Days With Sar Lone

Days With Sar Lone spend your "EVERYDAY" with "Sar Lone"

Emily’s Calligraphy Workshop is coming back 💛ဟယ်လို…ဘယ်နှနှစ်တောင် ကြာသွားခဲ့ပြီလဲနော်။အမ်တို့ Sar Lone က လုပ်တဲ့ Callig...
01/09/2026

Emily’s Calligraphy Workshop is coming back 💛

ဟယ်လို…ဘယ်နှနှစ်တောင် ကြာသွားခဲ့ပြီလဲနော်။

အမ်တို့ Sar Lone က လုပ်တဲ့ Calligraphy တွေ Workshop တွေကို လွမ်းနေတဲ့သူတွေအတွက် စက်တင်ဘာ ၁ ရက်နေ့မှာ အားလုံးအတွက် ပြင်သစ်ယဉ်ကျေးမှု ဌာနမှာ ကျင်းပမယ့် အလွမ်းပြေ Calligraphy Workshop လေးကို သယ်ဆောင်လာပေးပါရစေ 🫶🏻💛

INKTENSION — Ink + Intention တဲ့ Workshop နာမည်လေးက။

မှင်ချက်တိုင်းမှာ ရည်ရွယ်ချက်တွေနဲ့ ရေးခြစ်တယ်ဆိုတဲ့ အဓိပ္ပာယ်နဲ့ပါ။ (ကဗျာဆန်ချင်လို့ တော်တော်စဉ်းစားလိုက်ရတယ် အမ့်ဦးနှောက်က ဒီလိုတွေ မထွက်တာကြာပြီလေ)

Sar Lone နဲ့ ရင်းနှီးခဲ့တဲ့သူတွေဆို FIKA ဆိုတဲ့ စကားလုံးလေးကို မှတ်မိကြမယ်ဟုတ်?

ခဏလောက် ရပ်တန့်ပြီး ဘဝကို ရှင်သန်ခံစားကြည့်ဖို့လေ။ ဒီတစ်ခါတော့ ဘဝကို ခံစားရင်း တစ်ဖက်က ရည်ရွယ်ချက်တွေပါဝင်တဲ့ တစ်ခဏမှာ အပန်းဖြေကြရအောင်။

အတူတူ ခဏလောက် ရပ်တန့်ပြီး အဖြေရှာကြရအောင်လေနော်။

Nib လေးက စက္ကူနဲ့ထိသွားတဲ့အချိန်၊
Ink လေးက ဖြည်းဖြည်းချင်း စီးဆင်းသွားတဲ့အချိန်၊
Pressure တွေကို နည်းနည်းချင်းစီ လျှော့ချလိုက်တဲ့အချိန်မှာ

ကိုယ့်ရဲ့လက်က ကိုယ့်စိတ်ရဲ့ rhythm ကို လိုက်ပြီး စာလုံးလေးတွေကို ရေးတတ်လာပါတယ်။

အဲ့ဒီလို ဖြေးဖြေးနှေးနှေးလေး ရေးရင်း၊ အသက်ရှူရင်း၊ ကိုယ့်အတွက်ကိုယ် ခဏလေး ရှင်သန်ကြည့်ဖို့အတွက် ဒီ workshop လေးကို ဖန်တီးထားပါတယ်။

ဒီ Workshop လေးမှာ

- Traditional Calligraphy ရဲ့ အခြေခံတွေကို လေ့လာမယ်။

- Nib & dip pen ကို ကိုယ်တိုင်ကိုင်ပြီး stroke တစ်ကြောင်းချင်းစီကို လေ့ကျင့်မယ်။

- Pressure, rhythm နဲ့ movement တွေကို ထိန်းချုပ်နိုင်အောင် ကျင့်ယူကြမယ်။

- ပြီးတော့ workshop အဆုံးမှာ ကိုယ်တိုင်ရေးထားတဲ့ handwritten piece လေးတစ်ခုနဲ့ အိမ်ပြန်မယ်။

Calligraphy ကို စတင်လေ့လာမယ့်သူတွေအတွက်လည်း အဆင်ပြေအောင် စီစဉ်ထားပါတယ်။ (100% Beginner-Friendly ပါရှင့်)

About Emily

ကျွန်မအတွက်တော့ calligraphy ဆိုတာ စာလှလှရေးနိုင်ဖို့သက်သက် မဟုတ်ပါဘူး။

Ink တစ်စက်၊ stroke တစ်ကြောင်းချင်းစီမှာ ကိုယ့်ရဲ့ intention လေးတွေ ထည့်ရေးနိုင်တဲ့ craft တစ်ခုပါ။

INKTENSION — A Traditional Calligraphy Workshop Agenda

🗓 Sunday, 13 September 2026
🕘 10:00 a.m. – 12:00 noon
📍 Lann Sone, Institut français de Birmanie (IFB)
💵 40,000 MMK
👥 Limited seats — 10–15 participants

🔗 Pre-registration required:

(https://forms.gle/NdrxYbcrL7BRNQsy5)
Form will be in the comment session if you can’t click it or can ask for it in page messenger.

Registration ပြုလုပ်ပြီးပါက IFB ဘက်က ပြန်လည်ဆက်သွယ်ပြီး confirm လုပ်ပေးသွားမှာပါ။

Ink for the craft.
Intention for the moment.

တွေ့ကြမယ်နော်။ 🖋️

(မှတ်ချက် : ဒီ Workshop လေးကို Sar Lone Page က တင်တဲ့ Post ကနေ တွေ့ရင် Register လုပ်ထားတဲ့ Screenshot လေးနဲ့ Page Messenger ကို လာခဲ့ပေးပါ၊ အဲ့ပွဲနေ့အတွက် လက်ဆောင်လေး အထူးစီစဉ်လာဖ်ို့ပါ)

“ချစ်ခင်မှုဟာလည်း မလိုသူအတွက် ဝန်ပိုပါပဲ”This is the collaboration of Emily and the writer Noshi’s pieces.Stay tuned for...
20/01/2026

“ချစ်ခင်မှုဟာလည်း မလိုသူအတွက် ဝန်ပိုပါပဲ”

This is the collaboration of Emily and the writer Noshi’s pieces.

Stay tuned for more.

Address

Yangon

Alerts

Be the first to know and let us send you an email when Days With Sar Lone posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category