Erotic Notes by Zhan

  • Home
  • Erotic Notes by Zhan

Erotic Notes by Zhan Books, Reviews, Poem and Erotic Notes

“အဖေတွေဟာ သူတို့ချစ်တဲ့အကြောင်းကို သူတို့နည်းသူတို့ဟန်နဲ့ဘဲ ဖော်ပြတတ်ကြတယ်” ကိုယ်ဟာ ဆရာညီပုလေးရဲ့ စာအုပ်နှစ်အုပ်ဘဲဖတ်ဖူး...
25/01/2026

“အဖေတွေဟာ သူတို့ချစ်တဲ့အကြောင်းကို သူတို့နည်းသူတို့ဟန်နဲ့ဘဲ ဖော်ပြတတ်ကြတယ်”
ကိုယ်ဟာ ဆရာညီပုလေးရဲ့ စာအုပ်
နှစ်အုပ်ဘဲဖတ်ဖူးတာ။ ပထမတအုပ်က ထက်မြက်တဲ့ဓားသွားပေါ်က ချိုမြမြပျားရည်စက် နာဂနတ်ရဲ့ စာအုပ် နဲ့ ခု လမင်းရဲ့ချိုသာတဲ့လက်ခုပ်သံဆိုတဲ့စာအုပ်ရယ် ပေါင်းမှ နှစ်အုပ်တည်းရယ်။
ဒီစာအုပ်က ၁၉၉၀ မှာ ဆရာအဖမ်းခံရတော့ ထောင်ထဲရောက်မှ သိတဲ့ ဂီတာကိုရူးသွပ်တဲ့ ဇွန်မိုး ဆိုတဲ့ လူတယောက်အကြောင်းကို ဆရာက ဖြစ်ရပ်မှန်၇၅%လောက် နဲ့ ဝတ္ထုပြန်ရေးထားတယ် လို့ ဆိုပါတယ်။
တကယ်လို့ သင်ဟာ ပါပီယွန်ဖန်ဆိုရင် ဇွန်မိုးဆိုတဲ့နာမည်ကို စိမ်းမှာမဟုတ်ပါဘူး။ ကျနော်ကိုယ်တိုင်လဲ ဒီ လမင်းရဲ့ချိုသာတဲ့လက်ခုပ်သံ စာအုပ်ကို ပါပီယွန်ညွှန်းလို့ ဝယ်ဖတ်မိတာပါ။ အမေပါပီဟာ ဇွန်မိုးကို အားကျပြီး တရက်ခြောက်နာရီ ဂီတာတီးသတဲ့။
ထားပါတော့ စာအုပ်အကြောင်းသွားရအောင်။
ဒီစာအုပ်က ဘေ့စ်ဂီတာကို ရူးသွပ်တဲ့ ဇွန်မိုးဆိုတဲ့ ဆယ်ကျော်သက် လူငယ်လေးတယောက်အကြောင်းပါ။ သူဟာ ဘေ့စ်ဂီတာကို ဘယ်လောက်ထိ ရူးသွပ်လဲ ဆိုရင် တရက်ကို ခြောက်နာရီအနည်းဆုံး တီးကျင့်သတဲ့ မိခင်က စိတ်ဝေဒနာရှင်ဖြစ်လို့ ဆေးရုံတင်ထားရလို့ သူတို့ညီအကိုနှစ်ယောက်က ဖခင်နဲ့ကြီးပြင်းလာရတဲ့အကြောင်းတွေ ဖအေနဲ့သားကြားမှာ ဖြစ်တတ်တဲ့ ကတောက်ကဆလေးတွေ ၊ ဒီနေရာမှာ ဆယ်ကျော်သက်တွေမှာဖြစ်လေ့ရှိတဲ့ ဘာရောဂါလို့ခေါ်ရမလဲမသိ၊ သူစိမ်းတွေ ဆရာလုပ်တာကို ကျေကျေနပ်နပ်ကြီးခံတတ်ကြပေမယ့် ကိုယ့်မိဘတွေက ကိုယ့်ကိုဆရာလုပ်တာကို မခံချင်တာက ဘာရောဂါလို့ခေါ်မလဲ။ ခင်ဗျားတို့ကျနော်တို့လဲဖြစ်ဖူးကြမှာပါ။ ဇွန်မိုးဆိုတဲ့ ဇာတ်ကောင်က လဲ အဲ့လိုဘဲ ပန်းချီဆွဲစသင်တော့ အတော်လေး ဆွဲတတ်နေတဲ့အချိန်မှာ သူ့ဖခင်ဖြစ်သူက ဆရာလုပ်လို့ဆိုပြီး ပန်းချီဆွဲတဲ့အလုပ်ကိုဆက်မလုပ်တော့ဘူး။

ဘေစ့်ဂီတာကို ဇောက်ချတီးလာရာကနေ သူ့အကိုရဲ့မိတ်ဆွေ ကိုယဉ်သူကြောင့်ကလက်ဇစ်ကယ် ဂီတာပိိုးဝင်လာပြီး ကလက်ဇစ်ကယ် ဂီတာတီးဖြစ်ပုံတွေရယ် ကလက်ဇစ်ကယ် ဂီတာ သမိုင်းတွေ အပြင် ကလက်ဇစ်ကယ် တီးမယ်ဆိုလျှင် ကိုင်ရမယ့်ပုံအနေအထား ဒီဇိုင်းကာလာတွေကိုပါ ဗဟုသုတအဖြစ် အားရပါးရဖတ်ရဦးမှာပါ။ သေချာတာတခုကတော့ ဒီစာအုပ်ကိုဖတ်ဖတ်ပြီးချင်း ဂီတာတီးချင်စိတ် ၊တီးတတ်ချင်စိတ် ၊ ဂီတာပိုး ဝင်လာမှာကတော့ အသေအချာဘဲ။
ဒီစာအုပ်ကို ဖတ်လို့ ပြီးခါနီးဇာတ်သိမ်းကျမှ လမင်းရဲ့ချိုသာတဲ့လက်ခုပ်သံ ဆိုတာ ဒါက်ိုပြောပါလားဆိုတာ သိလိုက်ရတဲ့အချိန်က သိပ်တန်တာဘဲဗျာ။ဆရာညီပုလေးရဲ့ စာအုပ်နာမည်ပေးတတ်ပုံကိုလဲ သဘောကျမိ။
စိတ်မကောင်းစရာတခုကတော့ ဇွန်မိုးဟာ ဒီစာအုပ်မထွက်ခင်မှာ ဆုံးသွားပါတယ်တဲ့ ။သူဟာဘာကြောင့်ထောင်ထဲရောက်လာရတာလဲဆိုတာတော့ မရေးပြထားပါဘူး။
ဆရာညီပုလေးဟာ ၂၁/၆/၂၀၂၃မှာ နှလုံးရောဂါနဲ့ကွယ်လွန်သွားခဲ့ပါပြီ။
ခုချိန်ဆို နာဂနတ်ဘုရားတို့ ဇွန်မိုးတို့နဲ့ တွေ့ပြီးလောက်ပါပြီ။ ဇွန်မိုးကိုလဲ သူကတိပေးခဲ့အတိုင်း စာအုပ်ရေးပြီးကြောင်းပြောပြပြီးကောပေါ့။
စာကြွင်းအနေနဲ့ ကျနော်သတိထားမိတာလေးတခုပါ ဒီလမင်းရဲ့ချိုသာတဲ့လက်ခုပ်သံ စာအုပ်အစမှာ မိတ်ဆွေကိုမိုးမြင့်နဲ့ ကိုခွန်ဆိုင်းသို့တဲ့ (သူတို့ထဲက တယောက်က တော့ ဇွန်မိုးနာမည်အရင်းထင်တယ် မှားချင်လဲမှားနိုင်ပါတယ် သိတဲ့သူများ ဗဟုသုတအနေနဲ့ ပြောပြကြပါဦး။) အဲ့လိုစာကိုဘယ်နေရာမှာတွေ့ဖူးလဲ စဉ်းစားကြည့်တော့ ပါပီယွန်ရဲ့ ဆံနွယ်ခက်ခက် စာအုပ်အစမှာလဲ ဗဟိန်းဇင်နဲ့ စစ်နိုင်ကိုအတွက် တဲ့။

“ချစ်၍ခေါ်မယ် လိုက်တော်မူလှည့် မပျောင်းနွဲ့နဲ့ကွယ် “ ဆိုတဲ့ဒီစာသားကို ကိုယ်ဘယ်မှာကြားဖူးပါလိမ့်ဆိုပြီး ရှာကြည့်မိတော့…  ...
24/06/2025

“ချစ်၍ခေါ်မယ် လိုက်တော်မူလှည့် မပျောင်းနွဲ့နဲ့ကွယ် “ ဆိုတဲ့ဒီစာသားကို ကိုယ်ဘယ်မှာကြားဖူးပါလိမ့်ဆိုပြီး ရှာကြည့်မိတော့…
တတိယမြန်မာနိုင်ငံကို ထူထောင်တဲ့ ကိုယ်တို့ အလောင်းမင်းတရားမှာ မိဖုရား ၇ပါးရှိသတဲ့ဗျ ။ အဲ့ဒီထဲမှာ မိဖုရားခေါင်ကြီးဖြစ်တဲ့ အိမ်တော်ပါ ငယ်မယား နာမည်က မယ်ယွန်းစံ ခေါ် ခင်ယွန်းစံ။
အလောင်းမင်းတရားဟာ မြန်မာတနိုင်ငံလုံးကိုစည်းရုံးသိမ်းသွင်းဆဲကာလ တရက်မယ် စစ်ကိုင်းကိုဆန်အတက် သူ့မယား ခင်ယွန်းစံက မှာတယ် ပိုးခါးစည်းကြိုး တချောင်းလောက်ဝယ်ခဲ့ပေးဖို့။ အဲ့ဒီမှာ အလောင်းဘုရားရဲ့အမြှောင်မယားငယ်ကလဲ သူ့အတွက်လဲပိုးခါးစည်းကြိုး တချောင်းဝယ်ခဲ့ပေးဖို့ မှာပြန်တယ်။(မယားငယ်တွေက မယားကြီးက်ို လိုက်ပြိုင်ချင်တာ အဲ့ခေတ်တည်းကထင်တယ် xD) ။ အဲ့ဒီမှာ ဖြစ်ချင်တော့ ပိုးခါးစည်းကြိုးက ဘယ်မှာရှာဝယ်ဝယ် တချောင်းဘဲဝယ်လို့ရတယ်တဲ့ဗျ ။ အဲ့လိုနဲ့ အလောင်းမင်းတရားဟာ ပိုးခါးစည်းကြိုးတချောင်းနဲ့ ချည်ခါးစည်းကြိုးတချောင်း ဝယ်ခဲ့ပြီး အပြန်မှာ မယားငယ်ကို အရင်ဝင်တွေ့တာကြောင့် မယားငယ်ဟာ ပိုးခါးစည်းကြိုးကို အရင်ယူထားလိုက်တယ်။ငယ်မယား ခင်ယွန်းစံကိုတော့ ပိုးခါးစည်းကြိုးဘယ်မှာမှ ရှာဝယ်လို့မရတာကြောင့် ချည်ခါးစည်းကြိုးသာ ရခဲ့ကြောင်း ရွှီးတယ်။ အဲ့ဒီမှာ ခင်ယွန်းစံက ပိုးခါးစည်းကြိုးကို မယားငယ်ကို ပေးလိုက်တာကို သိတဲ့အခါမှာ စိတ်ဆိုးပြီး သားတော်တွေဖြစ်တဲ့မောင်လောက် (နောင်တော်ကြီးမင်း) နဲ့ မောင်ရွ(ဆင်ဖြူရှင်မင်း) သားတော်ကြီးနှစ်ပါးကလွဲပြီး ကျန်တဲ့သားငယ်သမီးငယ်တွေကိုခေါ်ကာ သူ့မိဘတွေဇာတိဖြစ်တဲ့ စည်ပုတ္တရာကို ပြန်ပြီး ပဲစိုက်စားပြီးနေနေတယ်။
အလောင်းဘုရားဟာ မြန်မာတနိူင်ငံလုံးကိုစုစည်းပြီးတဲ့နောက် မုဆိုးဖိုကို ရွှေဘိုလို့ သမုတ်ပြီး နန်းစိုက်တော်မူတယ်။ နန်းတော်မှာ မိဖုရားခေါင်နေရာ (နန်းမတော်ဆောင် )လွတ်နေတာကြောင့် စိတ်ကောက်နေတဲ့ သူ့ငယ်မယား ခင်ယွန်းစံကို မှူးကြီးမတ်ရာ နဲ့ ခမ်းခမ်းနားနားဝေါယာဉ်ပို့လိုက်ပြီး ခေါ်တော်မူတယ်။ ခင်ယွန်းစံက စိတ်ကောက် မပြေသေးဘဲ သားတော်သမီးတော်တွေကိုသာထည့်ပြီးပြန်လွှတ်လိုက်တယ်။ အလောင်းမင်းတရားဟာထပ်ပြီး သားတော်သမီးတော်တွေကို သူ့အမေဆိီလွှတ်ပြီး ခေါ်တော့လဲ ခင်ယွန်းစံက မလိုက်လာ၊ သူကိုယ်တိုင်ကလဲ ယောက်ျားမာန ဘုရင့်မာန်နဲ့တင်းခံပြီး စည်ပုတ္တရာကို အခွန်သုံးလေးဆ တိုးပြီးကောက်တယ်။ စည်ပုတ္တရာက ပြည်သူတွေက အခွန်တိုးကောက်တဲ့ဒဏ်ကို မခံနိုင်တဲ့အဆုံး မယ်ယွန်းစံကို နန်းတော်ကိုလိုက်သွားဖို့ ဝိုင်းနားချကြတယ်။ အဲ့လိုနဲ့ နန်းတော်ကိုလိုက်လာပါရဲ့။ ညီလာခံမှာ အလောင်းမင်းတရားက သူ့ငယ်မယားခင်ယွန်းစံကို ချစ်စနိုးနဲ့ နန်းမတော်ဆောင် (မိဖုရားခေါင်ကြီးအဆောင်) လွတ်နေလို့ လာကြည့်တာလားဆိုပြီး စလိုက်တာ ခင်ယွန်းစံက ဘုရင်ကဘုရင်လို မကျင့်လို့လာဆုံးမရတာဖြစ်ကြောင်း နန်းမတော်ဆောင်ကိုလဲစိတ်မဝင်စားကြောင်း ပြောပြီး စည်ပုတ္တရာကို ပြန်ပါလေကော။
နောက်ဆုံးတော့ အလောင်းဘုရားလဲ စိတ္တကျော်သူဦးဩကို ခေါ်ပြီး တို့သိပြီးသားဖြစ်တဲ့ “ ချစ်၍ခေါ်မယ် လိုက်တော်မူလှည့် မပြောင်းနွဲ့နဲ့ကွယ်” အစချီတဲ့ မဟာနန္ဒာကန်တော်ပျို့ကို ရေးခိုင်းပြီး တိုင်းသိပြည်သိချော့တော့မှ ခင်ယွန်းစံဟာစိတ်ကောက်ပြေတော့တယ်။
အဲ့လိုချစ်စရာ သမိုင်းကြောင်းနဲ့ စိတ္တကျော်သူ ဦးဩရဲ့ မဟာနန္ဒာကန်တော်ပျို့ ရဲ့အစပိုဒ်ကို ယူပြီး ဆရာစန်းသော်တာက ချစ်၍ခေါ်ရာ ဆိုပြီး သီချင်းအစမှာ ထည့်သွင်းထားလေရဲ့ ။

Erotic Notes by Zhan

19/08/2024

ခင်ဖုန်းသက်ဝေ ဂယ်လာရီ

 #ထက်မြက်တဲ့ဓားသွားပေါ်ကချိုမြမြပျားရည်စက်( ညီပုလေး) "လူဆိုတာ တော်မှတတ်တာမဟုတ်ဘူးကြိုးစားရင်လည်း တတ်တာပါပဲ "            ...
10/08/2024

#ထက်မြက်တဲ့ဓားသွားပေါ်ကချိုမြမြပျားရည်စက်( ညီပုလေး)

"လူဆိုတာ တော်မှတတ်တာမဟုတ်ဘူး
ကြိုးစားရင်လည်း တတ်တာပါပဲ "
နာဂသိန်းလှိုင်
ဒီနေ့ဟာ နာဂနတ်ဘုရား ဆရာနာဂသိန်းလှိုင် ကွယ်လွန်တာ ၃နှစ်ပြည့်တဲ့‌နေ့ပါ။ ဆရာကွယ်လွန်တာ ၃နှစ်ပြည့်အမှတ်တရအနေနဲ့ ဆရာအကြောင်း‌ရေးသားထားတဲ့ ဆရာညီပုလေးရဲ့ ထက်မြတ်တဲ့ဓားသွားပေါ်က‌ချိုမြမြ ပျားရည်စက်စာအုပ်ကို ဆရာ ကွယ်လွန်ခြင်းနှစ်ပတ်လည်အမှတ်တရအနေနဲ့ Review ရေးပါတယ်။ ဆရာကောင်းရာမွန်ရာဘုံဘဝမှာရောက်နေမယ်လို့ယုံကြည်ပါတယ်။

ဖတ်ခဲ့သမျှစာအုပ်တွေထဲမှာ(ကျနော့်အတွက်) ဒီစာအုပ်လောက် သဘောကျမိတဲ့စာပိုဒ်တွေ မတွေ့ဖူးသေးဘူး.ဆရာညီပုလေးရဲ့အရေးအသားတွေကြောင့်လဲပါမှာပေါ့..
သူတို့ခေတ်ကတော့
ဆရာ ကျော်အောင်ရဲ့
နှလုံးလှ ဆရာဝန်ကို မဖတ်ဖူးတဲ့ဆေးကျောင်းသားဆိုရင် ဘောင်မဝင်ဘူး တဲ့
ခု ဒီဆရာညီပုလေးတဲ့ ထက်မြက်တဲ့ဓားသွား စာအုပ်ကို ဆေးကျောင်းသား ဆေးကျောင်းသူတွေ တော်တော်လေး ဖတ်သင့်တဲ့စာအုပ်လို့ထင်မိတယ် ဘာလို့လဲဆို
တချို့ဟာတွေမှတ်သားစရာအရမ်းကောင်းတယ်...ဒီမှာကြည့်
"အနောက်တိုင်းဆရာဝန်တွေက သူတို့တွေ့ရှိချက်တွေကို ရေးသားပြုစုခဲ့တဲ့ဆေးကျမ်းတွေကို မြန်မာနိုင်ငံမှာ သင်ရိုးလက်စွဲလုပ်ကြရတယ် တခုစဥ်းစားကြဖို့ကောင်းတာကတော့ အနောက်တိုင်းသားတွေနဲ့ ကျနော်တို့မြန်မာလူမျိုးတွေနဲ့ ရာသီဥတု နေထိုင်စားသောက်ကြပုံ ဓလေ့စရိုက်စတာတွေ တခုမှမတူကြဘူး ကာလံဒေသံပေါ်မှာ မူတည်ပြီးကိုယ့်အရပ် ကိုယ့်အခြေအနေနဲ့အတွေ့အကြုံပေါင်းစပ်ပြီးသင်ကြားတဲ့သင်ရိုးဆိုပိုကောင်းမယ် "
ဘယ်လောက်မှတ်သားဖို့ကောင်းလဲ
နောက်တချက်ကအလုပ်သင်ဆရာဝန်ငယ်တွေ လစာရအောင် ကြိုးစားပေးခဲ့တာလဲ ဆရာနာဂသိန်းလှိုင်ဘဲမလား.....အလုပ်သင်ဆရာဝန်တွေလစာရရှိအောင် အစိုးရကို CDMလုပ်ပြီး တောင်းဆိုတဲ့ သပိတ်ပြိုကွဲပြီး တောင့်မခံနိုင်တဲ့ သူ့သူငယ်ချင်း တွေကို စိတ်​နာအထင်သေးသွားတယ်လို့ဆိုတယ်သူ့အိမ်ကို အသက်၆၀ ထိ ဘယ်ဆရာဝန်မှ အလာမခံတော့ဘူးတဲ့။
ခန္တီးမှာ လည်ပင်းကြီးရောဂါကို ခွဲချင်လွန်းလို့ လူနာတယောက်ကို သုံးကျပ်ပေးပြီးတော့ ခေါ်ခိုင်းရတယ်ဆိုတယ်..နောက်ပီးတော့ ဆရာနာဂသိန်းလှိုင်လို သူ့ဦးခေါင်းအပေါင်ထားပြီးတော့ ခွဲစိတ်ပေးတဲ့ဆရာဝန် မြန်မာဆရာဝန်လောကမှာရှားမှရှားပါ့...ဖတ်ရင်းနဲ့တွေးမိတာက ဆရာနာဂသိန်းလှိုင်ကို ဓားတောင်ကိုကျော်၍ မီးပင်လယ်ကိုဖြတ်ခဲ့သူလို့ မှတ်ချက်ချမိတယ်...သူတို့ခေတ် ဗြူရိုကရက်တစ်လိုလို ဆိုရှယ်လစ်လိုလို နိုင်ငံရေးစနစ်ကြီးကိုလဲတွေ့ရတယ်...ဒါပေမယ့် ဗိုလ်မှူးကြီးလှဟန်လို တောင်ပေါ်မှာခွဲစိတ်နေတယ်သတင်းကြားရင် ခွဲစိတ်တဲ့နေရာကို ဆေးဖာတွေ လေထီးနဲ့ချပေးတဲ့စစ်သားကောင်းကြီးတွေကိုလဲတွေ့ရတယ်....နာဂလူမျိုးတွေ
ဒေါက်တာသိန်းလှိုင်ကို နာဂနတ်ဆိုတဲ့ထိ တင်စားလောက်အောင်အကျိုးပြုပေးခဲ့တယ် ကျနော်ကတော့ စာအုပ်ကိုစိတ်ရှိသလိုဘဲဖတ်တတ်တာမို့ ဘာစာအမျိုးအစားဘာညာတော့ကျနော်မတတ်လို့ ခွင့်လွှတ်ကြပါကုန်...
မြန်မာနိုင်ငံမှာလဲ ဆရာနာဂသိန်းလှိုင်လို ဆရာဝန်ကောင်းတွေ
ပေါ်ထွက်လာနိုင်ပါစေ။

 #ဒဂုန်တာရာနှင့်မေ၀တ္ထုတရက်လမ်းကြုံလို့ စာအုပ်ဆိုင်ထဲ ပတ်မွှေရင်း အော် ငါပြန်ဝယ်စုရမယ့်စာအုပ်တွေ အတော်များပါလားဆိုပြီး တ...
06/08/2024

#ဒဂုန်တာရာနှင့်မေ၀တ္ထု
တရက်လမ်းကြုံလို့ စာအုပ်ဆိုင်ထဲ ပတ်မွှေရင်း အော် ငါပြန်ဝယ်စုရမယ့်စာအုပ်တွေ အတော်များပါလားဆိုပြီး တွေးမိ။ အဲ့ဒီ မှာ ပတ်ကြည့်ရင်း ကိုယ်အရမ်းသဘောကျရပြီး ခုထိနှစ်ခါပြန် မဖတ်ရဲသေးတဲ့ စာအုပ်တအုပ်ကို သွားတွေ့တယ်။ ဘာစာအုပ်လဲဆိုတော့ ခေတ်အဆက်ဆက် နာမည်ဆိုးနဲ့ကျော်ကြားမြဲ၊ ခုထိ ငြင်းခုံရမြဲ၊သခင်ဗဟိန်းပြောသလို ဖတ်တိုင်းရှိန်းခနဲ ဖိန်းခနဲ ခံစားရမြဲဖြစ်တဲ့ မေဝတ္ထု(ဒဂုန်တာရာ_၁၉၄၁)ပါဘဲ။
မေဝတ္ထုအကြောင်းမပြောခင် မေဝတ္ထုရဲ့ ဖန်တီးရှင်ဖြစ်တဲ့ ဆရာဒဂုန်တာရာအကြောင်း နည်းနည်းပြောကြတာပေါ့။
ဆရာရဲ့နာမည်အရင်းက ဦးဌေးမြိုင်။ ဇာတိက ဧရာ၀တီတိုင်း ဖျာပုံခရိုင် ကျိုက်လတ်မြို့နယ်ထဲက ထိုင်ကူမြစ်တန်းရွာမှာ ၁၉၁၉ မတ်လ ဆယ်ရက်နေ့မှာမွေးပြီး ဩဂုတ် ၁၉၊ ၂၀၁၃မှာကွယ်လွန်ခဲ့တယ်။ သူကွယ်လွန်တော့ အသက် ၉၄နှစ်တောင်ရှိခဲ့ပြီ။ဆရာဟာ မြိုင်သဇင်၊ မောင်နန်းနွယ်၊ စောထွတ်၊ ဦးတိုး၊ မောင်လင်းထက်၊ ဦးဒဂုန်၊ ဗညား သီဟ စတဲ့ ကလောင်တွေနဲ့ စာပေမျိုးစုံရေးခဲ့တယ်။ ဆရာဟာ စာပေများစွာရေးသားခဲ့တဲ့အထဲမှာ စကားလုံးသစ်များစွာ ဖန်တီးပြီးရေးခဲ့လို့ သူ့ခေတ်သူ့အခါက အတော် ဝေဖန်ခံရတဲ့ စာရေးဆရာတဦးပါ။ ဘယ်လိုစကားလုံးအသစ်တွေလဲဆိုရင်တော့ ကန်ရေပြင်အရောင်ကိုဖော်ပြတဲ့အခါမှာ ဝိန့်ဒစ်စနေးရဲ့အပြာရောင်ဆိုပြီး ပန်းချီဆရာတွေမှနားလည်မယ့် စကားလုံးမျိုး၊ နောက် မေ ၀တ္ထုထဲမှာ လေနုအေး၊အပြုံး စတဲ့စကားလုံးအသစ်တွေကြောင့်တမျိုး အတော်ဝေဖန်ခံခဲ့ရပါတယ်။ နောက်တချက် "ရွှေအိုရောင်"ဆိုတဲ့ စကားလုံးရဲ့ မူရင်းပိုင်ရှင်ဟာ ဆရာဒဂုန်တာရာဘဲဖြစ်ပါတယ်။
က‌ဲ လေကြောရှည်နေတာနဲ့စာအုပ်အကြောင်းကိုမရောက်နိုင်။ မေဝတ္ထုအကြောင်း ပြောကြတာပေါ့ဗျာ။

#မေ (ဒဂုန်တာရာ-၁၉၄၁)

"လေနုအေးသည် တနွဲ့နွဲ့နော့နေဆဲကို'' အဲ့စာပိုဒ်လေးနဲ့အစပြုခဲ့တဲ့ မေဟာ စာပေလောကထဲကိုအတော်ဂယက်ထခဲ့တယ်လို့ဆိုတယ် ဘာလို့လဲဆိုတော့ မြန်မာစာမှာ လေနုအေးဆိုတဲ့ စကားမရှိလို့ပါတဲ့။ စာရေးဆရာဟာ မေဝတ္ထုမှာ လေနုအေး၊အပြုံး စတဲ့စကားလုံးအသစ်တွေကို ဖန်တီးခဲ့လို့ရယ် မေဝတ္ထုဟာ မြန်မာ့ယဥ်ကျေးမှုနဲ့သွေဖယ်နေလို့ရယ်ကြောင့် အတော်လေးဝေဖန်ခံခဲ့ရပါတယ် နောက်ပြီး စာရေးဆရာဟာ သူကိုယ်တိုင်ဖန်တီးခဲ့တဲ့ လေနုအေးဆိုတဲ့စကားလုံးကိုအဓိပ္ပါယ် နားမလည်ဘဲရမ်းသန်းသုံးကြလို့နောက်ပိုင်းမှာ အတော်ရွံရှာခဲ့တယ်လို့ဆိုတယ်။ သခင်ဗဟိန်းကတော့ မေဝတ္ထုကိုဖတ်ရသည်မှာ ရှမ်ပိန်သောက်ရသလိုဘဲလို့ ဆိုတယ်။ ဘာလို့လဲတော့ ဖတ်ရင်းဖတ်ရင်း ရှိန်းခနဲ ဖိန်းခနဲ့ ခံစားသွားရလို့ပါတဲ့။ ကဲပါ မေ ဆိုတဲ့အမျိုးသမီးအကြောင်းဆက်ကြပါစို့...
မေဟာ အင်္ဂလိပ်စာတတ် စန္ဒယားတီးကျွမ်းကျင်တဲ့ ရုပ်ရည်လှပတဲ့ မိဘမဲ့အမျိုးသမီးတယောက်ပေါ့။ မေ့ကို ဆရာမြသန်းတင့်က ကလက်သော ချောသော ရိုးသော လွယ်သော ခေတ်ဆန်သော မေ လို့ မှတ်ချက်ပြုထားတယ် မေဟာ လူကုံထံအသိုင်းဝိုင်းကို အထင်မကြီးသလိုလိုနဲ့ ထိုအသိုင်းဝိုင်းထဲဝင်ဆန့်ချင်တဲ့အမျိုးသမီးတယောက်လို့ ဆိုရလိမ့်မယ် သမာဓိမြို့ဝန် ဦးဘေမောင်ရဲ့စိတ်ကိုစမ်းရင်း ငွေညစ်ရာကနေ အပျိုစင်ဘဝကိုပေးခဲ့ရတယ် ဒါပေမယ့် မေက မေပါဘဲ သူ့ကိုတန်ဖိုးထားချစ်မြတ်နိုးတဲ့ ကိုကျော်မြင့်နဲ့လက်ထပ်ပြီး ပြည့်စုံတဲ့ဘဝရောက်ရပေမယ့် မတင်းတိမ်နိုင်တဲ့ မေ ရမ္မက်ကြီးတဲ့ မေ လွှတ်တော်အမတ်ကအစ လမ်းဘေးက ကလေကချေနဲ့ပါ မကင်းနိုင်တဲ့မေတကယ်တော့ မေဟာ...သူ့ဘဝသူရွေးချယ်ပြီး သူလုပ်ချင်တာကိုလုပ်သွားတဲ့ အမျိုးသမီးတယောက်ပါဘဲ
သခင်ဗဟိန်းပြောတဲ့
ဖတ်ရင်းနဲ့ရှိန်းခနဲ့ ဖိန်းခနဲဆိုတဲ့ ခံစားချက်မျိုးက ဘယ်လိုလဲဆိုတာ...မေဝတ္ထုဖတ်ရင်း ခံစားကြည့်လိုက်ပါ..။

"စာပေသည် ပြည်သူကိုအကျိုးပြုရမည်"
#ဒဂုန်တာရာ(၁၉၁၉-၂၀၁၃)

03/08/2024

ပန်းကလေးရေ
လမ်းထိပ်မုန့်ဟင်းခါးဆိုင်ကလေး ကနေနိဗ္ဗာန်အထိ မင်းနဲ့အတူသွားချင်တယ် ..။
မောင်သိန်းဇော်

05/07/2024

#မမဟာပစ်သွားခဲ့တယ်
#မော်စီထူး
မမသုံးတဲ့ ခေါ်ဝေါ်ရခက်ခဲတဲ့တံဆိပ်နဲ့
ရေမွှေးပုလင်းဟာ ကျုပ်တို့လမ်းထိပ်က
ကူလီဝင်းထိန်တို့တအိမ်လုံးကို
တမိုးကုန်အောင်
တင်ကျွေးထားနိုင်ကြောင်း.....

ဘရိုတို့ သီရိမာဆိုတာ ကြားဖူးကြလား။ ဘုရားရှင်လက်ထက်က ပြည့်တန်ဆာမလေးတစ်‌ယောက်လေ။ Chubby လား LCD လား Cute type လား မသိပေမယ့...
06/06/2024

ဘရိုတို့ သီရိမာဆိုတာ ကြားဖူးကြလား။ ဘုရားရှင်လက်ထက်က ပြည့်တန်ဆာမလေးတစ်‌ယောက်လေ။ Chubby လား LCD လား Cute type လား မသိပေမယ့် တော်တော်လှတယ်ဆိုတာတော့ သေချာတယ်။
ပုံကြည့်ခ မတောင်းဘူး။ Member ကြေးမရှိဘူး။ သူ့ကိုယ်သူ High Class ဘာညာ လျောက်မရေးဘူး။
အဲ့ခေတ်က
ယောက်ျားတွေဟာ အိပ်ယာထဲမှာ အစွမ်းပြနိုင်ရင် ပြ၊ မပြနိုင်ရင် သူတို့ဟာ တိုင်းပြည်မှာ ဘယ်လောက်စွမ်းကြောင်း ပြချင်ကြတယ်။ ဒါကြောင့် သူတို့နိုင်ငံရဲ့ အတွင်းရေးတွေဟာ ပြည့်တန်ဆာဆီမှာ ပေါက်ကြားကုန်တယ်။ ပြည့်တန်ဆာတွေဟာ အဲ့ခေတ်မှာ secret agent တွေလည်းဖြစ်လာတယ်။ သူတို့ဆီသွားလာကြတဲ့ စားဘဲကြီးတွေဟာ မင်း၊ မူးမှုတ် ၊ သူဌေး သူကြွယ်တွေပဲ တတ်နိုင်တဲ့ Price တစ်ခုသတ်မှတ်ထားလို့ပဲ။
ဥဇ္ဇေနီပြည်က ပဒုမ၀တီ၊ ဝေသာလီဆို အမ္ဗပါလီ ၊ရာဇဂြိုလ်ပြည်မှာ သာလာ၀တီတို့က ခေတ်ပြိုင်ပဲ။ သာလာ၀တီက မွေးတဲ့ သမီးကျတော့ သီရိမာတဲ့။ သူ့အမေထက်လှတယ်။
B**M, slave , Mistress , BJ , HJ, oil massage အဲဒါတွေ ရမရမသိပေမယ့် ပြည့်တန်ဆာတို့ရဲ့ အဂ်ါရပ် 18 ရပ်ဖြစ်တဲ့ နစ္စ၊ ဝါဒန ၊ ၀တ္ထလက်ာရသန္ဓာန၊ အနေကရူပဝိဘာဂ ကရဏ (အဓိပ္ပယ်နဲ့ 18 ခုလုံးသိချင်ရင် မဟာသုတဒီပနီကျမ်းမှာရှိ) အကုန်ရတယ်။
တစ်နေ့တော့ ဥတ္တရာဆိုတဲ့ အမျိုးသမီးတစ်ယောက် သီရိမာဆီရောက်လာတယ်။ အစကတော့ သီရိမာက ထင်လိုက်တယ်။
Le***an လားပေါ့။ မဟုတ်ပါဘူး။ သူ့ယောက်ျား နဲ့ ပျော်ပါးဖို့ သီရိမာကို ငှားယမ်းတာပါ။ သီရိမာက အံ့ဩတကြီးမေးလိုက်တယ်။
ဟာ ..အစ်မကြီးဟာ Th*****me ချင်တာလား ။
မဟုတ်ပါဘူး ညီမငယ်။
Cu***ld လား။ မဟုတ်ပါဘူးညီမငယ်။ အစ်မကြီးဟာ ဗုဒ္ဓရဲ့ အဘိဓမ္မာကို သက်၀င်ယုံကြည်ပြီး ကာမစ္ဆန္ဒနိ၀ရဏတွေကို စိတ်မ၀င်စားတဲ့အတွက် ဗုဒ္ဓကို ပင့်ဖိတ်ပြီး ၁၅ရက်တိုင်တိုင် ဥပုဒ်ပြုချင်လို့ သီရိမာကို ငှားယမ်းတာပါ။ အစ်မကြီးရဲ့ ချစ်သူ နန္ဒသူဌေးဟာ အမြဲထန်နေလို့ အဗြဟ္မစရိယသိက္ခာပုဒ်ကို ခွင့်မပြုလို့ပါလို့ ရှင်းပြတယ်။
သီရိမာဟာ ဥတ္တရာရဲ့ ကမ်းလှမ်းမှုကို တစ်နေ့ အသပြာ တစ်ထောင်နှုန်းနဲ့ လက်ခံလိုက်တယ်။ (ဇာတ်လမ်းကတော့ အားလုံးသိပြီးသားဖြစ်မှာပါ။ သီရိမာက ဗုဒ္ဓနဲ့ တွေ့ပြီး သောတပန် တည်သွားတယ်)
သီရိမာဟာ သောတပန်ဖြစ်လို့ ဒိဌိနဲ့ ဝိစိကိစ္ဆာစင်ကြယ်နေတာက အတွင်း အစ္ဈတ္တသဏ္ဍန်ပါ၊ အပြင်ပိုင်း ဗဟိဒ္ဓမှာတော့ လှဆဲ ပဆဲပါပဲ။
ရာဇဂြိုလ်ပြည်က ရဟန်းတော်လေးတစ်ပါးဟာ သီရိမာကို တသသဖြစ်ပြီး တရားမရ ဖြစ်နေတယ်။ ဒါကိုသိတဲ့သီရိမာဟာ သူသေဆုံးခါနီးမှာ သူ့ရုပ်ကလာပ်ကို မီးမသဂြိုလ်ခိုင်းပဲ သုသန်မှာ ဒီတိုင်း ပစ်ထားဖို့ မှာခဲ့တယ်။ ရဟန်းပျိုလေးဟာ ဘန်တလေကိုစီးပြီး သုသာန်မှာ သီရိမာရဲ့ အလောင်းကို နေ့တိုင်းကြည့်တယ်။
အလွန်လှပတဲ့ သီရိမာလေးဟာ မျက်လုံးကြီးပြူးလာတယ်၊ အသားက ပွလာတယ် ၊ အရည်တွေ ကျလာတယ် ၊ အနံ့တွေထွက်လာတယ်၊ လောက်တွေတက်လာတယ်၊ အသားတွေပဲ့ကျလာတယ်၊ အကြောတွေ ပျက်ထွက်လာကြတယ်။ နောက်ဆုံးတော့ ရဟန်းပျိုလေးဟာ ၃၂ ကောဌာသကမ္မဌာန်းနဲ့ ရဟန္တာအဖြစ်ကို ရသွားတယ်။ ဘန်တလေကို ထားခဲ့ပြီး ဆော့နေကျ candy crush ကို uninstall လုပ်လိုက်တယ်။
အော် ရုပ်ရည်အဆင်း တင့်တယ်ခြင်းကား သေခြင်းနောက်ဆုံး ရှိချေပါ တကား။
ဘရိုတို့ရော ဘာလို့ ကောင်မလေးနဲ့ အဆင်မပြေတဲ့ အခါ အရမ်းတွေ feel ပြီး ဒီမှာလာမေးနေကြတာလဲ။ အဲ့ကောင်မလေးကိုကြည့်။မသေခင်ရုပ်၊ သေရင်ပုပ် မယ် လို့ သတိ သမ္ပဇဉ်လေးယှဉ်ကြပါ။ စိတ်ကောက်တာ၊ စိတ်ဆိုးတာအားလုံး ခဏပဲ။ သဗ္ဗေသခ်ါရာ အနိစ္စာ မဟုတ်လား။ မချော့နဲ့။ သူ့ဘာသာ ပြေသွားလိမ့်မယ်။
ဘယ်သူလာပြီး စနိုက်ကြော်ကြော် ဧကဂ္ဂတာပဲ။ တစ်ခုတည်းသော ဝေဒနာကို အာရုံပြုစမ်းပါ။ ဘယ်ကောင်နဲ့ လိုက်လိုက် ငါကြိုက်စရာရှိတာ ကြိုက်မယ် လို့ တွေးကြပါ။ ဒါဆိုအားလုံးအဆင်ပြေသွားလိမ့်မယ်။
ဝေးနေတဲ့သူတွေကတော့ တွေးပြီး ဆွေးကြပါ။ တချိန်ချိန် ချစ်သူနဲ့ မလွဲမသွေ ပြန်ဆုံမှာပါ။ အဲ့တော့ကျမှ အပ္ပမာဒ တရားလက်ကိုင်ထားကြပေါ့။
ကျနော်ပြောတာမဟုတ်ဘူးနော်။ ဘုရားပြောခဲ့တာ။ ၁၇၉၂ ကြိမ်တိတိပါပဲဗျာ။
ဒီပို့စ်ကကျနော်ရေးတာမဟုတ်ဘူးဗျ။ မူရင်းရေးသူက ကိုငရဲထင်တယ်။

The River In Darkness! ကျနော်အရမ်းမုန်းတ‌ဲ့ စကားတခုရှိတယ် အဲ့တာကဘာလဲဆိုရင် "နိုင်ငံတနိုင်ငံကတိုင်းသူပြည်သား‌တွေဟာ သူတို့...
03/06/2024

The River In Darkness!

ကျနော်အရမ်းမုန်းတ‌ဲ့ စကားတခုရှိတယ် အဲ့တာကဘာလဲဆိုရင် "နိုင်ငံတနိုင်ငံကတိုင်းသူပြည်သား‌တွေဟာ သူတို့နဲ့ထိုက်တန်တဲ့ အစိုးရတရပ်ကိုသာ ရလေ့ရှိတယ် "တဲ့။
လက်မခံချင်ပေမယ့် အောင့်သက်သက်နဲ့လက်ခံရမယ့်စကား၊ သို့ပေမယ့် အာဏာရှင်အဆက်ဆက်က အဲ့လိုဖြစ်အောင် တိုင်းသူပြည်သားတွေရဲ့ စိတ်ဓာတ်တွေကို သူတို့ကိုယ်တိုင်ပုံသွင်းခဲ့တာဘဲမလား။
ဒီစာအုပ်ကို စစဖတ်ချင်း ဘာသာပြန်သူရဲ့အမှာစကားကြောင့် ခင်ဗျားတို့န​ည်းနည်းတော့ တွန့်သွားလိမ့်မယ်။ ဘာလို့လဲဆိုတော့ သူပြောတာက မြောက်ကိုးရီးယား နိုင်ငံသားတွေရဲ့ဘဝကိုစာနာပြီး ကိုယ့်နိုင်ငံကိုယ် ကိုယ့်ဘဝကိုယ်တန်ဖိုးထားတတ်လာမယ်။ အာဏာရှင်တွေရဲ့အုပ်ချုပ်ပုံစနစ်အကြောင်း နားလည်လာအောင် ရည်ရွယ်ကြောင်း
နိုင်ငံတနိုင်ငံတိုးတက်ဖို့ဆိုတာ အုပ်ချုပ်ပုံစနစ်နဲ့တိုက်ရိုက်သက်ဆိုင်ကြောင်း စသဖြင့်ပေါ့။ဒီစာအုပ်က ၂၀၂၀ ဇွန်လလောက်က စထုတ်ဝေခဲ့တာပါ။ ခုချိန် ခုကာလနဲ့တော့ ဖတ်လို့အသင့်တော်ဆုံးစာအုပ်လို့ထင်မိပါတယ်
ခုလက်ရှိမှာဆိုရင်​တော့ ဖြင့်
ကျနော်တို့ရဲ့ နစကကောင်စီဥက္ကဋ္ဌကြီး အဂ္ဂမဟာ သရေစည်သူ အဂ္ဂမဟာ သီရိသုဓမ္မ ဘဘဘိုရှုပ်မှူးကြီးကလဲ မြောက်ကိုးရီးယားကို အရမ်းအားကျပြီးလိုက်တုနေတာ မဟုတ်လား.။
ဒီစာအုပ်က ကိုးရီးယား ဂျပန် ကပြား တစ်ဦး ရဲ့ မြောက်ကိုးရီးယား နိုင်ငံကနေ ဘယ်လိုဒုက္ခတွေခံစားရပြီး ဘယ်လိုထွက်ပြေးလွတ်မြောက်လာတဲ့ဆိုတဲ့အကြောင်းရယ်ပါ။
မာဆာဂျီဆိုတဲ့ကောင်လေးကို ကိုရီးယားလူမျိူးဖခင်နဲ့ဂျပန်လူမျိုး မိခင်တို့က ဂျပန်ပြည်မှာမွေးခဲ့တယ်
ဒုတိယကမ္ဘာစစ်ပြီးကာစမှာ မြောက်ကိုးရီးယား ကွန်မြူနစ်ပါတီခေါင်းဆောင် ကင်အီဆွန်းဟာ မြောက်ကိုးရီးယား နိုင်ငံထူထောင်ဖို့အတွက် နိုင်ငံသားလူဦးရေ လိုအပ်နေခဲ့တယ် အဲ့တော့ ဒုတိယ ကမ္ဘာစစ်ပြီးကာစ ဂျပန်တွေစစ်ရှုံးတော့ ကိုရီးယားလူမျိုးနှစ်သန်းကျော်က ဂျပန်မှာသောင်တင်နေခဲ့တယ် အဲ့ဒီမှာ ကွန်မြူနစ်ပါတီခေါင်းဆောင် ကင်အီဆွန်းဟာ ကိုးရီယား လူမျိုးတွေကို နေရပ်ပြန်ကြဖို့ မြောက်ကိုးရီးယားဟာ ကမ္ဘာလောကရဲ့ နိဗ္ဗာန်ဘုံ ဖြစ်ကြောင်းဂျပန်မှာလို အဖိနှိပ်ခံရမှာမဟုတ်ကြောင်း အခမဲ့ ပညာရေးစနစ်ရမှာဖြစ်ကြောင်း အမျိူးမျိုး မက်လုံးပေးပြီး မြောက်ကိုးရီးယားကို ပြောင်းလာအောင်မိန့်ခွန်းတွေပြောပြီးစည်းရုံးခဲ့တယ် အဲ့ဒီဂျင်းမိန့်ခွန်းတွေကို ယုံစားမိတဲ့ ကိုရီးယားနဲ့ဂျပန်လူမျိုး ၇သောင်းလောက်က ၁၉၆၀ပြည့်နှစ်မှာ နေရပ်ပြန်လှုပ်ရှားမှုဆိုပြီး မြောက်ကိုးရီးယား ကိုအစုလိုက်အပြုံလိုက်ပြောင်းရွေ့ခဲ့တယ် အဲ့ထဲမှာ မာဆာဂျီတို့မိသားစုအပါအဝင်ပေါ့။
တကယ်တမ်းမြောက်ကိုးရီးယားကိုရောက်သွားတဲ့အခါမှာ ကင်အီဆွန်း မက်လုံးတွေပေးခဲ့သလို မြောက်ကိုးရီးယားဟာ ကမ္ဘာမြေရဲ့နိဗ္ဗာန်ဘုံ ဖြစ်မဖြစ်ဆိုတာကတော့..ဒီစာအုပ်ကိုဖတ်ကြည့်လိုက်ပါ
ဒီစာအုပ်ကိုဖတ်ဖတ်ပြီးချင်းခင်ဗျားတို့တွေးမိမှာကအရေးတော်ပုံအောင်မှဖြစ်မယ်ဆိုတာပါဘဲ။

 #လာခြင်းကောင်းသောအရှင်(မြသန်းတင့်)အမေရိကန်စာရေးဆရာ Robert Payne ရဲ့ The Lord Comes!! အရှင်ကြွတော်မူလာပြီ!! ဆိုတဲ့စာအုပ်...
29/05/2024

#လာခြင်းကောင်းသောအရှင်
(မြသန်းတင့်)

အမေရိကန်စာရေးဆရာ Robert Payne ရဲ့ The Lord Comes!!
အရှင်ကြွတော်မူလာပြီ!! ဆိုတဲ့
စာအုပ်ကို ဆရာမြသန်းတင့်က
"လာခြင်းကောင်းသောအရှင်" ဆိုပြီးတော့ မြန်မာမှုပြုထားတယ်!!
စာအုပ်အကြောင်းကတော့ မဟာဗုဒ္ဓဝင်အနှစ်ချုပ်ကို ဝတ္ထု ဆန်ဆန် အရှင်အာနန္ဒာရဲ့ ရှုထောင့်ကနေရေးထားတယ်!!
ကျနော်တို့ ငယ်ငယ်ကဖတ်ဖူးခဲ့တဲ့ ဗုဒ္ဓဝင်တွေဟာ ဂေါတမမြတ်စွာဘုရား ကိုခြောက်ပြစ်ကင်း သဖွယ် ရေးထားတာတွေကိုဘဲဖတ်ခဲ့ရတယ်!! ဒီစာအုပ်က အမေရိကန်စာရေးဆရာတစ်ယောက်ရေးထားတာကို ဆရာမြသန်းတင့်ကဘာသာပြန်ထားတာဆိုတော့ မြတ်စွာဘုရားကို..သိပ်ပြီးတော့ ဂုဏ်တော်ဖွင့်ထားတာမျိုး၊အရမ်းကြီးအမွှန်းတင်ထားတာမျိုး သိပ်မတွေ့ရဘူးဗျ...ငယ်ငယ်က မဟာဗုဒ္ဓဝင် တွေနဲ့ ရင်းနှီးခဲ့ရတဲ့သူတွေအတွက်တော့...ဆားမပါသလိုလို ပေါ့နေသလိုလိုတော့...ဖြစ်နေမှာဘဲ။
ကောင်းတာတချက်က တခြားဘာသာခြားတွေ၊ဗုဒ္ဓဘာသာကိုလေ့လာချင်တဲ့သူတွေအတွက်ကတော့...ဒီစာအုပ်က အတော်လေးကို လေ့လာရ၊ဖတ်ရ အဆင်ပြေတယ်ဗျ။ ထားတော့
အရှင်အာနန္ဒာ ရဲ့ ရှုထောင့်ကနေရေးတဲ့အတွက် အရမ်းပြည့်ပြည့်ပြည့်စုံစုံတော့ ပါမှာမဟုတ်ဘူး။မဟာဗုဒ္ဓ၀င်ရဲ့အနှစ်ချုပ်သဘောမျိုးဘဲဖတ်ရမှာပါ။ နောက်ပြီး ဒီစာအုပ်မှာကျနော်တို့ဖတ်ဖူး၊မှတ်သားထားဖူးတဲ့ မဟာဗုဒ္ဓဝင် နဲ့ကွဲလွဲနေတဲ့အကြောင်းအရာတွေတော်တော်များများတွေ့ရတယ်ဗျ !ဥပမာ..ရှင်အာနန္ဒာဟာ ဗုဒ္ဓဘုရားရှင် ဖြစ်တော်မူပီးနောက်မှရဟန်းဝတ်တာပါ.....ဒါပေမယ့်...ဝတ္ထု သဘောအရ စာရေးဆရာက ဖတ်ကောင်းအောင်ပြင်လိုက်တာလားတော့ ကျနော်လဲ သေချာမပြောတတ်ဘူး..။တခြားကွဲလွဲတာတွေ ကျနော်တို့မှတ်ထားတာတွေနဲ့ မတူတာတွေလဲ တွေ့ရမှာပါ...ဒါပေမယ့်ဖတ်ဖို့ အဆင်ပြေတဲ့စာအုပ်တအုပ်ဗျ။
"ချစ်ခင်စုံမက်၊စွဲလမ်းနှစ်သက်ဖွယ်ဟူသရွေ့ နောက်ဆုံးတနေ့မှာ မုချကွေကွင်းရမှာဘဲလို့ ငါပြောပေါင်းများလှပြီ အာနန္ဒာ၊ မြဲတယ်ဆိုတာ တခုမှမရှိဘူး"

မြတ်ဗုဒ္ဓ(မဟာပရိနိဗ္ဗာနသုတ်)

28/05/2024

#ဘုရားနဲ့တော့စကားပြောဖို့လိုပြီ။

ဘုရားတွေအချင်းချင်းတွေ့တော့
ဘာစကားတွေပြောဖြစ်လဲဘုရား
အချိန်ရရင် အိမ်ဘက်ဝင်ပါဦး
လျှောက်ထားစရာဟာ ရင်နဲ့မမျှတော့လို့…။

PK(ကျောင်းစောင့်ကြီး)

Address


Alerts

Be the first to know and let us send you an email when Erotic Notes by Zhan posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Establishment

Send a message to Erotic Notes by Zhan:

  • Want your establishment to be the top-listed Arts & Entertainment?

Share