27/05/2025
Hello 👋
Otaku တို့ အရမ်းကိုမှ ကြိုက်နှစ်သက်ရတဲ့ Anime လေးတွေက ဘယ်တုန်းက ဘယ်လိုစတင်ပေါ်ပေါက်လာလဲဆိုတာကို သိကြပါသလား?
ဒီတစ်ခါမှာတော့ Otaku လေးတွေအတွက် ဂါဇီလေးက Japan anime တွေ စတင်ပေါ်ပေါက်လာပုံကို သိထားသလောက် မျှဝေပေးသွားပါတယ်နော် 😊
✅ ဂျပန်နိုင်ငံရဲ့ ပထမဆုံး animated film တွေဟာ Disney နဲ့ Fleischer တို့လို အနောက်တိုင်း animation တွေရဲ့ ကြီးမားတဲ့ လွှမ်းမိုးမှုကြောင့် ၁၉၁၀ ခုနှစ်တွေမှာ စတင်ပေါ်ပေါက်လာခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒီ့ထဲမှာ ၁၉၁၇ ခုနှစ်က ထွက်ရှိခဲ့တဲ့ Namakura Gatana ဟာဆိုရင် အစောဆုံး ဉပမာတွေထဲက တစ်ခုအပါအဝင်ပါပဲ။ 🤗
✅ ၁၉၃၀ နဲ့ ၁၉၄၀ ခုနှစ်တွေမှာတော့ Momotaro's Divine Sea Warriors လို animated film တွေကို ဝါဒဖြန့်တဲ့ ကြားခံတစ်ခုအနေနဲ့ အသုံးချခဲ့ကြပြီး ဒုတိယကမ္ဘာစစ်အပြီးမှာတော့ ဖျော်ဖြေရေးအနေနဲ့ ရည်ရွယ်ချက်ကို ပြောင်းလဲခဲ့ကြပါတယ်။🤗
✅ "God of Manga" လို့ သိထားကြတဲ့ Osamu Tezuka ကတော့ ၁၉၆၃ ခုနှစ်မှာ Astro Boy (Tetsuwan Atom) နဲ့ TV anime လောကကို စတင်ထူထောင်ခဲ့ပါတယ်။ ဒါ့အပြင် Tezuka ဟာ ထုတ်လုပ်ရေးပိုင်းမှာ အကုန်အကျ ပိုပြီး သက်သာစေဖို့ animation နည်းပညာတချို့ကိုလည်း စပြီး မိတ်ဆက်ခဲ့ပါသေးတယ်။ 🤗
✅အဲ့ဒီ့နောက်မှာတော့ ၁၉၇၉ ခုနှစ်က ထွက်ရှိခဲ့တဲ့ Mazinger Z နဲ့ Mobile Suit Gundam တို့လို mecha (စက်ရုပ်) anime တွေ ပေါ်ထွက်လာပြီး အမျိုးအစားတွေ ခွဲထွက်လာခဲ့ပါတယ်။ 🤗
✅စူပါစက်ရုပ်တွေနဲ့ စက်ရုပ်အစစ်တွေရဲ့ concept ဟာ ကလေးတွေရော လူကြီးတွေကြားမှာပါ လူကြိုက်များလာခဲ့ပြီး အဲ့ဒီ့ခေတ်မှာပဲ anime fandom တွေဟာ ပိုမို စုစည်းမိလာကာ Otaku ယဉ်ကျေးမှုဟာလည်း ပေါ်ထွန်းလာခဲ့တာ ဖြစ်ပါတယ်။ 🤗
✅၁၉၈၀ ခုနှစ်တွေကတော့ ကုန်ကျစရိတ်မြင့်မားတဲ့ ထုတ်လုပ်မှုတွေနဲ့ ထူးခြားကွဲပြားတဲ့ ဖန်တီးမှုစွမ်းရည်တွေကို အမှတ်ရစေတဲ့ ခုနှစ်တွေပဲဖြစ်ပါတယ်။ ၁၉၈၄ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Nausicaä of the Valley of the Wind ဟာ Studio Ghibli ကို ဖြစ်ပေါ်လာစေခဲ့သလို ၁၉၈၈ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Akira ဟာလည်း သူ့ရဲ့ mature theme တွေ၊ cyberpunk style တွေနဲ့ anime ကို ကမ္ဘာ့ပရိတ်သတ်ထံ စတင်မိတ်ဆက်ခဲ့ပါတယ်။🤗
✅အဲ့ဒီ့နောက် anime ဟာ အချစ်၊ သည်းထိတ်ရင်ဖို၊ စိတ်ကူးယဉ်၊ စိတ်ကူးယဉ်သိပ္ပံ၊ ဘဝပုံဖော် အမျိုးအစားတွေ များစွာ ပေါ်ပေါက်လာပြီး အသက်အရွယ်မရွေး ကြည့်နိုင်ဖို့အတွက် ဖြစ်လာခဲ့ပါတယ်။ Dragon Ball, Sailor Moon, Pokémon နဲ့ Naruto တို့ကတော့ ဂျပန်မှာရော နိုင်ငံရပ်ခြားမှာပါ တအားကို နာမည်ကြီးခဲ့ပြီး ကမ္ဘာအနှံ့အပြားက TV ရုပ်သံလိုင်းတွေဟာလည်း anime တွေကို နောက်ခံစကားပြောနဲ့ စတင်ထုတ်လွှင့်လာခဲ့ကြပါတယ်။ 🤗
✅ဒီလိုနဲ့ anime တွေဟာ ကမ္ဘာအရပ်ရပ်ထိ ကျော်ကြားလာခဲ့ပြီး ကမ္ဘာလုံးဆိုင်ရာ ပရိတ်သတ်အသိုင်းအဝိုင်းကိုပါ ရရှိလာခဲ့ပါတယ်။ ယခုအခါမှာတော့ Internet Streaming Platform တွေဖြစ်ကြတဲ့ Crunchyroll, Netflix နဲ့ Amazon တို့ကလည်း anime ကို ပိုပြီး လွယ်လွယ်ကူကူ ကြည့်ရှုနိုင်အောင် ကူညီလျက်ရှိပြီး ဂျပန် စတူဒီယိုတွေဟာလည်း ဒီလို Global Platform တွေနဲ့ ပူးပေါင်းထုတ်လုပ်လျက်ရှိပါတယ်။ 🤗
✅Otaku လေးတွေအကြိုက် Anime တွေထဲက ဇာတ်ကောင်တွေရဲ့ Figure နဲ့ Plush အမျိုးစုံကိုလည်း Gaze Amusement မှာ ဂိမ်းတွေ ဆော့ကစားရင်း Ticket တွေနဲ့ လဲရင်း ပိုင်ဆိုင်နိုင်ပါပြီနော် 🤗
🎪 Channel Join ရန် -
ဂါဇီ Tiktok - .amusement
◻️ Fun with ဂါဇီ - Play at Gaze - Fun Starts Here! ◻️
Gaze Amusement
4th Floor, City Square Shopping Center, Taunngyi.