28/10/2024
မြန်မာအစားအစာတွေ တရားမဝင် ဘယ်လိုဝင်ရောက်လာလဲ အမေရိကန်စုံစမ်းမယ်
မြန်မာနိုင်ငံကနေ တရားမဝင်တင်သွင်းလာတဲ့ အရည်အသွေးမမှီတဲ့ အသားထုတ်ကုန်တွေ မစားကြဖို့ အမေရိကန်အစိုးရ အစားအသောက်ဘေးကင်းလုံခြုံရေးနဲ့ စစ်ဆေးရေးဌာန(FSIS) က အောက်တိုဘာ ၂၄ ရက်က သတိပေးချက် ထုတ်ပြန်ပါတယ်။
အဲဒီ အရေအသွေးမမီတဲ့ မြန်မာအသားထုတ်ကုန်တွေဟာ အမေရိကန် အစားအသောက် ဘေးကင်း လုံခြုံရေး ခွင့်ပြုချက်မရထားသလို ပစ္စည်းတွေ လာရာလမ်းကြောင်းကို ဆက်ပြီး စုံစမ်းစစ်ဆေး သွားမယ်လို့လဲ အမေရိကန်အစိုးရ FSIS အဖွဲ့က ပြောပါတယ်။
ဒီသတင်းအပြည့်အစုံ အပါအဝင် ဘီဘီစီရဲ့ အောက်တိုဘာ ၂၆ ရက် နိုင်ငံတဝန်းသတင်း အနှစ်ချုပ် လင့်ခ် https://www.bbc.com/burmese/articles/cy9j4rd0vxyo ကနေ ဆက်လက်ဖတ်ရှုနိုင် ပါတယ်။
ပုံစာ - အမေရိကန်ပြည်ထောင်စု၊ ဖေလာ်ရီဒါမြို့က စတိုးဆိုင်တစ်ဆိုင်
ဓာတ်ပုံ - Getty Images
#ဘီဘီစီမြန်မာပိုင်း #အမေရိကန် #ဗမာစာ #စားသောက်ကုန် #မြန်မာအစားအစာ