PEAK Music Business Solutions

PEAK Music Business Solutions Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from PEAK Music Business Solutions, Arts and entertainment, Yangon.

For You and Your Music ,PEAK Music Business Solutions offers services such as Artist Management, Music Distribution, Song Licensing and other music-related business matters.

တွက်ချက်ယူဆထားသလို ဖြစ်မလာနိုင်တဲ့နောက်ပိုင်း လုံးဝကိုပြစ်ထားပြီး ဘာ Report မှလိုက်မကောက်တာကြာပြီ။ ခုတော့ Artist တွေရဲ့ ...
30/01/2022

တွက်ချက်ယူဆထားသလို ဖြစ်မလာနိုင်တဲ့နောက်ပိုင်း လုံးဝကိုပြစ်ထားပြီး ဘာ Report မှလိုက်မကောက်တာကြာပြီ။ ခုတော့ Artist တွေရဲ့ Report တွေပြန်စကောက်နေပါပြီ။
ပုံက 2022 , Jan 11 က တင်ထားတဲ့ Article ကဟာပါ။စိတ်ဝင်စားလို့ဖတ်ချင်ရင် အောက်ဆုံးမှာ Link ထည့်ပေးထားပါတယ်။ Local Market နဲ့ယှဉ်ကြည့်လို့တော့မရဘူးပေါ့နော်။
ကိုယ့်တိုင်းပြည်ကခြေနေသိချင်ရင်တော့ ပြောပြလို့ရသလောက် Chat box ကပြောပြပါမယ်။ အားရစရာအရမ်းကောင်းလို့ပုံထည့်မတင်ထားတာပါ။

တစ်ခုသတိထားရမှာတွေက
-Rates are rarely paid at a flat rate per stream
-Agreements and figures change often
-Different tiers and subscriptions impact pay rate
-Streams are more valuable in different parts of the world

https://producerhive.com/music-marketing-tips/streaming-royalties-breakdown/

“Free” Industry Or “Failed” Industry Vinyl/Cassette /CD/Digital စသည်ဖြင့် ခေတ်အဆက်ဆက်ဖြတ်သန်းလာတဲ့ Myanmar Music Industr...
02/07/2021

“Free” Industry Or “Failed” Industry

Vinyl/Cassette /CD/Digital စသည်ဖြင့် ခေတ်အဆက်ဆက်ဖြတ်သန်းလာတဲ့ Myanmar Music Industry မှာ များစွာသော ဂီတပညာရပ်ဆိုင်ရာ ၊နည်းပညာဆိုင်ရာ၊ မူဝါဒဆိုင်ရာအခက်အခဲပေါင်းများစွာကျော်ဖြတ်နေရဆဲပါ။ နောက်ပိုင်းခေတ်ကာလမှာ ကမ္ဘာမှာကော မြန်မာမှာပါကြီးကြီးမားမားထိုးနှက်ခံလိုက်ရတာက Piracy ( ခိုးကူး ) ပြဿနာပါ။ သိသိသာသာဆို CD/DVD ခေတ်ကနေခိုးကူးပြဿနာက MP3/MP4 ခေတ်၊ Mobile Phone ခေတ်အထိ သီချင်းတွေကို Promotional tool အဖြစ် Device တစ်ခုဝယ်တိုင်းစီးရီးဘယ်နှခုသွင်းပေးတယ်ဆိုပြီး လုပ်လာကြတဲ့အထိပါပဲ ။ ထိုမှတစ်ဆင့် Internet တွေ လွယ်လွယ်သုံးလို့ရတာလာတာနဲ့အပြိုင် ဒီနေ့ထွက် ညနေရောက်တာနဲ့ Album လိုက် Online မှာ Free နားထောင်လို့ရနေပြီ၊ Link တွေ Share ကြပြီ။ အချိန်တစ်ခုကြာတာနဲ့ YouTube channel မှာတောင် License ယူပြီးအကျိုးခံစားနေကြပြီ။Copyright Owner တွေ၊Artist တွေကတော့ငုတ်တုတ်မေ့ပဲ။ နောက်ပိုင်းမှာတော့ Aggregator တွေ၊Agency တွေပေါ်လာပြီး တတ်နိုင်တဲ့ဘက်ကနေ Artists တွေနဲ့အတူတူရုန်းထွက်ဖို့ကြိုးစားလာကြတယ် ။ Artist Management လုပ်နေတဲ့သူတစ်ရောက်အနေနဲ့ဆို ကိုယ့် Artist တွေအတွက် ယုံကြည်ရတဲ့ Service တွေရွေးပြီးအလုပ်တွဲလုပ်သလို Licensing တို့ Digital Release တစ်ချို့ကိုယ်တိုင်လုပ်လို့ရတဲ့ကိစ္စတွေဆိုကိုယ်တိုင်လုပ်ပေးဖြစ်ပါတယ်။
နောက် Perspective တစ်ခုဘက်ကနေလှည့်စဉ်းစားရင် Digital ခေတ်မှာ Music Consuming Behavior ပြောင်းလာတာနဲ့အမျှ International ကော Local မှာပါ Free Service တွေရလာတယ်။ Quality ကောင်းတာနားထောင်လိုတဲ့သူအတွက် Charges တစ်ခုရှိသလို တရားဝင် Free ပေးထားပြီး Artist တွေအတွက် Revenue generate လုပ်ပေးတဲ့၊Royalty ပြန်ပေးတဲ့ Streaming Service တွေဆိုပြီးအစားစားရှိနေပြီဖြစ်ပါတယ်။ Local Streaming Service တွေကအရမ်းကြိုးစားနေရတုန်း Artist ဘက်လဲ Revenue ရ ၊ မြန်မာပြည်အကြိုက် Free လဲရတဲ့ APP လဲရှိလာတယ်။အချိန်တစ်ခုထိတော့ ဘာသံမှထွက်မလာပဲအဆင်ပြေကြတယ်လို့ယူဆရတယ်။ဒါတောင်ခုချိန်ထိ ဖုန်းထဲDownload ဆွဲပြီးနားထောင်ချင်လို့ဆိုပြီး Free Link လိုက်တောင်းတဲ့ လူတွေကအများကြီးကျန်သေးတယ်။ သူတို့ကိုအပြစ်ပြောချင်တာထက် စာပေ၊ဂီတ၊အနုပညာ ဆိုတာကို တန်ဖိုးထားတတ်အောင်မပြောပြ၊မထိန်းကျောင်းပေးနိုင်တဲ့ လူ့အဖွဲ့အစည်းကို ပိုအပြစ်တင်ချင်တယ်။
Events တွေ Show တွေဘက်လှည့်ပြန်တော့လဲ Tour ထွက်ဖို့မပြောနဲ့ တော်ရုံပွဲတစ်ခုလုပ်ဖို့ လက်မှတ်ရောင်းရင် ပရိတ်သတ် “သောင်း”ချီဝင်ဖို့ဆိုတာ ရင်တမမ။ မြန်မာနိုင်ငံမှာ နှစ်သစ်ကူးနှစ်ခုအကြီးအကျယ်လုပ်တယ် နှစ်ခုလုံးမှာ Music Show အကြီးကြီးတွေပါတယ်။ အချိန်ကာလအားဖြင့် လေးလပဲကွာတယ်။ အကြီးဆုံးလို့ယူဆရတဲ့ Festival နှစ်ခုလုံးက Local Artist အကုန်နီးပါးပါတယ်။ TV မှာ Freeပြတယ်၊Free ကြည့်ရတယ်။ ပြီးတာနဲ့မကြာခင်မိုးတွင်းရောက်တယ်။ Show တွေနဲ့ပတ်သတ်ရင် Fan Base သေချာတည်ဆောက်ထားတဲ့ Artists တွေကတော့ အသီးအပွင့်အထိုက်အလျောက်ပြန်ရကြပါတယ်။ ဒါတောင် Ticket Sales ရယ် ၊ Royalty ရယ်ကပြန်ရလို့ စားဝတ်နေရေးအဆင်ပြေတယ်ဆိုတဲ့ Artist ကခပ်ရှားရှားရယ်။ ဆိုတော့ Myanmar Music Industry က International နဲ့ယှဉ်ရင် ဖြစ်သမျှ၊ကြုံသမျှ Crisis တိုင်းမှာ ဆားပိုထည့်ပြီး တော်တော်ပြင်းပြင်းခံရတဲ့အလျောက် အကျိုးအမြတ်ချင်းယှဉ်ရင်တော့ ဆံတစ်စေ့စာတောင်မယှဉ်နိုင်။ Failed ဖြစ်လို့ Free Industry ဖြစ်သွားမလား၊ Free ရင်း Free ရင်းနဲ့ Failed Industry ဖြစ်သွားမလားကတော့ Industry ထဲမှလူများနှင့် အချိန်က စကားပြောလာပါလိမ့်မည်။

For You And Your Music
PEAK Music Business Solutions


The Various Stages of “Music Business”M3.O ဆိုပြီးဖြစ်မလာခင်မှာ Music Industry ဟာ ခေတ်အဆက်ဆက်ပြောင်းလဲလာခဲ့သလို Music Co...
07/10/2020

The Various Stages of “Music Business”
M3.O ဆိုပြီးဖြစ်မလာခင်မှာ Music Industry ဟာ ခေတ်အဆက်ဆက်ပြောင်းလဲလာခဲ့သလို Music Consuming Behavior တွေဟာလည်းပြောင်းလဲလာခဲ့ပါတယ်။ M3.0 ကိုမပြောခင် Music Industry ရဲ့ဟိုးအစကို သွားကြရမယ်ဆိုရင်
M0.5 – ဂီတကို “recorded music” အဖြစ် မဖြန့်ချိစဥ်ကာလဟု သတ်မှတ်ကြတယ်။ အဆိုပါကာလမှာ “sheet music” အဖြစ်သာ ဂီတကို အဓိကထားဖြန့်ချိခဲ့ကြတယ်။
M1.0 - ကာလအားဖြင့် ‘50s to mid ‘80s အတွင်းဖြစ်ပြီး ဂီတကို “Vinyl Records” အဖြင့်ဖြန့်ချိနေကြပြီဖြစ်ပြီး Radio station တွေကသာလျှင် Promotion အတွက်အားထားရာဖြစ်ပါတယ်။ Record buyer များမှ Label အဖြစ်စတင်လည်ပတ်နေကြပြီး Records များကို Retail store များတွင်သာဝယ်ကြရချိန်ဖြစ်ပါတယ်။
M1.5 – Radio Stationsတွေကသာလျှင် Promotion အတွက်အားထားရာဖြစ်နေသေးသော်လည်း CD များကိုဖြန့်ချိရေးတွင် အဓိကထားဖြန့်ချိသောကာလအပိုင်းအခြားဖြစ်ပါတယ်။
M2.0 - သူ့ကို “Third Generation of Music Business” အဖြစ်သတ်မှတ်ကြတယ်။ Digital Musicစတင် ပေါက်ဖွားရာကာလဖြစ်သော်လည်း CD sales တွေ Radio Promotion တွေကထိရောက်နေတုန်းမို့လို့ Music Industry ရဲ့ ဆရာသမားတွေက အဲ့လောက်အလေးမထားသေးဘူး။
M2.5 – Digital Music အသုံးပြုသူများကျယ်ပြန့်လာပြီး CD sales များထိုးကျလာခါမှ Digital Music အပေါ် monetized လုပ်ဖို့ ကြိုးပမ်းကြချိန်ဖြစ်ပါတယ်။ မူပိုင်ခွင့်ဆိုင်ရာကိစ္စများဖြင့် အင်မတန်မှ ပွက်လောရိုက်သောကာလလည်းဖြစ်ပါတယ်။ နောက်ပိုင်း iTunes, Amazon MP3 တို့ရဲ့ကျေးဇူးနဲ့ monetized လုပ်ရတာအဆင်ပြေလာတယ်။ ဒီကာလဟာ ကျွန်တော်တို့ Myanmar Music Industry မှာလက်ရှိဖြစ်နေတာနဲ့ တော်တော်တူပါတယ်။
M3.0 – Record Label တွေ Radio Station တွေကို သိပ်အားမကိုးကြတော့ဘဲ Artist တွေကိုယ်တိုင် Fans တွေနဲ့ တိုက်ရိုက်ထိတွေ့ ဖြန့်ချိလာနေကြပြီဖြစ်ပါတယ်။ Fair မဖြစ်တဲ့ Label တွေကျဆုံးလာပြီး Label Contract အနေမှ Management Contract အဖြစ် ပုံစံပြောင်းလဲလာပြီး သင့်တင့်မျှတသော မူပိုင်ခွင့်ဆိုင်ရာသဘောတူညီချက်များဖြင့် လုပ်ငန်းသဘာဝပြောင်းလဲလာပါတယ်။ Music Consuming Behavior အနေနဲ့လည်း Album လိုက်ဝယ်ယူခြင်းထက် Single တစ်ပုဒ်ချင်းစီဝယ်ယူမှုများတက်လာချိန်ဖြစ်ပါတယ်။
Ref:music3.0 by Bobby Owsinski
For You and Your Music
PEAK Music Business Solutions


2020 ခုနှစ်အတွင်း PEAK နှင့် လက်တွဲလုပ်ကိုင်လျက်ရှိသော Musicians များ၏တေးသီချင်းများ/တေးအယ်ဘမ်များကို  ( Apple Music , S...
29/09/2020

2020 ခုနှစ်အတွင်း PEAK နှင့် လက်တွဲလုပ်ကိုင်လျက်ရှိသော Musicians များ၏တေးသီချင်းများ/တေးအယ်ဘမ်များကို ( Apple Music , Spotify , YouTube ) တို့အပြင် အခြား International Music Distribution Services များစီသို့ တေးသီချင်းများ/တေးအယ်ဘမ်များအား ဖြန့်ချိခဲ့ပါသည်။
သက်ဆိုင်ရာ Musicians များ၏ ပရိတ်သတ်ပေါ်မူတည်ပြီး ဝင်ငွေအများဆုံး ပြန်လည်ရရှိသော Stores များအား CHART အဖြစ်ဖော်ပြပေးလိုက်ပါသည်။

ပရိတ်သတ်များအနေဖြင့် မိမိကြိုက်နှစ်သက်သည့် အနုပညာရှင်များ၏ တေးသီချင်းများ/တေးအယ်ဘမ်များကို တရားဝင်ဖြန့်ချိထားသော Stores များ Streaming services များမှသာ အားပေးနားဆင်ကြပါရန်လည်း တိုက်တွန်းအပ်ပါသည်။
*CHART တွင် ပြည်တွင်း Store and Streaming Services များမှအချက်အလက်များမပါဝင်ပါ။
*Stores Performance Breakdown သည် Musicians / Music Genre အပေါ်မူတည်၍ကွဲပြားနိုင်ပါသည်။
For You and Your Music
PEAK Music Business Solutions


Projects in June
06/07/2020

Projects in June


Artist Management tips1. Know Your Fansကိုယ့်ရဲ့ သီချင်းတွေကိုအားပေးနေတဲ့ Fans တွေက ဘယ်အသက်အရွယ်အပိုင်းအခြားလဲ / ဘယ်ဒေသမ...
02/05/2020

Artist Management tips

1. Know Your Fans
ကိုယ့်ရဲ့ သီချင်းတွေကိုအားပေးနေတဲ့ Fans တွေက ဘယ်အသက်အရွယ်အပိုင်းအခြားလဲ / ဘယ်ဒေသမှာပိုများသလဲ / ဘယ်လိုပုံစံ၊ ဘယ်လို Platforms တွေကနေကြားမိ၊နားထောင်နေကြသလဲ ဆိုတာတွေကို သိရှိနားလည်ထားသင့်ပါသည်။ ဒါမှသာ ကိုယ့်ရဲ့ နောက်လာမယ့် Project တွေမှာ ပရိတ်သတ်တွေစီကို ဘယ်လို အမြန်ဆုံး၊အထိရောက်ဆုံးပို့ဆောင်ပေးနိုင်လဲဆိုတာကို သိရှိနိုင်မှာပါ။

2. Social Media Marketing
Social Media မှာလဲ အဆက်အသွယ်မပြတ်အောင် အမြဲတမ်းလုပ်ဆောင်ထားသင့်ပါတယ်။ သေချာ Plan လေးချပြီး Manage လုပ်နိုင်တဲ့အခါ ကိုယ့်ရဲ့ ရှေ့ဆက်မယ့် Career အတွက် အများကြီး အထောက်အပံ့ဖြစ်စေပါတယ်။ Social Media Tips အတွက်က တင်ထားပြီးသားမို့လို့အောက်ပါ Link မှာသွားဖတ်နိုင်ပါတယ်။
Social Media Tips - shorturl.at/eluG0

3. Non-musical contents
Musicians တွေသိပ်လက်မခံချင်ကြတဲ့ အချက်ပဲဖြစ်ပါတယ်။ ပြောင်းလဲလာတဲ့ခေတ်ရေစီးကြောင်းအရ Musicians တွေအနေနဲ့က ပြောင်းလဲလာတဲ့ ပရိတ်သတ်တွေရဲ့ အားပေးပုံတွေကိုလည်းလက်ခံရတော့မယ်။ မိမိရဲ့ပရိတ်သတ်တွေအကြောင်းကို အမြဲတမ်းသိရှိနေတဲ့ တစ်နည်းအားဖြင့် ပရိတ်သတ်တွေနဲ့အပေးအယူတည့်နေတဲ့ Musiciansတွေ ကြည့်လိုက်ရင်ဖြင့် သူတို့ဟာ မိမိရဲ့ Music တစ်ခုတည်းကိုပဲ ပရိတ်သတ်တွေကိုပေးနေတာမဟုတ်ဘဲ မိမိရဲ့ Lifestyle , Hobby တို့အပြင် တစ်ခြား Idea Sharing တွေပါလုပ်ကြတာကိုတွေ့ရပါလိမ့်မယ်။

4. Music Videos
သီချင်းတစ်ပုဒ်အောင်မြင်ဖို့ ဟိုးအရင်ကလို Audio တစ်ခုတည်းနဲ့တင်မရတော့ဘဲ Music Videos တွေကလည်း အရေးကြီးတဲ့နေရာကနေပါလာပါပြီ။Social Media မှာနောက်ပိုင်း တွေ့တွေ့နေရတဲ့ တစ်ချို့သီချင်းတွေဆို တော်တော်ကောင်းပေမယ့် အားပေးမှုသိပ်မရတဲ့အခါ ကြည့်လိုက်ရင် Music Videos အရလိုအပ်ချက်ရှိနေတတ်ကြတယ်။ ခေတ်အရ MV များသည်အရေးပါသော်လည်း ဒီနေရာမှာသတိထားရမှာက သီချင်းများသည် အနုပညာထုတ်ကုန်ဖြစ်သည့်အလျောက် မျှော်လင့်မထားသည့် အရာတွေအများကြီးဖြစ်နိုင်သလို တစ်ခါတစ်လေ Audio တစ်မျိုးတည်းနဲ့တင် အတိုင်းထက်အလွန်အောင်မြင်သွားတာတွေလည်းရှိတတ်သေးပါသည်။

For You and Your Music
PEAK Music Business Solutions


DIY musicians တွေ Social Media သုံးတော့မယ်ဆိုရင်- အရေးကြီးဆုံးက Be yourself ပါ။ ကိုယ်ရဲ့ပုံစံမဟုတ်တာကြီးကို အတင်းလုပ်ယူပ...
24/04/2020

DIY musicians တွေ Social Media သုံးတော့မယ်ဆိုရင်

- အရေးကြီးဆုံးက Be yourself ပါ။ ကိုယ်ရဲ့ပုံစံမဟုတ်တာကြီးကို အတင်းလုပ်ယူပြီး ကိုယ့် Channel မှာ အပင်ပမ်းခံပြီး Promote မလုပ်ပါနဲ့။ ကိုယ့်ပုံစံ /ကိုယ့် Personality / ကိုယ့်ရဲ့ Favorite Music Genre ,Artists တို့ကို ရဲရဲဝံ့ဝံ့ Followers တွေနဲ့ sharing လုပ်နိုင်ရမယ်။

- Community တည်ဆောက်ပါ။ ပထမအချက်အတိုင်းတည်ဆောက်ရင်းမှ ကိုယ်ရဲ့ Music တွေကို Followers တွေစီအရောက်ပို့နိုင်တဲ့အခါမှာ ကိုယ့်ရဲ့ Page မှာ ကိုယ့်ရဲ့ Type / ကိုယ့်ရဲ့ Music ကို လက်ခံလို့ သို့မဟုတ် ကြိုက်နှစ်သက်လို့ဆိုတဲ့ Community တစ်ခု တည်ဆောက်ပြီးသားဖြစ်စေတယ်။

- Consistency ရှိအောင်လုပ်ပါ။ Facebook / Instagram အကောင့်တွေစသုံးပြီဆိုရင်တော့ Post တွေကို တင်လိုက်/မတင်လိုက် လုပ်နေတာမျိုးမလုပ်ဘဲ နေ့စဉ် ဒါမှမဟုတ် အပတ်စဉ် တစ်သမတ်တည်း တင်ပေးနေသင့်ပါတယ်။ တင်စရာ Contents တွေရှိနေအောင်လည်း အမြဲတမ်းကြိုးစားထားသင့်တယ်။

- Connect လုပ်ပါ။ ကိုယ့်ရဲ့ fans တွေနဲ့ဆက်သွယ်ပါ။ ကိုယ့်ရဲ့ Social media channel ကြီးတစ်ခုလုံးရှိနေပြီပဲ ...ကိုယ့်ရဲ့ fans တွေနဲ့ အပတ်စဉ် Questions & Answers လုပ်တာမျိုး / Vote လုပ်ခိုင်းတာမျိုး / ဘယ်လို Contents မျိုးတွေ တင်ပေးရမလဲ ဆိုတာမျိုးတွေအထိ တိုက်ရိုက်ထိတွေ့မေးမြန်းသင့်ပါတယ်။

- ကိုယ်ပိုင် ဖန်တီးပါ။ သီချင်းတွေတင်တဲ့အခါ တစ်ခြား Channels ( YouTube, Soundcloud ) Links တွေ Music Stores Links တွေကိုလည်း တစ်ပါတည်းဖော်ပြပေးသင့်ပါတယ်။

For You and Your Music
PEAK Music Business Solutions



YouTube ရဲ့ Official Artist Channel ( OAC ) ကပုံမှန် Official Channel တွေနဲ့ ဘာကွာသလဲဆိုရင် -ကိုယ့်ရဲ့ Music Videoတွေ၊ C...
18/04/2020

YouTube ရဲ့ Official Artist Channel ( OAC ) ကပုံမှန် Official Channel တွေနဲ့ ဘာကွာသလဲဆိုရင် -ကိုယ့်ရဲ့ Music Videoတွေ၊ Contentsတွေကို စီမံရတာ ပိုလွယ်လာမယ်
-Data analysis လုပ်ချင်တဲ့အခါမှာလည်း Insight မှာ ကိုယ့်ရဲ့ Top Song/ Top Music Video / Most Watched Video / Retention data / Subscriber data / Click-through rates နှင့် Average Views Per Viewer တွေကိုကြည့်လို့ရမယ်။
-ပြီးရင် ကိုယ့်ရဲ့ Music Video တွေကို YouTubeရဲ့ Artist On The Rise program မှာ ရွေးချယ်ဖော်ပြခြင်းခံရနိုင်တယ်။ Artist On The Rise program ဆိုတာ YouTubeမှ အနည်းဆုံး 1000 subscribers ပြည့်ထားတဲ့ တက်သစ်စOAC တွေရဲ့ View အရမ်းတက်တဲ့ Contents တွေကို ရွေးချယ်ဖော်ပြပေးတဲ့ program ဖြစ်ပါတယ်။
-ကိုယ့်ရဲ့ Concert Ticket တွေကိုလည်း showcase လုပ်လို့ရလာမှာဖြစ်ပြီး ဒီFeatureကိုrequest လုပ်ပြီးပါက Subscribersတွေအနေနဲ့ Official Music Content တွေကြည့်ပြီးတာနဲ့ Tab မှာ Concert Ticket ဝယ်လို့ရမှာဖြစ်ပါတယ်။

For You and Your Music
PEAK Music Business Solutions


မိမိရဲ့ သီချင်းတွေကို Social Media - Facebook/YouTube တို့ပေါ်မတင်ခင် ဘာတွေလုပ်ကြမလဲ၁။ ခွင့်ပြုချက်ရပြီလားကိုယ့်ဘာသာ တစ်...
16/04/2020

မိမိရဲ့ သီချင်းတွေကို Social Media - Facebook/YouTube တို့ပေါ်မတင်ခင် ဘာတွေလုပ်ကြမလဲ

၁။ ခွင့်ပြုချက်ရပြီလား
ကိုယ့်ဘာသာ တစ်ဦးတည်း DIY musician တစ်ယောက်အနေနဲ့ဆိုရင်ဒီအချက်က အရေးသိပ်မကြီးပေမယ့် Producer တွေ/တေးရေးဆရာတွေ/ဖြန့်ချိရေးတွေနဲ့ အလုပ်လုပ်ထားတယ်ဆိုရင်ဖြင့် ဘယ်သူ့ Page ကနေ ဘယ်အချိန်/ဘယ်လိုတင်မယ်ဆိုတာ ညှိနှိုင်းထားသင့်သလို ၊ မူပိုင်ခွင့်ဆိုင်ရာ ကိစ္စတွေအတွက်လည်း ခွင့်ပြုချက်တောင်းထားသင့်ပါတယ်။

၂။ Song Licensing လုပ်ပြီးပြီလား
ကိုယ်ကတော့ သီချင်းကိုဒီအတိုင်း Facebook တင်လိုက်တာပဲ ဒါပေမယ့် သူများက YouTube မှာ Song License လုပ်လိုက်လို့ ဒီသီချင်းကနေ ဘာအကျိုးအမြတ်မှမခံစားရဘဲ သူများအမြတ်ထုတ်တာမခံရအောင် ကိုယ့်သီချင်းကိုမတင်ခင် ကြိုတင်ပြီး Song licensing လုပ်ထားသင့်ပါတယ်။ မြန်မာနိုင်ငံမှာ Service ပေးနိုင်တဲ့ Company တွေအများကြီးပါ။ PEAK မှာလည်း License ယူပေးပါတယ်။

၃။ မတင်ခင် Promote လုပ်ရဲ့လား
Promoteသေချာမလုပ်ရသေးခင် သီချင်းက အချောပြီးတာနဲ့ online ပေါ်တန်းတင်ချင်ကြတယ်။ တစ်ကယ်လုပ်သင့်တာက အပေါ်ကအချက်တွေပြီးပြီဆိုတာနဲ့ ကိုယ့်ရဲ့Pageမှာ info စပေးပြီး promoteလုပ်မယ်၊ တစ်ကယ်ဆို ဒီသီချင်းစဖန်တီးကတည်းက process ကိုနည်းနည်း၊နည်းနည်းစီ စပြောပြထားသင့်ပါတယ်။သီချင်းက Ready ဆိုတော့မှ Teaser တွေနဲ့ထပ်ပြီး attention ဆက်ယူတာပိုသင့်တော်ပါတယ်။

အကျဉ်းချုပ်ရရင်
-မူပိုင်ခွင့်အရ အရှုပ်အရှင်းကင်းအောင်လုပ်
-ကိုယ်ပိုင်ဆိုင်ကြောင်းတရားဝင် License ယူ
-တန်းမတင်ဘဲ Promote သေချာလုပ်ရင်
ကျန်တဲ့ ကြိုက်၏မကြိုက်၏ကတော့ ပရိတ်သတ်ဆုံးဖြတ်ပါလိမ့်မယ်။

For You and Your Music
PEAK Music Business Solutions


ပြောင်းလဲလာတဲ့ Music Industry ကြီးမှာ တေးသီချင်းတွေ အသုံးပြုတော့မယ်ဆိုရင် မူပိုင်ခွင့်တရားဝင် တောင်းခံပြီး မူပိုင်ခွင့်ပ...
17/11/2019

ပြောင်းလဲလာတဲ့ Music Industry ကြီးမှာ တေးသီချင်းတွေ အသုံးပြုတော့မယ်ဆိုရင် မူပိုင်ခွင့်တရားဝင် တောင်းခံပြီး မူပိုင်ခွင့်ပိုင်ရှင်များ၏ ခွင့်ပြုချက်ရမှသာ တေးသီချင်းတွေကို အသုံးပြုသင့်ပါတယ်။
ဒီတစ်ခါဖော်ပြပေးမှာက တေးရေးဆရာများအနေဖြင့်ရရှိရမည့် (တစ်နည်းအားဖြင့်) တေးရေးဆရာများထံမှ ခွင့်တောင်းရမည့် တေးသီချင်းအသုံးပြုခွင့်များဖြစ်ပါတယ်

1. Performance Royalties
- သီချင်းတစ်ပုဒ်ကို Stage Show / Bar / Events တွေမှာသီဆိုတော့မယ်ဆိုရင် တေးရေးဆရာများထံမှ ခွင့်ပြုချက်တောင်းခံရမည် ဖြစ်ပြီး သတ်မှတ်ထားသည့် တေးသီချင်းအသုံးပြုခများရှင်းလင်းပေးပြီးမှသာလျှင်တရားဝင်သုံးစွဲသင့်ကြောင်း။ တစ်ခုသတိပြုရမှာက Performance Rights တောင်းခံရန်လိုအပ်သည့်ထဲတွင် ( FM/Radio Channels ,TV Channels ) တို့ပါ ပါဝင်ပြီး နိုင်ငံတကာတွင်တော့ Cafe/ Restaurants/ Shopping Malls များတွင် ဖွင့်သည့် တေးသီချင်းများအတွက်ပါ ခွင့်ပြုချက်လိုအပ်ပါသည်။

2. Mechanical Royalties
- သီချင်းတွေကို CD/DVD အပါဝင် Tape / Vinyl ( ဓါတ်ပြား ) အနေဖြင့်ပြန်လည်ထုတ်လုပ်ရောင်းချသည့်အခါတွင် (သို့မဟုတ် ) Streaming Services , Online Music Stores တို့တွင် Digital Product အနေဖြင့်ပြန်လည်ထုတ်လုပ်ရောင်းချသည့်အခါတွင်လည်း ထုတ်လုပ်ရောင်းချမည့် Platforms အမျိုးအစားများ၊ ထုတ်လုပ်ရောင်းချမည့်ပုံစံ ( Physically/ Digitally ) တို့ကိုရှင်းလင်းတိကျစွာ ဖော်ပြ၍ တိကျသေချာသော စာချုပ်စာတမ်းများဖြင့်သာ ခွင့်ပြုချက်ယူ၍ အနုပညာကြေးများ ပွင့်လင်းမြင်သာစွာ ပေးချေကြရမည်။

3. Print Royalties
- သီကုံးရေးဖွဲ့ထားသော တေးသီချင်းများအား တေးစာသားအနေဖြင့် (သို့မဟုတ်) Sheet Music အနေဖြင့် ပုံနှိပ်ထုတ်လုပ်၍ စီပွားဖြစ်ရောင်းချသည့်အခါတွင်လည်း ခွင့်ပြုချက်ရယူပြီးမှသာ တရားဝင်သုံးစွဲသင့်ပါသည်။ ပုံနှိပ်ထုတ်လုပ်သည်ဆိုရာတွင်လည်း စာရွက်/စာအုပ် တို့အပြင် merchandise လုပ်သည့် ( T-shirt / Mug ခွက် ) အထိကို ဆိုလိုပါသည်။

4. Synchronization Royalties
- တေးသီချင်းများကို ရုပ်ရှင်/ ကြော်ငြာ / TV show များ ( တစ်နည်းအားဖြင့်) လှုပ်ရှားနေသောရုပ်ပုံများ ( Moving Image ) တို့နှင့်တွဲဖက်အသုံးပြုမည်ဆိုပါကလည်း ခွင့်ပြုချက်တောင်းခံရမည် ဖြစ်ပြီး သတ်မှတ်ထားသည့် တေးသီချင်းအသုံးပြုခများရှင်းလင်းပေးပြီးမှသာလျှင်တရားဝင်သုံးစွဲသင့်ပါသည်။

For You and Your Music
PEAK Music Business Solutions


Marketing is Love !Myanmar Music industry မှာ အခုဖြစ်နေတဲ့ Copyright Issues ( တရားမဝင်အခွေ/ မူပိုင်ခွင့်အလွဲသုံးစားလုပ်ခ...
09/11/2019

Marketing is Love !

Myanmar Music industry မှာ အခုဖြစ်နေတဲ့ Copyright Issues ( တရားမဝင်အခွေ/ မူပိုင်ခွင့်အလွဲသုံးစားလုပ်ခံရခြင်း ) တို့အတွက် စဉ်းစားစရာတစ်ခုပါ။

အခုလက်ရှိ အာရှ Market မှာရော Global Market မှာပါ Boom ဖြစ်လာတဲ့ Korean Music Industry ဟာ Emotional Marketing ကို အထိရောက်ဆုံး အသုံးချသွားတာ ဥပမာတစ်ခုပါပဲ။

K-Popper အများစုဟာ သူတို့ အားပေးတဲ့ Artists တွေအပေါ် Loyal လည်းဖြစ်သလို အဆိုပါ Artists တွေရဲ့ Revenue Stream ( ဝင်ငွေလမ်းကြောင်း) ၊ Annual Success ( တစ်နှစ်တာ အောင်မြင်မှု) တွေ အထိ လိုက်စဉ်းစားပေးပြီး ကိုယ်အားပေးတဲ့ Artist တွေအပေါ် ချစ်ကြောင်းပြကြတယ်။ အဲ့အတွက်လည်း ဂုဏ်ယူကြတယ်။

For You and Your Music
PEAK Music Business Solutions


“ Making Music for living is possible “ဂီတလောကထဲကို ဝင်ရောက်တော့မယ်ဂီတနဲ့ပဲ အသက်ရှင်ခြင်တယ်ဆိုသူများအနေနဲ့ဂီတလုပ်ငန်းဟာလ...
01/11/2019

“ Making Music for living is possible “

ဂီတလောကထဲကို ဝင်ရောက်တော့မယ်
ဂီတနဲ့ပဲ အသက်ရှင်ခြင်တယ်ဆိုသူများအနေနဲ့
ဂီတလုပ်ငန်းဟာလည်း သက်မွေးဝမ်းကျောင်းလုပ်ငန်းတစ်ခုဖြစ်တယ်ဆိုတာ သက်သေပြဖို့
PEAK Music Business Solutions Page မှ
Artist Management Tips များ Music Business Knowledges များ
ရေးသားဖော်ပြပေးသွားပါမယ်....!

For You and Your Music
PEAK Music Business Solutions


Address

Yangon

Website

Alerts

Be the first to know and let us send you an email when PEAK Music Business Solutions posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share