Ba Nyar Chan

Ba Nyar Chan Playing games in one of the days, one hour for relaxing.

😭
18/12/2025

😭

I ဆော့ရမှာလား
25/11/2022

I ဆော့ရမှာလား

ချီးဂိမ်း။ မဆော့တာကြာလို့ဆော့ကြည့်တာ အရင်အတိုင်းပဲ။ ပုပ်စော်နံလို့။ ဂိမ်းပဲ အတင်းထုတ် အတင်းရောင်းနေတယ်။
28/07/2022

ချီးဂိမ်း။ မဆော့တာကြာလို့ဆော့ကြည့်တာ အရင်အတိုင်းပဲ။ ပုပ်စော်နံလို့။ ဂိမ်းပဲ အတင်းထုတ် အတင်းရောင်းနေတယ်။

First battle champion.
18/05/2022

First battle champion.

17/05/2022
လယင်ပျံ မောင်းရမလား?
23/01/2022

လယင်ပျံ မောင်းရမလား?

21/01/2022

တောင်းစားခြင်းဟူသည်...

စာရေးသူမြင်သော တောင်းစားတယ်ဆိုတာ အကျဉ်းအားဖြင့် ၃မျိုး ၃စား ရှိတယ်လို့မြင်မိတယ်။

၁။ အိုနာကျိုးကန်းမှုဖြင့်တောင်းစားခြင်း။

၂။ မိမိ၏ အစွမ်းတစ်ခုခုကို ပြသဖော်ထုတ်မှုဖြင့် တောင်းစားခြင်း။

၃။ အကျင့်သီလ စာရဏကို ထိန်းကျောင်း တောင်းစားခြင်း။

နံပါတ်၁

အိုနာကျိုးကန်းမှုဖြင့်တောင်းစားခြင်း။

တောင်းစားမှုကျတော့ အသနားခံပြီးတောင်းစားရတာဖြစ်ပါတယ်။ သူ့မှာ အစွမ်းပြစရာမရှိဘူးပေါ့။ လူတကာ သနားစဖွယ်ဖြစ်အောင်လဲနေထိုင်ပြုမှုရသလို တကယ်လဲ သနားစရာအနေအထားဖြစ်ရပါတယ်။ မှုလ ကျင့်ဝတ်ကတော့ အင်္ကျီဆွဲ ပုဆိုးဆွဲ အတင်းလိုက်တောင်းရတာမျိုး မဟုတ်ဘဲ သနားစရာဖြစ်အောင် နေထိုင်ပြီး တောင်းစားရတာမျိုးပါ။

စကားချပ်။ ဒါပေမယ့် ယနေ့ခေတ် အိုနာကျိုးကန်းမဟုတ်ဘဲနဲ့လဲ အတင်းတောင်းစားနေကြတာတွေ့ရပါတယ်။

နံပါတ်၂

မိမိ၏ အစွမ်းတစ်ခုခုကို ပြသဖော်ထုတ်မှုဖြင့် တောင်းစားခြင်း။

သူက အနားခံတောင်းစားသူမျိုးမဟုတ်ပါဘူး။ မိမိရဲ့ အစွမ်းတစ်ခုခုကို လူတကားစိတ်ဝင်စားဖွယ်အဖြစ် ထုတ်ဖော်ပြသဖျော်ဖြေပြီးမှ ပြသတဲ့အစွမ်းကို သဘောကျနှစ်သက်စေကာ ဂုဏ်ပြုမှုအဖြစ် ရယူတာမျိုးဖြစ်ပါတယ်။

ဥပမာ။ လူစုလူဝေးများတတ်တဲ့နေရာမျိုးတွေမှာ ဂုဏ်ရှိစွာဖြင့် မိမိတတ်ကျွမ်းအပြုအမှုတခုခုကို ပြသပြီး အလှူငွေ ရယူတာမျိုးပေါ့လေ။

နံပါတ်၃

အကျင့်သီလ စာရဏကို ထိန်းကျောင်း တောင်းစားခြင်း။

သူကျတော့ သာမန်လူတွေမလုပ်နိုင်ကြတဲ့ စာရဏလို့ခေါ်တဲ့ အကျင့်သီလကိုစောင့်ထိန်းနေထိုင်ပြီး သဒ္ဓါကြည်ဖြူစွာဖြင့် ပေးကမ်းခြင်းကို ရယူစေ(တောင်းစားရ)တာမျိုးပါ။

အပေါ်က (နံပါတ်၁-၂) နဲ့မတူတော့ပါဘူး။ သူကျတော့ နံပါတ်၁လိုမျိုး အသနားခံတောင်းစားတာမျိုးလည်းမဟုတ်သလို နံပါတ်၂လိုမျိုး တောင်းစားခါနီးမှ အစွမ်းတခုခုကိုပြသပြီး တောင်းစားရတာမျိုးလည်း မဟုတ်ပါဘူး။

ထို့အပြင် ပေးကမ်းသမျှကို အကုန်လက်မခံတတ်ကြပါဘူး။ သံသရာလွတ်ရေးသည်သာ အဓိကဖြစ်လို့ လူ့စည်းစိမ်ကိုဖယ်ရှားစေပြီး ခြိုးခြံချွေတာမှုအနည်းဆုံးဖြင့် တင်းတိမ်ရောင်ရဲ့တတ်ကြသူတွေဖြစ်ကြပါတယ်။

စာရဏဆိုတဲ့ သီလအကျင့်ကို ဖြည့်ကျင့်ပြီး လူတကာဆီက စေတနာသဒ္ဓါတရားကို ရယူရတာမျိုးဖြစ်ပါတယ်။ သိထားရမှာက ထိုသို့ လူတကာတွေဆီက ကြည်ဖြူစွာပေးမယ့် သဒ္ဓါတရားကို ရယူနိုင်ဖို့ရာ စာရဏ အကျင့်သီလကို စောင့်ထိန်းနေတာမျိုးမဟုတ်ပါဘူး။ ဘဝသံသရာလွတ်ရာလွတ်ကြောင်းအတွက် စာရဏအကျင့်မြတ်ကို ကျင့်ဆောင်ခြင်းသည်သာ အဓိကဖြစ်ပါတယ်။ ထိုသို့ကျင့်ဆောင်နေကြသည့်အတွက် ကြည်ညိုသဒ္ဓါဖြစ်ပြီး လှူဒါန်းရခြင်းသာဖြစ်ကြပါတယ်။

လိမ်လည်လှည့်ဖျားပြီး ရယူတာမျိုးမဟုတ်ပါဘူး။ အရိုအသေခံ လိုလိုလားလားဖြင့် လာလှူဒါန်းတာကိုမှ ရယူရခြင်းဖြစ်ပါတယ်။ အတင်းလိုက်တောင်းတာမျိုးလည်း မဟုတ်သလို မက်လုံးပေးဆွယ်တရားဟော ရယူတာမျိုးလည်း မဟုတ်ပါဘူး။ သတ်မှတ်ပြီးသား ကျင့်ဝတ်သိက္ခာတွေနဲ့အညီ နေထိုင်ကျင့်ကြံရင်းနဲ့ မဖြစ်မနေလိုအပ်တဲ့ (ဆွမ်း၊ သင်္ကန်း၊ ကျောင်း၊ ဆေး) စားဝတ်နေရေးမှအပ သာမန်လူတွေထက် လိုအပ်ချက်တွေကို ပယ်ထုတ်ပြီး နေထိုင်ရတဲ့အမျိုးစားဖြစ်ပါတယ်။

အရှင်းဆုံးပြောရရင် အလှူရှင်တွေပေါ့များအောင် တမင်တကာ ကျင့်တာမျိုးမဟုတ်ဘဲ။ ကျင့်လို့အလှူရှင်ပေါ့များခြင်းသာဖြစ်ပေတယ်။

ကျင့်လို့ အလှူရှင်ပေါ့များလာပြန်ရင်လည်း လိုအပ်သလောက်သာ လက်ခံတတ်ကြပြီး မတော်မတရားလောဘတက်ခြင်းမျိုးကို ရှောင်ကြဉ်တန်ကြပါသေးတယ်။

ပုံမှန်အားဖြင့် နံပါတ်၃ အမျိုးအစားက အသာဆုံးဖြစ်ပါတယ်။ ယနေ့ခေတ်မှာတော့ ပြောင်းပြန်အချို့ကျပြီး အဆိုးဆုံးထဲပါဝင်ရတာ စိတ်မကောင်းစရာပါဘဲ။

နံပါတ်၁-၂ထက်ကို ဆိုးနေ‌တာတွေ့ရပါတယ်။ နံပါတ်၁လိုမျိုး အသနားခံ သနားစရာအဖြစ်နဲ့ တောင်းစားတာမျိုးလည်း မဟုတ်သလို၊ နံပါတ်၂လိုမျိုး အစွမ်းတခုခုပြပြီး စေတနာဖြင့်ပေးလှူတာမျိုးလည်း မဟုတ်ပြန်ပါဘူး။

ဒါဆို နံပါတ်၃လိုမျိုး အတိုင်းများလားဆိုတော့ မဟုတ်ပြန်ပါဘူး။ နံပါတ်၁-၂-၃ ကိုပယ်ပြီး၊ နံပါတ်၃ ကိုကာဗာအဖြစ်အသုံးချလျှက် ရှိတယ်။

ရိုးရိုးတောင်းမရရင် အကျင့်ကိုလှည့်ဖျားပြီး အယောင်ဆောင်တောင်း၊ အယောင်ဆောင်လိုမှ မရရင် လိမ်လည်ပြီးတောင်း၊ အသွင်းခိုးတောင်း၊ ဂျင်းထည့်မက်လုံးပေးတောင်း၊ ပေါ်တင်အရူးကွက်နင်းတောင်း၊ အကြောင်းမျိုးစုံပြတောင်းတယ်။ လမ်းဘေးမှာတောင်းသလို အိမ်စဉ်လှည့်ပြီးလည်းတောင်း၊ ဈေးတန်းမှာလဲတောင်းသလို ငါးစိမ်းတန်းမှာလည်းတောင်းကြတယ်။ နေရာစုံ နယ်ပယ်စုံ အလွှာစုံ နေရာဒေသစုံမှာပေါ့။ မရှိဆင်းရဲသားဆီကလည်းတောင်းတယ်။ သူဌေးဆီကလည်း လှည့်ဖျားကြီး အကြိုက်လိုက်မြှောက်ပင့်ပြီး တောင်းတတ်ကြတယ်။ ရှိရှိ မရှိရှိ ကြံဖန်မက်လုံးပြတောင်းတတ်ကြပါသေးတယ်။ တောင်းချက်က မြင်မကောင်းအောင်ကို တောင်းတတ်ကြပါတယ်။

ဖော်ပြပါ Video မှာတော့ နံပါတ်၂ အမျိုးအစားဖြစ်ပါတယ်။ သူ့ရဲ့အစွမ်းကို လူတကာကိုချပြပြီး ကြည်ဖြူသလောက်ဘဲ လက်ခံရယူတာကိုမြင်ရမှာဖြစ်ပါတယ်။ အားလုံးကလည်း ကျေနပ်မှုရှိကြတာကို တွေ့ရှိမှာဘဲဖြစ်ပါတယ်။ နံပါတ်၂ အမျိုးအစားကိုတော့ နိုင်ငံတကာမှာလဲ ကျင့်သုံးနေကြတာပါဘဲ။

နံပါတ်၁-၂-၃ မဟုတ်တဲ့၊ နံပါတ်၃ကို အကာကွယ်ယူပြီး လုပ်စားကြတဲ့ တောင်းစားကြီးများကတော့ မြန်မာပြည်မှာဘဲရှိပါတယ်။ နိုင်ငံတကာမှာတော့ မရှိသလောက်ရှားပါတယ်။ နံပါတ်၃ရဲ့ ဂု‌ဏ်သိက္ခာ၊ သမာဓိတွေကိုလည်း ဖျက်ဆီးရာရောက်ပါတယ်။ ထိုအမျိုးအစားကို ခရုဝင်ကစွပ်အမျိုးအစားဖြစ်ပါတယ်။

By
မာစတာမိုးမိုး

ဒါနဲ့ညိနေလို့ မဆော့ကျတာလားဟင်။ cheat code update စောင့်နေတာလားဟင်။
19/12/2021

ဒါနဲ့ညိနေလို့ မဆော့ကျတာလားဟင်။ cheat code update စောင့်နေတာလားဟင်။

Address


Alerts

Be the first to know and let us send you an email when Ba Nyar Chan posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Establishment

Send a message to Ba Nyar Chan:

Shortcuts

  • Want your establishment to be the top-listed Arts & Entertainment?

Share