26/05/2022
အားလုံးပဲ မင်္ဂလာပါဗျာ🙏
ဒီ post လေးကတော့ ကျွန်တော့် Art By Depar page လေးရဲ့ ပထမဆုံး knowledge sharing post ဖြစ်ပါတယ်🥰
ကျွန်တော် အခုလို 3D artwork တွေကို စပြီး လေ့လာဖြစ်တာ ၇လ ပဲရှိပါသေးတယ်😄
စပြီးလေ့လာဖြစ်တဲ့ ပုံလေးတွေရယ် ဘာ software တွေသုံးတာလဲ စလေ့လာရင် ဘယ်လို လေ့လာရမလဲဆိုတာတွေကို ကျွန်တော် ဒီ post မှာရှင်းပြပေးသွားမှာပါ...😊
⚡️ ပထမဆုံး အနေနဲ့ ကျွန်တော် သုံးတဲ့ software တွေကတော့ Blender, After effect and Lightroom Classic ပဲဖြစ်ပါတယ်🤗
⚡️ Blender ဆိုတာကတော့ 3D ပုံတွေဖန်တီးဖို့ အတွက်ဖြစ်ပီး Modeling, Texturing, Shading, Lighting အပြင် Animation တွေပါလုပ်လို့ ရတဲ့ Free software တစ်ခုဖြစ်ပါတယ်😙
⚡️Aftereffect ကတော့ ကျွန်တော် Compositing လုပ်ဖို့ဖြစ်ပီး Lightroom Classic ကတော့ final color grading လုပ်ဖို့ ဖြစ်ပါတယ်😗
⚡️ စလေ့လာဖြစ်တာကတော့ YouTube ကနေဖြစ်ပါတယ်
⚡️ YouTube မှာက Free course တွေ အများကြီးရှိတဲ့ အတွက် 3D artwork တွေကို စလေ့လာချင်သူများ အတွက်တော့ ကျွန်တော် YouTube ကိုပဲ ညွှန်းချင်ပါတယ်ဗျာ😇
⚡️ 3D ကိုစလေ့လာတော့မယ်ဆိုရင် Basic tutorial ကို အရင်ကြည့်ပါ Basic ပိုင်မှ နောက်ပိုင်းကျရင် အဆင်ပြေမှာ မို့ပါ☺️
⚡️ Basic လည်းပိုင်သွားပီဆိုရင်တော့ ကိုယ်ဘာလုပ်ချင်တာလဲဆိုတာ အရင်စဥ◌်းစားကြည့်ပါ 🤔
⚡️ဥပမာ Animation လား Environment လုပ်ချင်တာလား Character modeling လုပ်ချင်တာလား စသဖြင့် စဥ◌်းစားကြည့်ပါ
⚡️စဥ◌်းစားပီး သွားပီဆိုရင်တော့ ကိုယ်လုပ်ချင်တဲ့ ပုံစံပေါ် မူတည်တဲ့ tutorial တွေကြည့်ပါ🧐
⚡️အစပိုင်း ကတော့ လူတိုင်း tutorial တွေလိုမှာပဲ ဒါပေမဲ့ tutorial တွေကြီး ပဲ လည်း အားမကိုးပါနဲ့ ကိုယ့်ဟာကိုလေးလည်း self study ပုံစံမျိူးလေးလုပ်ကြည့်ပါ😌
⚡️ဥပမာ ငါဒီနေ့ ပန်းအိုပုံ လေးလုပ်ကြည့်မယ် ဆိုရင် tutorial မကြည့်ဘဲလုပ်ကြည့်ပါ တရက်နဲ့ မပြီးလဲ အချိန်ယူပြီး လုပ်ကြည့်ပါ😊👊
⚡️နောက်ပိုင်းကျရင် experience နဲ့ အဆင်ပြေသွားပါလေ့မယ်👍
ဟုတ်ကဲ့ဒါကတော့ ကျွန်တော့ page အတွက် knowledge sharing post လေးဖြစ်ပါတယ်🤗
နောက်ပိုင်း ကျရင်လည်း ဒီလို knowledge sharing post တွေအပြင် ကျွန်တော် လုပ်ထားတဲ့ artwork တွေရဲ့ Time-lapse လေးတွေပါတင်ပေးသွားမှာမို့ post လေးကို share ပြီး page ကို Like and Follow လေးလဲလုပ်ပေးသွားပါအုန်းဗျာ😁
ကျေးဇူးတင်ပါတယ်ဗျာ 🙏🥰