08/04/2024
Hello!
မရှိမဲ့ရှိမဲ့ အားပေးနေကြတဲ့
သူငယ်ချင်းတွေကို ပြောစရာလေးရှိလို့ပါ။
ကျနော် Streaming လေးတွေ
အချိန်ကာလတစ်ခုထိ လုပ်နိုင်တော့မှာမဟုတ်ကြောင်းကို ဝမ်းနည်းစွာနဲ့ အသိပေးပါစေဗျာ။
နယ်ဘက်ကို အချိန်ကာလ အတိအကျမသိပဲ
သွားနေရမှာမို့လို့ပါ 😥
နယ်ဆိုတဲ့သိတဲ့အတိုင်းပဲ လိုင်းမကောင်းတော့
stream လို့မရလို့ပါ 😥။
ကျနော့်အနေနဲ့ streaming တွေ မလုပ်နိုင်ဘူးဆိုတာကလည်း အချိန်ကာလတစ်ခုထိပါပဲ။ နောက်ပိုင်းကျ ပြန် stream မှာပါ။ Streaming နားထားတဲ့အချိန်ကာလအတွင်း ကျနော် Video edit လေးတွေပုံမှန်တင်သွားမှာမို့လို့ မေ့မသွားကြပဲနဲ့ Video လေးတွေတင်တဲ့အခါ ဆက်ပြီးအားပေးကြဖို့လည်း မျှော်လင့်ပါတယ်ဗျ။
ကျနော် ဘာကောင်မှမဟုတ်ပဲ အားပေးခဲ့ကြတဲ့
သူငယ်ချင်းတစ်ယောက်ချင်းစီတိုင်းကို
ကျေးဇူးအများကြီးတင်ပါတယ်။
Stream မလုပ်နိုင်တော့ပေမဲ့
Video လေးတွေကိုလည်း
ဆက်ပြီးအားပေးကြပါဦးနော်။
Love u guys!
တစ်နေ့ပြန်တွေ့ကြမယ်နော် ❤️❤️