Alien's Art

Alien's Art Art Instructor, Character Designer, Illustrator

နောက်ထပ် art တစ်ခု
21/03/2026

နောက်ထပ် art တစ်ခု

အကြမ်းမခံတဲ့ ပုသိမ်ထီးလေးလိုလူပါကွယ်
အမောင်တစ်ယောက်ကိုဖြင့် နေပျောက်မခ အပူရှိန်မကျရအောင် တတ်နိုင်သလောက် ကာကွယ်ပေးချင်ပါရဲ့

Day 2 🤎
မင်္ဂလာပါရှင် ဒီနေ့မှာတော့'အမောင်'စာအုပ်လေးမှာပါဝင်သွားမယ့် artလေးကိုထပ်မံဖော်ပြပေးလိုက်ပါတယ်
ဒီနေ့artလေးကတော့ ကျွန်မတို့ရဲ့ရဲရင့်တဲ့ကောင်ငယ်လေး'အစိုး'ရဲ့ပုံလေးကိုရေးဆွဲထားခြင်းဖြစ်ပါတယ်
အစိုးရဲ့ရဲရင့်မှုသွင်ပြင်၊နူးညံ့မှုသွင်ပြင်လေးတွေပါအသေးစိတ်ပေါ်လွင်အောင်သရုပ်ဖော်ပေးထားတာကတော့ artist Alien's art ဖြစ်ပါတယ်ရှင့်
အစိုးလို့ပြောလိုက်တာနဲ့ပုသိမ်ထီးလေးတွေနဲ့တွဲမြင်မိကြတဲ့အတွက် ပုသိမ်ထီးလေးတွေပြုလုပ်နေတဲ့အစိုးရဲ့ပုံလေးကို ဖန်တီးရေးဆွဲထားပါတယ် စိတ်တိုင်းကျပုံဖော်ပေးတဲ့အားတစ်ကို စံစာပေနှင့်စာရေးသူရွှန်းလဲ့ကျော်မှ အထူးကျေးဇူးတင်ပါတယ်ရှင့်
ဒီပုံလေးက'အမောင်'စာအုပ်ထဲမှာ ဒုတိယမြောက်inner artလေးအဖြစ်ပါဝင်လာမှာပါ
တရားသူကြီးမင်းကိုလင်းမောင်ရဲ့အသည်းကိုလှုပ်ခတ်သွားစေတဲ့ အစိုးလေးကိုလည်း သဘောကျကြလိမ့်မယ်လို့မျှော်လင့်ပါတယ်ရှင်။

[ဤပုံသည် 'အမောင်'စာအုပ်အတွက်သီးသန့်အပ်ထားသောပုံဖြစ်၍ မည့်သည့်နေရာတွင်မျှကူးယူသုံးစွဲရန်ခွင့်မပြုပါ]


#စံစာပေ
#အမောင်

"အမောင်" စာအုပ်လေးအတွက် ဒုတိယအကြိမ် ပြန်ပြီးရေးဆွဲပေးဖြစ်ခဲ့တဲ့ character art လေးပါ❤️🫶
20/03/2026

"အမောင်" စာအုပ်လေးအတွက် ဒုတိယအကြိမ် ပြန်ပြီးရေးဆွဲပေးဖြစ်ခဲ့တဲ့ character art လေးပါ❤️🫶

ဘိလပ်ရွှေမြို့‌တော်ကြီးမှ ဝတ်လုံပညာသင်ကာပြန်လာသူ...
ရောက်လျှင်ရောက်ချင်း သာမန်လူတို့ ရရန် ခဲလှစွာသော ရာနှုန်းပြည့် စက်ရှင်တရားသူကြီးရာထူး အပ်နှင်းခံရသူ...

သတင်းကြီးလှသည့် ဖခင်အရေးပိုင်မင်း ဦးစံမောင်နှင့် မိခင် သူနာပြုဆရာမကြီး ဒေါ်အုန်းခင်တို့၏ ရင်နှစ်သည်းချာ တစ်ဦးတည်းသော သားလှရတနာ...

ချော၏။
တည်၏။
တော်၏။
ပြတ်၏။
သွက်၏။

Day 1 🤎
ယနေ့မှာတော့ကျွန်မတို့ရဲ့ချောမောတည်တံ့တဲ့ အမောင်ရဲ့cha artလေးကိုစတင်ချပြပေးလိုက်ပါတယ်
အမောင်ရဲ့ခန့်ညားတဲ့အသွင် ပညာတတ်အသွင် လေးပေါ်လွင်အောင် အသေးစိတ်ပုံဖော်ပေးတာကတော့ Artist Alien's art ဖြစ်ပါတယ်ရှင့် အမောင်တရားစီရင်ပြီးလို့ရုံးတော်အတွင်းကဆင်းသက်လာပုံလေးကို စိတ်ကူးရေးဆွဲထားတာပါ
စိတ်တိုင်းကျရေးဆွဲပေးတဲ့အတွက်အားတစ်ကိုကျေးဇူးတင်ရှိပါတယ်
ဒီပုံလေးက'အမောင်'စာအုပ်လေးမှာ inner artအနေနဲ့ပါဝင်လာမှာဖြစ်ပါတယ် အားလုံးလည်းသဘောကျလိမ့်မယ်လို့မျှော်လင့်ပါတယ်ရှင်
နောက်ရက်တွေမှာလည်းartလေးတွေချပြပေးသွားပါ့မယ်

[ဤပုံသည် 'အမောင်'စာအုပ်အတွက်သီးသန့်အပ်ထားသောပုံဖြစ်၍ မည့်သည့်နေရာတွင်မျှကူးယူသုံးစွဲရန်ခွင့်မပြုပါ]


#စံစာပေ
#အမောင်

10/03/2026

ငယ်ဘဝက ကာတွန်းဇာတ်ကောင်လေးတွေ မှတ်မိကြလား #တွတ်ပီ #ဘိုဘို

Digital Art class ( Basic ) တန်းခွဲသစ်လေး March လလယ် ပြန်စပါမယ်ဗျတက်ရောက်လိုများလာရောက်စုံစမ်းနိုင်ပါတယ်ခဲပန်းချီသင်တန်း...
08/03/2026

Digital Art class ( Basic ) တန်းခွဲသစ်လေး March လလယ် ပြန်စပါမယ်ဗျ
တက်ရောက်လိုများလာရောက်စုံစမ်းနိုင်ပါတယ်

ခဲပန်းချီသင်တန်း
video class - 25000
live class - 150000 ( သင်တန်းကာလ ၂ လ, စနေ, တနင်္ဂနွေ တစ်ပတ် ၂ ရက်သင်၊March လလယ် စမည်)

Digital Art သင်တန်း
video class - 35000
live class - 150000 ( သင်တန်းကာလ ၂ လ, စနေ, တနင်္ဂနွေ တစ်ပတ် ၂ ရက်သင်၊March လလယ် စမည်)

အထီးကျန်နေတဲ့ မီးပုံးစက်ရုပ်လေးပါ
04/03/2026

အထီးကျန်နေတဲ့ မီးပုံးစက်ရုပ်လေးပါ

Let's go ladies 💪💪
20/02/2026

Let's go ladies 💪💪

မြောင်တောင်တောင်လေးပါ 😼
19/02/2026

မြောင်တောင်တောင်လေးပါ 😼

Opposite Direction - KhoNarYar ဆိုတဲ့စာအုပ်လေးအတွက် ရေးဆွဲဖြစ်ခဲ့တဲ့စာအုပ်အဖုံးဒီဇိုင်းလေးပါအခုနောက်ပိုင်းစာအုပ်တွေ အချိ...
08/02/2026

Opposite Direction - KhoNarYar ဆိုတဲ့စာအုပ်လေးအတွက် ရေးဆွဲဖြစ်ခဲ့တဲ့စာအုပ်အဖုံးဒီဇိုင်းလေးပါ
အခုနောက်ပိုင်းစာအုပ်တွေ အချိန်ကိုသေချာပေးပြီး အသေးစိတ်ရေးပေးနေတာမလို့ quality ကတော့ပိုကောင်းမယ်ဗျ ဈေးလည်း နည်းနည်းတက်ပါမယ်

Bangkok က 48 နာရီအတွင်း Comic တစ်ခုရေးရတဲ့ ပြိုင်ပွဲတစ်ခုမှာ ကျနော်တို့ local ထဲက Artist တွေစုပြီး တူတူရေးခဲ့ကြတဲ့ winne...
03/02/2026

Bangkok က 48 နာရီအတွင်း Comic တစ်ခုရေးရတဲ့ ပြိုင်ပွဲတစ်ခုမှာ ကျနော်တို့ local ထဲက Artist တွေစုပြီး တူတူရေးခဲ့ကြတဲ့ winner ဆုရ Comic လေးကို အားလုံးဖတ်လို့ရအောင်တင်ပေးလိုက်ပါတယ်ဗျ။

The Wobbly Warriors
Presented by , Alien's Art and Yoking Comics

ဇာတ်လမ်းကအစ အရောင်တွေအဆုံး 48 နာရီ အတွင်း ကျနော်တို့ Team တစ်ခုအနေနဲ့ သေချာ အကောင်းဆုံးကြိုးစားထားတာမို့ အားလုံး Enjoy ကြမယ်လို့ မျှော်လင့်ပါတယ်ဗျ။

အင်းရေပြင်က မောင့်ကြာညို - မုန်းရောင်ခြယ်စာအုပ်လေးအတွက် အဖုံးလေးဆွဲပေးဖြစ်တာလေးပါ
25/01/2026

အင်းရေပြင်က မောင့်ကြာညို - မုန်းရောင်ခြယ်

စာအုပ်လေးအတွက် အဖုံးလေးဆွဲပေးဖြစ်တာလေးပါ

Digital Art video class ကလေ့ကျင့်မှုအချို့ပါ
19/01/2026

Digital Art video class ကလေ့ကျင့်မှုအချို့ပါ

Address


Alerts

Be the first to know and let us send you an email when Alien's Art posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

  • Want your establishment to be the top-listed Arts & Entertainment?

Share