23/01/2022
၀န်ထမ်းကောင်းတွေ ဘာ့ကြောင့်အလုပ်ထွက်ကြတာလဲ/
အလုပ်ထွက်ဖို့ဘာ့ကြောင့်ဆုံးဖြတ်ကြတာလဲ
****************************************
၁။ မှန်တဲ့အရာကိုလုပ်တာတောင် ကိုယ့် အထက်လူကြီးက
ကိုယ့်ဖက်က မရပ်တည်ပေးတော့တဲ့အချိန်
၂။ Vision မရှိ၊ Mission မသိ၊ strategy
နတ္ထိနဲ့ကြုံရာကျပမ်းခိုင်းတာတွေများလာတဲ့အချိန်
၃။ လက်ရှိအလုပ်မှာ သင်ယူစရာ ဘာမှမရှိတော့တဲ့အချိန်
၄။ ကြိုက်တဲ့အချိန်ထွက်သွား နောက်လူအစားထိုးလို့ရတယ်လို့
မပြောရုံတမယ် အဆက်ဆံခံလာရတဲ့အချိန်
၅။ အောင်မြင်မှုတွေအတွက် မဖြစ်စလောက်သာ
ချီးမြှင့်ပြောဆိုတော့တဲ့အချိန်
၆။ လက်ရှိအလုပ်မှာ ကိုယ့်ဘ၀အနာဂတ် ေ၀၀ါးလာတဲ့အချိန်
၇။ ကိုယ့် အကြံဥာဏ်ဆိုတာ နားထောင်စရာလို့တောင်
မတွေးကြတော့တဲ့အချိန်
၈။ ကိုယ့်အထက်လူကြီးက မယောင်ရာဆီလူး
အသေးအဖွဲလေးတွေနဲ့ပဲ အလုပ်ရှုပ်ချင်ယောင်ဆောင်နေတဲ့အချိန်
၉။ ကိုယ့်ရဲ့ အလုပ်ပေါ်သစ္စာရှိမှု! အလုပ်ကြိုးစားမှုတွေကို
အသိအမှတ်ပြုခြင်းမခံရတော့တဲ့အချိန်။
အချက် ၉ ချက်က တစ်ချက်လောက်ထိမိရင်
တခြားအလုပ်က offer ပေးတာနဲ့ နားထောင်ကြလိမ့်မယ်။
အချက် ၉ ချက်ထဲက တစ်ချက်ထက်ပိုပြီးဆိုင်နေမယ်ဆိုရင်တော့ တခြားအလုပ်ကို ကိုယ်တိုင်လိုက်ရှာလိမ့်မယ်။
Credit
(15.1.2022)