Dea by chiko

Dea by chiko Adorable Poem,Memorable Notes….

ဒီနေ့ အခန်းရှင်းရင် တွေးမိတာလေးတခုကတချို့အရာတွေက လွှတ်ပစ်ရမဲ့ အမှိုက်တွေဥပမာ ကုန်သွားပေမဲ့ design လေးချစ်ဖို့ကောင်းနေတဲ့...
03/09/2025

ဒီနေ့ အခန်းရှင်းရင် တွေးမိတာလေးတခုက
တချို့အရာတွေက လွှတ်ပစ်ရမဲ့ အမှိုက်တွေ
ဥပမာ ကုန်သွားပေမဲ့ design လေးချစ်ဖို့ကောင်းနေတဲ့
ရေမွှေးပုလင်းလိုမျိုးတွေပေါ့
တချို့ပစ္စည်းလေးတွေကျ ကောင်းပေမဲ့
ကိုယ်အသိမ်းလွန်ပီး သုံးလို့မရတော့တဲ့ပစ္စည်းလေးတွေ
ကိုယ့်အတွက်အသုံးမဝင်တော့တဲ့
ချစ်ရတဲ့ အမှိုက်လေးတွေပေမဲ့
ကြာလာတော့ အခန်းရှုပ် နေရာယူရုံကလွဲရင်
တချိန်လွှင့်ရမဲ့အမှိုက်တွေကို စုထားသလိုပဲ ဖြစ်နေတာ
စောစောရှင်းလိုက်တော့လဲ အခန်းရှင်းသွားသလို စိတ်ထဲပေါ့သွားတာပေါ့ကွယ်

23/07/2025

ငါ အခုက လူတွေနဲ့ ပတ်သက်ရင်
လမ်းပေါ်က ကြောင်တကောင်ကို ချစ်သလိုပဲ
သဘောထားတော့တယ်။
သူ ငါနားမှာရှိတဲ့အချိန် ပွတ်သပ်ချော့မြူတယ်။
ပြီးတော့ တူတူရှိတဲ့အချိန်ကို တန်ဖိုးထားတယ်။
ခွဲခွာသွားတဲ့အချိန်မှာ သတိရနေမယ်။
အိမ်ခေါ်သွားလေ မွေးလိုက်လေ တူတူရှိလိုက်လေ
ဆိုတာက ဖြစ်လာချင်လည်း ဖြစ်လာမယ်။
ဒါပေမဲ့ အဲ့ဒါက ကြောင်လိုချင်တာ ဖြစ်ဦးမှ။
တကယ်လို့ ကြောင်က အဲ့လိုမျိုး မနေချင်ရင်
ငါလည်း အဲ့ကြောင်ကို မမွေးချင်ဘူး။
ဒါပေမဲ့ အဲ့လို မဖြစ်ရလို့ အဲ့ကြောင်နဲ့ တူတူရှိတဲ့
ချိုမြိန်မှုကို လက်လွှတ်ခံစရာလည်း မလိုဘူး ထင်တာပဲ။

တခါတရံတွင် တခါတရံများသည်
Crd

Address

Yangon

Telephone

+959428097447

Website

Alerts

Be the first to know and let us send you an email when Dea by chiko posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category