23/01/2023
ဒီနေ့အခုတလောကြည့်ဖြစ်နေတဲ့ရုပ်ရှင်တစ်ကားလောက်ညွှန်းချင်လို့ တရုတ်ကားသိုင်းကားလေးပါ
ကိုယ်ကြည့်ထားတာကို ကိုယ်စကားပြောတဲ့ပုံစံရေးထားတာမို့
စပွိုင်းတာလည်းမမိချင် ကြည့်ကောင်းမကောင်းလဲသိချင်ရင်တော့ ဆက်ဖတ်ကြည့်လိုက်ပါ
THE BLOOD OF YOUTHပါ
ဒီကားမှာအဓိကဇာတ်ကောင်၄ယောက်ဆိုပေမယ့် ဒေစီ့အတွက်တော့၃ယောက်လို့ပဲခံစားရပါတယ် ရှောင်းဆဲ့ဆိုတာက သိုင်းလောက သတင်းမှန်သမျှသိုင်းမှန်သမျှအကုန်သိတဲ့ skynetကြီးပါ ဆရာသမားက တအားလည်းလျှိုပြီး တည်ကြည်လေးနက်ပါတယ် ပြီးတော့ရှယ်ကျွမ်းနော် ဘာကျွမ်းလဲမမေးနဲ့ မပြောဖူး သူကMainဇာတ်ကောင်ပါ အကုန်သိတဲ့ဆရာသမားက သိုင်းချတိုင်းအမြဲဘေးကပဲထိုင်ကြည့်ပြီး သူ့မှာလျှို့ဝှက်ချက်ကလည်းတအားများတာမို့ သူကဘာလို့သိုင်းမချတာလဲ ဘာလို့လျှိုတာလဲ ဘာလို့ဘာလို့ဆိုတဲ့မေးခွန်းများစွာကိုတဖြေးဖြေးသိချင်ရင် ကိုယ်တိုင်ကြည့်ပါမပြောပြပါဘူး🤭
ဝူရှင်း သူကကိုယ်တော်ဆိုလည်းဟုတ်တယ် ကိုယ်တော်မဟုတ်ဘူးဆိုရင်လည်းမဟုတ်ဘူးပေါ့ (ဘာလို့အဲ့လိုပြောလဲသိချင်ရင်ကြည့်လေ) ကိုယ်တော်ကိုတော့အထင်မသေးပါနဲ့သူကသိုင်းအတော်ကျွမ်းပြီး လူတိုင်းကအမြဲလာလာပြီးသတ်တာခံနေရသူပါ ထူးခြားချက်ကတော့ တအားစွာပါတယ် ရုပ်တည်နဲ့အင်မတန်မှ စခွီတွေပြောတတ်သူပါ ရှောင်းဆဲ့နဲ့တအားကိုcloseဖြစ်တဲ့ သူငယ်ချင်းလို့ပြောလို့ရပါတယ်
လဲ့ဝူကျဲကတော့ သိုင်းပညာလည်းကောင်းအတတ်လည်းမြန်ပြီး တက်ကြွတဲ့လူငယ်ပေမယ့် ထုံပေါကြီးပါ
တကယ့်ကို ကလေးလို ဘာမြင်မြင်အကုန်ပါးစပ်ဟငေးပြီးသူများပြောသမျှယုံပါတယ် ဒါပေမယ့်အထင်မသေးပါနဲ့ ရှိရှိသမျှ သိုင်းလောကအကျော်အမော်မှန်သမျှကသူ့အမျိုးချည်းပဲ အားသာချက်ကသစ္စာရှိပြီးသူငယ်ချင်းတွေကိုလည်းတအားချစ်ပါတယ်
သူတို့၃ယောက်နဲ့ရဲ့ခံယူချက်က မနိုင်ရင်ပြေးပါ.....
ထျန်လျန်ကတော့အကြီးဆုံးဖြစ်ပြီးအနေအေးစကားနည်းတဲ့သူပါ သိုင်းလည်းကျွမ်းပါတယ်
သူတို့၄ယောက်ရဲ့ဆုံစည်းပုံကလည်းထူးခြားသလို တစ်ယောက်စီရဲ့ဘဝဖြတ်သန်းပုံကလည်းစိတ်ဝင်စားစရာအပြည့်နဲ့ပါ ပြီးတော့သိုင်းလောကအကျော်အမော်တွေရဲ့ သိုင်းအလှတွေကိုလည်းဝေဝေဆာဆာနဲ့ကြည့်ရမယ့်အပြင်အချစ်ခန်းမပါတာကြောင့် ဒီဘက်မှာရှားပါတဲ့ကားပါပဲ လူငယ်သဘာဝချစ်ကြိုက်တာကိုပါးပါးလေးပဲပြလို့ကြိုက်တယ် ဒါအပြင်နန်းတွင်းထဲကအားပြိုင်မှုကိုပါသေချာလေးရှုစားရမှာမို့ သိုင်းလောကရောနန်းတွင်းရောကိုတစ်ပြိုင်တည်းကြည့်လို့ရမယ့်ကားပါ ပြီးတော့ရှောင်းဆဲ့တို့သူငယ်ချင်းတွေနဲ့စည်းလုံးမှုချစ်ခင်မှုသစ္စာရှိမှုတို့လည်းမြင်ရတဲ့အပြင်ဟာသလည်းနှောတာမို့ဘဝအမောလည်းပြေပါတယ် ဒီကားကိုကြည့်ရတာ မိသားစုစုံလင်ထမင်းဝိုင်းစားရသလိုပဲအရသာရှိလှတာမို့ကြည့်ကိုကြည့်သင့်ပါတယ်လို့အကြံပြုရင်း.....