြစ်ကြတဲ့ကိစ္စကို မှန်တယ်လ်ု့ပြောနေတာမဟုတ်ပါဘူး။ သို့သော် ဒီဟာသည် ဖြစ်တတ်တဲ့သဘော၊ ဖြစ်ခဲ့တဲ့သဘောတွေပါ။ တိုင်းပြည်ဆင်းရဲမွဲတေမှု ရဲ့ ဘေးထွက်ဆိုးကျိုးပါ။

သာသနာဆိုတာအဆုံးအမလို့ အဓိပ္ပာယ်ရပါတယ်။ ဘုန်းကြီးအနေနဲ့ ခလေးတွေကို ခေါ်ဆုံးမပြီး နောက်မဖြစ်စေနဲ့လို့ ပြောလိုက်ရင်မရဘူးလား။ ဒီနေရာမှာ သံဃာတယောက်ရဲ့ သာသနာ့တာဝန်ကျေပွန်တယ်လို့ထင်လား။ သံဃာတယောက်ရဲ့ Sicial Media ပေါ်တင်ပြီး Name and shaming လုပ်တာဟာ တရားမျှတတယ်။ ဖြစ်သင့်ဖြစ်ထ်ုက်တယ်လို့ထင်ပါသလား။ မတော်ဒီကိစ္စကြောင့်ခလေးမလေး တခုခုဖြစ်သွားရင် ဖြစ်သင့်ဖြစ်ထိုက်ပါတယ်လို့ ကျွန်တော်တို့ရဲ့ ယဉ်ကျေးတဲ့ လူ့အဖွဲ့အစည်းက ထင်ပါသလားခင်ဗျာ။

ဘုရား ပရာဝဏ် ဘုန်းကြီးကျောင်းမို့ မလုပ်ရဘူးဆိုရင် ဘုန်းကြီးနဲ့ ဒကာမနဲ့ဖြစ်တဲ့ ဗီဒီယိုတွေ၊ ဘုန်းကြီးနဲ့ သီလရှုင်နဲ့ဖြစ်တဲ့ ဗီဒီယိုတွေ အင်တာနက်ထဲမှာ ပလူကိုပျံလို့။ ဒါကိုရော သိမ်သို့ကျောင်းတို့ဂူတို့တွေ လျောက်မပြောကြနု့။ ဘုန်းကြီးကျက်သရေခန်းထဲတင် ဘုန်းကြီးတွေ မူစကူဒူးနေကြတာတွေအများကြီး။

ဒါကြောင့် Name and shaming တွေမလုပ်ကြပါနဲ့။ နိုင်ငံရေးကြောင့် ပညာရေးအားနည်းပြီးတွေးပုံခေါ်ပုံရှုပုံမြင်ပုံနောက်ကြနေတဲ့ အဖွဲ့အစည်းဟာ လက်ရှိမြန်မာ့လူ့အဖွဲ့အစည်းပါ။

ပြသနာကအစောကပြောသလို

(၁) တောသူတောင်သားဓလေ့ (ကောက်ရိုးပုံ၊ တောထဲတောင်ထဲမူစကူဒူးကြခြင်း)

(၂) ဆင်းရဲမွဲတေမှုနဲ့ ဟိုတယ်စားရိတ်စက

(၃) တဘက်ယောကျာ်းလေးရဲ့ ကိုယ့်ကောင်မလေးအပေါ်ထားတဲ့တန်ဖိုး

ကျွန်တော်ပေးချင်တဲ့မက်ဆေ့က "မိန်းခလေးတယောက်ရဲ့ တန်ဖိုးဆိုတာ ပေးတဲ့လူနဲ့မှ တန်ဖိုးဆိုတာ ဖြစ်လာတာပါ။" (ဥပမာ ကိုတေဇသား)

နောက်ဆုံးမှာတော့ ကျွန်တော်ကတော့ ကာယကံရှုင် မိန်းခလေးကိုနှိမ့်ချပြောဆိုပြီးရေးသားတဲ့ စာတွေတွေ့တာနဲ့ Harassment နဲ့ Report တန်းထုတာပါပဲ။

ကျွန်တော်တို့လုပ်ရမှာ နိုင်ငံရေး စနစ် မှန်ကန်မှု၊ ဆင်းရဲမွဲတေမှုတိုက်ဖျက်ရေးနဲ့ ပြည်သူပြည်သားတွေရဲ့ Morale နဲ့အတွေးအခေါ်မြင့်မားလာစေဖို့ ပညာရေးပြုပြင်ပြောင်းလဲမှုတွေပါပဲ။

Credit

21/02/2026

ဆရာမ မစန္ဒာ

15/02/2026

ကဗျာဆရာဝင်းမြင့် ကွယ်လွန်သွားခြင်းအတွက် မိသားစုနဲ့ ထပ်တူ ဝမ်းနည်းကြေကွဲရပါတယ်။

မင်းသားကြီးဂျော်နီဒက်ဖ်ကိုအမျိုးသမီးလက်ရောက်ကျူးလွန်သူအဖြစ် ဟောလီးဝုဒ် က ကျဉ်တဲ့အချိန်တုန်းက ဒစ္စနေးရုပ်ရှင်ထုတ်လုပ်ရေး ...
17/11/2025

မင်းသားကြီးဂျော်နီဒက်ဖ်ကိုအမျိုးသမီးလက်ရောက်ကျူးလွန်သူအဖြစ် ဟောလီးဝုဒ် က ကျဉ်တဲ့အချိန်တုန်းက ဒစ္စနေးရုပ်ရှင်ထုတ်လုပ်ရေး က သူ့ရဲ့ ဂျက်ခ်စပဲရိုးလ်ဇာတ်ကောင်ကို ရုတ်သိမ်းခဲ့ပြီး သူ့ကို ပေါ်တင် သောက်ရှက်ခွဲခဲ့ပါတယ်။

အခုတော့တရားရင်ဆိုင်ပြီးမင်းသားကြီးဟာ သူ အပြစ်မရှိကြောင်း ကမ္ဘာကို ပြသပြီးတဲ့နောက်မှာ ဒစ္စနေးလ်ရုပ်ရှင်က သူ့ကို ဒေါ်လာသန်း ၂၀ ပေးပြီးပြန်သရုပ်ဆောင်ဖို့ကမ်းလှမ်းခဲ့ပါတယ်။
သူကတော့ စိတ်မဝင်စားဘူးလို့
အကြောင်းပြန်ခဲ့တယ်။
( ရီး ပဲလို့မပြောရုံတမယ်ပါပဲ)

အမှုရင်မဆိုင်ရခင်က ဝါနာဘရားသား
ကုမ္ပဏီလည်း Fantastic Beasts အဆက် ရိုက်ဖို့စီစဉ်ပြီးမှ သူ့ကိုပယ်ခဲ့ပါတယ်။
အခုတော့ ပြန်ကမ်းလှမ်းပါတယ်။
ဒါရိုက်တာက ဂျော်နီဒက်ဖ်ကို မင်းသား
တင်ပေးခဲ့တဲ့ တင်မ်ဘာတန်ဆိုတဲ့
သူ့မိတ်ဆွေရင်းပါ။

တင်မ်ဘာတန်ရဲ့ခလေးတွေကို
ခေါင်းကိုင်ဖခင်အဖြစ်ဂျော်နီဒက်ဖ်ကလုပ်ပေးဖူးပါတယ်။
အတွင်းသတင်းတွေအရ ဂျော်နီဒက်ဖ် ဟာ သူ့ မိတ်ဆွေ တင်မ်ဘာတန်ကို
မင်း အဲဒီကုမ္ပဏီနဲ့ မလုပ်တဲ့အချိန်မှ
ငါ့ကို ရိုက်ဖို့လာခေါ်လို့ဆိုပါတယ်တဲ့ ။

ပေးချင်တဲ့မက်ဆေ့က တခြား မဟုတ်ပါဘူး။
လူဆိုတာ စောက်မှတ်ရှိရတယ် ဆိုတာပါ။

အချင်းချင်း ကန်တော့တာပဲ ဘုန်းကြီးပင့်နေသေးတယ်။
08/07/2025

အချင်းချင်း ကန်တော့တာပဲ ဘုန်းကြီးပင့်နေသေးတယ်။

R.I.P Diogo Jota
03/07/2025

R.I.P
Diogo Jota

မင်းသားခေါင်းနဲ့ ဘီလူး
29/06/2025

မင်းသားခေါင်းနဲ့ ဘီလူး

တက်တူးသင်တန်းဆင်းပြီးကာစ သူငယ်ချင်း Free ထိုးပေးလိုက်တဲ့ မျက်ခုံးတက်တူး။
28/06/2025

တက်တူးသင်တန်းဆင်းပြီးကာစ သူငယ်ချင်း Free ထိုးပေးလိုက်တဲ့ မျက်ခုံးတက်တူး။

28/06/2025

အသက် ၃၀ ကျော် လူလတ်ပိုင်း အမျိုးသားများ ကြက်ဥပြုတ်ကို မနက်တစ်လုံး ညနေတစ်လုံး ပုံမှန်စားပေးပါက တစ်ပတ်ပြည့်လျှင် ကြက်ဥ ၁၄ လုံး ကုန်သွားနိုင်ပါသည်။

ที่อยู่

Bangkok

เว็บไซต์

แจ้งเตือน

เป็นคนแรกที่รู้ข่าว: เราจะส่งอีเมลแจ้งเมื่อ Nyi Saung Oo โพสต์ข่าวสารและโปรโมชั่น อีเมลของคุณจะไม่ถูกนำไปใช้เพื่อวัตถุประสงค์อื่น และคุณสามารถยกเลิกการรับข่าวสารได้ทุกเมื่อ

ติดต่อ ธุรกิจของเรา

ส่งข้อความของคุณถึง Nyi Saung Oo:

ทางลัด

แชร์