25/12/2021
ခရစ်စမတ် (Christmas) (သို့မဟုတ် ) နာတာလူးပွဲတော်
‘’ခရစ်စမတ်’’ အကြောင်းသိကောင်းစရာ......
‘’ ခရစ်စမတ် ပွဲတော်’’ဆိုတာကတော့ ခရစ်ယာန်တွေရဲ့ အထွတ်အမြတ်ထားတဲ့ ဘာသားရေးပွဲတော်တစ်ခုပါ။
‘’နာတာလူးပွဲတော်’’လို့လဲ အချို့က ခေါ်ဆိုကြပါတယ်။ ‘’နာတာလူး’’ ဆိုတာက ‘’ဖွားမြင်ခြင်း’’ လို့အဓိပါယ်ရပါတယ်...
‘’ခရစ်(စ်)’’ ဆိုတာ ယေရှုဘုရားသခင်၏ အမည်နာမတော်ဖြစ်ပြီး၊ ‘’မတ်’’ ဆိုတာကတော့ ပွဲတော်ကို ခေါ်ဆိုခြင်းဖြစ်ပါတယ်..
‘’ခရစ်စမတ်နေ့ ’’ ဖြစ်လာရတဲ့ အကြောင်းအရင်းကတော့ ယေရှု့ဘုရားသခင် လောကကြီးသို့ကြွဆင်းကာ လူ့ဇာတိခံယူသည့် ဝမ်းမြောက်ဖွယ် မွေးနေ့ရက်မြတ်ဖြစ်သောကြောင့် ဖြစ်ပါတယ်.....
ဒ့ါကြောင့်’’ခရစ်စမတ်’’ ကို ‘’ခရစ်တော်၏မွေးဖွားခြင်း’’ လို့လည်း အဓိပါယ်ဖွင့်ကြပါတယ်...
ခရစ်စမတ်နေ့တွေမှာ ဆိုရင် ခရစ်ယာန်ဘာသာဝင်တို့က ယေရှုဘုရားသခင်ကို ပူဇော်ခြင်းနှင့် ဆုတောင်းမေတ္တာပို့သခြင်း၊ မိမိတို့နေအိမ်များအား ခရစ်စမတ်သစ်ပင်တို့နှင့် အလှဆင်ခြင်း၊ ဓမ္မသီချင်းများသီဆိုခြင်း၊ လက်ဆောင်များပေးခြင်း၊ အစားအစာများကျွေးမွေး’ဧည့်ခံခြင်းတို့ကို ပြုလုပ်ပါတယ်....
ခရစ်စမတ်နေ့ကို အေဒီ 400 မတိုင်ထဲက ကျင်းပပြုလုပ်လာရာ ယခု လက်ရှိအချိန်အထိ ပဲ ဖြစ်ပါတယ် ..
အင်္ဂလိပ်လို ‘’ Christmas ‘’ လို့ ရေးသားကြသလို ‘’ X mas’’ လို့လဲ အတိုကောက် ရေးသားကြပါတယ်
ခရစ်စမတ်သစ်ပင် ကို ၁၆၀၄ ခုနှစ်မှာ ဂျာမနီလူမျိုးများက စတင်အသုံးပြုလာခဲ့ကြပါတယ်....
ဆန်တာကလော့လို့ခေါ်တဲ့ ခရစ်စမတ်ဖိုးဖိုးကြီးကိုတော့ လူတိုင်းသိကြမှာပါ။ ခရစ်စမတ် မရောက်ခင် တစ်ညမှာ ဆန်တာကလော့ဟာ သမင်ကြီးတွေဆွဲထားတဲ့ စွတ်ဖားလှည်းကြီးပေါ်မှာ ကမ္ဘာ အနှံ ကလေးတွေ တောင်းဆိုထားတဲ့ လက်ဆောင်ပစ္စည်း တွေကို တင်ပြီး ခရစ်စမတ်နေ့အမှီပေးဖို့ မြောက်ဝင်ရိုးစွန်းကနေ ထွက်လာတဲ့အကြောင်းပုံပြင်တွေထဲမှာ ဖတ်ဖူးကြရမှာပါနော်......ဒီပုံပြင်တွေအရဆိုရင် တစ်ညထဲနဲ့ ကမ္ဘာအနှံ့လို
က်ပေးရတာဆိုတော့ ဆန်တာလေ့ာဖိုးဖိုးကြီး က ခေတ်စကားအရ စကေးကြမ်းတယ်လို့ ပြောလို့ရတာပေါ့နော်....
ဆောင်းရာသီမှာ ခရစ်စမတ်ပွဲတော်ကို ကျင်းပတဲ့အတွက် အအေးဒဏ်ခံနိုင်ရန် မီးဖို၍ မီးလှုံကြရာမှ မီးပုံကို ဝိုင်း၍ လက်တွဲ ကကြပြီး မီးပုံပွဲ ဟု ခေါ်ဆိုအမည်တွင်ခဲ့တာပါနော် .....
ဒီလောက်ဆိုရင် ခရစ်စမတ်အကြောင်းဗဟုသုတ အနေနှင့် သိရပြီး ဖြစ်ပါတယ် ...