21/02/2021
‼️ ဗျူဟာပြောင်းမယ် ‼️
ဒီညအနေအထားအရဆိုရင် သူတို့ဘက်က မနက်ဖန်အတွက် တော်တော်မျှော်လင့်ထားတာ သေချာနေပြီ
🔺ရန်ကုန် ၁မြို့တည်းသီးသန့် နေ့လည် ၁၂နာရီထိInternet ဖြတ်မယ်
🔺Embassy ရှိတဲ့လမ်းတွေကို ထိပ်ကနေပိတ်ထားတယ်၊ ရဲတွေချထားတယ်
🔺ရပ်ကွက်တွေထဲမှာ စစ်ကားတွေနဲ့ “မနက်ဖန် မနက် ၈ မှ ည ၈နာရီ လူ၅ယောက်ထပ်ပိုမစုရ” ဆိုပြီးလိုက်အော်တယ်
🔺ဆူးလေတံတားကို မူလီတွေဖြုတ်ထားတယ်
🔺ရန်ကုန်အဝင် တံတားတွေကိုပိတ်လိုက်ပြီ
🔺ညဘက်ကြီး ကားတွေနဲ့လိုက်တိုက်တာ လူတွေထိကုန်ပြီ
အခြေအနေတွေကိုကြည့်ရင် မနက်ဖန်ည UN meeting မတိုင်ခင် ပြည်သူတွေဆူပူအုံကြွလာတဲ့အနေအထားဖန်တီးဖို့ ဆူးလေ/လှည်းတန်း စတဲ့နေရာတွေမှာပဲ လူစုစေပြီး ယုတ်မာဖို့လုပ်လိမ့်မယ်
So, ကိုယ်တွေ ဗျူဟာပြောင်းမယ်
မနက်ဖန် လုံးဝ လမ်းပေါ်မထွက်ပဲနေကြမယ်
သူတို့ကို နေလှန်းမယ်
၂ ငါးလုံးသပိတ်မှာ လူတွေဆန္ဒပြရင် အမေစုနဲ့ သမ္မတကြီးကို လွှတ်မယ်လို့လည်း မပြောထားဘူး...
အာဏာပြန်ပေးမယ်လို့လည်းမပြောထားဘူး...
လမ်းပေါ်မထွက်လည်းရတယ် ❗️
မနက်ဖန်ကိုမေ့လိုက်တော့...
သူတို့ကိုနေလှန်းမယ်
သူတို့မျှော်လင့်သလိုဖြစ်မလာအောင်လုပ်မယ်
နောက်ရက်မှ ပြန်ထွက်ကြမယ်
‼️ဒီပွဲမှာ နောက်ထပ် သေမယ့်သူမရှိစေရဘူး ‼️