Zwe Myat Maung Maung

Directions

Zwe Myat Maung Maung Ryan Lay 🫅💙💙

အိမ်ရဲ့ဘုရင်မင်းမြတ်🫅🫅အိပ်ချိန်မမှန်ပေမဲ့ ချစ်ဖို့ကောင်းလွန်းလို့ ခွင့်လွှတ်လိုက်တယ် 😴
08/09/2026

အိမ်ရဲ့ဘုရင်မင်းမြတ်🫅🫅
အိပ်ချိန်မမှန်ပေမဲ့ ချစ်ဖို့ကောင်းလွန်းလို့ ခွင့်လွှတ်လိုက်တယ် 😴

15/08/2026

ကလေးဆိုတာ အိမ်တစ်အိမ်ရဲ့ အပြုံးပန်းလေးပါ။ သူတို့ရဲ့ သန့်ရှင်းတဲ့ ရယ်မောသံလေးတွေက မိဘတွေရဲ့ ပင်ပန်းသမျှကို ပျောက်ကွယ်စေပါတယ်။ ✨

Ryan Lay Cute.🫅💙I love you all.
15/08/2026

Ryan Lay Cute.🫅💙I love you all.

5လအရွယ်ကလေးလေးတွေကဒါဘာလုပ်တာလဲသိကြလားမေမေတို့ရေ
05/08/2026

5လအရွယ်ကလေးလေးတွေကဒါဘာလုပ်တာလဲသိကြလားမေမေတို့ရေ

12/07/2026

သားသားလေးငြိမ်ဆေးရ

Happy 4month birthday 🎂🎉🎂
09/07/2026

Happy 4month birthday 🎂🎉🎂

09/07/2026
💡 မွေးကင်းစကလေးငယ်တွေ ဘာကြောင့် ငိုတတ်သလဲ?ကလေးငယ်တွေ ငိုတာဟာ သူတို့ရဲ့ တစ်ခုတည်းသော ဆက်သွယ်ရေး စကားပြောနည်း ဖြစ်ပါတယ်။ င...
25/06/2026

💡 မွေးကင်းစကလေးငယ်တွေ ဘာကြောင့် ငိုတတ်သလဲ?
ကလေးငယ်တွေ ငိုတာဟာ သူတို့ရဲ့ တစ်ခုတည်းသော ဆက်သွယ်ရေး စကားပြောနည်း ဖြစ်ပါတယ်။ ငိုရတဲ့ အကြောင်းရင်းတွေကတော့ -
ဗိုက်ဆာလို့တာ။ (နှုတ်ခမ်းလေးတွေ လှုပ်စိလှုပ်စိလုပ်တာ၊ လက်စုပ်တာမျိုးအရင်ပြတတ်ပါတယ်)
သေးခံ/အနှီး စိုနေလို့။ (မသက်မသာ ဖြစ်လို့ ငိုတာပါ)
လေပွနေလို့။ (နို့စို့ပြီးတိုင်း လေထုတ်ပေးဖို့ လိုပါတယ်)
အိပ်ချင်လို့ ဂျီကျတာ။
: ကလေးငိုတိုင်း နို့ပဲ အတင်းတိုက်မယ့်အစား ကလေးရဲ့ အနှီးကို စစ်ဆေးတာ၊ ပွေ့ချီပြီး လှုပ်ခါပေးတာမျိုး အရင်လုပ်ကြည့်ပေးပါ။

ကလေးနို့တိုက်နေတဲ့မေမေတိုင်း သိသင့်တဲ့ ရှောင်ရန် ဆောင်ရန် အချက်များ🤱🏻 မီးဖွား ပြီးတဲ့ အမျိုးသမီးတိုင်း ကိုယ့် ရင်သွေးလေး...
22/06/2026

ကလေးနို့တိုက်နေတဲ့မေမေတိုင်း သိသင့်တဲ့ ရှောင်ရန် ဆောင်ရန် အချက်များ

🤱🏻 မီးဖွား ပြီးတဲ့ အမျိုးသမီးတိုင်း ကိုယ့် ရင်သွေးလေးကို နို့ချိုတိုက်ကျွေးတယ် ဆိုတာ သဘာဝတရားကြီးက ဖန်တီး ပေးထားတဲ့ ဖြစ်စဉ်တခု ပါ ။

🤱🏻 ကလေးနို့တိုက်နေတဲ့မေမေတိုင်း ကလေး မွေးပြီးတာနဲ့ နို့တိုက်လိုက်ရုံပဲဆိုပြီး ထင်သလောက်တော့ မလွယ်ကူပါဘူး ။

🤱🏻 ကလေး တယောက်ရဲ့ ကျန်းမာ ဖွံ့ဖြိုးမှုက မေမေတို့အပေါ်မှာ အများကြီး မူတည်နေတဲ့ အတွက် နို့တိုက် နေတဲ့အချိန် မေမေတို့ သိထားသင့်တဲ့ ရှောင်ရန်ဆောင်ရန် အချက်တွေကို ခု ဆောင်းပါးလေးထဲမှာ ပြောပြပေး ချင်ပါတယ် ။

ကလေးနို့တိုက်နေတဲ့မေမေတိုင်း သိထားသင့်တဲ့ ဆောင်ရန် အချက်များ
🍼 နို့ဦးရည် ဆိုတာ ကလေး အတွက် အကျိုးရှိစေမယ့် အာဟာရတွေ ချည်းပဲ ပါတာကြောင့် မွေးမွေးပြီးချင်း ကလေးကို နို့ဦးရည် တိုက်ဖြစ်အောင် တိုက်ပါ ။
💧 ရေ များများ သောက်ပါ ။ ရေ များများသောက်တာကြောင့် နို့ထွက်တာကောင်းမယ့်အပြင် သင့် ကိုယ်ခန္ဓာထဲက မကောင်းတဲ့ အဆိပ်အတောက်တွေကိုလည်း ဖယ်ရှား ပေးပါတယ် ။

🍱 အာဟာရရှိတဲ့အစားအသောက်တွေ အကုန်စားပါ ။ မေမေ တယောက်စားတဲ့ အစားအသောက်တွေထဲမှာ အသားငါး၊ အသီးအနှံတွေက ပါကိုပါသင့်တဲ့အရာတွေပါ။
❌ မီးဖွားပြီးရင် ငါးခြောက်ဖုတ်နဲ့ပဲ ထမင်းစားရမယ်ဆိုတဲ့ အယူမှားတွေကို နားမယောင်မိပါစေနဲ့။ ။
🍼 နို့ကို တနေ့ ဘယ်နှခေါက် တိုက်ရမလဲဆိုတာ ပုံသေမရှိတဲ့အတွက် ကလေးနို့ဆာတိုင်း နို့တိုက်ပါ ။ ကိုယ်အပြင်သွားစရာ ကိစ္စရှိနေရင် နို့ကို ညှစ်ပေးခဲ့ပြီး ဘယ်လို စနစ်တကျ သိမ်းထားရမလဲဆိုတာကို သေချာ လေ့လာထားပါ ။
💡 အရေးအကြီးဆုံး အချက်ကတော့ ကလေး အသက် ၆ လအထိ မိခင်နို့တစ်မျိုးတည်း တိုက်ဖို့ပါ ။

🤱🏻 နို့တိုက်ချိန် ကိုယ့်ကလေး တနေ့ကို ဝမ်းဘယ်နှစ်ကြိမ် ပုံမှန်သွားသင့်လဲဆိုတာ ဆရာဝန်တွေဆီက မေးမြန်းထားပါ ။ ဒါမှ lactose intolerance လို့ခေါ်တဲ့ မိခင်နို့နဲ့ မတည့်လို့ ဝမ်းလျှောနေလား၊ ပုံမှန်ပဲလားဆိုတာ သင်သိမှာပါ ။

🌸 နို့သီးခေါင်း တစ်ဝိုက်ကို အမြဲ သန့်သန့် ရှင်းရှင်း ထားပါ။ နို့ပွေးတွေ ပေါက်တတ်တာကြောင့် နို့ပေသွားတဲ့ ကလေး ပါးကိုလည်း သန့်ရှင်းပေးပါ ။
🌼 ကလေးနို့တိုက်နေတဲ့မေမေတိုင်း က ကောင်း ကောင်း အနားယူဖို့လည်း လိုပါတယ် ။ ဒါမှ နို့လည်းများများထွက် မိခင်လည်း ကျန်းမာ ကလေးလည်း ကျန်းမာမှာ ဖြစ်ပါတယ် ။
🌺 ကလေးကို ဘယ်လို နို့ တိုက်ရမလဲဆိုတာ သေချာလေ့လာထားပါ ။ နို့ တိုက်တဲ့ အချိန်မှာ ဘယ်ရော ညာရော ကလေးကို ပေးစို့ပါ။ နို့ မထွက်လည်း ကလေးကို ဆက်စို့ ခိုင်းပါ ။
🍀 နို့ မထွက်လို့ နို့ အုံတင်းပြီး နာနေရင် ပျော့သွားအောင် ရေနွေး ဖြစ်ဖြစ် ရေခဲဖြစ်ဖြစ်ကပ်ပြီး ချေပေးပါ ။ နာမှာ မကြောက်ပါနဲ့ ။ မချေဘဲထားလေ ပိုတင်းလေ၊ နို့ကြောင်းပိုပိတ်လေဖြစ်တတ်လို့ပါ ။

ကလေး နို့တိုက်နေတဲ့ မေမေတိုင်း သိထားသင့်တဲ့ ရှောင်ရန် အချက်များ

🤱🏻 သင်စားသမျှ အကုန် နို့ကနေ ကလေးဆီ ပြန်ရောက်တဲ့ အတွက် စိတ် အလိုလိုက်ပြီး တွေ့ကရာလျှောက်မစားပါနဲ့။ ကဖင်းဓာတ်ပါတဲ့ အစားအသောက်တွေနဲ့ အစပ်တွေကို နို့တိုက်နေတဲ့ အချိန် ရှောင်ပါ ။
🤱🏻 ကလေး နို့များများစို့မှ အာဟာရတွေရမှာဆိုပြီး ကလေးကို အတင်း နို့ချည်းဖိတိုက်မနေပါနဲ့ ။ နို့တွေပြန်အန်တတ်လို့ပါ ။
🤱🏻 ကလေး အသက် ၆လထိ မိခင်နို့တမျိုးတည်း တိုက်ရမှာ ဖြစ်တာကြောင့် ❗ ရေတောင် မတိုက်ပါနဲ့။ ကလေးရဲ့ အူက နနယ်တဲ့အတွက် ဆရာဝန်ညွှန်ကြားချက်မရှိဘဲ မိခင်နို့တိုက်လိုက် နို့ဘူးတိုက်လိုက်လည်း မလုပ်ပါနဲ့ ။
🤱🏻 ဒါတွေကတော့ ကလေးနို့တိုက်နေတဲ့မေမေတိုင်း သိသင့်တဲ့ ရှောင်ရန် ဆောင်ရန် အချက်တွေပါ ။ နို့တိုက်နေတဲ့ မေမေတွေ အားလုံးအတွက် အထောက်အကူ ဖြစ်စေမယ်လို့ ထင်ပါတယ် ။
🤱🏻 မိခင်နို့တိုက်ပြီး ကလေးနဲ့ ကိုယ်ကြား ရင်းနှီးနွေးထွေးတဲ့ ဆက်ဆံရေးတစ်ခုကို မေမေတိုင်း တည်ဆောက် နိုင်ကြပါစေ ။

Dr. Thin Yadanar @ Frances မှ ရေးသားသည်။



Address

North Dagon
Yangon
မဂၤလာပါ

Website

Alerts

Be the first to know and let us send you an email when Zwe Myat Maung Maung posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category