ရောင်စုံ Yaung Sone Collective

ရောင်စုံ Yaung Sone Collective Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from ရောင်စုံ Yaung Sone Collective, Art, Yangon.

“Young Sone” Live Drawing Session 2 has ended beautifully today. Thank you to all the visitors who joined us.Mark your c...
14/06/2026

“Young Sone” Live Drawing Session 2 has ended beautifully today. Thank you to all the visitors who joined us.

Mark your calendars for Session 3 (our final session!): next Sunday at Institut français de Birmanie, 2:00 PM.

***rartists ***rmyanmar

ဆေးစက်ကျရာအရုပ်ထင်🪬" ရောင်စုံတို့ Live Drawing Session 2 မနက်ဖြန် လမ်းဆုံကဖေး  မှာ ရှိပါတယ် "အားလုံးကို ဖိတ်ပါတယ်နော် 🌝🌈...
13/06/2026

ဆေးစက်ကျရာအရုပ်ထင်🪬

" ရောင်စုံတို့ Live Drawing Session 2 မနက်ဖြန် လမ်းဆုံကဖေး မှာ ရှိပါတယ် "

အားလုံးကို ဖိတ်ပါတယ်နော် 🌝

🌈ကွီယာအားတစ်တွေ လက်တွေ့ ပန်းချီဆွဲပြတာကို ကိုယ်တိုင်ခံစားဖို့၊ ရောင်စုံ လက်ရာတွေကို ရှုစားဖို့အတွက် ပွဲလေးကိုလာလည်နိုင်ပါတယ်။

ပန်းချီဆွဲပြတဲ့ အစီအစဉ်လေးကတော့ ⌚နေ့လည် ၂နာရီစမှာပါရှင်၊ ရောင်စုံအနုပညာရှင်တစ်ဦးဖြစ်တဲ့ Evelina ရဲ့ စတစ်ကာလေးတွေလည်း ၀ယ်လို့ရပါတယ်ဗျ 🐈

Masterpieces from every stroke 🪬

" Yaung Sone's Live Drawing Session 2 is happening tomorrow at Lann Sone Cafe @ IFB "

Everyone is warmly invited 🌝

🌈 Come join us to experience live painting by q***r artists firsthand and admire the vibrant artwork of Yaungsone.The live drawing session starts at ⌚ 2:00 PM.

You can also buy cute stickers by Eve The Explorer , one of our talented Yaung Sone artists 🐈

***rartists ***rmyanmar

🏳‍🌈 Happy Pride Month All the Q***r Artists 💝 First Live Drawing Session and Yaung Sone Grand Opening successfully done ...
06/06/2026

🏳‍🌈 Happy Pride Month All the Q***r Artists 💝 First Live Drawing Session and Yaung Sone Grand Opening successfully done ! 🎊

Thank you all for joining us.✨

🧑🏼‍🎨 ရောင်စုံက ကွိီယာပန်းချီဆရာတွေ Live ပန်းချီဆွဲပြမယ် ! ရောင်စုံ/ The Colours အနုပညာပြပွဲရဲ့ ဗွေဆော်ဦး အစီအစဉ်အနေနဲ့ ပ...
06/06/2026

🧑🏼‍🎨 ရောင်စုံက ကွိီယာပန်းချီဆရာတွေ Live ပန်းချီဆွဲပြမယ် !

ရောင်စုံ/ The Colours အနုပညာပြပွဲရဲ့ ဗွေဆော်ဦး အစီအစဉ်အနေနဲ့ ပန်းချီဆွဲပြမှာပါ။ 🎨အနုပညာရှင်တွေ အနုပညာလက်ရာ ဖန်တိီး‌နေတာကို မျက်မြင်ကိုယ်တွေ့ ခံစားနိုင်မှာပါ။

📍ပြပွဲ‌တည်နေရာ - ပြင်သစ်ယဉ်ကျေးမှုဌာန ifb
⏳အချိန် - ယနေ့၊နေ့လည် ၂နာရီ

အနုပညာရှင် - Evelina, Sharr, Wet Paint Dreams, Sc**zo

ယနေ့တွင် အနုပညာရှင်များသည် ပုံကြမ်းကောက်ကြောင်း sketch 🫟 ရေးခြစ်မည်ဖြစ်ပြီး၊ အပါတ်စဉ် တနဂ်နွေနေ့တိုင်းတွင် ယခုရေးခြစ်ထားသော sketch လက်ရာကိုဆက်လက်အသက်သွင်းသွားမည်ဖြစ်ပါသည်။

ဖြစ်တည်မှုကို ဖော်ညွှန်းတဲ့ ရောင်စုံလက်ရာရှင်တွေရဲ့ အနုပညာမြောက်ဖန်တီးမှုကို ခံစားဖို့ ဇွန်လ၆ရက်နေ့ ifb လမ်းဆုံကဖေး ကို ဖိတ်ခေါ်ပါတယ်🙆🏼

🧑🏼‍🎨 Q***r artists from "Yaung Sone" (The Colours) will be painting live !

This live painting session is the opening event of the "Yaung Sone / The Colours" art exhibition. 🎨 You will get to experience and witness the artists creating their artwork live right before your eyes.

📍 Venue: Institut Français de Birmanie (IFB)
⏳ Time: 2:00 P.M‌
Artists: Evelina, Sharr, Wet Paint Dreams, Sc**zo

Today, the artists will be creating sketches. 🫟 Every Sunday, they will continue to bring these sketches to art.

You are warmly invited to Lann Sone Café at IFB on June 6th to experience the artistic creations of these diverse artists, whose colorful works beautifully express identity and existence. 🙆🏼

ရောင်စုံ / Yaung Sone / The Colours Q***r Art Exhibition at Lann Sone Cafe 6th ~ 30th June, 2026 “ရောင်စုံ” ရဲ့ ပထမဦးဆုံ...
04/06/2026

ရောင်စုံ / Yaung Sone / The Colours
Q***r Art Exhibition at Lann Sone Cafe
6th ~ 30th June, 2026

“ရောင်စုံ” ရဲ့ ပထမဦးဆုံး အဖွဲ့လိုက်အနုပညာပြပွဲကို လာမယ့် ဇွန်လ ၆ရက်နေ့ကစလို့ Institut Français de Birmaine (iFB) အတွင်းမှာရှိတဲ့ Lann Sone Cafe မှာဇွန်လတစ်လလုံးပြသထားမှာဖြစ်ပါတယ်။ ပြပွဲမှာ “ရောင်စုံ”အဖွဲ့မှ Artist တွေရဲ့Q***r ဖြစ်တည်မှုနဲ့ပတ်သတ်တဲ့ ကိုယ်ပိုင်အမြင်၊ ကိုယ်ပိုင်ခံယူချက်တွေနဲ့ ဖန်တီးထားကြတဲ့လက်ရာတွေအပြင် ပြပွဲရက်အတွင်း Weekend တိုင်းမှာ Live Drawing Session လည်း
ရှိနေမှာဖြစ်လို့ လာရောက်ကြည့်ရှုအားပေးဖို့ ဖိတ်ခေါ်ပါရစေ

Time - 10AM ~ 5PM
Date - 6.6.2026 ~ 30.6.2026
Venue - Lann Sone Cafe, Institut Francais de Birmaine (iFB)

“ရောင်စုံ/ Yaung Sone / The Colours”
Q***r Art Exhibition at Lann Sone Cafe
June 6–30, 2026

We are excited to present the first group art exhibition by Yaung Sone Collective, which will be held throughout June at Lann Sone Cafe, located inside Institut Français de Birmanie (iFB), beginning on June 6, 2026.

The exhibition will showcase artworks created by artists from the Yaung Sone collective, expressing their personal perspectives, experiences, and interpretations of q***r identity and existence.

In addition, a Live Drawing Session will take place on the weekends throughout the exhibition days. We warmly invite everyone to come and enjoy the exhibition and support the artists.

Time: 10:00 AM – 5:00 PM
Dates: June 6–30, 2026
Venue: Lann Sone Cafe, Institut Français de Birmanie (iFB)

***rartists ***rmyanmar

“ရောင်စုံ” ရဲ့ အဖွဲ့ဝင်တစ်ယောက်ဖြစ်တဲ့ Jae Jae (ဂျေဂျေး) နဲ့မိတ်ဆက်ပေးပါရစေဂျေဂျေးသည် သန်လျင်၊ ရန်ကုန်အခြေစိုက် လွတ်လပ်သ...
04/06/2026

“ရောင်စုံ” ရဲ့ အဖွဲ့ဝင်တစ်ယောက်ဖြစ်တဲ့ Jae Jae (ဂျေဂျေး) နဲ့မိတ်ဆက်ပေးပါရစေ

ဂျေဂျေးသည် သန်လျင်၊ ရန်ကုန်အခြေစိုက် လွတ်လပ်သော အနုပညာလုပ်ငန်းဆိုင်ရာလုပ်သားတစ်ဦးဖြစ်ပြီး ၎င်းနှင့်ပတ်သတ်သည့်စီမံခန့်ခွဲခြင်း၊ ကျူရေးရှင်း၊ လွတ်လပ်သောစာပေထုတ်ဝေရေးလုပ်ငန်းစဉ်များနှင့် အနုပညာဆိုင်ရာပညာရေးကဏ္ဍများကို ပေါင်းစပ်လုပ်ကိုင်လျက်ရှိပါသည်။ spaces-31 နှင့် Myanm/art contemporary art space တွင် အစပြုပါဝင်လုပ်ကိုင်ခဲ့သည့် အတွေ့အကြုံများမှတစ်ဆင့် Izana Gallery နှင့် Coming From Kalaw Co. Ltd. တို့၌ ဆောင်ရွက်ခဲ့ရင်း ပန်းချီပြခန်းများ၊ အနုပညာဆိုင်ရာနေရာများကို စီမံခန့်ခွဲသည့် လက်တွေ့အခြေအနေများအပေါ် အခြေခံသည့် အလေ့အထများနှင့် အမြင်များကို ပိုမိုတိုးချဲ့တည်ဆောက်နိုင်ခဲ့ပါသည်။

လက်ရှိတွင် ပြည်တွင်းရှိ လက်လုပ်ဇင်းများနှင့် ကိုယ်တိုင်ထုတ်ဝေရေးသားဖန်တီးသူများ၊ အနုပညာရှင်များနှင့် အဖွဲ့များကို ကူညီနိုင်ရန်ရည်ရွယ်သည့် “သံပရာနဲ့သံပယို” ကို ဦးဆောင်လုပ်ကိုင်နေပါသည်။ ထို့အပြင် မြန်မာနိုင်ငံရှိ ဖန်တီးခြင်းဆိုင်ရာလုပ်ငန်းများ၏ ကွီယာရပ်ဝန်းကို အားပေးနိုင်ရန် ရည်ရွယ်သည့် ရောင်စုံ Yaung Sone Collective ၏ အဖွဲ့ဝင်တစ်ဦးလည်းဖြစ်ပါသည်။ သူမသည် k-real Art Education and English Language School ၏ လုပ်ငန်းဆောင်တာများကို စီမံခန့်ခွဲလျက်ရှိပြီး၊ စဉ်ဆက်မပြတ် သင်ယူလိုသူများအတွက် ရေရှည်တည်တံ့ခိုင်မြဲပြီး အားလုံးလက်လှမ်းမီနိုင်သည့် အနုပညာဆိုင်ရာပညာရေးအစီအစဉ်များကို ဖန်တီးနိုင်ရန်အတွက် တာဝန်ယူလုပ်ကိုင်လျက်ရှိပါသည်။

Meet one of the members from our “Yaung Sone” collective, Jae Jae.

Jae Jae (b. 2002)

Jae Jae a.k.a Khine Thazin Aung is an independent art practitioner currently based in Thanlyin, Yangon, whose practice integrates arts management, curation, independent publishing, and community arts education. Her career in the art sector evolved through hands-on experiences at spaces-31 and Myanm/art contemporary art space, and later expanded through Izana Gallery and Coming From Kalaw Co. Ltd., shaping a practice grounded in the realities of managing art spaces.

Jae Jae runs သံပရာနဲ့သံပယို (pronounced: Thanbuya Ne Thanpayo), a label dedicated to promoting localized DIY zines and independent publishing entities. She is also a proud member of ရောင်စုံ Yaung Sone Collective, dedicated to uplifting Myanmar's creative q***r communities. She spearheads operations for k-real Art Education and English Language School, managing day-to-day realities to build accessible art education programs with sustainability at their core for continuous learners.

***rartists ***rmyanmar

“ရောင်စုံ” ရဲ့ အဖွဲ့ဝင် Artist တစ်ယောက်ဖြစ်တဲ့ Evelina နဲ့မိတ်ဆက်ပေးပါရစေEvelina သည် မြန်မာပြည်အခြေစိုက် ကွီယာအနုပညာရှင်...
04/06/2026

“ရောင်စုံ” ရဲ့ အဖွဲ့ဝင် Artist တစ်ယောက်ဖြစ်တဲ့ Evelina နဲ့မိတ်ဆက်ပေးပါရစေ

Evelina သည် မြန်မာပြည်အခြေစိုက် ကွီယာအနုပညာရှင်တစ်ယောက်ဖြစ်ပြီး သူမလက်ရာများတွင် ပညာရေးမှတစ်ဆင့် အသိုင်းအဝိုင်းတည်ဆောက်ခြင်း၊စိတ်ကျန်းမာရေးဆိုင်ရာ အတွေးအခေါ်များ၊ လူ့အခွင့်အရေးနှင့်တရားမျှတမှုတို့ အပါအဝင် လူမှုရေးဆိုင်ရာအကြောင်းအရာများကို အဓိကထား ဖန်တီးသည်။ Evelina သည် မိမိကိုယ်ပိုင် ရှုထောင့်နှင့် ဘဝအတွေ့အကြုံများမှ အတွေးများ ဆွဲထုတ်လျက် မတူကွဲပြားမှုနှင့် အသိုင်းအဝိုင်းပါဝင်ပတ်သက်မှုတို့ကိုမတူကွဲပြားသော ကြားခံပစ္စည်းများဖြင့် လက်ရာများ ဖန်တီးလျှက်ရှိသည်။

Meet one of the artists from our “Yaung Sone” collective, Eve The Explorer @ Evelina.

Evelina (b. 2000), Myanmar, is a q***r visual artist, currently based in Yangon, Myanmar. She has an educational background in Bachelor of Art in Tourism and Hospitality Management from National Management Degree College Yangon, Myanmar and is now pursuing the Diploma in Psychology.

Her works explore the themes of social concerns including gender and q***r issues, community building through education, environmental sustainability, mental health, human rights and social justice. Working across a diverse range of mediums, Evelina creates with a commitment to inclusivity, diversity, and community engagement, drawing from her personal lens and lived experiences.

***rartists ***rmyanmar

“ရောင်စုံ” ရဲ့ အဖွဲ့ဝင် Artist တစ်ယောက်ဖြစ်တဲ့ Wet Paint Dreams နဲ့မိတ်ဆက်ပေးပါရစေဆေးရောင်စိုစိုအိပ်မက်များ (Wet Paint D...
03/06/2026

“ရောင်စုံ” ရဲ့ အဖွဲ့ဝင် Artist တစ်ယောက်ဖြစ်တဲ့ Wet Paint Dreams နဲ့မိတ်ဆက်ပေးပါရစေ

ဆေးရောင်စိုစိုအိပ်မက်များ (Wet Paint Dreams) သည် ရန်ကုန်မြို့မှ စာရင်းကိုင်တစ်ဦးတဖြစ်လဲ ပန်းချီရေးသူတစ်ဦးလည်းဖြစ်ပါသည်။

သူသည် ၂၀၁၉ ခုနှစ်တွင် စာရင်းကိုင်အလုပ်ကို စတင်လုပ်ကိုင်ခဲ့သော်လည်း ၂၀၂၀ ခုနှစ် ကိုဗစ်ကာလအတွင်းတွင်မူ ဘဝက မမျှော်လင့်ဘဲ တစ်ဆစ်ချိုး ပြောင်းလဲသွားခဲ့သည်။ အိမ်တွင်း၌သာ အချိန်ကုန်ဆုံးခဲ့ရခြင်းကြောင့် သူ၏ အာရုံစိုက်မှုသည် စာရင်းကိုင်ပညာရပ်မှ ပန်းချီဆွဲခြင်းဘက်သို့ ကူးပြောင်းသွားခဲ့ပြီး ဤကဏ္ဍနှစ်ရပ်စလုံးကို ဟန်ချက်ညီညီ လုပ်ဆောင်နိုင်ခဲ့သည်။ လကုန်ပိုင်း စာရင်းဇယား အစီရင်ခံစာများ ပိတ်ခြင်းမှစ၍ နောက်ဆုံးလက်ရာ ပန်းချီကားများကို အချောသတ်သည်အထိ၊ သူသည် ကိန်းဂဏန်းလောကနှင့် အရောင်အသွေးလောက နှစ်ခုစလုံးကြားတွင် အလုပ်များရင်း စီးမျောနိုင်မည့် နည်းလမ်းကို ရှာဖွေတွေ့ရှိခဲ့သည်။

Meet one of the artists from our “Yaung Sone” collective, Wet Paint Dream.

Wet Paint Dreams is an accountant and a painter from Yangon.

He started working as an accountant in 2019 but things took an unexpected turn during the COVID-19 lockdown of 2020. Forced to stay at home, his focus shifted from accountancy training to painting, and this dual role took off. From closing the month-end statements and reports to finishing up his latest painting, he found a way to keep himself busy and flowing in both worlds of numerology and colours.

***rartists ***rmyanmar

“ရောင်စုံ” ရဲ့ အဖွဲ့ဝင် Artist တစ်ယောက်ဖြစ်တဲ့ SC**ZO နဲ့မိတ်ဆက်ပေးပါရစေSC**ZO သည် ရန်ကုန်အခြေစိုက် mixed-media artist န...
03/06/2026

“ရောင်စုံ” ရဲ့ အဖွဲ့ဝင် Artist တစ်ယောက်ဖြစ်တဲ့ SC**ZO နဲ့မိတ်ဆက်ပေးပါရစေ

SC**ZO သည် ရန်ကုန်အခြေစိုက် mixed-media artist နှင့် ဆေးဝါးပညာရှင်တစ်ဦးဖြစ်ပြီး၊ သူမ၏အနုပညာလက်ရာများတွင် စိတ်ခံစားမှုများ နှင့် စိတ်ကူးစိတ်သန်းများကို ပေါင်းစပ်ကာ expressive paintingများဖြင့်ဖော်ထုတ်ရေးသားတတ်သူတစ်ဦးဖြစ်ပါသည်။ အ‌ရောင်များနှင့် layered textures များကို အသုံးပြုကာ ပန်းချီဆွဲခြင်းသည် သူမအတွက် စိတ်ထွက်ပေါက်တစ်ခု ဖြစ်စေပြီး မိမိကိုယ်ကို ရှာဖွေဖော်ထုတ်ရာနေရာတစ်ခုလည်း ဖြစ်သည်။

Meet one of the artists from our “Yaung Sone” collective, SC**ZO.

SC**ZO is a Yangon-based mixed-media artist and pharmacist whose work explores emotion and inner feelings through expressive
painting. Using colour and layered textures, painting serves as an emotional outlet and a space for self-discovery.

***rartists ***rmyanmar

“ရောင်စုံ” ရဲ့ အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ စွမ်းဦး နဲ့မိတ်ဆက်ပေးပါရစေ စွမ်းဦးက ပင်လယ်အကြောင်းပုံပြင်ပြောသူ တစ်ဦးပါ။ စေတနာ၀န်ထမ်...
02/06/2026

“ရောင်စုံ” ရဲ့ အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ စွမ်းဦး နဲ့မိတ်ဆက်ပေးပါရစေ

စွမ်းဦးက ပင်လယ်အကြောင်းပုံပြင်ပြောသူ တစ်ဦးပါ။ စေတနာ၀န်ထမ်းခြင်းကို အသက်၁၆နှစ်ထဲက တစိုက်
မတ်မတ်အားထုတ်နေသူပါ။ ရန်ကုန်မြို့အခြေစိုက်
ကြားခံနယ်စုံအနုပညာပြပွဲတွေမှာ လေ့လာသူတစ်ဦးအနေနဲ့ စွမ်းဦးကိုတွေ့နိုင်ပါတယ်။ လက်ရှိမှာ ကလေးတွေအတွက် ပုံပြင်ပြောပြီး၊ လူကြီးတွေအတွက် စာတစ်ချို့တစ်လေ ရေးပါတယ်။ ထိလွယ်ရှလွယ်ဖြစ်နေတဲ့ သဘာ၀ပတ်၀န်းကျင်အရေးကို စိတ်ပါ၀င်စားပြီး လူသားတွေ စိတ်အားထက်သန်တဲ့ အနုပညာနဲ့ ယဉ်ကျေးမှု အခင်းအကျင်းပေါင်းစုံကို ဆက်လက်လေ့လာသွားဖို့ စိတ်အားထက်သန်နေပါတယ်။ လိင်စိတ်ခံယူချက်အပေါ် မည်သူ့ကိုမှ မေးခွန်းထုတ်ခွင့်မပေးလိုသူ ကွီယာ ဖြစ်သော်လည်း လူတိုင်း ကိုယ့် စိတ်သဘောကျ လိင်စိတ်ခံယူခွင့်ရှိအောင် အသံပြုပေးနေပါတယ်။

Meet one of the members of our “Yaung Sone” collective, Swan Oo.

Swan Oo is an ocean storyteller. He has been a volunteer since he was 16 years old. He also works as an observer for multimedia art exhibitions in Yangon. Currently, he tells stories for children and writes social media contents for adults. He is passionate about environmental issues and loves exploring the diverse art and cultures that inspire humanity.
As a q***r person, he believes everyone's sexuality should be respected without question.

***rartists ***rmyanmar

Address

Yangon

Website

Alerts

Be the first to know and let us send you an email when ရောင်စုံ Yaung Sone Collective posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category