31/05/2026
ကမ္ဘာကြီးရေ • • •
ကျွန်တော်တို့ရဲ့ နာကျင်မှုတွေကို
မင်းတို့ မမြင်ဘူးလား • • •
နေ့တိုင်း နာကျင်နေတဲ့ ဆုတောင်းသံတွေကို
မင်းတို့ မကြားဘူးလား • • •
ဘဝတွေ ပျက်သွားတဲ့ ကလေးတွေရှိတယ် • • •
မိသားစုနဲ့ ကွဲကွာနေတဲ့သူတွေရှိတယ် • • •
မနက်ဖြန်ကိုတောင် သေချာ
မတွေးရဲတော့တဲ့ လူတွေရှိတယ် • • •
ကမ္ဘာကြီး ရေ • • •
ကြေညာချက်တွေ ထုတ်တာ
ကျွန်တော်တို့ မြင်တယ် • • •
စိုးရိမ်ကြောင်း ပြောတာ
ကျွန်တော်တို့ ကြားတယ် • • •
ဒါပေမဲ့
ကျွန်တော်တို့ လိုအပ်နေတာက
စာရွက်ပေါ်က စကားလုံးတွေ မဟုတ်ဘူး • • •
လွတ်လပ်စွာ ရှင်သန်ခွင့် • • •
လုံခြုံခွင့်တွေ • • •
တရားမျှတမှုတွေပါပဲ • • •
ဒါပေမဲ့ • • •
ကမ္ဘာကြီးက ဆက်ပြီး တိတ်ဆိတ်နေတုန်းပဲ • • •
UN ရေ • • •
ကြေညာချက်တွေ ထုတ်တာထက် လူတွေရဲ့
အသက်တွေက ပိုအရေးကြီးတယ် မဟုတ်လား • • •
စိုးရိမ်ကြောင်း ပြောဆိုချက်တွေထက်
ငိုကြွေးနေတဲ့ မိခင်တစ်ယောက်ရဲ့
မျက်ရည်က ပိုလေးနက်တယ် မဟုတ်လား • • •
တရားမျှတမှုဟာ အစီရင်ခံစာတစ်စောင်ထဲက
စကားလုံး မဟုတ်ဘူး • • •
အသက်ရှင်နေတဲ့ လူတွေရဲ့ မျှော်လင့်ချက်တွေပါ • • •
ပြီးတော့ • • •
မတရားမှုကို မျက်ကွယ်ပြုခြင်းဟာလည်း
ရာဇဝတ်မှုတစ်ခုပဲ မဟုတ်လား • • •
မသိကျေးကျွန်ပြုခြင်းဟာလည်း မတရားမှု
ကျူးလွန်သူတွေကို တိတ်တဆိတ်
အားပေးနေခြင်းပဲ မဟုတ်လား • • •
လူတစ်ယောက်ကို ရိုက်နှက်နေတာကို
မြင်ပြီး ဘာမှ မပြောဘဲ နေခြင်းဟာ
ရိုက်နှက်သူဘက်က ရပ်တည်ပေးနေခြင်းနဲ့
ဘာများ ကွာခြားပါသလဲ • • •
လူတစ်နိုင်ငံလုံး ငိုကြွေးနေတာကို မြင်ပြီး
တိတ်ဆိတ်နေခြင်းဟာ
မတရားမှုကို သက်တမ်းတိုးပေးနေခြင်းနဲ့
ဘာများ ကွာခြားပါသလဲ • • •
ကမ္ဘာကြီးရေ...
တရားမျှတမှုဟာ အချိန်မရွေး
စောင့်နိုင်တဲ့ အရာ မဟုတ်ပါဘူး • • •
တစ်ရက် နောက်ကျတိုင်း နောက်ထပ်
အပစ်မဲ့ပြည်သူတွေရဲ့ အိမ်တွေ ပျက်သွားနိုင်တယ် • • •
အပစ်မဲ့ ပြည်သူတွေရဲ့ ဘဝတွေ ပျက်သွားနိုင်တယ် • • •
အပစ်မဲ့ပြည်သူတွေရဲ့ အနာဂတ်တွေ
ပျောက်ဆုံးသွားနိုင်ပါတယ် • • •
ဒါကြောင့် • • •
ကျွန်တော်တို့ မေးချင်တာက
ဒီလောက်များတဲ့ မျက်ရည်တွေကို ကမ္ဘာကြီးက ဘယ်အချိန်ထိ မျက်ကွယ်ပြုနေဦးမှာလဲ • • •
ဒီလောက်များတဲ့ အော်ဟစ်သံတွေကို UN နဲ့ နိုင်ငံတကာအသိုင်းအဝိုင်းက ဘယ်အချိန်ထိ
မကြားချင်ယောင် ဆောင်နေဦးမှာလဲ • • •
တရားမျှတမှုက ဘယ်အချိန်မှ ရောက်လာမှာလဲ • • •
#ကောင်းထက်ပြည့်စုံ
Dear World • • •
Do you not see our pain • • •
Do you not hear the prayers filled with suffering that rise every day • • •
There are children whose lives have been broken • • •
There are people separated from their families • • •
There are people who no longer dare to think confidently about tomorrow • • •
Dear World • • •
We see the statements being issued • • •
We hear the expressions of concern • • •
But what we need is not words written on paper • • •
We need the freedom to live • • •
We need safety and security • • •
We need justice • • •
And yet • • •
The world remains silent • • •
Dear United Nations • • •
Are human lives not more important than issuing statements • • •
Are the tears of a grieving mother not more meaningful than words of concern • • •
Justice is not merely a word written in a report • • •
It is the hope of people who are still alive • • •
And • • •
Is turning a blind eye to injustice not
a crime in itself • • •
Is indifference not a silent form of support for those who commit injustice • • •
If someone sees a person being beaten and chooses to remain silent,
how is that any different from standing with the one who is doing the beating • • •
If the world sees an entire nation crying out in pain and remains silent,
how is that any different from allowing injustice to continue • • •
Dear World...
Justice is not something that can wait forever • • •
For every day that justice is delayed,
more innocent people's homes
may be destroyed • • •
more innocent lives may be shattered • • •
more innocent futures may be lost • • •
Therefore • • •
What we want to ask is this:
How much longer will the world continue to turn away from so many tears • • •
How much longer will the United Nations and the international community continue to pretend not to hear these countless cries for help • • •
When will justice finally come • • • ?