𝗙𝗮𝗺𝗶𝗹𝘆

𝗙𝗮𝗺𝗶𝗹𝘆 Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from 𝗙𝗮𝗺𝗶𝗹𝘆, Arts and entertainment, Yangon.

17/02/2024

မကြာမှီ သက်ြန်လာတော့မည် ဆိုတော့ကာ 🔫

12/02/2022
အမေရိကန် သွားမယ့်သူများအတွက် ဗဟုသုတလေး share ပေးပါရစေ 🌉🏛🗽Brooklyn Bridge ဟာ သမိုင်းဝင် နာမည်ကြီး တံတားတစင်း ဖြစ်သလို Mah...
12/02/2022

အမေရိကန် သွားမယ့်သူများအတွက် ဗဟုသုတလေး share ပေးပါရစေ 🌉🏛🗽

Brooklyn Bridge ဟာ
သမိုင်းဝင် နာမည်ကြီး တံတားတစင်း ဖြစ်သလို Mahanttan/ Brooklyn နဲ့ river view ရဲ့ လှပတဲ့မြင်ကွင်းကို တွေ့မြင်နိုင်ပါတယ်…..
ဒီတံတားပေါမှာ နေဝင်ဆည်းဆာအချိန် လမ်းလျောက်/သီချင်းနားထောင်ရတာကို နှစ်သက်တယ်….. ခုဆိုရင် ဒီတံတားရဲ့သက်တမ်းဟာ နှစ်ပေါင်း ၁၃၈ နှစ်ကျော်ရှိပီ ဖြစ်ပါတယ်….

အောက်မှာ Brooklyn bridge ရဲ့ သမိုင်းကို ဖတ်ရှူနိုင်ပါတယ်……

၁၉ရာစုအလယ်လောက်မှာ ဥရောပတစ်ဝှမ်းမှာ ကြိုးတံတားတွေ ပြိုပြိုကျနေခ့်တယ်။ တံတားရဲ့ကြိုးတွေက ရာသီဥတုဆိုးဝါးမှုကြောင့် ဖွာလာပြီး တံတားအခင်းတွေရဲ့ အလေးချိန် ကြောင့် ပြတ်ထွက်ကုန်ကြတယ်။

ဒါနဲ့ John Roebling ဆိုတဲ့ ဂျာမန်-အမေရိကန် အင်ဂျင်နီယာက နယူးယောက်အရှေ့ပိုင်းမြစ်မှာ စိတ်ကူးဖူးသမျှ ဈေးအကြီးဆုံး အကြီးဆုံး ကြိုးတံတားကို ဆောက်လုပ်ဖို့ အဆိုတင်တဲ့အခါ မြို့ခံသူတွေ အကြောင်းပြချက်ရှိရှိ သံသယဖြစ်ကြပါတယ်။

ဒါပေမဲ့ Mahanttan က လူဦးရေပိုထူထပ်လာပြီး Brooklyn မြို့ကသွားလာသူတွေက မြစ်ကိုပိတ်ဆို့တဲ့ထိများလာခဲ့တယ် ဖေဖော်ဝါရီ ၁၈၆၇ မှာ အစိုးရက Roebling ရဲ့အဆိုကိုခွင့်ပြုခဲ့ပါတယ် ဥရောပတံတားတွေလို အမှားမဖြစ်ရအောင် Roebling က နှစ်မျိုးစပ်တံတားပုံစံတခု ဒီဇိုင်းဆွဲခဲ့ပါတယ် ကြိုးတံတားတွေကနေ အလယ်တိုင်ကိုထောက်ပံ့မယ့်ကြိုးကြီးတွေ တပ်ကာ တစ်ဖက်စီမှာ ခုံတုန်း တွေကိုချိတ်တယ်။ ပိုတိုတဲ့ဒေါင်လိုက် ကေဘယ်တွေကနေ​ ချိတ်ဆွဲထားတဲ့ ရှည်လျားတဲ့ တံတား အခင်းတွေတွက် ဒီ ဒီဇိုင်းကအသင့်တော်ဆုံးပါ။

ဒါပေမဲ့ Roebling က ကြိုးဆိုင်းတံတားပုံစံ ကိုလည်း ယူထားပါတယ်။ တိုတဲ့ တံတား အခင်းအပိုင်းကို ထောင့်ဖြတ်ကေဘယ်ကြိုးနဲ့ အလယ်မျှော်စင်ကို တိုက်ရိုက် ချိတ်ဆွဲပြီးထောက်ထားပါတယ်။ ထောင့်ဖြတ်ကြိုးတွေထပ်ထည့်ခြင်းဖြင့် အဲ့ဒီကြိုးတွေက တံတားအလေးချိန်ကို လျော့ကျစေပြီး တံတားကိုတည်ငြိမ်စေပါတယ်။ ဒီလို တူညီတဲ့ဒီဇိုင်းမျိုး တခြားတံတားတွေမှာလည်းသုံးကြပေမဲ့ Roebling လုပ်ရမယ့် အတိုင်းအတာကတော့ တခြားတံတားတွေကို သေးငယ်စေသွားတယ်။

သူ့တံတားအသစ်က မီတာ၄၈၀လောက်မြစ်ကိုဖြတ်ပြီးတော့ ဆောက်ပြီးသား တခြားကြိုးတံတားတွေထက် ၁ဆခွဲလောက် ပိုရှည်နေပါတယ်။ လုပ်ငန်းသုံးလျှော်ကြိုးတွေဟာမျက်နှာပြင်ရဲ့ ၁၄၆၈၀ တန်လောက်ခံနိုင်ရမှာဖြစ်သောကြောင့် တံတား ကေဘယ်ကြိုး ပြုလုပ်ဖို့ အတွက် ၅၆၀၀ကီလိုမီတာကျော် သတ္တုဝိုင်ယာကြိုးကို အဆိုပြုတင်သွင်းခဲ့ပါတယ် ဒီအလေးချိန် အကုန်လုံးကိုခံနိုင်ဖို့ မျှော်စင်တွေက ပင်လယ်ရေမျက်နှာပြင် အထက်မီတာ၉၀ လောက်ထိရှည်ဖို့လိုတယ်။ ဒါဟာ အနောက်ဘက်နိုင်ငံတွေမှာ အရှည်ဆုံး တည်ဆောက်ပုံပါ။ Roebling က သူ့ဒီဇိုင်းအပေါ် ယုံကြည်မှုရှိခဲ့ပါတယ်။ ဒါပေမဲ့ ၁၈၆၉ မှာ လုပ်ငန်းခွင်ထဲ ဆာဗေးတိုင်းနေစဉ် ကမ်းကပ်လှေက ဆိပ်ကမ်းကပ်ရင်း သူ့ခြေထောက်ကို ထိခိုက်သွားခဲ့တယ်

တစ်လအတွင်းမှာပဲ မေးခိုင်ပိုးဟာ သူ့အသက်ကိုနုတ်ယူသွားခဲ့ပါတယ်။ ကံကောင်းစွာပဲ Roebling ရဲ့သား Washington ကလည်း ကျွမ်းကျင် အင်ဂျင်နီယာဆိုတော့ သူ့အဖေရဲ့တာဝန်ကိုလွှဲယူခဲ့ပါတယ် နောက်နှစ်မှာတော့ မျှော်စင် အုတ်မြစ်တွေ စတင်တည်ဆောက်ခဲ့ပါတယ် တည်ဆောက်မှုရဲ့ပထမဆုံးအဆင့်ဟာ တော်တော်စိန်ခေါ်မှုများပါတယ်။ မြစ် အောက်ကျောက်လွှာပေါ်တည်ဆောက်မှုမှာ pneumatic caissons ဆိုတဲ့ သေချာမစမ်းသပ်ရသေးတဲ့ နည်းပညာသုံးရပါတယ် အလုပ်သမားတွေက မြစ်ထဲသို့ လေလုံသစ်သားပုံးကိုနှိမ့်ချပြီး ပိုက်မှတစ်ဆင့်အထဲကိုလေဖိအားပေးပြီး ရေကိုအပြင်ထွက်စေပါတယ်။

နေရာကျပြီဆိုရင် အထဲမှလေကအလုပ်သမားတွေကို သစ်သားပုံးထဲဝင်ဖို့အဆင်ပြေစေပြီး မြစ်ကြမ်းခင်းကိုတူးထုတ်ရပါတယ်။ သူတို့တူးထားပြီးသား ကျောက်လွှာတွေကို caissons ရဲ့ အပေါ်ကို ပို့ပြီး နောက်ဆုံး မြစ်အောက်ကျောက်လွှာကိုထိရောက်ရင် ကွန်ကရစ်လောင်းခြင်းဖြင့် မျှော်စင်ရဲ့ အမြဲတမ်းအုတ်မြစ်ဖြစ်လာပါတယ် သစ်သား caisson ထဲမှာအလုပ်လုပ်ရတာက ပင်ပန်းဆင်းရဲပြီးအန္တရာယ်များပါတယ် ဖယောင်းတိုင်တွေ၊ ဂတ်စ်မီးအိမ်တွေမှ အလင်း ရတာမို့လို့ မကြာခဏ မီးစွဲတာမျိုးဖြစ်ပြီး ရေဝင်လာတာမျိုးတွေက အလုပ်သမားတွေကိုထွက်ပြေးစေရပါတယ်

ပိုပြီးအန္တရာယ်ရှိတာကThe Bends လို့ခေါ်တဲ့ ထူးဆန်းတဲ့ရောဂါလက္ခဏာတစ်မျိုးပါ ယနေ့မှာတော့ "ဖိအားပြောင်းလဲရာတွင် ဖြစ်သောရောဂါ" လို့သိကြပေမဲ့ အဲ့ဒီအချိန်တုန်းကတော့ နားမလည်နိုင်တဲ့ နာကျင်မူးဝေခြင်းတွေခံစားခဲ့ရပြီး အလုပ်သမားတော်တော်များများကို သေစေခဲ့ပါတယ်။ ၁၈၇၂ မှာ ဒီရောဂါကြောင့်ပဲ အင်ဂျင်နီယာ ခေါင်းဆောင် သေလုမြောပါးဖြစ်ခဲ့တယ် Washington ကအသက်တော့ရှင်ပေမဲ့ လေဖြတ်ပြီးအိပ်ရာထဲလဲသွားခဲ့တယ် ဆိုတော့ နောက်ထပ် Roebling တစ်ယောက်လည်း ဆက်လက်မလုပ်ဆောင်နိုင်ခဲ့ပါဘူး။

Washington ရဲ့ အမျိုးသမီးဟာ သူ့အမျိုးသားနဲ့ အင်ဂျင်နီယာတွေကြားမှာ အချိတ်အဆက် လုပ်ဆောင်ပေးရုံသာမက နေ့စဉ်ပရောဂျက် စီမံခန့်ခွဲမှုကိုပါ လုပ်ဆောင်ပေးခဲ့တယ်။ ကံမကောင်းစွာနဲ့ တံတားရဲ့ပြဿနာတွေက ပြီးဆုံးရမဲ့အချိန် ကိုနှောင့်နှေးစေခဲ့တယ် ၁၈၇၇ မှာ ဆောက်လုပ်ရေးလုပ်ငန်းဟာ ဘတ်ဂျက်ထက် ကုန်ကျငွေပိုများခဲ့ပါတယ်။
ပိုဆိုးတာကတော့ တံတားရဲ့ကေဘယ်ကြိုး ကန်ထရိုက်တာက သူတို့ကို မှားယွင်းတဲ့ဝိုင်ယာကြိုး ရောင်းပေးလိုက်တာပါပဲ။
John Roebling ရဲ့ဒီဇိုင်းမှာသာ အမှားအတွက် ကြိုကာကွယ်ထားမှုများသာ မရှိခဲ့ရင် ဒါဟာ လူအများကြီးကို သေစေနိုင်လောက်တဲ့ဖြစ်စဉ်ပါ။ အပိုဆောင်းဝိုင်ယာကြိုးတွေ နဲ့ ကေဘယ်ကြိုးကို ခိုင်မာစေပြီးတော့ တံတားမျက်နှာပြင်နဲ့ တစ်ခုပြီးတစ်ခု ချိတ်ဆက်စေပါတယ်။ ဒါဟာ ၁၄နှစ်ကြာခဲ့ပါတယ် ယနေ့ငွေကြေး ၄၀၀မီလီယံဒေါ်လာကျော်လောက်ကုန်ကျပြီး Roebling ၃ယောက်ရဲ့ ဘဝအချိန်တွေ ရင်းနှီးထားခဲ့ရပါတယ်။ နောက်ဆုံးတော့ Brooklyn တံတားဟာ ၁၈၈၃ မေ ၂၄ရက်မှာ ဖွင့်လှစ်ခဲ့ပြီး သူ့ရဲ့ခမ်းနားမှုကြီးကိုတော့ ငြင်းပယ်လို့မရခဲ့ပါဘူး။ အဲတုန်းက ဒီတံတားဟာ ကမ္ဘာပေါမှာ အရှည်ဆုံး ကြိုးတံတားဖြစ်ခဲ့ပါတယ်…

ယနေ့ခေတ်မှာတော့ Brooklyn တံတားဟာ ရှေးဥရောပဗိသုကာလက်ရာမျှော်စင်ကို ကေဘယ်ကြိုးတွေချိတ်ဆက်ထားတဲ့ သမိုင်းဝင်တံတားတစ်စင်းအဖြစ် နယူးယောက်မြို့မှာယနေ့တိုင် တည်ရှိနေပီး နေ့စဉ် ခရီးသွားတွေနဲ့ လူမပြတ်တဲ့ တံတားတစင်းပဲဖြစ်ပါတယ်။

Photo-Feb.10.2022

Ye Min Khant

11/02/2022

Breaking News 🛑🛑🛑

အင်တာနက်ဖြတ်ထားမယ်ဆိုတဲ့ကိစ္စ Officially Company တွေဆီကို Inform ပေးပိုတဲ့သတင်းအချက်အလက်ဟာမှန်ကန်ပါတယ်။မနက်ဖြန် ဖေဖော်ဝါရီလ ၁၂ ရက်နေ့မှာအင်တာနက်ဖြတ်ထားမဲ့မြိုနယ်List ကတော့
ဗိုလ်တထောင်၊ဒဂုံဆိပ်မြိုသစ်ဆိပ်ကမ်း(East/North/South)၊မြောက်ဥက္ကလာ၊တောင်ဥက္ကလာ၊ရန်ကင်း၊ပုဇွန်တောင်၊တာမွေ၊မဂ်လာတောင်ညွှန့်၊သာကေတ၊ဒေါပုံ၊သယ်န်းကျွန်း၊လမ်းမတော်၊ပန်းဘဲတန်း၊လသာ၊ကျောက်တံတား၊ဒဂုံ၊ဗဟန်း၊စမ်းချောင်း၊အလုံ၊ကြည့်မြင်တိုင်၊လှိင်၊ကမာရွတ်၊မရမ်းကုန်းမြိုနယ်တွေကိုဖြတ်တောက်ထားမှာဖြစ်တယ်လိုOfficillay သိရှိရပါတယ်။အားလုံးပေါင်း 26 မြိုနယ်ကို အင်တာနက်ဖြတ်တောက်ထားမှာလိုသိရပါတယ်။သူတိုထုတ်ပြန်ချက်အရတော့မနက်၎နာရီကနေည၁၁နာရီအထိလိုသိရှိရပါတယ်။အပေါ်ဆုံးမှာမြိုနယ်ကိုအရှေ့ တောင်မြောက်ရေးလိုက်လိုပါဗျ။ဒါကတော့ရန်ကုန်တိုင်းမှာအင်တာနက်ဖြတ်တောက်ထားမဲ့မြိုနယ်စာရင်းဖြစ်ပါတယ်။

Fiber Internet တွေ မပါဖူး လို့တော့ အခု ထိ သိရပါတယ်

Latest Update တွေ ကို အချိန် နဲ့ တစ်ပြေး ညီ ဆက် တင် ပေးပါ မယ် ဗျ။

သား သွားနှင့်ပြီ အ မေ.....အမေပြန်လာရင် သားကိုမတွေ့တော့လို့ မငိုရဘူးနော်... ချစ်တဲ့တိုက်ချီဒို
10/02/2022

သား သွားနှင့်ပြီ အ မေ.....

အမေပြန်လာရင် သားကိုမတွေ့တော့လို့ မငိုရဘူးနော်...

ချစ်တဲ့
တိုက်ချီဒို

အပိုင်း ၂ အဆိုတော် သီရိ​ဆွေ ​မောင် ဖိုးလုံး က ရေမွန့် နာရေးအတွက် သိန်းတထောင် အလှူငွေကောက်ခံရတဲ့အပေါ် တောင်းဆိုမှုမဟုတ်ကြော...
05/02/2022

အပိုင်း ၂ အဆိုတော် သီရိ​ဆွေ ​မောင် ဖိုးလုံး က ရေမွန့် နာရေးအတွက် သိန်းတထောင် အလှူငွေကောက်ခံရတဲ့အပေါ် တောင်းဆိုမှုမဟုတ်ကြောင်း ဖြေရှင်းချက်
https://m.facebook.com/story.php?story_fbid=10159606641949231&id=531144230

အပိုင်း ၁ ကိုရေမွန် အမေရဲ့ ရှင်းတမ်း
https://m.facebook.com/story.php?story_fbid=1566393380401378&id=100010921934711

အကွက်တွေ 😎
05/02/2022

အကွက်တွေ 😎

Covid ဟာ စတုတ္ထအကြိမ် ရောက်လာပြန်ပါပြီ…. လောလောဆယ် Outbreak လို့ ပြောလို့မရသေးပေမဲ့ ခုချိန် မဆင်ခြင်လိုက်ရင် Delta တုန်းက...
04/02/2022

Covid ဟာ စတုတ္ထအကြိမ် ရောက်လာပြန်ပါပြီ…. လောလောဆယ် Outbreak လို့ ပြောလို့မရသေးပေမဲ့ ခုချိန် မဆင်ခြင်လိုက်ရင် Delta တုန်းကလို လူတွေအများကြီးကို ကူးပြီး ဘယ်သူက ဘယ်သူ့ကို မကယ်နိုင်တဲ့ အခြေအနေ တွေ ဖြစ်လာမှာ အင်မတန် စိုးရိမ်ပါတယ်…..

ငါက ကာကွယ်ဆေး ထိုးပြီးသားလေ …. လို့ စောဒက မတက်ပါနဲ့ …. ပိုးတွေဟာ တမျိုးနဲ့ တမျိုး မတူသလို ကာကွယ်ဆေးဟာလဲ အသစ် အသစ် ပေါ်လာတဲ့ strain ကို မကာကွယ်နိုင်ပါဘူး ……. ကာကွယ်ဆေး ၂ ခါမကလို့ ၃ ခါပဲထိုးထိုး၊ Pfizer Moderna မကလို့ မိုးပေါ်က ကျလာတဲ့ ကာကွယ်ဆေးပဲထိုးထိုး ကူးပါတယ်……

ထပ်ပြောပါမယ် … ကူးပါတယ်နော်
ခုရက်ပိုင်း ရာသီဥတုကလဲ အအေးပိုလာသလို ပိုးကလဲ local transmission စ နေပြီမို့ အန္တရာယ် ဇုံအတွင်း ရောက်နေပြီလို့ ပြောရမှာပါပဲ…..

✅အပြင်ထွက်တာ လျှော့ပါ…..
✅လက်ဆေးပါ….
✅လက်မဆေးနိုင်ရင် hand gel, alcohol spray သုံးပါ..
✅အပြင်မှာရောက်နေရင် mask လုံးဝ မချွတ်ပါနဲ့….
✅အိမ်ရောက်တာနဲ့ mask ကို လွှင့်ပစ်ပါ
( ခဏပဲ သုံးထားတာမို့ နှမြောလိုက်တာ ပြန်သုံးမယ် လို့ ကပ်စေးမနည်း ပါနဲ့ …. ရင်ဆိုင်နေရတာ အသက်အန္တရာယ်ပါ)
✅အေးလို့ ခေါင်းမလျော်နိုင်ရင် cap ဆောင်းပါနော်…

ဖြစ်နိုင်ရင် ဒီနေ့ကစလို့ နောက် ၂ ပတ်ကို အထူးတလည် ဆင်ခြင်စေချင်ပါတယ်..

(ပုံကတော့ စာမဖတ်ပဲ ကျော်သွားမှာစိုးလို့ 😁)

ကိုဖြိုးဇေယျာသော်နဲ့ (၈၈) မျိုးဆက်ခေါင်းဆောင်ကိုဂျင်မီတို့ သေဒဏ်ချမှတ်ခံရ မောင်ကျော်(ခ) ဖြိုးဇေယျာသော်နဲ့ (၈၈) မျိုးဆက်ေ...
21/01/2022

ကိုဖြိုးဇေယျာသော်နဲ့ (၈၈) မျိုးဆက်ခေါင်းဆောင်
ကိုဂျင်မီတို့ သေဒဏ်ချမှတ်ခံရ

မောင်ကျော်(ခ) ဖြိုးဇေယျာသော်နဲ့ (၈၈) မျိုးဆက်ခေါင်းဆောင် ကျော်မင်းယု(ခ) ဂျင်မီ တို့ကို စစ်ကောင်စီတရားရုံးမှ သေဒဏ်ချမှတ်လိုက်ကြောင်း ယနေ့(ဇန္နဝါရီလ ၂၁) ရက် ည(၈) နာရီသတင်းတွင် ထည့်သွင်းကြေညာသွားသည်။

🥴 ဟဲ့....ဘာလားမမှောင်နဲ့ ဆေးလိပ်ကြေငြာပါဟ
15/01/2022

🥴 ဟဲ့....ဘာလားမမှောင်နဲ့ ဆေးလိပ်ကြေငြာပါဟ

ဟဲ့ 😳 အာဝု 🐶 ပါဟ မမှောင်နဲ့
04/01/2022

ဟဲ့ 😳 အာဝု 🐶 ပါဟ မမှောင်နဲ့

02/01/2022

ပဉ္စပါပီ ...
ရုပ်ဆိုးသလောက် ခန္ဓာကိုယ်နဲ့
ထိတွေ့မိသူတိုင်း စွဲလန်းခဲ့ရသူကြီး

ပစၥေရကဗုဒ္ဓါမေထရ္ကို ရႊံ့လွူခဲ့တဲ့ အက်ိဳးက
အထိတွေ့ကို နူးညံ့မှုရခဲ့တာ
ဒါပေမယ့် .. မထေရ်မြတ်ကို
ဘာ ဖု တယ် မသိဘူး ... ဒေါနဲ့မောနဲ့
ကြည့်မိခဲ့တယ် ဆိုပဲ ..
အဲဒီ အပြစ်က ရုပ်ဆိုးသွားခဲ့ရတယ်
သူ့ကိုမြင်မိတဲ့သူတိုင်း ဒဲ့ ရွံရတဲ့ ထိပဲ
အေး ...
အထိတွေ့လေးနဲ့ ပြန်ထိန်းထားလို့သာ
ပဉ္စပါပီရယ်လို့ ဟော့ ဖြစ်လာတာ ...

ဗာရာဏသီမင်းကြီးတောင်မှ
ပဉ္စပါပီရဲ့ အထိတွေ့မှာ မျောပါခဲ့ရတာ
မအိပ်နိုင် မစားနိုင် နဲ့ ယင်း ထပြီး
ပါပီလေးရဲ့ မိဘတွေဆီမှာတောင်းရမ်းပြီး
မိဖုရားတင်မြှောက် ပစ်လိုက်တာ ...

ဆိုတော့ ... မင်းကြီးက ပဉ္စပါပီ ကို
ထိတဲ့အချိန် မျက်လုံးမှိတ်ထားလား
အဝတ်စည်းထား လား .. ဒါ တွေးမှရမယ်
ပါပီ ကို မြင်မိသူတိုင်း ရွံကြတယ်ဆိုတော့
ဘယ်လို တက်ကနစ်တွေ သုံးကြမလဲ ...
မင်းကြီးမျက်နှာ ကို
အဝတ်တွေဘာတွေစည်းရင် သေချာပြီ
" B**M အစ ဗာရာဏသီ က ပဲ "

တစ်ရက်သား ...
ပဉ္စပါပီ အိမ်မက် မက်တယ်
သူက မင်းနှစ်ပါးရဲ့ မိဘုရားဖြစ်တယ် တဲ့
အ့ မင်းကြီးကို ပြောပြတော့
လာစမ်း ပုရောဟိတ်တွေ ... အိမ်မက်ကို
အတိတ်ကောက်စမ်းပေါ့ ...
ဘုရင့်မယားမို့သာ သီးခံနေရတာ
မျက်နှာမြင် ဒဲ့ရွံ နေကြရတာဆိုတော့
ဒါ အခါကောင်းပဲ .. ကိုင်း ဝိုင်းလှော်ကြစို့

" မှန်ပါ မင်းကြီးအသက်အန္တရာယ်
စိုးရိမ်ရကြောင်းပါ ဘုရား "

ကိုင်း မှတ်ပလား ...

" ဒီလိုလည်း မဖြစ်တန်ရာဘူး ...
အသက်ရှင်ရင် မိဘုရား က ရှာလို့ရတယ်
ကဲ .. ဖောင်ဖွဲ့ ပြီးသာ မျှောလိုက်ပေရော့ "
အဟင်း ...
ဗာရာဏသီ ဂွေး ... သေမှ သေးတယ် ဟေ့
လစ် ... ပေ တော့

ဒီလိုနဲ့ ... ပဉ္စပါပီမယ် ဖောင်ကြီးစီးပြီး
လွင့်လာလိုက်တာ .. ဗာဝတီ မင်းကြီးနဲ့
ဆုံပါလေရော .. လာပြန်ပြီ ဂတက်တစ်ဗွေ
ဖောင် ကနေ ကမ်းပေါ်တက်တော့
ဗာဝတီမင်းကြီး က
လက်လှမ်းပေးတယ် ထင်ပါတယ် ..
အ့မှာ ဗာဝတီမင်းကြီး ကျွံတော့တာပဲ
တခါတည်း မိဖုရားတန်းကောက်တာ
မူးမတ်တွေကတားကြပါသေးတယ် ..
ဗာရာဏသီ ပန်တော်ကျကြီးကို မယူပါနဲ့
အသစ်ရှာပါ ဘုရားပေါ့ ...
မှုန်ယိုနေတော့ မရပါဘူး ... ပြန်ပက်တယ်

" မွတ္ထား ... သားရီးတို့
ပန်းကန်ဆိုတာ ဘယ်သူစားစား
ရေဆေးလိုက်ရင် ပြောင်သွားတာပဲ " တဲ့
အေးတာပဲ ...
ဗာဝတီသွေး ... ရေဆေးပစ်မယ် ဟေ့

ဒီသတင်းကို ဗာရာဏသီမင်းကြီးဆီ
ပြန်ပေါက်တော့
လွှတ်တဲ့ငါး ကြီးပြပါတော့တယ် ...

" ဟေ့ ... ငါ့မယားပြန်ပေးမလား
စစ်မက်ခင်းမလား တစ်ခုရွေး ဗာဝတီ "

" လက်ရှိ officially ဖြစ်တာ ငါဟ
မယားတော့ မရဘူး ဓါးပဲ ရမယ် "

အပြန်အလှန် စာပို့ပြီး
သွေးကောင်းနေလိုက်ကြတာဆိုတာ ...
နောက်တော့ ချိန်းပြီး F2F ဒဲ့ရှင်းကြတော့
နှစ်ဖက်တိုင်းပြည်က မူးမတ်တွေက

" စမူတစ်ခုရယ်ကြောင့်
ပူမှုရယ်တဲ့ ဆယ်ကုဋေ
နှစ်ပြည်ထောင် ဘူဆောင်စေတော့မယ် ဟဲ့
မဖြစ်ချေဘူး " ... ဆိုပြီး

" မှန်ပါ ... ပြည်သူတွေကို ငဲ့ညှာတတ်သော
မင်းကြီးများဖြစ်လို့ နှစ်ပြည်ထောင်အပေါ်
ငဲ့ညှာသနားသောအားဖြင့်
ပဉ္စပါပီအား ခုနှစ်ရက်စီ အလှည့်ကျ
မိဘုရားပြုကြပါ ဘုရား "

ဇွဘုတ် ... ပဲ
ဘာကိစ္စက ငါက နှစ်လင်ယူပြီး
အလှည့်ကျ ဖောင်းဒိုင်းခံရမှာတုန်း
သောက်ကျိုးနည်း ဆပ်ဂျက်ရှင်း

" ဒမှာ ဗာရာဏသီမင်းကြီး ...
အစိမ်းခွဲခံရတဲ့ နှလုံးသားဟာ
အလွယ်တကူ ကျက်ဖို့ လွယ်တတ်သလား
ရုပ်ဆိုးပေမယ့် တုတ်ထိုးမဝ နိုင်ပါဘူး လို့
ဘယ်သူပြောခဲ့တာလဲ ... မင်းကြီး
ဖောင်နဲ့ မျှောပြီး ရက်စက်တတ်တဲ့
ရှင့်နှလုံးသားက ခုမှချစ်တတ်လာတာလား
ဖြေစမ်းပါ ..ဒီတစ်ခုတော့ ဖြေပေးစမ်းပါ "

" အို ... နှမငယ် ... ပူစီ ... အဲ ပါပီ

ကြယ်တွေကို ဖြုတ်ချမိတဲ့ကောင်းကင်ဟာ
လမင်းတစ်စင်း ကို အမြန်တင်ရတယ် တဲ့
ကိုယ်က မင်းကို ကြယ်လေးမှတ်နေတာ
တကယ်က ကိုယ့်ရင်ခွင်ကို
ထွန်းလင်းစေမယ့် လမင်းကြီးပါပဲ "

ကြွေတော့ ပါပီ ... ကြွေလိုက်ပါတော့

" မင်းသာ ပြန်လိုက်သွားရင်
ကိုယ့်ခေါင်းအုံးလေး က ကိုယ့်ကို
ကျိမ်ဆဲနေတော့မှာပေါ့ ပဉ္စပါပီ "

" ဘာကြောင့်များလဲ မောင်ကြီးဗာဝတီ "

" မင်းအကြောင်းတွေ အမြဲတွေးနေတဲ့
ကိုယ့်ခေါင်းဟာ
တဖြည်းဖြည်း လေးလာတော့မှာမလို့ တဲ့ "

သေစမ်း ပါပီ ... မျောနေလိုက်တော့ အ့မှာ

နှစ်ယောက်ကြားမှာ ဗျာများရတဲ့ ပါပီ ..
နောက်ဆုံး ... တော်ကီချုပ်တွေရဲ့ ဖော မှာ
ဒုတိယအကြိမ် ထပ်မျောခဲ့ရတဲ့ ပဉ္စပါပီ
ဘုရင်နှစ်ယောက်ဆီမှာ တစ်ပတ်ဆီ
မိဖုဘုရား အလှည့်ကျပြုပြီး နေရသတဲ့ ...
စစ်ဖြစ်မယ့်ဘေးဟာလည်း
ဒီလိုနဲ့ပဲ ငြိမ်းအေးသွားခဲ့ကြတယ်
အင်း ...
ရွှံ့လှူခြင်း အကျိုးတွေ ... ကြည့်စမ်း

အေး .. ကြို ပြောထားမယ်နော်
လင်ရမယ့် နည်း တွေ့ပဟ ဆိုပြီး
ဘုန်းဘုန်းတွေ တွေ့ရင် ရွှံ့လှူဖို့ မစဉ်းစားနဲ့
သပိတ်နဲ့ ထရိုက်လိမ့်မယ် ...
ပဉ္စပါပီပဲ ရမယ် .. နင်တို့ မရဘူး
သွား မယွကြနက် ..😬

#ကူးလာတာ..
မူရင်း post ပိုင်ရှင်အား Credit ပေးပါသည် 🤗

Send a message to learn more

Address

Yangon

Website

Alerts

Be the first to know and let us send you an email when 𝗙𝗮𝗺𝗶𝗹𝘆 posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share