FRIDAY's Betta Farm

FRIDAY's Betta Farm

လှိုင်သာယာရန်ကုန်မြို့နဲ့နှိုင်းရင်လှိုင်သာယာဆိုတာ  မြိုင်ရာဇာပဲကဗျာမဆန်တဲ့ တာဇံတွေနေတဲ့အရပ်။ကမ္ဘာစစ်ကိုမကြုံဖူးပေမဲ့နာဂ...
27/07/2022

လှိုင်သာယာ

ရန်ကုန်မြို့နဲ့နှိုင်းရင်
လှိုင်သာယာဆိုတာ မြိုင်ရာဇာပဲ
ကဗျာမဆန်တဲ့ တာဇံတွေနေတဲ့အရပ်။
ကမ္ဘာစစ်ကိုမကြုံဖူးပေမဲ့
နာဂစ်ကိုဆုံဖူးတဲ့ မြစ်ဝကျွန်းပေါ်ပျံကျတွေ၊
ရေကြည် မြက်နုရာ .....
လယ်ကိုပစ်လို့ စက်ရုံရှာတဲ့ အညာမွန်ဂိုတွေ၊
ရွှေ့ပြောင်းအခြေချသူတွေစုဝေးရာ လှိုင်သာယာဆိုတာ
မြန်မာပြည်ရဲ့ ထောပတ်စော်မနံတဲ့ နယူးအင်္ဂလန်ပေါ့။
လှိုင်သာယာမှာ ကြယ်ငါးပွင့်ဟိုတယ်မလို
အသီးအရွက်ကလေးနဲ့ မီးခွက်စျေးပဲလိုတယ်။
ရိုးစင်းပုံက ....
မလိုင်မပါတဲ့ အသင့်သောက်လက်ဖက်ရည်လိုမြို့၊
လူမိုက်ပေါတယ်လို့လဲ
ဒူးရင်းသီးအခွံလို နာမည်ပျက်တဲ့မြို့၊
တခါတလေ သူ့ကိုယ်ပေါ်က ဒုစရိုက်တွေကို
အလုပ်သမားသပိတ်တွေနဲ့ဆေးကြောတတ်သေးတယ်။
ကျူးကျော်ရပ်ကွက်နဲ့ ချွေးစက်တွေ
မသေရုံထမင်းတနပ်နဲ့ ချက်အရက်အနံ့တွေ
စက်ရုံမီးခိုးနဲ့ သွေးထွက်သံယိုရန်ပွဲတွေဟာ
လူယဉ်ကျေးတို့ဒေသမှာ မရနိုင်တဲ့
လှိုင်သာယာရဲ့ စပါယ်ရှယ်မီနူးတွေပါပဲ။
ရွှံစဉ်မှာစိုးသူတွေ ခြေမချတဲ့အရပ်ကို
ကမ္ဘာကျော်မင်းသမီး ဂျိုလီလာတယ်
ဒေါ်အောင်ဆန်းစုကြည်လာတယ်။
အဲသလိုမြို့ဟာ ......
မြန်မာ့နွေဦးတော်လှန်ရေးမှာ
"သားရေကြိုးတင်းအောင်ကိုင်"
မိန်းမတွေက နှုတ်စကားကြမ်းကြမ်း
ယောက်ျားတွေက တုတ်ဓါး တရမ်းရမ်းနဲ့
ကလေးလူကြီးအကုန် သွေးအတူနီးပုံက
"ဖိရင်ကြွမယ် ထိရင်ချမယ်"တဲ့
ပထမဆုံးခုခံစစ်ဟာ အဲဒီမှာ ကန့်လန့်ကာဖွင့်ခဲ့တယ်။
အစွန်းထွက်တန်ဖိုးသီအိုရီကို အနံ့မခံဖူးပေမဲ့
သေမထူးနေမထူး ဒဿန ဆိုတာ သူတို့ကွမ်းတံထွေး။
အင်အားကြီးတိုင်းသာ အရှုံးပေးရရင်
သမ္မာကျမ်းထဲမှာ စစ်ဘီလူးကြီးဂိုလိယက်ကို
သိုးကျောင်းသားဒေးဗစ်နိုင်စရာမရှိ။
အခြေခံလူတန်းစား မပါတဲ့တော်လှန်ရေးဆိုတာ
အတောင်ပံမပါတဲ့ငှက်ပဲ။
"ငါသေရင်
ငါ့အနောက်ကကောင်
မင်းကိုခုတ်မယ်"(ပိုစတာ)
အလံနက်လွှင့်လိုက်ပြီ
အမှန်ဘက်ကအသင့်။
ပြောမဆုံးပေ အမောဆုံးနွေမှာ
တတောလုံးဝေမယ့်သူတွေ။
သေလဲအဆန်းမဟုတ်
မကြွေရဲဘဲ ပန်းမလုပ်။

-သစ္စာနီ
(10.6.21)

ကြိုးပေးခံရသော လှိုင်သာယာ သား နှစ်ဦးအားဂုဏ်ပြုပါသည်။

ဒီနေ့တက်လာတဲ့ သတင်းကိုအားလုံးသိနေကြမှာဖြစ်သလို အကုန်လုံးဝမ်းနည်းနေကြရမှာပါ ဒီလိုတွေထပ်မဖြစ်အောင် ကလစ်ရမှာဆိုပေမဲ့ စုပြုံ...
25/07/2022

ဒီနေ့တက်လာတဲ့ သတင်းကိုအားလုံးသိနေကြမှာဖြစ်သလို အကုန်လုံးဝမ်းနည်းနေကြရမှာပါ
ဒီလိုတွေထပ်မဖြစ်အောင် ကလစ်ရမှာဆိုပေမဲ့
စုပြုံပြီးတော့မကလစ်ကြပါနဲ့
websiteတွေ appတွေပြသနာတက်နိုင်လို့ပါ
ဒါကြောင့်YTဘက်အားစိုက်ရအောင်
YTကြည့်နည်းလေးထည့်ပေးမယ်နော်

-YTမှာ acc loginဝင်ထားဖို့လိုပါတယ်နော်
ပြီးရင်YTထဲဝင်ပြီး WE CLICKကိုရှာပါ ထိပ်ဆုံးကပေါ်လာတဲ့ Lay Sanကိုကြည့်ပေးပါ
*720pနဲ့အထက်ထားပြီး
*volumeကို50အထက်ထားပေးပါ
*ရပ်လည်းမရပ်ပါနဲ့ ကျော်လည်းမကျော်ပါနဲ့ *Auto playသေချာပေါက်ပိတ်ထားပေးပါ
*history မရှင်းပါနဲ့
*Vpnဖွင့်ထားရပါမယ်တဲ့ (အမှားအတွက်တောင်းပန်ပါတယ်)
*Vpnကို US/UK စတဲ့ ဥရောပနိုင်ငံတွေကိုဘဲ ရွေးချယ်ထားပြီး ကြည့်ပေးပါနော်
*နောက်တစ်ခုကsearch listမှာကြည့်မဲ့ဟာကိုကိုယ်တိုင်ရှာကြည့်ပေးပါနော် တစ်ခါပြန်ကြည့်တိုင်း တစ်ခါပြန်ရှာပေးပါ
(WE CLICK
Pa Day Thar Pin V2
WECLICK4MM အဲ့လိုလေးရိုက်ရှာပေးပါ)
ဒီအတိုင်းvideoကိုအစအဆုံးထိပြီးအောင်
ကြည့်ပေးပါနော်

-Lay Sanပြီးရင် Pa Day Thar Pin V2လို့ရှာပြီး ပေါ်လာတဲ့ဟင်းချက်videoလေး
(Survival Cooking Skills in the forest)
ကိုကြည့်ပေးပါ
အပေါ်ကနည်းအတိုင်းဘဲထပ်ကြည့်ပေးပါ

-ပြီးရင်WECLICK4MMလို့ရှာပြီး ပေါ်လာတဲ့ထဲက ကြိုက်တဲ့videoတစ်ပုဒ်ကြည့်ပါ
အပေါ်ကနည်းအတိုင်းပါ

-နောက်ဆုံးကတော့ ကိုယ်ကြိုက်တဲ့videoလေးတစ်ပုဒ်ဖြစ်ဖြစ်ရှာကြည့်လိုက်ပါ
ကြည့်ပြီးရင်တော့ စာအစကိုပြန်သွားပြီး
အစကပြန်ကြည့်ပေးပါ
တစ်ပုဒ်ကိုထပ်ခါထပ်ခါကြည့်မရဘဲ
ကြားထဲ၃ပုဒ်လောက်ညှပ်ကြည့်ပေးရတာမို့
ဒီလိုနည်းလေးနဲ့ကြည့်ပေးပါနော်

(အဓိကက Lay Sanနဲ့Survival Cooking Skills in the forestမို့ ကြားထဲတခြားvideoတွေကြည့်ပေးလည်းရပါတယ်)

ကလစ်ကြဖို့လည်းမမေ့ပါနဲ့နော်
ဒါတွေကိုခံပြင်းတယ်ဆိုပြီး ဒီ၂ရက်၃ရက်ဘဲ
စုပြုံကလစ်တာမျိုးတွေမလုပ်ပါနဲ့
နေ့တိုင်းပုံမှန်လုပ်ပေးပါ YTအတွက်ရောပါဘဲ
ခဏဘဲခံပြင်းပြလို့မရပါဘူးနော်
တော်လှန်ရေးကြီးသေချာပေါက်အောင်ရမှာမို့ အားတင်းပြီးလုပ်ပြကြရအောင်

crd

HELLBOY အလွင့်လေး၁ကောင်ရမယ်ဘော်ဒါတို့ ၁ကောင်တည်းနော် ၁ကောင်တည်း...CB or 📱09-799496008
11/10/2021

HELLBOY အလွင့်လေး၁ကောင်ရမယ်ဘော်ဒါတို့
၁ကောင်တည်းနော် ၁ကောင်တည်း...
CB or 📱09-799496008

HMPKလေးတွေကို အဝါလေးတွေကြိုက်တယ်ဆိုရင်ဆက်သွယ်လိုက်နော်...!😁🟡CB or 📲-09799496008
21/09/2021

HMPKလေးတွေကို အဝါလေးတွေကြိုက်တယ်ဆိုရင်ဆက်သွယ်လိုက်နော်...!😁🟡
CB or 📲-09799496008

ဒီလို Halfmoonလေးတွေဆိုရင်ရော 😉Contact Us - CB or 09799496008
19/09/2021

ဒီလို Halfmoonလေးတွေဆိုရင်ရော 😉
Contact Us - CB or 09799496008

Coming soon for GIVEAWAY 🎁
13/09/2021

Coming soon for GIVEAWAY 🎁

13/09/2021

Halfmoon လေးတွေရပါမယ်ဗျ
စပြီးမိတ်ဆက်တဲ့အနေနဲ့ Giveawayအစီအစဥ်လေးတွေလည်းလာပါဦးမယ်...
နောက်ရက်တွေကျ HMPKတွေတင်ပေးပါဦးမယ်ဗျ...
မှာယူချင်တယ်ဆိုရင်တော့ Page Messenger နဲ့
Ph no; 09799496008 တို့ကိုဆက်သွယ်ပြီးမှာယူနိုင်ပါတယ်ခင်ဗျာ...

Address

Aung Thitsar (5)st, Thaketa
Yangon

Telephone

+959799496008

Website

Alerts

Be the first to know and let us send you an email when FRIDAY's Betta Farm posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Establishment

Send a message to FRIDAY's Betta Farm:

Share

Category