Clover E-sport

Clover E-sport Clover E-sport League of Legends Wildrfit: contents and events.

JP Community Cup
19/08/2023

JP Community Cup

ပညာတွေလည်း ရပါတယ်နော်
03/03/2022

ပညာတွေလည်း ရပါတယ်နော်

???
07/01/2022

???

WE ARE BACK !

06/09/2021

မင်္ဂလာပါ အစပိုင်းမှာ O2 Donation အတွက် လှူဒါန်းဖို့ပွဲတခုလုပ်မယ်လို့ အတိအလင်းကြေညာထားတာရှိပါတယ် ဒါပေမယ့် အခြေအနေအရပ်ရပ်ဟာ မကောင်းသေးတာမလို့ နောက်ရွှေ့ထားဖို့ ကျွန်တော်ကိုယ်တိုင်ဆုံးဖြတ်ထားပါတယ်
ကြေညာပေးခဲ့ပါသော ပြည်သူ့ မီဒီယာ - သာဒေါ Media နှင့်တကွ DVB TV News ကိုလဲ ကျေးဇူးများစွာတင်ပါတယ်

ဒီကာလပြီးဆုံးသွားတဲ့အချိန်မှသာ ပြန်လည်ထူထောင်ရေးနှင့် ဆင်းရဲနွမ်းပါးသူများအားကူညီဖေးမရေးအတွက် ပြိုင်ပွဲတခု ကျင်းပပေးမည်ဖြစ်ကြောင်း အတိအလင်းကြေညာအပ်ပါတယ်

လက်ရှိအခြေအနေအရ မည်သည့်ပြိုင်ပွဲမှ လုပ်ဖို့နဲ့ ကြည့်ဖို့အတွက် ကျွန်တော့မှာ အချိန်မရှိသေးပါ

အားလုံးနားလည်ပေးကြဖို့ မေတ္တာရပ်ခံအပ်ပါတယ်

ပွဲလုပ်တဲ့အခါမှာလဲ မေတ္တာနဲ့ ပါဝင်ကူညီအားဖြည့်ပေးကြဖို့ org တွေ caster တွေနဲ့ sponsor များစွာရဲ့အကူအညီလိုအပ်ပါတယ်

ကျွန်တော့ ORG တခုထဲအနေနဲ့ ရပ်တည်ချင်တာမဟုတ်ပဲ Esports ဆိုတဲ့အရာကို လူကြီးသူမတွေပါ နားလည်လက်ခံလာအောင် အားလုံးအတူတူဖေးမကူညီနိုင်မယ်လို့ ​မျှော်လင့်မိပါတယ်

ကျေးဇူးအများကြီးတင်ပါတယ် ။ ။

Random-G

02/07/2021

ဒီရက်ထဲ ဆေးတော်တော်များတယ်ကွာ.....

Why nerf my TF? '(
30/06/2021

Why nerf my TF? '(

Season end ရင် ကျမယ့် rank များ
28/06/2021

Season end ရင် ကျမယ့် rank များ

ကျွန်တော်တို့ရဲ့ အရင်က အောင်မြင်ခဲ့တဲ့ CProject ဟာ အသင်းmemberများနဲ့ ဖျက်သိမ်းလိုက်ပြီဖြစ်ပေမယ့်ယခု Wildrift Esport အတွ...
23/06/2021

ကျွန်တော်တို့ရဲ့ အရင်က အောင်မြင်ခဲ့တဲ့ CProject ဟာ အသင်းmemberများနဲ့ ဖျက်သိမ်းလိုက်ပြီဖြစ်ပေမယ့်

ယခု Wildrift Esport အတွက် အသင်းကြီးတွေနဲ ပြိုင်ဆိုင်မှု ပြန်လည်ပြင်းထန်လာရေးအတွက် အသင်းကြီးတစ်ခုကို ပြန်လည်ဖွဲ့စည်းဖို့ ရည်ရွယ်ထားပါတယ်

ဒါကြောင့် Team member အနေနဲ့ပါဝင်ချင်တယ်ဆိုရင်တော့

Rank - Diamond
Role - Baron Mid Adc Jungler များ လိုအပ်ပါတယ်

လက်ရှိမှာတော့ အခက်အခဲအမျိုးမျိုးကြောင့် ဘာအကျိုးခံစားခွင့်မှ မပေးနိုင်သေးပေမယ့် နောင်ပေးလာနိုင်ဖို့ကြိုးစားပေးသွားမှာလဲ ဖြစ်ပါတယ်

ပြိုင်ပွဲတွေမှာတော့ အကောင်းဆုံးစွမ်းဆောင်ရည်တွေ ထုတ်ပြနိုင်ရမှာဖြစ်ပြီး serious ဆော့နိုင်ဖို့လဲလိုအပ်ပါတယ်

ဆုကြေးတွေကိုလဲ org. သဘောတရားအရ % ဖြင့်ခွဲဝေမှာဖြစ်ပြီး team member များအနေ​ဖြင့် ဆုပေးဒဏ်ပေးပုံစံများလဲ ရှိမှာ​ဖြစ်ပါတယ်

စကားက်ို​မြေဝယ်မကျနားထေါင်နိုင်မှသာ page messenger သို့ detail အပြည့်အစုံဖြင့်လာရောက်လျောက်ထားနိုင်ပါကြောင်း သတင််းကောင်းပါးအပ်ပါတယ်

Edit - Coach ပဲ လိုအပ်ပါတော့တယ်ဗျာ

Patch 2.3a changesNerf ⬇⬇⬇ Ahri Ahri ဟာ late gameတင်မဟုတ်ပဲ ​ညှော်တတ်ရင်ညှော်တတ်သလို ကြမ်းတဲ့အပြင် Ulti skill ကြောင့် ပြ...
19/06/2021

Patch 2.3a changes

Nerf ⬇⬇⬇

Ahri

Ahri ဟာ late gameတင်မဟုတ်ပဲ ​ညှော်တတ်ရင်ညှော်တတ်သလို ကြမ်းတဲ့အပြင် Ulti skill ကြောင့် ပြေးလိုက်ရမလွယ်ကူ skill 3 ကြောင့် လာပါလာပါဆွဲခေါ်တတ်တဲ့ မြေခွေးမလေး Ahri ရဲ့ Base Armor Stats ကို 35 မှ 30 အထိလျှော့ချထားလိုက်ပါတယ်

First Nerf For Ahri

Evelynn

ထာဝရ Nerf ခံနေရတဲ့ ထိပ်ဆုံးကရပ်တည်နေတဲ့ Evelynn ဟာလဲ ထပ် Nerf ခံနေရပါတယ်
Ultimate ရရင် auto ကိုယ်ပျောက်နေတဲ့ ဖင်နှစ်ခွမလေးကို Wildrift က Ultimate ကို nerf လိုက်ပါတယ်
ယခင်က Evelynn ရဲ့ Ultimate Skill ကပေးသော 250 % execute damage ဟာ Champions များအပေါ်တွင်ရော Jungle Monsters များအပေါ်တွင်ပါ ထိရောက်နိုင်သော်လည်း Patch Update မှာတော့ တစ်ဖက် Enemy Champions များအပေါ်တွင်သာ သက်ရောက်မှုရှိတော့မှာဖြစ်ကြောင်း ပြင်ဆင်ထားပါတယ် ။ ဒီလိုမကြာခဏ အမြဲလိုလို nerf နေတာကြောင့် ရေရှည်မှာ Evelynn ကိုင်တဲ့သူအရေအတွက်လျော့သွားနိုင်ပေမယ့် မကြာခင်လဲ ရှယ်ပြန် Buff လာနိုင်ပါသေးတယ်(motiနော် မBuffပေးလေကောင်းလေပဲ)

Katrina

ထွက်တာမကြာသေးတဲ့ မျောက်မလေးအလား ဟိုခုန်ဒီခုန်
Katrina ဟာ Level ပေါ်မူတည်ပြီးရရှိနေမယ့် AP output dmg ratio ဟာ နဂိုမူလက 0.58 မှ 1.0 ထိသတ်မှတ်ထားရာမှ ယခုအခါမှာတော့ ဆိုးဆိုးရွားရွားလို့ဆိုရလောက်အောင် 0.48 မှ 0.9 အထိသာတိုးမြင့်လာနိုင်တော့မှာဖြစ်ပါတယ် (ဒါကြီးတော့ ခံစားချက်မကောင်းဘူးကွာ)
ဒါ့အပြင် Ultimate မှာရတဲ့ Burst Movement speed ကို အသုံးမပြုနိုင်တော့စေရန် Riot ဟာ Katrina ရဲ့ Ultimate ဖွင့်ထားစဉ် Movement Speed ကို 125 လို့ပုံသေသတ်မှတ်ထားလိုက်ပြီလို့ သိရပါတယ်(မnerf မbuff?)

Janna

Support Player များရဲ့ ဝှက်ဖဲ၁ချပ်ဖြစ်တဲ့ Janna ဟာလည်း ယခု Patch update အတွင်း ဆိုးဆိုးရွားရွား nerf ခံလိုက်ရပြီး Battle အတွင်း Movement Impairing လုပ်နိုင်ရန်အတွက် Janna ရဲ့ အားအကိုးရဆုံး Skill 2 မှပေးနိုင်တဲ့ Dmg ပမာဏကို 65 / 125 / 185 / 245 မှ 55 / 105 / 155 / 205 အထိ ဆိုးဆိုးရွားရွားလျှော့ချခံလိုက်ရကြောင်းသိရှိရပါတယ်

__________________________

Buff ⬆⬆⬆

Leona

ထွက်ရှိလာတာမကြာသေးတဲ့ Tank Support ကြီး Leona ဟာ Buff စရာမလိုအောင်ပြည့်စုံနေပေမယ့်လည်း ယခု patch အတွင်းမှာတော့ သူမအတွက်အသုံးဝင်လှသော Initiating Skill 3 ရဲ့ Cast Range ကို 7.5 မှသည် 8 အထိတိုးမြှင့်ပေးလိုက်တာကြောင့် Patch 2.3a အတွင်းမှာတော့ Leona Pick rate ပိုတိုးလာနိုင်ပေမယ့် lowrankတွေမှာတော့ သိပ်မမြင်တွေ့ရသေးပါဘူး

Wukong

မျောက်ကြီးကိုတော့ ရှယ် buff လိုက် ရှယ် nerf လိုက်နဲ့ မျောက်စိတ်ဝင်နေတဲ့ Riot က 2.3a မှာတော့ buff ပေးလိုက်ပြန်ပါပြီ

Patch 2.3a မှာတော့ သခင်ကြီးအတွက် Buff လေးအနည်းငယ်တိုးမြှင့်ပေးထားပြီး သခင်ကြီးရဲ့ Skill 1 တုတ်နဲ့ရိုက်ချက်များမှ သွေးပြန်တက်နိုင်တဲ့ရာခိုင်နှုန်းကို ယခင် 50 % မှ ယခု 80 % အထိ တိုးမြှင့်ပေးထားပါတယ်

ရှေ့ဆက် patch တွေမှာ ကောင်းကင်ဘုံကမျောက်ဖြစ်မလား မျောက်ဖင်နီဖြစ်မလား Riot ရဲ့ မျောက်စိတ်အပေါ်ပဲ မူတည်ပါတယ်(စတာနော် ဟေး)

Xin Zhao

Patch 2.3 Update ထွက်ခါစကာလများက PC League Players များရဲ့ suggest တွေကြောင့် Rioatကတော့ Major Rework ဆန်ဆန် adjust ခံလိုက်ရတဲ့ Jungler Xin Zhao ဟာ High Elo Rank ပွဲများမှာ အသားကုန်ပြန်လည် နိုးထလာပြီး Pick Rate များလည်း ပြန်လည်မြင့်တက်လာခဲ့ပေမယ့် ယခု၁ခါမှာလည်း Xin Zhao ရဲ့ Champion Base Magic Resistance ကိုတိုးမြှင့်လိုက်ခြင်း / Champion Lvl အလိုက် Bonus Hp ရရှိမှုပမာဏကို တိုးမြှင့်လိုက်ခြင်း / Maximum Champion Lvl အရောက်မှာ ရရှိနိုင်မယ့် Hp ပမာဏကိုတိုးမြှင့်ပေးထားခြင်းတို့ ပြုလုပ်ပေးလိုက်တာကြောင့် Xin Zhao ကို Riot က ကဲသားတော်လေး ကြမ်းပေဦးလို့ buffထားပေးပါတယ်

Summoner Spell : Iginite

Jungler များရဲ့ မရှိမဖြစ် Summoner Battle Spell ဖြစ်တဲ့ Iginite ဟာလည်း Patch 2.3a Buff list ထဲပါဝင်လာခဲ့ပြီး Riot ဟာ Iginite ရဲ့ Cast Range ပမာဏကို ယခင် 5.5 မှ 6 အထိတိုးမြှင့်ပေးလိုက်ပြီလို့ ကြေငြာသွားပါတယ်

_________________________

Summoner Spell 'Smite' & 'Ingame changes'

Jungle Champion များကို ပစ်မှတ်ထား Nerf နေတာမို့ Riot ဟာ Jungler Player များကို ပြန်လည်ချော့တဲ့အနေနဲ့ Jungler Spell Smite အား ယခု Patch 2.3a အတွင်းမှာ Feature အသစ်တစ်မျိုးထည့်သွင်းပေးလိုက်တယ်လို့ သိရှိရပါတယ်

အဆိုပါ Feature ကတော့ ယခင်ကမပါပဲ ယခု Patch Update မှသာ ပါဝင်လာခဲ့ခြင်းဖြစ်ပါတယ် Jungler Spell Smite ရှိသူ မည်သည့် Jungler Champion မဆို River ထဲရောက်နေလျှင်ဖြစ်စေ Jungle ထဲရောက်နေလျှင်ဖြစ်စေ စက္ကန့်တိုင်းမှာ 4 mana အချိုးနဲ့ Mana Regeneration ပြန်လည်ဖြည့်တင်းပေးနေမှာဖြစ်ပါတယ်

Mana စားသက်သာတဲ့ Jungler Champion များနှင့် Mana အလွန်စားတဲ့ Jungler တို့အကြား ကွာခြားချက်များလျော့နည်းသွားစေရန် ထည့်သွင်းလိုက်ခြင်းဖြစ်ကြောင်းကိုလည်း Riot က တပါထဲပြောကြားထားပါတယ် တကယ်မိုက်တဲ့ ဒီ Feature ဟာ Blue monster စားပြီးတဲ့အခါမှာတော့ ဘယ်လိုမျိုး Stacking လုပ်သွားမလည်းဆိုတာ ကျနော်တို့တစ်ချက်စမ်းသပ်ကြည့်ကြရမှာဖြစ်ပါတယ် ။

In Game အတွင်း သိသာထင်ရှားတဲ့ Major Adjustions များအနေနဲ့ ကစားသူများ ကိုယ့် Lane ကိုယ် Push ကြစေလိုတဲ့ရည်ရွယ်ချက်နှင့် Lane 3 Lane လုံးရဲ့ အပြင်ဘက်အစွန်ဆုံး Tower များကိုရိုက်ပါကပေးနိုင်တဲ့ Gold ပမာဏကို အလျှော့အတင်းပြုလုပ်ထားပါတယ်(junglerမပါဘူးလို့သိရပါတယ်)
အဓိပ္ပါယ်ကတော့ ADC ကိုင်ပြီး Dragon Lane မှာစတွေ့ရမယ့် Tower ကိုချိုးနိုင်မယ်ဆိုရင် ရရှိနိုင်မယ့် Gold ပမာဏဟာ 150 gold အထိတိုးမြှင့်ရရှိနိုင်မည်ဖြစ်ပြီး ကိုယ့် Lane က Tower ကိုမချိုးပဲ Mid or Baron Lane မှ Tower များကို သွားချိုးလိုက်ပါက ရရှိနိုင်တဲ့ Gold ဟာ ယခင် 150 gold ပမာဏမှ ယခု 100 gold သာလျော့၍ ရရှိတော့မှာဖြစ်ပါတယ်

Bug Fix အနေဖြင့်လည်း ယခင် အနိုင်ရရှိခဲ့သည့် ပွဲများမှစုဆောင်းနိုင်တဲ့ Champion Points အရေအတွက်များတွင် Error တက်နေမှုများကို Riot မှ ဖြေရှင်းထားပါတယ်

ဒီလိုပြုပြင်ပြောင်းလဲမှုတွေထဲမှာ Riot ဟာ Jungle Monsters များရဲ့ အခြေအနေကိုလည်းပြန်လည်သုံးသပ်ပြီး Jungle များအတွင်းလိုအပ်တဲ့ Fixations များလည်းပြုလုပ်ခဲ့ပါတယ် ။

Blue monster ကြီးရဲ့ရှေ့က ဖားလိုလိုဘာလိုလို ကောင်ကြီးရဲ့ hp ကို လျော့ချလိုက်ပြီ ဖြစ်ပါတယ်(သူ့ဟာသူနေတဲ့ကောင်ကိုကွာ)

ဒါ့အပြင် gold ပေးတဲ့ ကျောက်ဂဏန်း Krugs တို့ကိုလည်း Armor & Hp Stats များကြောင့် Jungler တို့သိပ်မထိကြတာကြောင့် ယခုအခါ ကျောက်ဂဏန်းအကြီးရဲ့ Hp ပမာဏကို 1600 မှ 1200 ထိလျှော့ချထားလိုက်ပြီး ဂဏန်းအငယ်ကောင်ရဲ့ Hp ကိုလည်း 600 မှ 500 သို့လျှော့ချလိုက်ပြီဖြစ်ပါတယ်

__________________________

Item changes

Riot ဟာ Patch 2.3a အတွင်းမှာ Champion Fixations များပဲပြုလုပ်ယုံသာမက Item Adjustions များကိုလည်း ပြုလုပ်ခဲ့ပါတယ်(ရှယ်ပြင်တယ်ကွာ မိန်းမကြနေတာပဲ)

Adjust လုပ်ခံရတဲ့ Item တွေဟာတော့ Defense Item ၂ခု ဖြစ်ပြီး Mage Champion များ မာချင်ရင် အသုံးပြုလို့ရတဲ့ Winter's Approach နှင့် Tank များ Fighter များ သိပ်သဘောကျကြတဲ့ Defense item ဖြစ်တဲ့ Sunfire Aegis တို့ပဲဖြစ်ကြပါတယ်

အနားမှာရှိရင် တမြေ့မြေ့လောင်စေတဲ့ Defense Item Sunfire Aegis ဟာဆိုရင်တော့ ယခု patch update မှာ သိသိသာသာ nerf ခံလိုက်ရပြီး Sunfire Aegis item မှ Minion များနှင့် Jungle Monsters များကိုပေးစွမ်းနိုင်တဲ့ မီးလောင်ကျွမ်းနှုန်းပမာဏဟာ ယခင် 50 % မှ ယခု 25 % အထိလျှော့ချခံထားရပြီဖြစ်ပါတယ်(တဝက်တောင်ကွာ)

ကဲ အားလုံးပဲ သဘောကျနှစ်သက်မယ်ဆို like and shareလေးတွေနဲ့ ပါဝင်ကူညီ အားဖြည့်သွားပေးလို့ရပါတယ်နော်

New players တွေအတွက် SKIN FREE တစ်ကောင်ရယူနည်းပါပုံထဲကအတိုင်းသွားပြီးTutorials 9ခုပြီးအောင်ဆော့ပြီးရင်တော့ Skin တစ်ကောင်...
19/06/2021

New players တွေအတွက် SKIN FREE တစ်ကောင်ရယူနည်းပါ

ပုံထဲကအတိုင်းသွားပြီး
Tutorials 9ခုပြီးအောင်ဆော့ပြီးရင်တော့ Skin တစ်ကောင် သင်ပိုင်နိုင်ပါပြီ (epic skinထိပေးတယ်နော် ကံနဲ့ပဲဆိုင်တယ်)

Tutorials တွေကလဲ လွယ်ပါတယ်

ကဲ ဂုန်းကြီးတို့ ဆင်းလိုက်ကြပါဦး မသိကြသေးရင်

Like and share pls

19/06/2021

Congress Omi
And also Nice Guys! CG!

18/06/2021

Tomorrow

OMI vs CG ရဲ့ finalပွဲကြီးက လုံးဝ မြိုင်ဆိုင်နေမှာ

Address

Yagon

Website

Alerts

Be the first to know and let us send you an email when Clover E-sport posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category