Fish King

Fish King Sharing knowledge

Sword Tail ( ဆိုတေး )🐟🐋      ဆိုတေးဆိုတာကတော့ အလှမွေးငါးလောကမှာ ဟိုအရင်ကထဲက နေရာယူမွေးမြူခဲ့ကြတဲ့ငါးအမျိုးအစားပဲဖြစ်ပါတယ...
02/07/2025

Sword Tail ( ဆိုတေး )🐟🐋

ဆိုတေးဆိုတာကတော့ အလှမွေးငါးလောကမှာ ဟိုအရင်ကထဲက နေရာယူမွေးမြူခဲ့ကြတဲ့ငါးအမျိုးအစားပဲဖြစ်ပါတယ်

သူတိုရဲ့ထူးခြားချက်က ဘာလဲဆိုတော့ ဓားရှည်ပုံသဏ္ဌာန်အမြှီး ရှိ၍ sword tail ဟုခေါ်ဆိုကြပါတယ်

မြန်မာနိုင်ငံမှာတော့ ဆိုတေး ဆိုတဲ့ အသံထွက်နဲ့ခေါ်ဝေါ်ကြပါတယ်

ဒီငါးလေးတွေက ဘယ်လိုပုံစံ ဘယ်လိုကန်အနေအထားနဲ့ ရှင်သန်လဲဆိုတာကိုတော့ အောက်က guide line လေးတွေထဲမှာ လေ့လာကြည့်ကြပါဦးဗျာ

*မူလဇာတိ = အမေရိကတိုက်ရဲ့အလယ်ပိုင်းနဲ့ မြောက်အမေရိကတိုက်တွေမှာ အစပြုနေထိုင်ခဲ့ကြပါတယ်

သူတို့ကို 1848 ခုနှစ် စတင်ရှာဖွေတွေ့ရှိခဲ့ပါတယ်

*ရေအမျိုးအစား = tropical fish အမျိုးအစားထဲမှာ ပါဝင်ပေမဲ့ အပူချိန် 65F - 82F အတွင်း မှာ ကောင်းကောင်းရှင်သန်နေထိုင်နိုင်ကြပါတယ်

*Temperature and ph = 65 - 82F & 7 - 8.4

*ကန်အကျယ်အဝန်း = ဆိုတေးတစ်မျိုးထဲမွေးမယ်ဆိုရင်တော့ ကန်အကျယ်အဝန်း က ၁ပေပတ်လည် ( 7gal ) လောက်ဆို အဆင်ပြေပါတယ်

ဒါပေမဲ့ အခြားငါးမျိုးစိတ်တွေပါ ထပ်ထည့်မယ်ဆိုရင်တော့ ၂ပေ၁ပေ ( 20 - 30 ) gal လောက်ကအဆင်ပြေပါတယ် ကန်ထဲကခုန်ထွက်နိုင်တာကြောင့် ကန်အဖုံးဖုံးပေးထားတာ ပိုအဆင်ပြေပါတယ်

*အုပ်စုဖွဲ့နေထိုင်မှုရှိမရှိ = ဆိုတေးတွေက အုပ်စုဖွဲ့နေထိုင်တဲ့ငါးအမျိုးအစားဖြစ်ပေမဲ့ ကန့်သတ်ချက်အချို့တော့ရှိပါတယ်

အုပ်စုတစ်စုမှာ အထီး တစ်ကောင်ထက်ပိုများနေမယ်ဆိုရင်တော့ အထီးတွေအချင်းချင်း ကိုက်နိုင် ဆိတ်နိုင်ကြတာကြောင့် အုပ်စုတစ်စု အထီးတစ်ကောင်ပဲမွေးတာပိုအဆင်ပြေပါတယ်

အထီး၁ အမ 3 or 4 ဆို လုံလောက်ပါတယ်

*အကြီးဆုံးအရွယ်အစား = အကြီးဆုံး အရွယ်အစားကတော့ 6 လက်မ နီးပါးအထိကြီးနိုင်ပါတယ် ဒါပေမဲ့ အထီးတွေကတော့ အမထက်ကို အနည်းငယ်သေးသွယ်ပါတယ်

*အစာကျွေးမှု = အစားအစာ ကျွေးမွေး တဲ့အခါမှာလဲ အစာခြောက် ရေညှိ ပိုးလောက်လန်း ရေတီ အာသီးမီးယား စသည်ဖြင့် စုံလင်စွာ ကျွေးနိုင်ပါတယ်

*ထိန်းသိမ်းဂရုစိုက်ပေးမှု = 1 or 2 week တိုင်းကို ရေ ၅၀ % လှယ်ပေးရပါမယ်

*ဆောင်ရန်ရှောင်ရန် = ကန်အဖုံးဖုံးပေးခြင်း

*tankmate = အခြားငါးတွေကို ရန်လို အနိုင်ကျင့်သော အမူအကျင့်ရှိတဲ့အတွက်ကြောင့် tankmate ရွေးချယ်ရာမှာလဲ ဆိုတေးငါးနည်းတူ ရန်မူတိုက်ခိုက်တတ်သောငါး သို့မဟုတ် အမြှီးအတောင် ရှည်လျားခြင်းမရှိသော tiger barb / zebra danio / molly etc စသည့်ငါးတွေကို ကန်ကျယ်ကျယ်နှင့်အတူ မွေးမြူသင့်ပါတယ်

*အထီးအမခွဲခြားမှု = အထီးသည် အမထက် အနဲငယ် သေးသွယ် ၍ အထီး၏အမြှီးသည် ဓားရှည်ပုံ ရှိသည်

*သားဖောက်ပုံ = ဆိုတေးငါး သားဖောက်ခြင်းကတော့ လွယ်ကူပါတယ် ကိုယ်ဝန်ဆောင်ထားသော ငါးမကို ငါးထီးနှင့် တွဲပေးရုံနဲ့တင် သားပေါက်နိုင်ပါတယ်

*အခြားအရောင်များ = အစိမ်း အဝါ အနီ စပ်ကြား စသည်ဖြင့် ကွဲပြားသောအရောင်များရှိပါတယ်

*အခြားမျိုးကွဲများ = ဆိုတေးငါးတွေကို molly fish နှင့် စပ်ဖောက်နိုင်ပါတယ်

#မှတ်ချက်။ ။ကန်အဖုံးမဖုံး၍ခုန်ထွက်ခြင်း နှင့် ငါးကန်ရေလှယ်ရာတွင် ရေအပူချိန်ရုတ်ချည်းပြောင်းလဲမှုဒဏ်ကြောင့် ငါးသေဆုံးနိုင်သည်အထိဖြစ်ပွားနိုင်ပါတယ်

Crd Org Writer🙏🙏
Photos Internet

Shadow Aquarium

12/04/2024
12/04/2024
25/03/2024

🐠🐟

06/11/2023

🐠 Betta Fish Breeding Procedures 🐟

Address

Mingaladon Baho Naing Ngan Yay
Yangon

Alerts

Be the first to know and let us send you an email when Fish King posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Establishment

Send a message to Fish King:

Share

Category