Nostalgia Entertainment

Nostalgia Entertainment Movies review and Games review

Mercy for none (🚫Spoil မပါတဲ့ reviewဖြစ်လို့မကြည့်ရသေးလည်းဖတ်ရှုနိူင်ပါတယ်။)ဒီကားကောင်းလားဆို မဆိုးပါဘူးလို့ပဲပြောရမယ်။သ...
15/06/2025

Mercy for none (🚫Spoil မပါတဲ့ reviewဖြစ်လို့မကြည့်ရသေးလည်းဖတ်ရှုနိူင်ပါတယ်။)

ဒီကားကောင်းလားဆို မဆိုးပါဘူးလို့ပဲပြောရမယ်။သူများတွေနှိုင်းနေကြသလို John Wick နဲ့ယှဉ်ပြောရလောက်အောင်တော့ဟုတ်မနေပါဘူး။ပြောနေတဲ့လူတွေကလည်း ဒီတိုင်းပုံမှန်ရုပ်ရှင်ကြည့်သူတွေဖြစ်နေလို့ လို့ပဲသတ်မှတ်ပါတယ်။ဒီကားကို ကိုယ့်ပုဂ္ဂလိက အမြင်နဲ့တင်မက ရုပ်ရှင်ချစ်သူတယောက်အနေနဲ့ပြောမယ်ဆို အပိုင်းနှစ်ပိုင်း ထွက်လာတယ်။

ပထမအနေနဲ့ မကြိုက်တဲ့အပိုင်းကိုအရင်ပြောပါမယ်။ဇာတ်ညွှန်းကိုအားမရဘူးပြောရမယ် ဇာတ်ညွှန်းကြီးကခန့်မှန်းရအရမ်းလွယ်နေတယ်။Plot twist ဆိုပြီးထည့်ထားတဲ့ဟာတွေကိုယ်တိုင်က ဪ ငါထင်သလိုပဲဆိုပြီးဖြစ်‌ရလောက်အောင်ရိုးရှင်းပါတယ်။နောက်တခုကတော့ လူတွေအများကြီးဝိုင်းတီးတာတောင် သူမထိချင်ရင်မထိပဲ ထိချင်ရင်လည်း မင်းသားက 🗡️ နဲ့ရော 🔫 တွေနဲ့ပါပစ်၊ 🩸သွေးတွေအများကြီးထွက်လည်း ဘာမှမဖြစ်ပဲ အတင်းဇွတ်ဒရမ်မာခင်းတာမျိုးတွေများပါတယ်။(ဒါမျိုးကK Drama ဖြစ်သလို အင်္န္ဒိယတောင်ပိုင်းကားတွေအများကြီးကြည့်ထားတဲ့ ကိုယ့်အတွက်က ပြသနာမရှိပေမယ့်မြန်မာပြည်က အော်ရီဂျင်နယ်ဂန်းစတား ဆန်နေတဲ့ခံစားချက်မျိုးရနေတာပဲ)ပြောချင်တာက အဲ့မှာလာပြီ John Wick ကိုလူတွေကြိုက်ကြတယ်ဆိုတာက သေနတ်မောင်းတင်တာကအစ အနီးကပ်တိုက်ပွဲတွေအထိ ရင်တထိတ်ထိတ်နဲ့ ဘူဂီမန်းနေရာကနေ ဝင်ခံစားပြီး လှပတဲ့ရိုက်ချက်တွေနဲ့ သဘာဝဆန်တဲ့ သရုပ်ဆောင်မှုတွေ ဒိုင်ယာလော့တွေ Cypher punk ဆန်ဆန် Cinematography တွေကြောင့်ကြိုက်ကြတာပါ။ဒီကားကို John Wick နဲ့နှိုင်းပြောဖို့နေနေသာသာတခြား အက်ရှင်ဇာတ်လမ်းတွဲတချို့ကိုတောင်မမီပါဘူး။ ပြီးတော့ တချို့အခန်းတွေကမလိုအပ်ပဲထည့်ထားသလိုခံစားရတာပါ။ဂန်းစတားတွေဖြစ်နေပြီး တရားမဝင်အလုပ်တွေလုပ်နေပေမယ့် ဂန်းတွေမကိုင်ကြပဲ ရှေးခေတ်ရောမကားတွေလို တုတ်တွေ၊dar တွေနဲ့ပဲထုထောင်းနေကြတာပါ။
ဂန်းကိုင်ပြန်တော့လည်း Thayကွင်းThayကွက်ကို မပစ်ပဲစကားတွေများနေပြန်ပါတယ်။(ဇာတ်ကားက နာမည်နဲ့ပါလိုက်မနေတာပါ 😒)သေချာမချပဲ ပဲများနေလို့ အတီးခံရတာခပ်များများရယ်ပါ။အဲ့တာကြောင့် ကိုယ့်ဖာသာနားမလည်ပဲကြိုက်လည်း တန်ရာတန်ရာဇာတ်ကားနဲ့ ခိုင်းနှိုင်းညွှန်းဆိုကြပါလို့။

မကြိုက်တာတွေပြောပြီးပြီဆိုတော့ ကြိုက်တဲ့အပိုင်းတွေဆက်ပြောပါမယ်။ Cinematography အရမ်းကောင်းသလို ရိုက်ချက်တွေက တကယ်အဆင့်မီပါတယ်။အဲ့အပိုင်းမှာတော့ John Wick ကိုမမီတောင် John Wick ထက်မညံ့တဲ့အနေအထားမှာရှိပါတယ်။သရုပ်ဆောင်တွေလည်း အကုန်သဘာရင့်တွေပဲဆိုတော့ အဆင်တော်တော်ပြေပါတယ်။သွေးရဲရဲသံရဲရဲနဲ့ ချခန်းတွေပါတာကြိုက်တဲ့သူတွေအတွက်က အပေါ်ကအချက်တွေကို နားလည်ပေးနိုင်ပြီး အရသာရှိစွာကြည့်ရှုနိုင်မှာပါ။အပေါ်ကပြောသလိုမျိုး John Wick ဆန်ဆန်သွားရိုက်ချင်တဲ့အတွက် ဒါရိုက်တာလည်းဖိအားများသလို ကြည့်ရတဲ့လူအတွက်လည်း ဖီးကြဲစေလို့ သူ့ဖာသာသူဆိုရင် ဇာတ်လမ်းတွဲကောင်းတခုလို့ ပြောလို့ရပါတယ်။

IMDB rating တွေ ခရမ်းချဉ်သီး🍅 တွေက rating မဟုတ်ဘဲ ကိုယ်တိုင်သေချာအချိန်ကုန်ခံ ကြည့်ရှုထားတဲ့ review ဖြစ်သလို Spoil မပါဘဲရေးရတဲ့ ရိုးသားတဲ့ အညွှန်းမလို့ မျှော်လင့်ချက်ထားပြီးကြည့်မိကြရင် အချိန်ကုန်မှာစိုးလို့ ကိုယ်ချင်းစာစွာနဲ့ရေးပေးတာပါ။

Nostalgia Rating ⚡ 5/10

#သွေဖီခန့်

နာမည်ကြီးသရုပ်ဆောင် ကွန်ဖူးပညာရှင် တစ်ယောက်ဖြစ်တဲ့ Bruce Lee ရဲ့ ဝတ္တုကိုအခြေခံထားတဲ့ Warrior ကတော့ Season 3 အပြီးမှာပဲ M...
19/12/2023

နာမည်ကြီးသရုပ်ဆောင် ကွန်ဖူးပညာရှင် တစ်ယောက်ဖြစ်တဲ့ Bruce Lee ရဲ့ ဝတ္တုကိုအခြေခံထားတဲ့ Warrior ကတော့ Season 3 အပြီးမှာပဲ Max က လုံးဝရပ်ဆိုင်းလိုက်ပါတယ်လို့ကြေငြာလိုက်ပါတယ်... ဆိုပေမယ့်လဲ Netflix ကပဲ Warrior ကိုမွေးစားပြီး Season 4 ထပ်လာအုံးမလားဆိုတာကတော့...

Warrior has been cancelled after three seasons at Max, but Netflix could bring it back if the series performs well for the streamer.



သီချင်းပေါက်သွားလဲ YBS စီးနေရတုန်းပဲဆိုတဲ့ ရပ်ပါကြီး အေးမင်းနိုင်. 😆😆
21/08/2023

သီချင်းပေါက်သွားလဲ
YBS စီးနေရတုန်းပဲဆိုတဲ့
ရပ်ပါကြီး အေးမင်းနိုင်. 😆😆

ဟိုညီအကိုတွေ ဂျိန်းစ်ကင်မရွန်း ကိုတော့ပခုံးချင်းသွားတိုက်တာပဲ တကယ်တမ်းကျ ဟိုဘဲခြေမျက်စိကြီးဖြစ်နေတယ်ဟ ဟာသပဲ 😂  ခရစ္စတိုဖ...
05/01/2023

ဟိုညီအကိုတွေ ဂျိန်းစ်ကင်မရွန်း ကိုတော့ပခုံးချင်းသွားတိုက်တာပဲ တကယ်တမ်းကျ ဟိုဘဲခြေမျက်စိကြီးဖြစ်နေတယ်ဟ ဟာသပဲ 😂 ခရစ္စတိုဖာနိုလန်တို့ ဂျိန်းစ်ကင်မရွန်းတို့ စတီဖင်စပီးဘတ်ထ် ဆိုတာ ရုပ်ရှင်လောကမှာ God level တွေ ဂျိုလ်သားတွေနဲ့ပါ အဆက်အသွယ်ရှိတယ်ဆိုပြီး ကောလဟာလပါထွက်တဲ့အထိတွေကိုသွားပြီး ကာတွန်းဇာတ်ကောင်တောင်နပ်မှန်အောင်မရိုက်နိုင်ပဲနဲ့ အခွက်သွားပြောင်တော့ ဟိုဘဲက သမုဒ္ဒရာအောက်ခြေကနေတောင် ယီးလှန်ပြသွားရော ကိုယ်တိုင်တောင်မဟုတ်ဘူး ဘိုးတော်ရှာဖွေတွေ့ရှိထားလို့ နာမည်တောင် ကင်မရွန်းဆိုတပ်ပေးထားတဲ့ ဖားမျိုးစိတ်အသစ်ရဲ့ ယီးတိုလေးနဲ့ ဟီးဟီး ဘာဖြစ်ဖြစ် မှားဗယ်မှန်တဲ့ ဖန်ဂေ တွေလည်းငိုသံကြီးတွေနဲ့ Black Adam ထက်အများကြီးသာတယ်ဘာညာ မန့်နေကျတာမြင်မကောင်းဘူး :3

Uhh!
23/08/2022

Uhh!

ဒီတစ်ခါ Review လုပ်ပေးချင်တာက Game တစ်ခုပါ။အမျိုးအစားအနေနဲ့ဆို Action သေနတ်ပစ်ဂိမ်းထဲပါတယ်ပြောရမယ်။သူ့ချည်းပဲလားဆိုတော့ ...
03/04/2022

ဒီတစ်ခါ Review လုပ်ပေးချင်တာက Game တစ်ခုပါ။အမျိုးအစားအနေနဲ့ဆို Action သေနတ်ပစ်ဂိမ်းထဲပါတယ်ပြောရမယ်။သူ့ချည်းပဲလားဆိုတော့ မဟုတ်ပါဘူး Click to play (ဆော့ရင်းလှူ)ဆိုတော့ ဂိမ်းလည်းဆော့ရ နူတ်ခမ်းနီဖိုးလည်းရပေါ့။

ပထမပြောချင်တာက Game ရဲ့ပေးချင်တဲ့ Message ပါ။ 😎
အဲ့တာဘာလဲ မေးလာခဲ့ရင်တော့ ကျည်ဆံလိုလို့ ကျည်ဖြည့် (Reload)ရင် ဗီဒီယိုကြည့်ရတာပါပဲ။(အဲ့လိုဆော့နေရင်းဗီဒီယိုတွေမကြည့်ချင်လည်းပွဲမစခင် ကျည်ဖြည့်ရန်ဆိုတဲ့နေရာမှာဗီဒီယိုတစ်ခုကြည့်ရင် ကျည်ဆံ +10 ေပါင်းပါတယ်။( ကျနော်တော့ မစ်ရှင်အနေအထားပေါ်မူတည်ပြီးကျည်ဆံထိုင်စုပါတယ်)
ပြောတဲ့သဘောကမင်းဘယ်လောက်ပဲ skill ကြမ်းကြမ်းကျည်မရှိရင်မနိူင်ပါဘူးဆိုတာပါ။

ဒုတိယတစ်ခုက အထဲမှာပါတဲ့မစ်ရှင်တွေကမရိုးရပါဘူး။ရှေ့တန်းမျက်နှာစာမှာ စခ တွေကိုလိုက်ပစ်ရတာရှိသလို ဒလန်ရှင်းတာတို့ နံနတ်သီးထောင်တာတို့လို အပြင်ကတကယ့်မစ်ရှင်တွေထည့်ထားလို့ မုန့်ဟင်းခါးပွဲတွေများလေ စိတ်အားတက်ကြွလာလေပါပဲ(များများဆော့ရင်တကယ့်အပြင်ကမုန့်ဟင်းခါးပွဲလည်းတိုးတယ်ဆိုသလို ဟိုကောင်တွေကိုနာမ်နှိမ်ရာလည်းရောက်ပါတယ် 🤤)

တတိယတစ်ခုကတော့ ကိုယ်ကအမျိုးသားကာရိုက်တာဆိုရင် ပါတနာကအမျိုးသမီး(စိတ်ကြိုက်နာမည်ပေးလို့ရတယ်) အမျိုးသမီးကာရိုက်တာဆိုရင်တော့ ပါတနာကအမျိုးသမီးပေါ့။ချစ်သူနဲ့တူတူ စခတွေကို မုန့်ဟင်းခါးပွဲလုပ်ရတဲ့ခံစားချက်ကတကယ် မိုက်တယ်နော်။

တခြား Click to play တွေထပ် ဒီဂိမ်းက ဆော့ရလည်းလွယ်သလို ဒီဂိမ်းရဲ့ Control ကတော်ရုံဂိမ်းဆော့တတ်သူတွေတင်ဆော့လို့ရအောင်လုပ်ထားပေးတာပါ။လက်ရှိ Bug အနည်းငယ်ရှိပေမယ့်ကျန်တာအကုန်အဆင်ပြေလို့ လူပိုဆော့အောင်ရော ဆော့တဲ့လူတွေအားရကြအောင်ရော သူငယ်ချင်းတွေနဲ့မုန့်ဟင်းခါးပွဲပြိုင်ကြရအောင်ပါ ညွှန်းပေးလိုက်တယ်နော်

Game link 👇
https://play.google.com/store/apps/details?id=com.gzentertainment.thepdfgame

Nostalgia Entertainment Rating: 4/5

#သွေဖီခန့်


Resident Evil: Welcome To Raccoon City အတွက် Trailer ထွက်လာပါပြီခင်ဗျာ 😍တော်တော်မိုက်မယ့်ပုံပါ 😇
07/10/2021

Resident Evil: Welcome To Raccoon City အတွက် Trailer ထွက်လာပါပြီခင်ဗျာ 😍
တော်တော်မိုက်မယ့်ပုံပါ 😇

🚨ALERT🚨 from : Be the first to witness the origin of Evil in the ☣️NEW TRAILER☣️ for : . See it exclusively in movie...

Don't SPAM on international celebrity and influencer's postsလူတိုင်းမကြိုက်လောက်ပင်မယ့်အမုန်းခံပြီးရေးလိုက်ပါဦးမယ်Copy p...
02/02/2021

Don't SPAM on international celebrity and influencer's posts
လူတိုင်းမကြိုက်လောက်ပင်မယ့်အမုန်းခံပြီးရေးလိုက်ပါဦးမယ်
Copy paste ပြီးစာတွေတင် hashtag တွေနဲ့တင်တာကတော့အတိုင်းအတာတစ်ခုအထိ ထိရောက်ပေမယ့်နိုင်ငံတကာက influencerတွေ celebrityတွေရဲ့post အောက်မှာတော့ Spam comment မမန့်သင့်ဘူးလို့ထင်တာပဲ Comment တစ်ခုတည်းကိုလူတွေမန့်မယ့်အစား ရှိပြီးသား မန့်ပြီးသားလူတွေရဲ့ Comment ကို react ပေးတာကပိုပြီးထိရောက်တယ်နော် react များရင် Auto top comment ဖြစ်သွားမှာဖြစ်လို့တတ်နိုင်ရင် ကိုယ့်မန့်မယ့်comment box မှာတစ်ခြားလူcomment ထားတာရှိလားကြည့်ပြီးရှိရင်react ပေးလိုက်ပါ
မနေ့ကထဲကကိုယ့် messanger group ကပဲပြောနေပင်မယ့် အခုကတော့သူ့ရဲ့သက်ဆိုင်ရာ international Fan တွေအတွက် annoyingဖြစ်မှာစိုးလို့ပါ
တစ်ချို့နိုင်ငံတွေဆိုအသောကြီးထဲကမုန်းနေကြတာဆိုတော့ Spam comment အစား Top commentဖြစ်အောင် react ပဲပေးကြပါ
NE fans တွေတော့မသိဘူးကိုယ်ကတော့ Sponsored post တက်လာလို့ Comment ဝင်ကြည့်ရင်လဲအဲ့လိုတွေအပြည့်ဆိုတော့သူများတစ်ကာ အနည်းနဲ့အများannoying ဖြစ်မှာပဲ
အမှန်တိုင်းပြောရရင်ကိုယ်လဲသူတို့နေရာမှာဆိုရင်ဒီလိုအမြင်ကပ်စရာလို့မြင်မှာပဲဆိုပြီးတွေးပြီးတော့ အမုန်းခံပြီးတင်တာပါ
လိုက်လုပ်တာမလုပ်တာကတော့ရွေးချယ်မှုအပိုင်းနဲ့ပဲဆိုင်ပါတယ်
Feel free to share/ copy and reupload

Henry Cavill ကြီးပဲ ဘယ်ကားကြည့်ကြည့် ဘယ်နာမည်ကြီးဇာတ်ကောင်ကြည့်ကြည့် 🙄အခုလည်းဂျိန်းစ်ဘွန်းလုပ်ချင်သေးတယ်ဆိုလား 😐
29/09/2020

Henry Cavill ကြီးပဲ ဘယ်ကားကြည့်ကြည့် ဘယ်နာမည်ကြီးဇာတ်ကောင်ကြည့်ကြည့် 🙄

အခုလည်းဂျိန်းစ်ဘွန်းလုပ်ချင်သေးတယ်ဆိုလား 😐

Enola Holmes (2020) Netflixမနေ့ကမှ Netflix က လောလောလတ်လတ်ထွက်လာတဲ့ Enola Holmes ကိုကြည့်ဖြစ်တယ်။အနည်းငယ်ပဲအားရတယ်လို့ဆို...
23/09/2020

Enola Holmes (2020) Netflix

မနေ့ကမှ Netflix က လောလောလတ်လတ်ထွက်လာတဲ့ Enola Holmes ကိုကြည့်ဖြစ်တယ်။အနည်းငယ်ပဲအားရတယ်လို့ဆိုရမယ်။ဘာလို့လည်းဆိုတော့ Enola Holmes ဇာတ်ရုပ်နဲ့ Millie Bobby Brown ကတော်တော်လေးကိုက်ညီမှုရှိတယ်။ထက်ထက်မြတ်မြတ်ရှိပုံအထင်းသားပေါ်တဲ့အပြင် အရင်ကထက်လည်းအများကြီး သရုပ်ဆောင်ပိုကောင်းလာတယ်ပြောရမယ်။(ချစ်စရာလည်းပိုကောင်းလာတယ် 🤗)

Mycroft နဲ့ Sherlock ကိုတော့ အရမ်းကြီး အားမရပေမယ့် ညီအစ်ကိုနှစ်ယောက်ရဲ့ အားပြိုင်မှုကလည်းပေါ်နေသေးလို့ ကျေနပ်ရပါတယ်။(အဓိကကလည်းသူတို့ဇာတ်လမ်းမှမဟုတ်တာ)

စုံထောက်ကားကြိုက်တဲ့သူတွေကတော့ ဒီကားကိုသိပ်ပြီးအားရကြမှာမဟုတ်ပါဘူး။ဘာလို့လည်းဆိုတော့ ဇာတ်လမ်းတည်ဆောက်ပုံကတောင်စဥ်ရေမရဖြစ်နေတာရယ်။သူ့အမေကိုရှာနေရင်း ကြုံလို့လိုက်တဲ့ အမှုမျိုးဖြစ်နေပြီး ဘာမှတွေးစရာသိပ်တော့မပါလှဘူး။စိတ်ဝင်စားအောင်တော့တောက်လျှောက်ဆွဲခေါ်လာပေမယ့် ပြီးတော့လည်း "ဟင်ဒီလိုလားဟ " ဆိုပြီးပြီးသွားတာပဲ။ Sequel ထွက်လာရင်တော့အဆင်ပြေကောင်းပြေနိူင်ပေမယ့် ဒီကားကတော့ Enola Holmes အကြောင်းမိတ်ဆက်သွားရုံလောက်ပဲရှိမယ်။

အပျင်းပြေကြည့်ချင်ရုံလောက်အတွက်ပဲညွှန်းချင်ပါတယ်။(စုံထောက်ကားကောင်းကောင်း ကြည့်ချင်နေသူတွေအတွက်တော့ အချိန်ကုန်မခံကြပါနဲ့လို့ပြောချင်တယ်😑)Rotten Tomatoes မှာ ဘာလို့ 90% အထိရလည်းတော့နားမလည်ဘူး။ဒီကားကိုအများကြီးမျှော်လင့်ထားမိလို့အခုလိုခံစားရတာလည်းဖြစ်နိူင်ပါတယ်။

အဆိုးဆုံးတစ်ခုပြောပါဆိုရင် Henry Cavill ရဲ့ Sherlock Holmes နေရာကသရုပ်ဆောင်မှုကြီးက တော်တော်အားမလိုအားမရဖြစ်ရတာပါ။Benedict Cumberbatch ကိုမှီဖို့မပြောနဲ့ လူတိုင်းမလိုက်ပါဘူးပြောကြတဲ့ Robert Downey, Jr ရဲ့ Sherlock Holmes လောက်တောင်ဆွဲဆောင်မှုမရှိဘူးလို့ပြောချင်ပါတယ်။Nancy Springer ရဲ့မူရင်းဝတ္ထုမှာကိုက Sherlock ကို Role ချထားတာကြောင့်လည်းနေမယ်။ 😔

NostalgiaEntertainment's Rating: 3/5

#သွေဖီခန့်

Address

Thudamar Street
Yangon
11031

Website

Alerts

Be the first to know and let us send you an email when Nostalgia Entertainment posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share