Psa Diary

Call Directions Contact the establishment

Psa Diary Hello�

You can enjoy My Watercolor Paintings,Outdoor Sketches and Illustrations here�

Thank u

" ပန်းချီစီးချင်း " မှာပြိုင်ဖို့အတွက် ပထမဆုံး ပြင်ဆင်ခဲ့တဲ့ပုံလေး...တကယ်တမ်း ပြိုင်ပွဲရောက်တော့ မ​ဆွဲဖြစ်ခဲ့တစ်ပေခွဲနှစ...
27/07/2026

" ပန်းချီစီးချင်း " မှာပြိုင်ဖို့အတွက် ပထမဆုံး ပြင်ဆင်ခဲ့တဲ့ပုံလေး...တကယ်တမ်း ပြိုင်ပွဲရောက်တော့ မ​ဆွဲဖြစ်ခဲ့

တစ်ပေခွဲနှစ်ပေ Canvas အပေါ်မှာပဲ မိနစ် ၂၀ အတွင်းပြီးမယ့် ပုံလေးကို စမ်းသပ်ပြီးရေးခဲ့မိဖူးပါတယ်.. အပေါ်က မှန်ကတော့ fiber glass ကိုပဲ glue နဲ့ပြန်ပြီးကပ်ထားတာပေါ့..( detail ပုံလေးတွေက Comment ထဲမှာရှိပါတယ် )

ပန်းချီကားနဲ့ပတ်သက်ပြီးတော့ မိမိစိတ်ကြိုက် တွေးခေါ်ရှုမြင်နိုင်ပါတယ်ဗျ...

Title - ပုံစံခွက်
Medium - Acrylic
Size - 18 " × 24 "
Price - 700,000 ks
Year - 2025

🔵COMMISSION AVAILABLE 🔵
https://m.facebook.com/story.php?story_fbid=234937859286902&id=100083120687482&mibextid=Nif5o

🟢 PAPER TOY PRODUCTS AVAILABLE 🟢
https://www.facebook.com/share/p/1FkRpKyidE/




သိမ်းစရာနေရာ မရှိတော့လို့ ဒီကားလေးတွေပြန်ရောင်းချင်ပါတယ်🟢( ပုံလေးတွေအောက်မှာ size နဲ့ price လေးတွေပါပါတယ်ဗျ၊ Frame ပါပြီ...
17/07/2026

သိမ်းစရာနေရာ မရှိတော့လို့ ဒီကားလေးတွေပြန်ရောင်းချင်ပါတယ်🟢

( ပုံလေးတွေအောက်မှာ size နဲ့ price လေးတွေပါပါတယ်ဗျ၊ Frame ပါပြီးသားပါ )

🔵COMMISSION AVAILABLE 🔵
https://m.facebook.com/story.php?story_fbid=234937859286902&id=100083120687482&mibextid=Nif5o

🟢 PAPER TOY PRODUCTS AVAILABLE 🟢
https://www.facebook.com/share/p/1FkRpKyidE/





24/06/2026

Flip your phone upside down when you see the BLUE 🔵

( 🎧 recommend )

🔴 SOLD OUT 🔴THANK YOU VERY MUCH FOR YOUR COLLECTION🤎" Hello..Can u hear me? " - Ink and Watercolor- 11" × 30"- 2026     ...
21/05/2026

🔴 SOLD OUT 🔴

THANK YOU VERY MUCH FOR YOUR COLLECTION🤎

" Hello..Can u hear me? "
- Ink and Watercolor
- 11" × 30"
- 2026







ဟိုတစ်ရက်က ကျနော်မြေနီးကုန်းဘက်ရောက်ဖြစ်တယ်။ STREET FASHION( SPIRITS နားကဆိုင်) ဘေးမှာ ဓားပန်းချီလေးတွေရောင်းနေတဲ့ ဦးလေ...
03/04/2026

ဟိုတစ်ရက်က ကျနော်မြေနီးကုန်းဘက်ရောက်ဖြစ်တယ်။ STREET FASHION( SPIRITS နားကဆိုင်) ဘေးမှာ ဓားပန်းချီလေးတွေရောင်းနေတဲ့ ဦးလေးကြီးတစ်ယောက်ကိုတွေ့တယ်။ညနေ ၅ နာရီစွန်းစွန်းလောက်တော့ရှိပြီ။

ပထမကတော့ ကျနော်လဲ ဖြတ်လျှောက်လူတစ်ယောက်သာသာပါပဲ...တစ်ပုံလောက်ဝယ်မယ်စဥ်းစားမိပေမယ့် ညနေရောက်နေပြီဆိုတော့ သွားစရာရှိတဲ့နေရာကို အမြန်လိုနေတာလည်းပါတော့...လမ်းလျှောက်ရင်းပဲ ဖြတ်ခနဲကြည့်ခဲ့ရ။

ခပ်လှမ်းလှမ်းလောက်ရောက်တော့ ကျနော်တစ်ချက်လှည့်ကြည့်ဖြစ်သေးတယ်...ကျနော်ကြည့်တဲ့အချိန်မှာတော့ အဲ့အရှေ့ကသွားတဲ့သူတွေက ကျနော့်လိုဖြတ်လျောက်တွေများတယ်..တစ်ချို့လူတွေကတော့ အဲ့ဦးလေးကြီးထိုင်ရောင်းနေတာ သတိတောင်မထားမိကြ..တစ်ချို့ကျတော့လည်း ကြည့်တော့ကြည့်ကြတယ်လမ်းသွားနေရင်း အလွန်ဆုံး ၃ စက္ကန့်လောက်ပေါ့။

ညနေ ၆နာရီခွဲလောက်ရောက်တော့ ကျနော်အဲ့နားကိုပဲ ပြန်ရောက်ဖြစ်တယ်..ဓားပန်းချီတွေရောင်းနေတဲ့ အဲ့ဒီ ဦးလေးကြီးကိုလှမ်းတွေ့ပြန်တယ်..၅ နာရီဝန်းကျင်က ကျနော်တွေ့ခဲ့တဲ့အတိုင်း သူ့ပန်းချီကားတွေဘေးမှာထိုင်နေဆဲပါပဲ..တခြားသူတွေလည်း ဆက်ပြီးတော့ ဖြတ်လျှောက်နေဆဲ။ကျနော်ပဲ သတိမထားမိတာပဲလားတော့မသိ..သူ့ချထားတဲ့ ပန်းချီကားတွေလည်း ခုနကကျနော်မြင်ခဲ့အတိုင်းပါပဲ..ပုံအသစ်တွေလည်းမတွေ့မိသလို..အရင်ပုံတွေလည်း အရင်နေရာမှာပါပဲ။

အဲ့အရှေ့ကိုကျနော်ရောက်တော့ သူခင်းပြီးရောင်းနေတဲ့ ပန်းချီကားတွေအရှေ့မှာကျနော် ရပ်လိုက်တယ်..ချက်ချင်းပါပဲ အဲဒီဦးလေးကြီးစကားစပြောတယ်(တစ်ပုံ ၅,၀၀၀ ကျပ်) ပါတဲ့။

ကျနော်လည်းဘာပုံတွေယူရမလဲရွေးနေတုန်း..သူ့ပန်းချီကားတွေထဲမှာ တစ်စုံတစ်ခုကိုသတိထားမိတယ်..ပုံတွေကအရမ်းကြီးခမ်းနားမနေဘူး..စျေးကြီးဘောင်ကြီးတွေလည်းမတပ်ထားဘူး..အကြောင်းအရာကြီး''မား''တှေလညျးဟုတျမနဘေူး...ဒါမေပဲ့ ကျနော်ကြိုက်တယ်.. ဒါနဲ့ပဲ( ခင်းထားတဲ့ပုံတွေထဲက ဒီစေတီပါတဲ့ ပုံလေး ကျနော့်ကို ရေးပြပါလားဦးလေး ) လို့ ကျနော်ပြောမိတယ်..သူကလည်းချက်ချင်းပဲ (ဟုတ်ကဲ့) ဆိုပြီး ဘေးကလက်ဆွဲအိပ်လေးထဲကနေ ပစ္စည်းတွေစထုတ်..ပြင်ဆင်ပြီး..သေချာရေးပြပါတော့တယ်။

သူပုံရေးပြနေရင်းတောက်ရှောက် ကျနော်လည်းဘေးကနေ သိချင်တာ၊စိတ်ဝင်စားတာလေးတွေထိုင်ပြီးမေးဖြစ်တယ်..ဦးလေးကြီးကလည်းစိတ်ရှည်လက်ရှည်နဲ့ကို သေချာဖြေပေးတယ်..(အသေးစိတ်ကို ပုံလေးတွေအောက်မှာထည့်ပေးထားပါတယ်)ဦးလေးကြီးပုံစရေးနေပြီး ခနလောက်ကြာတော့မှ..လမ်းကတချို့လူတွေလည်း ခနလာထိုင်ပြီးကြည့်ကြတယ်။

ဝါသနာနဲ့ ဝမ်းစာဆိုတာကလည်းထပ်တူကျဖို့မလွယ်ပါဘူး..သေချာတာတစ်ခုကတော့ ဝါသနာကိုလက်မလျော့ပဲ ရူးသွပ်နေခြင်းကိုတော့ တကယ်လေးစားမိတယ်..( ဒီဦးလေးကြီးရဲ့ ဓားပန်းချီနဲ့ပတ်သက်ပြီး တစ်ချို့ကို ပုံတွေအောက်မှာရေးထားပါတယ် )

အခုဒီ post ကလည်းဘာမှထွေထွေထူးထူး ကြီးကျယ်ခမ်းနားမနေပါဘူး... Psa's Diary ဆိုတဲ့အတိုင်း ကျနော်မြင်မိခဲ့ ဖြတ်သန်းခဲ့တဲ့ moment တစ်ခုကို Diary တစ်ခုအနေနဲ့ချမှတ်မိရုံသာ..


#ဓားပန်းချီ

24/03/2026

Paper Toy နဲ့ ပတ်သက်တာလေးတွေ ဖြေဖြစ်ခဲ့ပါတယ်🤎

Address

Yangon

Telephone

+959975628736

Website

Alerts

Be the first to know and let us send you an email when Psa Diary posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Establishment

Send a message to Psa Diary:

Shortcuts

Share

Category