BaMg 24/7 Service

BaMg 24/7 Service Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from BaMg 24/7 Service, Taunggon.

1xbet Unit အထည့်/အထုတ် 24နာရီ ဝန်ဆောင်မှု✅ Telegram Username - Viber _ +959661515828 Messanger-https://m.me/KoBaMg24 Promocode-BaMg24

မဂ်လာညချမ်းလေးမှာ.... 1xBet ယူနစ်ထုတ်ယူခြင်း / ထည့်ခြင်း / အကောင့်ဖွင့်ခြင်းများ၂၄ နာရီစိတ်ကြိုက်ဝန်ဆောင်မှုပေးနေပါတယ်ခင...
12/12/2025

မဂ်လာညချမ်းလေးမှာ....
1xBet ယူနစ်ထုတ်ယူခြင်း / ထည့်ခြင်း / အကောင့်ဖွင့်ခြင်းများ
၂၄ နာရီစိတ်ကြိုက်ဝန်ဆောင်မှုပေးနေပါတယ်ခင်ဗျာ။

1xbet Acc သစ်ဖွင့် _ 5% Bonus ယူ🔰

PromoCode - BaMg24

📲 Telegram

👉 t.me/MasterBaMg24

💬 Messenger

👉 https://m.me/KoBaMg24

📞 Viber

👉 09661515828




ဂွါဒီယိုလာရဲ့ နည်းပြဘ၀ ပွဲ ၁၀၀၀ ပြည့်မှာ လီဗာပူးလ်ကို ဂိုးပြတ်အနိုင်ယူခဲ့တဲ့ မန်စီးတီး__________________________________...
10/11/2025

ဂွါဒီယိုလာရဲ့ နည်းပြဘ၀ ပွဲ ၁၀၀၀ ပြည့်မှာ လီဗာပူးလ်ကို ဂိုးပြတ်အနိုင်ယူခဲ့တဲ့ မန်စီးတီး
_______________________________________

မန်စီးတီးအသင်းဟာ လက်ရှိချန်ပီယံ လီဗာပူးလ်ကို အစ်တီဟတ်မှာ ၃-၀ ဂိုးပြတ်အနိုင်ယူပြီး ထိပ်ဆုံးက အာဆင်နယ်နဲ့ ၄ မှတ်အကွာ၊ အဆင့် ၂ နေရာကို ရောက်ရှိလာပြီဖြစ်ပါတယ်။

အခုပွဲက ဂွါဒီယိုလာရဲ့ နည်းပြဘ၀ ပွဲ ၁၀၀၀ ပြည့်ဖြစ်ခဲ့ပြီး မန်စီးတီးကစားသမားတွေက ဂွါဒီယိုလာကို အနိုင် ၃ မှတ် လက်ဆောင်ပေးခဲ့ပါတယ်။

အာနေးစလော့တ်ရဲ့ လီဗာပူးလ်ကတော့ ဒီရာသီ ပရီးမီးယားလိဂ်မှာ ၅ ပွဲမြောက် ရှုံးပွဲနဲ့ ရင်ဆိုင်ခဲ့ရတာဖြစ်သလို ခြေစွမ်းက စိတ်ပျက်စရာကောင်းလောက်အောင် ဆိုးရွားခဲ့ပြီး ၇၆ မိနစ်မတိုင်ခင်အထိ ဂိုးပေါက်တည့်မှု ၁ ကြိမ်မှ မရှိခဲ့ပါဘူး။

မန်စီးတီး တောင်ပံတိုက်စစ်ကစားသမား ဒိုကူကတော့ အခုပွဲရဲ့အကောင်းဆုံးကစားသမားဖြစ်ပြီး သူ့ကို လီဗာပူးလ်ခံစစ်က ဘယ်လိုမှ မထိန်းချုပ်နိုင်တဲ့အပြင် ဒိုကူကိုယ်တိုင် ၁ ဂိုးသွင်းခဲ့ပါတယ်။

ပထမပိုင်း ၁၃ မိနစ်မှာကတည်းက ကိုနာတေးရဲ့အမှားကတစ်ဆင့် ဒိုကူကြောင့် မန်စီးတီး ပယ်နယ်တီကန်ခွင့်ရခဲ့ပေမဲ့ ဟာလန်းရဲ့ကန်ချက်ကို မာမာဒက်ရှ်ဗီလီ ကာကွယ်ခဲ့လို့ မန်စီးတီး ဂိုးမရခဲ့ပါဘူး။

၂၀၂၃-၂၄ ရာသီကစလို့ မာမာဒက်ရှ်ဗီလီဟာ ပယ်နယ်တီ ၆ ကြိမ်အထိ ကာကွယ်နိုင်ခဲ့တာကြောင့် ဥရောပထိပ်သီးလိဂ် ၅ ခုမှာ အများဆုံးပါပဲ။

ဒါပေမဲ့ မိနစ်ပိုင်းအကြာမှာပဲ မာသီးယက်စ်နူးနက်ဇ်ရဲ့ ဖြတ်တင်ဘောကနေ ဟာလန်းက ခေါင်းတိုက်သွင်းခဲ့ပြီး ဒီဂိုးက ဟာလန်းရဲ့ ပရီးမီးယားလိဂ်မှာ ၉၉ ဂိုးမြောက်ဖြစ်ပါတယ်။ ၃၈ မိနစ်မှာ ထောင့်ကန်ဘောကနေ ဗန်ဒိုက် ခေါင်းတိုက်သွင်းခဲ့ပေမဲ့ ရော်ဘတ်ဆင် လူကျွံနေတာကြောင့် ဂိုးမရခဲ့ပါဘူး။

ပထမပိုင်းပြီးခါနီးမှာ နီကိုဂွန်ဇာလက်ဇ်ရဲ့ ကန်ချက်က ဗန်ဒိုက်နဲ့ထိပြီးတော့ လမ်းကြောင်း ဂိုးဝင်သွားလို့ မန်စီးတီး ဒုတိယဂိုးရခဲ့ပြီး တတိယဂိုးကိုတော့ တစ်ပွဲလုံး ခြေစွမ်းပြနေတဲ့ ဒိုကူက ပယ်နယ်တီဧရိယာထိပ်ကနေ လှပတဲ့ဝေ့ဝိုက်ကန်ချက်နဲ့ သွင်းယူခဲ့ပါတယ်။

မန်စီးတီးအသင်းဟာ ၂၀၂၃ ဧပြီလနောက်ပိုင်း လီဗာပူးလ်ကို နိုင်ပွဲပြန်ယူခဲ့တာဖြစ်ပြီး ပရီးမီးယားလိဂ် ၄ ပွဲဆက် မနိုင်တဲ့ မှတ်တမ်းဆိုးကို အဆုံးသတ်နိုင်ခဲ့ပါတယ်။

လီဗာပူးလ်အသင်းဟာ နည်းပြဟောင်းဒဲလ်ဂလစ်ရှ်လက်ထက် ၂၀၁၂ ဧပြီလနောက်ပိုင်း ပထမဆုံးအကြိမ် ပရီးမီးယားလိဂ်အဝေးကွင်း ၄ ပွဲဆက်တိုက် ရှုံးပွဲတွေ့ခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် လီဗာပူးလ်အသင်းဟာ ၂၀၁၆-၁၇ ရာသီက လက်စတာ(၅ ပွဲ)၊ ၂၀၁၅-၁၆ ရာသီက ချယ်လ်ဆီး(၆ ပွဲ)တို့ပြီးရင် ပရီးမီးယားလိဂ်ရာသီအစပိုင်းမှာ ရှုံးပွဲအများဆုံးတွေ့ခဲ့တဲ့ တတိယမြောက် လက်ရှိချန်ပီယံအသင်းအဖြစ် မှတ်တမ်းဝင်ခဲ့ပါပြီ။

လီဗာပူးလ်ကို ၄ ပွဲဆက် မနိုင်တဲ့ မှတ်တမ်းဆိုး မန်စီးတီး အဆုံးသတ်နိုင်မလား____________________________________ပရီးမီးယားလိ...
09/11/2025

လီဗာပူးလ်ကို ၄ ပွဲဆက် မနိုင်တဲ့ မှတ်တမ်းဆိုး မန်စီးတီး အဆုံးသတ်နိုင်မလား
____________________________________

ပရီးမီးယားလိဂ်ပွဲစဉ် ၁၁ ရဲ့ပွဲကြီးပွဲကောင်းအဖြစ် မန်စီးတီးနဲ့လီဗာပူးလ်အသင်းတို့ဟာ ဒီည မြန်မာစံတော်ချိန် ၁၁ နာရီကျရင် အစ်တီဟတ်ကွင်းမှာ အကြိတ်အနယ် ယှဉ်ပြိုင်ကစားသွားမှာဖြစ်ပါတယ်။

ဒီနေ့မနက်ပိုင်းက ဆန်းဒါးလန်းနဲ့ပွဲမှာ အာဆင်နယ် သရေကျခဲ့တာကြောင့် အာဆင်နယ်နဲ့အမှတ်ကွာဟချက်ကို လျှော့ချနိုင်အောင် မန်စီးတီး၊ လီဗာပူးလ်တို့ ကြိုးစားရမှာပါ။

ဧပြီလကစလို့ မန်စီးတီးအသင်းဟာ ပရီးမီးယားလိဂ် ၁၉ ပွဲကစား၊ ၁၃ ပွဲအထိ အနိုင်ရခဲ့ပြီး ၄၂ မှတ်အထိရယူနိုင်ခဲ့တဲ့အတွက် ပရီးမီးယားလိဂ်ကလပ်တွေထဲမှာ အကောင်းဆုံးစွမ်းဆောင်ရည်ဖြစ်သလို အစ်တီဟတ်မှာ ၁၀ ပွဲကစား၊ ၉ ပွဲနိုင်၊ ၁ ပွဲသာ ရှုံးနိမ့်ခဲ့ပါတယ်။

မန်စီးတီးအသင်းအတွက် ပရီးမီးယားလိဂ် ၁၀၇ ပွဲကစား၊ ၉၈ ဂိုးသွင်းခဲ့တဲ့ နာမည်ကျော်တိုက်စစ်မှူးဟာလန်းဟာ ပရီးမီးယားလိဂ်မှာ ပွဲအရေအတွက် အနည်းဆုံးနဲ့ သွင်းဂိုး ၁၀၀ ပြည့်မဲ့ ကစားသမားအဖြစ် စံချိန်တင်နိုင်ဖို့ အခွင့်အရေးရှိနေပါပြီ။

လီဗာပူးလ်နဲ့ပွဲမှာ ဟာလန်းသာ ၂ ဂိုးသွင်းနိုင်မယ်ဆိုရင် နယူးကာဆယ်ဂန္ထဝင်တိုက်စစ်မှူး အလန်ရှီးယား(၁၂၄ ပွဲ)ကို ကျော်ဖြတ်ပြီးတော့ ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက် ပွဲအရေအတွက်နဲ့အနည်းဆုံးနဲ့ သွင်းဂိုး ၁၀၀ ပြည့်မဲ့ကစားသမားဖြစ်လာမှာပါ။

လီဗာပူးလ်အသင်းရဲ့ အီဂျစ်နာမည်ကျော်တိုက်စစ်ကစားသမား ဆာလာကလည်း မန်စီးတီးနဲ့ပွဲမှာ ပရီးမီးယားလိဂ်သမိုင်းဝင်စံချိန်ကောင်းတစ်ခု ပိုင်ဆိုင်နိုင်ဖို့ မျှော်လင့်ချက်ရှိနေပါတယ်။

ဆာလာဟာ ပရီးမီးယားလိဂ်မှာ လီဗာပူးလ်အတွက် ၁၈၈ ဂိုးသွင်း၊ ဂိုးဖန်တီးမှု ၈၈ ကြိမ်ပြုလုပ်ခဲ့ပြီး သွင်းဂိုးပါဝင်ပတ်သက်မှု ၂၇၆ ဂိုးအထိရှိနေပြီဖြစ်လို့ မန်ချက်စတာယူနိုက်တက်ဂန္ထဝင် ရွန်နီနဲ့အတူ ကလပ်အသင်းတစ်သင်းအတွက် ပရီးမီးယားလိဂ်သွင်းဂိုးပါဝင်ပတ်သက်မှု အများဆုံးအဖြစ် ပူးတွဲရပ်တည်နေပါတယ်။

တကယ်လို့ ဒီညပွဲမှာသာ ဆာလာက သွင်းဂိုး ဒါမှမဟုတ် ဂိုးဖန်တီးမှုပြုလုပ်နိုင်မယ်ဆိုရင် ရွန်နီရဲ့စံချိန်ကို ကျော်ဖြတ်နိုင်မှာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရာသီက မန်စီးတီးအသင်းဟာ လီဗာပူးလ်ကို နှစ်ကျော့စလုံး ၂-၀ ဂိုးတွေနဲ့ ရှုံးနိမ့်ခဲ့ပြီး ပြိုင်ပွဲစုံ ၄ ပွဲဆက်တိုက် အနိုင်မရခဲ့ပါဘူး။

ဒါပေမဲ့ မန်စီးတီးအသင်းဟာ ပရီးမီးယားလိဂ်လက်ရှိချန်ပီယံအသင်းတွေနဲ့ ဆုံတွေ့ခဲ့တဲ့ နောက်ဆုံး ၁၂ ပွဲမှာ ၁၀ ပွဲအထိအနိုင်ရခဲ့သလို ၁ ပွဲသာ ရှုံးနိမ့်ခဲ့ပါတယ်။ နာမည်ကျော် Opta ကတော့ အခုပွဲမှာ မန်စီးတီးအသင်းကို အနိုင်ရနိုင်ခြေအဖြစ် ၄၅.၄ % သတ်မှတ်ခဲ့ပြီး လီဗာပူးလ်ကိုတော့ ၂၇.၇ % သာ သတ်မှတ်ပေးခဲ့ပါတယ်။

နောက်ဆုံးရ မနက်ခင်း သတင်းတိုများ_______________________ယနေ့မနက် အစောပိုင်း ကစားခဲ့တဲ့ ဝါဒါဘရီမင် နဲ့ ဝုလ်ဘတ်တို့ပွဲမှာ ဝ...
08/11/2025

နောက်ဆုံးရ မနက်ခင်း သတင်းတိုများ
_______________________

ယနေ့မနက် အစောပိုင်း ကစားခဲ့တဲ့ ဝါဒါဘရီမင် နဲ့ ဝုလ်ဘတ်တို့ပွဲမှာ ဝါဒါဘရီမင်က ၂-၁ နဲ့ အနိုင်ရခဲ့ပြီး အယ်လ်ချီနဲ့ ဆိုစီဒက်စ်တို့ပွဲမှာတော့ ၁-၁ သရေနဲ့ အဆုံးသတ်ခဲ့ပါတယ်။

ဖီဖာရဲ့ အကောင်းဆုံးလူစာရင်းထဲ အဲဗားရက်ဇ် မပါဝင်ခဲ့ပေမယ့် နည်းပြ ဆီမြွန်နီကတော့ မိမိ ကစားသမားက ကမ္ဘာ့အကောင်းဆုံး ကစားသမား ဖြစ်ကြောင်း တုန့်ပြန်ပြောဆိုသွားခဲ့ပါတယ်။

မန်ယူအသင်း နောက်ခံလူ ရိုယိုကတော့ ရီးရဲလ်နဲ့ ထွက်ပေါ်နေတဲ့ သတင်းတွေကို ဘယ်တော့မှ ဖြစ်လာစရာ အကြောင်းမရှိဘူးဆိုပြီး ငြင်းဆန်သွားခဲ့ပါတယ်။

မန်စီးတီးနည်းပြ ဂွာဒီယိုလာကတော့ ယခုလအတွင်း ပွဲစဉ်ရလဒ်တွေကို ကြည့်ပြီး ဘယ်သူမှ ဖလားပေးမှာ မဟုတ်ကြောင်း ပြောဆိုသွားခဲ့ပြီး ရာသီကုန်ထိ စောင့်ကြည့်ဖို့ ဝေဖန်သူတွေကို တုန့်ပြန်သွားခဲ့ပါတယ်။

ဒေါ့မွန်နည်းပြ ကိုဗက် ကတော့ မန်စီးတီးကို ရှုံးခဲ့ပေမယ့် အချိန်မှီ နိုးထဖို့ လိုအပ်နေကြောင်း ပြောဆိုသွားခဲ့ပါတယ်။

အဂ်လန် နည်းပြ တူချယ်ကတော့ လာမယ့်မေလမတိုင်ခင်အထိ လူစာရင်း အပြောင်းအလဲများစွာ ဖြစ်ပေါ်လာနိုင်ကြောင်း ပြောဆိုသွားခဲ့ပါတယ်။

လီဗာပူးလ် နောက်ခံလူ ကွန်နာတေးကို ခေါ်ယူဖို့ အသင်း ၃ သင်း ပြင်းပြင်းထန်ထန် ဆွေးနွေးနေကြပါတယ်။

အာဆင်နယ်နည်းပြ အာတီတာကတော့ ပရီးမီးယားလိဂ်ဖလား နဲ့ ပတ်သက်ပြီး မိမိတို့ ကိုယ်တိုင် အနေအထားသိနေတာကြောင့် ဘေးကနေ လိုက်ပြောမနေကြဖို့ ပြောဆိုသွားခဲ့ပါတယ်။

လီဗာပူးလ်အသင်းဟာ ဘုန်းမောက် တောင်ပံ ကစားသမား ဆီမီညိုကို ပေါင် ၆၅ သန်းနဲ့ လာမယ့်ဆောင်းမှာ ကမ်းလှမ်းဖို့ ပြင်ဆင်ထားပါတယ်။

မန်စီးတီးအသင်းဟာ လီဗာပူးလ် ကွင်းလယ်လူ ဆိုဘော့ဇ်လိုင်းကို ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။

အက်စ်တွန်ဗီလာအသင်းဟာ ကွင်းလယ်လူ ရိုဂျာစ် ကို ၂၀၃၁ အထိ စာချုပ်သက်တမ်းတိုးဖို့ အခြေအနေကောင်းနေပါတယ်။

မန်ယူအသင်းဟာ ဆန်ချိုကို အလွတ်နဲ့ ထွက်ခွါခွင့်ပေးဖို့ ဆုံးဖြတ်လိုက်ပြီ ဖြစ်ကြောင်း သိရပါတယ်။

အယ်လ်ဟာလီမှာ သွားရောက် ကစားနေတဲ့ အိုင်ဗန်တိုနေးဟာ စပါးအသင်းထံ ပြန်လည်လာရောက် ပြောင်းရွှေ့ကစားဖို့ သတင်းထွက်နေပါတယ်။

နယူးကာဆယ် ကွင်းလယ်လူ တိုနယ်လီရဲ့ သူငယ်ချင်းများအဆိုအရ အဆိုပါ ကစားသမားဟာ အီတလီကို ပြောင်းရွှေ့ကစားဖို့ စိတ်အားထက်သန်နေပါတယ်။

နာပိုလီ အသင်းဟာ မန်ယူ ကွင်းလယ်ကစားသမား မိန်နိုးကို ခေါ်ယူလိုနေသလို ပရီးမီးယားလိဂ်ကလပ်အသင်း အတော်များများလည်း စောင့်ကြည့်နေပါတယ်။

ဝက်စ်ဟမ်းအသင်းဟာ ကွင်းလယ်လူ ပါကွီတာကို လုံးဝ ရောင်းချမှာ မဟုတ်ကြောင်း သတင်းရရှိပါတယ်။

ပီအက်စ်ဂျီအသင်းဟာ ဂါလာတာစာရေးအသင်းတိုက်စစ်မှူး အိုဆင်ဟမ်ကို ပေါင် ၁၃၁.၉ သန်းအထိ ပေးချေကမ်းလှမ်းလိုနေပါတယ်။

နောက်ဆုံးရ မနက်ခင်း သတင်းတိုများ__________________________ယနေ့မနက် အစောပိုင်း ကစားခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်တွေမှာ ချဲလ်ဆ...
06/11/2025

နောက်ဆုံးရ မနက်ခင်း သတင်းတိုများ
__________________________

ယနေ့မနက် အစောပိုင်း ကစားခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်တွေမှာ ချဲလ်ဆီးနဲ့ ကွာရာဘတ်တို့ ၂-၂ သရေကျခဲ့ပြီး မန်စီးတီးကတော့ ဒေါ့မွန်ကို ၄-၁ နဲ့ အနိုင်ရခဲ့ပါတယ်။

နယူးကာဆယ်ကလည်း ဘီဘာအို ကို ၂ ဂိုးပြတ် အနိုင်ရခဲ့သလို အင်တာမီလန်ကလည်း ကိုင်ရက် ကို ၂-၁ နဲ့ အနိုင်ရခဲ့ပါတယ်။

ဘာစီလိုနာကတော့ ကလပ်ဘရုဂျ် နဲ့ အဝေးကွင်းမှာ ၃-၃ သာ သရေကစားနိုင်ခဲ့ပြီး မော်ရင်ဟိုရဲ့ ဘင်ဖီကာ ကလည်း လေဗာကူဆင်ကို ၀-၁ နဲ့ အရေးနိမ့်ခဲ့ရပါတယ်။

အေဂျက်လည်း ဂါလာတာစာရေးကို အိမ်ကွင်းမှာတင် ၃ ဂိုးပြတ် ရှုံးနိမ့်ခဲ့ပြီး မာဆေးလ်လည်း အတ္တလန္တာကို ၀-၁ နဲ့ အရေးနိမ့်ခဲ့ကြပါတယ်။

မန်စီးတီးနည်းပြ ဂွာဒီယိုလာကတော့ ဒေါ့မွန်နဲ့ပွဲမှာ ခြေစွမ်းပြ သွင်းဂိုး ၂ ဂိုးသွင်းခဲ့တဲ့ ဖိုဒန်ဟာ နဂိုခြေစွမ်းတွေ ပြန်ရနေပြီ ဖြစ်ကြောင်း ချီးကျူးသွားခဲ့ပါတယ်။

ဆွီဒင် လက်ရွေးစင် လူစာရင်းထဲ ဒဏ်ရာကြောင့် ယိုကာရက်စ် ပါဝင်လာခြင်းမရှိပေမယ့် အိုင်စက်ခ်ကတော့ ထည့်သွင်းရွေးချယ်ခံခဲ့ရပါတယ်။

နက်ရှ်ဗီလီ နောက်ခံလူကို ကန်ကျောက်ခဲ့တဲ့ အင်တာမီယာမီ တိုက်စစ်မှူး ဆွာရက်ဇ် တစ်ပွဲပယ် ပြစ်ဒဏ်ချမှတ်ခံခဲ့ရပါတယ်။

လီဗာပူးလ်အသင်းဟာ အင်တာမီလန် အသင်းနောက်ခံလူ ဘက်စ်တိုနီကို သမိုင်းတစ်လျှောက် ဈေးအကြီးဆုံး နောက်ခံလူဖြစ်စေနိုင်မယ့် ပေါင် ၈၈.၁ သန်းဆိုတဲ့ ပမာဏနဲ့ ခေါ်ယူဖို့ စီစဉ်နေပါတယ်။

အာဆင်နယ်အသင်းဟာ ဘာစီလိုနာ စိတ်ဝင်စားနေတဲ့ ၎င်းတို့အသင်းခေါင်းဆောင် အိုဒီဂတ်ကို ပေါင် သန်း ၈၀ အထိ တန်ကြေးတိုးမြင့်ထားပါတယ်။

ချဲလ်ဆီးအသင်းဟာ လိုက်ပ်ဇစ် အသင်းကြယ်ပွင့် အသက် ၁၈ နှစ်အရွယ် ဒီယိုမန်ဒီကို ခေါ်ယူဖို့ မန်ယူအသင်းနဲ့ အပြိုင် ကြိုးစားနေပါတယ်။

အဲဗာတန် အသင်းဟာ နောက်ခံလူ ဘရိတ်ဝိတ်ကို လက်လွှတ်ခံဖို့ ဆန္ဒမရှိ ဖြစ်နေတာကြောင့် မန်ယူ အသင်းရဲ့ ကမ်းလှမ်းမှုတွေကို ပယ်ချသွားမှာ ဖြစ်ပါတယ်။

လီဗာပူးလ်အသင်းဟာ လက်ရှိ နည်းပြ စလော့သ် နေရာအစားထိုးဖို့အတွက် ကလပ်ဘရုဂျ် နည်းပြ နစ်ကီ ဟိုင်ယန်ကို စောင့်ကြည့်နေပါတယ်။

ရီးရဲလ်အသင်းဟာ ဗင်နီးရှက်ရဲ့ တန်ကြေးကို ယူရို သန်း ၁၅၀ ဝန်းကျင်သက်မှတ်လိုက်သလို ကစားသမားဘက်က နည်းပြ အလွန်ဆိုရဲ့ နည်းစနစ်တွေကို တိုက်ခိုက်ဝေဖန်မှုတွေ ပြုလုပ်ခဲ့ပါတယ်။

နော်တင်ဟမ်ဖော်ရက်စ်နဲ့ပွဲမှာ ယူနိုက်တက်တို့ နိုင်ပွဲဆက် မှတ်တမ်းကောင်း ဆက်ထိန်းနိုင်မလား________________________________...
01/11/2025

နော်တင်ဟမ်ဖော်ရက်စ်နဲ့ပွဲမှာ ယူနိုက်တက်တို့ နိုင်ပွဲဆက် မှတ်တမ်းကောင်း ဆက်ထိန်းနိုင်မလား
___________________________________________

ပရီးမီးယားလိဂ်မှာ နိုင်ပွဲဆက်နေတဲ့ မန်ချက်စတာယူနိုက်တက်အသင်းဟာ ဒီည မြန်မာစံတော်ချိန် ၉:၃၀ အချိန်ကျရင် နော်တင်ဟမ်ဖော်ရက်စ်နဲ့အဝေးကွင်းပွဲ သွားရောက်ရင်ဆိုင်ရမှာဖြစ်ပါတယ်။

ယူနိုက်တက်အသင်းဟာ ပရီးမီးယားလိဂ်နောက်ဆုံး ၃ ပွဲမှာ ဆန်းဒါးလန်း၊ လီဗာပူးလ်၊ ဘရိုက်တန်တို့ကို ဆက်တိုက်အနိုင်ရခဲ့ပြီး အမော်ရင်လက်ထက် ပထမဆုံးအဖြစ် ပရီးမီးယားလိဂ် ၃ ပွဲဆက် နိုင်ပွဲရရှိခဲ့ပါတယ်။

ယူနိုက်တက်အသင်းဟာ ၂၀၂၄ ဖေဖော်ဝါရီလတုန်းက ပရီးမီးယားလိဂ် ၄ ပွဲဆက်အနိုင်ရပြီးနောက်ပိုင်း အကောင်းဆုံးစွမ်းဆောင်ရည်ဖြစ်သလို အောက်တိုဘာလအတွင်း ပရီးမီးယားလိဂ်မှာ ရာနှုန်းပြည့်နိုင်ပွဲရခဲ့တာဆိုလို့ ယူနိုက်တက်၊ အာဆင်နယ်နဲ့ အက်စတွန်ဗီလာ ၃ သင်းသာရှိပါတယ်။

ယူနိုက်တက်တိုက်စစ်မှာ အမ်ဘူမို ခြေစွမ်းပြနေပြီး ပရီးမီးယားလိဂ်နောက်ဆုံး ၃ ပွဲမှာ ၃ ဂိုးသွင်း၊ ဂိုးဖန်တီးမှု ၁ ကြိမ်ပြုလုပ်နိုင်ခဲ့ပါတယ်။

ဘရိုက်တန်နဲ့ပွဲတုန်းက ယူနိုက်တက်ကစားသမားဘ၀ ပထမဆုံးဂိုးသွင်းနိုင်ခဲ့သူ ကူညာဟာ နော်တင်ဟမ်ဖော်ရက်စ်နဲ့ ဆုံတွေ့ခဲ့တဲ့ နောက်ဆုံး ၄ ပွဲမှာ သွင်းဂိုးပါဝင်ပတ်သက်မှု ၇ ဂိုးအထိရှိသလို ၃ ဂိုးသွင်း၊ ဂိုးဖန်တီးမှု ၄ ကြိမ်ပြုလုပ်ခဲ့ပါတယ်။

အိမ်ရှင်နော်တင်ဟမ်ဖော်ရက်စ်အသင်းကတော့ နည်းပြသစ်ရှောင်ဒိုက်ရှ်နဲ့အတူ ပွဲထွက်လာမှာဖြစ်ပြီး ရှောင်ဒိုက်ရှ်ရဲ့ပွဲဦးထွက်ဖြစ်တဲ့ ပေါ်တိုနဲ့ ယူရိုပါလိဂ်ပွဲမှာ ၂-၀ ဂိုးနဲ့အနိုင်ရခဲ့ပါတယ်။

နော်တင်ဟမ်ဖော်ရက်စ်အသင်းဟာ ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက် ပထမဆုံးအဖြစ် ယူနိုက်တက်ကို ၃ ပွဲဆက်အနိုင်ယူခဲ့ပြီး ၁၉၁၀ နောက်ပိုင်းကတည်းက ယူနိုက်တက်ကို အမှတ်ပေးပြိုင်ပွဲမှာ ၄ ပွဲဆက် မနိုင်သေးပါဘူး။

ယူနိုက်တက်အသင်းကလည်း နော်တင်ဟမ်ဖော်ရက်စ်ရဲ့ City Ground မှာ ပရီးမီးယားလိဂ် ၂ ပွဲဆက် ရှုံးနိမ့်ခဲ့ပေမဲ့ ၁၉၆၅ သြဂုတ်လကနေ ၁၉၆၇ အောက်တိုဘာလနောက်ပိုင်းကတည်းက နော်တင်ဟမ်ဖော်ရက်စ်ကို အဝေးကွင်း ၃ ပွဲဆက် မရှုံးခဲ့ပါဘူး။

ယူနိုက်တက်အသင်း နိုင်ပွဲဆက်နေပေမဲ့ နာမည်ကျော် Opta ကတော့ အခုပွဲမှာ ယူနိုက်တက်အသင်းကို အနိုင်ရနိုင်ခြေအဖြစ် ၃၅.၄ % သာ သတ်မှတ်ခဲ့ပြီး အိမ်ရှင်နော်တင်ဟမ်ဖော်ရက်စ်ကိုတော့ ၃၈.၁ % သတ်မှတ်ပေးခဲ့ပါတယ်။

ဒီရာသီ ပြိုင်ပွဲစုံမှာ လုံးဝရှုံးပွဲမရှိသေးတဲ့ ပေါ်တိုကို အနိုင်ယူပြီး နော်တင်ဟမ်ဖော်ရက်စ်နည်းပြဘ၀ ပွဲဦးထွက်မှာပဲ မှတ်တမ...
24/10/2025

ဒီရာသီ ပြိုင်ပွဲစုံမှာ လုံးဝရှုံးပွဲမရှိသေးတဲ့ ပေါ်တိုကို အနိုင်ယူပြီး နော်တင်ဟမ်ဖော်ရက်စ်နည်းပြဘ၀ ပွဲဦးထွက်မှာပဲ မှတ်တမ်းကောင်းတွေ ပိုင်ဆိုင်ခဲ့တဲ့ ရှောင်ဒိုက်ရှ်
______________________________________________

ဥရောပထိပ်သီး ပေါ်တိုနဲ့ ယူရိုပါလိဂ်အိမ်ကွင်းပွဲမှာ နော်တင်ဟမ်ဖော်ရက်စ်အသင်းက ၂-၀ ဂိုးနဲ့အနိုင်ယူပြီး နည်းပြသစ် ရှောင်ဒိုက်ရှ်ဟာ ပွဲဦးထွက်မှာ အနိုင်ရလဒ်နဲ့အဖွင့်လှခဲ့ပါတယ်။

နော်တင်ဟမ်ဖော်ရက်စ်အသင်းဟာ ရာသီအစပိုင်းက နူနိုဆန်တိုကို ရုတ်တရက် ရာထူးကနေ ထုတ်ပယ်ခဲ့ပြီး ပိုစတီကော့ဂလူးကို နည်းပြသစ် ခန့်အပ်ခဲ့ပေမဲ့ ပိုစတီကော့ဂလူးလက်ထက်မှာ အခြေအနေ ပိုဆိုးသွားသလို ပြိုင်ပွဲစုံ ၈ ပွဲဆက်တိုက် အနိုင်မရခဲ့တာကြောင့် ၃၉ ရက်အကြာမှာပဲ ရာထူးကနေ ထုတ်ပယ်ခဲ့ရပါတယ်။

ပိုစတီကော့ဂလူးကို ရာထူးက ထုတ်ပယ်ပြီး မကြာခင်မှာပဲ နော်တင်ဟမ်ဖော်ရက်စ်အသင်းဟာ ပရီးမီးယားလိဂ်ဝါရင့်နည်းပြဖြစ်တဲ့ ရှောင်ဒိုက်ရှ်ကို နည်းပြသစ်အဖြစ် ခန့်အပ်ခဲ့တာဖြစ်ပါတယ်။

ရှောင်ဒိုက်ရှ်ဟာ ဘောလုံးသမားဘဝတုန်းက နော်တင်ဟမ်ဖော်ရက်စ်နဲ့အတူ ပရော်ဖက်ရှင်ကစားသမားဘ၀ စတင်ခဲ့ပြီး ၃၅ နှစ်အကြာမှာ နည်းပြအဖြစ် တစ်ကျော့ပြန် ရောက်ရှိခဲ့ပါတယ်။

အခု သူ့ရဲ့ နော်တင်ဟမ်ဖော်ရက်စ်နည်းပြဘ၀ ပွဲဦးထွက်ဖြစ်တဲ့ ပေါ်တိုနဲ့ပွဲမှာ မော်ဂန်ဂစ်ဘ်ဝှိုက်၊ အီဂေါ်ဂျေးဆုတို့ရဲ့ ပယ်နယ်တီဂိုးတွေနဲ့ အနိုင်ရခဲ့ပြီး နော်တင်ဟမ်ဖော်ရက်စ်အသင်းဟာ နှစ်ပေါင်း ၃၀ အတွင်း ဥရောပပြိုင်ပွဲတစ်ခုမှာ ပထမဆုံးနိုင်ပွဲရရှိခဲ့တာလည်းဖြစ်ပါတယ်။

အခုပွဲမတိုင်ခင် ပေါ်တိုအသင်းဟာ ၁၁ ပွဲဆက်တိုက် ရှုံးပွဲမရှိခဲ့ပေမဲ့ အဲဒီမှတ်တမ်းကောင်းက နော်တင်ဟမ်ဖော်ရက်စ်ကြောင့် အဆုံးသတ်ခဲ့ရပါပြီ။

ရှောင်ဒိုက်ရှ်ဟာ ၂၀၂၀ နောက်ပိုင်း နော်တင်ဟမ်ဖော်ရက်စ်နည်းပြတွေထဲမှာ ပွဲဦးထွက်ကို အနိုင်နဲ့စတင်ခဲ့တဲ့ ပထမဆုံးနည်းပြဖြစ်လာသလို ပွဲပေါင်း ၂၀ အပြီးမှာ ပထမဆုံး Clean Sheet ရရှိခဲ့ပါတယ်။

ပွဲအပြီးမှာ ရှောင်ဒိုက်ရှ်က "အခုပွဲမှာ အသင်းရဲ့ကစားပုံက အားရဖို့ကောင်းခဲ့ပြီး ကျွန်တော့်ကစားသမားတွေအတွက် ကျေနပ်မိပါတယ်။ ခြေစွမ်းမကောင်းဘဲ အနိုင်ရရင်တောင် ကျွန်တော် လက်ခံမှာဖြစ်ပေမဲ့ ကစားသမားတွေဟာ ပုံစံကောင်းပြသနိုင်ခဲ့ပါတယ် . . ."

"ပွဲမတိုင်ခင်ကတည်းက ပရိသတ်တွေအတွက်၊ အသင်းအတွက် အကောင်းဆုံးဖြစ်အောင် ကြိုးစားကစားဖို့ ကျွန်တော် တိုက်တွန်းခဲ့ပြီး သူတို့တွေကလည်း အဲဒါကို အကောင်းဆုံးလုပ်ပြနိုင်ခဲ့ပါတယ်"လို့ ပြောကြားခဲ့ပါတယ်။

ဘာစီလ်ိုနာနဲ့ အိုလံပီယာကော့စ် ပွဲစဉ်မှာ အိုလံပီယာကော့စ် ကွင်းလယ်လူ ဆန်တီယာဂို ဟက်ဇီရဲ့ အနီကဒ်ပြစ်ဒဏ်ဖြစ်ခဲ့တဲ့ ဒုတိယမြော...
21/10/2025

ဘာစီလ်ိုနာနဲ့ အိုလံပီယာကော့စ် ပွဲစဉ်မှာ အိုလံပီယာကော့စ် ကွင်းလယ်လူ ဆန်တီယာဂို ဟက်ဇီရဲ့ အနီကဒ်ပြစ်ဒဏ်ဖြစ်ခဲ့တဲ့ ဒုတိယမြောက် အဝါကဒ်ဟာ အတော်ပြင်းထန်တယ်လို့ ယူဆမိပါတယ်။ ကာဆာဒိုနဲ့ ဘောလုံးယှဉ်လုရာမှတဆင့် မတော်တဆထိမိတဲ့ လက်ပြန်ရိုက်ချက်ကြောင့် ဆွစ်ဇ်ကွင်းလယ်ဒိုင် ရှနိုင်ဒါဟာ ထုတ်ပယ်ခဲ့တာဖြစ်ပြီး ဟက်ဇီဟာ ထုတ်ပယ်ပြီးချိန်ထိ ဥမင်အပေါက်ဝလေးမှာ VAR ကြည့်လို့ကြည့်ငြား ထိုင်စောင့်နေခဲ့ပါသေးတယ်။ ဒါပေမယ့် VAR အဖွဲ့ကတော့ ဘာတုန့်ပြန်မှုမှ လုပ်ခဲ့ခြင်း မရှိပါဘူး။


Crd

ယော်ကရက်စ်က ချန်ပီယံလိဂ်မှာ မတူညီတဲ့အရာတွေလုပ်ပြနိုင်မယ်လို့ ပြောလိုက်တဲ့ ဝဲလ်ကော့_________ဗစ်တာ ယော်ကရက်စ်ဟာ အာဆင််််််...
21/10/2025

ယော်ကရက်စ်က ချန်ပီယံလိဂ်မှာ မတူညီတဲ့အရာတွေလုပ်ပြနိုင်မယ်လို့ ပြောလိုက်တဲ့ ဝဲလ်ကော့
_________
ဗစ်တာ ယော်ကရက်စ်ဟာ အာဆင််််််နယ်ကို ပြောင်းလာပြီးကတည်းက ထိပ်တန်းစွမ်းဆောင်ရည် မပြသနိုက်သေးပေမယ့်လည်း သီယို ဝဲလ်််််််ကော့က စပို့တင်းကြယ်ပွင့်ဟောင်းက ချန်ပီယံလိဂ်မှာ အာတီတာရဲ့အသင်း ပျောက်ဆုံးနေတဲ့အပိုင်းအစတခုဖြစ်လိမ့်မယ်လို့ ယုံကြည်နေပါတယ်။

ယော်ကရက်စ်ဟာ အာဆင်နယ်ကစားသမားဘဝအစကို အပြုသဘောဆောင်တဲ့ စတင်မှု ပြုလုပ်နိုင်ခဲ့ပြီး ပထမဆုံး ပရီးမီးယားလိဂ် ၄ ပွဲမှာ ၃ ဂိုးအထိ သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း အသက် ၂၇ နှစ်အရွယ် တိုက်စစ်မှူးက နောက်ဆုံးကစားခဲ့တဲ့ ၇ ပွဲစလုံးမှာ ဂိုးပေါက်ပျောက်ဆုံးနေခဲ့ပြီး အာဆင်နယ်ရဲ့ နောက်ဆုံး ချန်ပီယံလိဂ်ပွဲစဉ်ဖြစ်တဲ့ အိုလံပီယာကို့စ်ကို အနိုင်ရခဲ့တဲ့ပွဲတုန်းက ယော်ကရက်စ်က မာတီနယ်လီရဲ့ သွင်းဂိုးကို ဖန်တီးပေးနိုင်ခဲ့တာဖြစ်ပါတယ်။

အာဆင်နယ်ကြယ်ပွင့်ဟောင်း သီယို ဝဲလ်ကော့က ယော်ကရက်စ်အနေနဲ့ ဥရောပမှာ အာဆင်နယ်အတွက် မတူညီတာတွေကို လုပ်ပြနိုင်လိမ့်မယ်လို့ ယုံကြည်နေပြီး ပြီးခဲ့တဲ့ရာသီ ဆီမီးဖိုင်နယ်အဆင့်အထိ တက်ခဲ့တဲ့ ဂန်းနားတွေကို အဲဒီထက် ကျော်လွန်တဲ့အဆင့်ကိုပို့ဆောင်ပေးနိုင်လိမ့်မယ်လို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။

"ချန်ပီယံလိဂ်ပြိုင်ပွဲက မနှစ်တုန်းက သူ အရမ်းကောင်းမွန်ခဲ့တဲ့နေရာလို့ ကျွန်တော် ခံစားရတယ်။ အာဆင်နယ် လိုအပ်နေခဲ့တဲ့ ကွဲပြားခြားနားမှုက ဒီလိုမျိုး မတူညီတဲ့ တိုက်စစ်မှူးမျိုးလို့ ထင်တယ်။

သူတို့မှာ ကျောနံပါတ် ၁၀ နေရာကို ရယူချင်တဲ့ ကိုင်ဟာဗတ်ဇ်ရှိပေမယ့် အဲဒီနေရာကို လိုချင်နေတဲ့ကစားသမားက အခုအချိန်မှာ ၅ ယောက်၊ ၆ ယောက်လောက်ရှိနိုင်ပါတယ်။ ယော်ကရက်စ်က အဲဒီနေရာကို လုံးဝ လိုချင်မှာမဟုတ်ပါဘူး။

သူက ဘောလုံး မထိရဘဲနဲ့တောင် တော်တော်လေး ပျော်ရွှင်နေပုံပေါ်ပါတယ်။သူ တော်တော်ပျော်နေပါတယ်။ဘာလို့လဲဆိုတော့ သူက ဗဟိုခံစစ်ကစားသမားတွေနဲ့ နည်းနည်း တွန်းထိုးပြီး ကစားနေရတဲ့အချိန်မှာ အသင်းအတွက် ပါဝင်ပတ်သက်နေရတယ်လို့ ခံစားရလို့ပါ။

ဒါပေမယ့် ကျွန်တော် မြင်ခဲ့ရတာတွေနဲ့ပတ်သက်​ပြီးလည်း ပျော်ရွှင်မိပါတယ်။ လူတော်တော်များများက သူ့ကို ဂိုးမသွင်းလို့ဆိုပြီး ပြောနေကြတယ်။ ဒါပေမယ့် ကျွန်တော့်အတွက်တော့ သူက ပြိုင်ဘက်ခံစစ်ကို ဝရုန်းသုန်းကားအခြေအနေတွေဖြစ်အောင် ဖန်တီးပေးနေတယ်။ တခြားလူတွေအတွက် အခွင့်အရေးတွေဖန်တီးပေးနေတယ်၊ သူက တခြားကစားသမားတွေဆီက အကောင်းဆုံးပုံစံရအောင် လုပ်ပေးနေပါတယ်။

ကျွန်တော်ထင်တာက ပရီးမီးယားလိဂ်က ကွဲပြားခြားနားတယ်။ အာဆင်နယ်က ချန်ပီယံလိဂ်မှာ အောင်​မြင်မှုရချင်ပြီး သူက ခံစစ််််််တွေကို မတူညီတဲ့ပုံစံနဲ့ နေရာဝင်ယူပြီး ကွဲပြားခြားနားမှုတွေ ပြုလုပ်ပေးမယ်လို့ ထင်ပါတယ်။ ပြီးတော့ ချန်ပီယံလိဂ်က ပရီးမီးယားလိဂ်လိုမဟုတ်ဘဲ နည်းနည်းဖွင့်ဆော့ကြတာကြောင့် သူ့အတွက် ပိုပြီး ကစားရလွယ်ကူနိုင်တယ်လို့ ထင်တယ်။ ခင်ဗျား သူ့ကို ပီအက်စ်ဂျီနဲ့ ကစားမယ့်ပွဲ ပွဲထွက်လူစာရင်းထဲထည့်ရင် သူက ဂိုးတွေအများအပြား သွင်းယူနိုင်မှာပါ။ ဘာလို့လဲဆိုတော့ အရင်တုန်းကလည်း သူ ဂိုးတွေသွင်းယူခဲ့ဖူးလို့ပါ"လို့ ပြောကြားခဲ့ပါတယ်။


လီဗာပူးလ်နဲ့ပွဲမှာ စွမ်းဆောင်ရည်ကောင်းပြသနိုင်လို့ ချီးကျူးခံနေရတဲ့ လန်မန်စ်__________________________________ပရီးမီးယား...
20/10/2025

လီဗာပူးလ်နဲ့ပွဲမှာ စွမ်းဆောင်ရည်ကောင်းပြသနိုင်လို့ ချီးကျူးခံနေရတဲ့ လန်မန်စ်
__________________________________

ပရီးမီးယားလိဂ် လက်ရှိချန်ပီယံ လီဗာပူးလ်ကို အနိုင်ရတဲ့ပွဲမှာ မန်ချက်စတာယူနိုက်တက်အတွက် စွမ်းဆောင်ရည်ကောင်းပြသခဲ့သူ ဂိုးသမား ဆန်နေးလန်မန်စ်ကို ဆယ်စုနှစ်အတွင်း အသင်းရဲ့အကောင်းဆုံးကစားသမားခေါ်ယူမှုထဲမှာ တစ်ဦးအပါအဝင်အဖြစ် ပရိသတ်တွေက ချီးကျူးနေကြပါတယ်။

ယူနိုက်တက်အသင်းဟာ အန်ဖီးလ်မှာ ၂၀၁၆ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ပရီးမီးယားလိဂ်နိုင်ပွဲရယူခဲ့ပြီး လန်မန်စ်ကလည်း အရေးပါတဲ့ကာကွယ်မှုတွေ ပြုလုပ်နိုင်ခဲ့ပါတယ်။

လီဗာပူးလ်နဲ့ပွဲမတိုင်ခင် လန်မန်စ်ကို ယူနိုက်တက်ဂန္ထဝင်ဂိုးသမားကြီး ပီတာရှမိုက်ကယ်က လူကိုယ်တိုင်လာရောက်တွေ့ဆုံခဲ့ပြီး လန်မန်စ်ကလည်း ပီတာရှမိုက်ကယ် ကြည့်ရှုတဲ့ပွဲမှာ အကောင်းဆုံးကစားပြနိုင်ခဲ့ပါတယ်။

အသက် ၂၃ နှစ်အရွယ်ရှိပြီဖြစ်သူ ဘယ်လ်ဂျီယံလက်ရွေးစင်ဂိုးသမား လန်မန်စ်ဟာ ဒီရာသီအစက ယူနိုက်တက်ကို ပေါင် ၁၈ သန်းနဲ့ရောက်ရှိခဲ့ပြီး ဆန်းဒါးလန်းကို ၂-၀ ဂိုးနဲ့အနိုင်ရတဲ့ပွဲမှာ အသင်းအတွက် ပွဲဦးထွက်ခဲ့သလို ဒီရာသီ ပရီးမီးယားလိဂ်ရဲ့ ပထမဆုံး Clean Sheet ကို ရယူခဲ့ပါတယ်။

လီဗာပူးလ်နဲ့ပွဲမှာလည်း အမော်ရင်က လန်မန်စ်ကို ဆက်လက်ပွဲထုတ်ခဲ့ပြီး ပွဲချိန်အတွင်းမှာ လန်မန်စ်က အီဆက်ခ်ရဲ့ အပိုင်ကန်ချက်တစ်ကြိမ်အပါအဝင် ဂိုးပေါက်ကာကွယ်မှု ၅ ကြိမ်ပြုလုပ်နိုင်ခဲ့ပါတယ်။

အခုပွဲမှာ လီဗာပူးလ်အသင်းဟာ ဂိုးရနိုင်ခြေ ၂.၂၅ အထိရှိခဲ့ပေမဲ့ လန်မန်စ်ရဲ့လက်စွမ်းပြမှုကြောင့် ဂတ်ပို သွင်းတဲ့ ၁ ဂိုးသာ ဂိုးဝင်ခဲ့တာဖြစ်ပါတယ်။

ပွဲအပြီးမှာ ယူနိုက်တက်ပရိသတ်တွေက 'အသင်းအတွက် လန်မန်စ် ကစားတာ အခုမှ ၂ ပွဲသာရှိသေးပေမဲ့ သူက ပြီးခဲ့တဲ့ ဆယ်စုနှစ်အတွင်း ယူနိုက်တက်ခေါ်ယူခဲ့တဲ့ အကောင်းဆုံးကစားသမားစာရင်းထဲမှာ တစ်ဦးအပါအဝင်ဖြစ်လာတော့မှာပါ . .'၊

'ယူနိုက်တက်ကတော့ ထီပေါက်သွားပါပြီ။ လန်မန်စ်က တကယ်ကောင်းတဲ့ ဂိုးသမားတစ်ဦးဖြစ်ပါတယ်'၊ 'ငါတို့ရဲ့ စိတ်ပျက်စရာအခြေအနေကို ပြောင်းလဲပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ် .လန်မန်စ်ရေ'လို့ အွန်လိုင်းမှာ ချီးကျူးရေးသားခဲ့ကြပါတယ်။

တမာတွေချို၊ မိုးတွေပြို၊ ကောင်းကင်က ရေစီး၊ မြေကြီးက နေထွက်တဲ့နေ့ . .အန်ဖီးလ်မှာ လီဗာပူးလ်ကို ယူနိုက်တက် အနိုင်ယူ________...
19/10/2025

တမာတွေချို၊ မိုးတွေပြို၊ ကောင်းကင်က ရေစီး၊ မြေကြီးက နေထွက်တဲ့နေ့ . .အန်ဖီးလ်မှာ လီဗာပူးလ်ကို ယူနိုက်တက် အနိုင်ယူ
____________________________________________

ဒုတိယပိုင်းမှာ နှစ်သင်းစလုံး ပေါက်ကရတွေကစားပြီး ယူနိုက်တက်က မက်ဂွိုင်းယားရဲ့ ခေါင်းတိုက်ဂိုးနဲ့ အန်ဖီးလ်မှာ လီဗာပူးလ်ကို ရှားရှားပါးပါး ပရီးမီးယားလိဂ်နိုင်ပွဲရခဲ့ပါပြီ။

ဒီရာသီမှာ ခံစစ်ကို တစ်ပွဲတစ်မျိုး မရိုးအောင် အပြောင်းအလဲလုပ်နေတဲ့ အမော်ရင်က အခုပွဲမှာ မက်ဂွိုင်းယား၊ ဒီလိဂ်၊ လုခ်ရှောတို့ကို ပွဲထွက်သုံးခဲ့ပြီး ဒီအတွဲအဖက်က ပိုပြီးတော့ အလုပ်ဖြစ်သလိုပဲ။ နောက်ပိုင်းနှစ်တွေမှာ မက်ဂွိုင်းယားက ယူနိုက်တက်ရဲ့ Savior ဖြစ်လာပြီး သူ့ရဲ့ဂိုးတွေနဲ့ ယူနိုက်တက်ကို မကြာခဏဆိုသလို ကယ်တင်ပေးနေတယ်။

အခုပွဲမတိုင်ခင်ကတည်းက ပြိုင်ပွဲစုံ ၃ ပွဲဆက်ရှုံးနိမ့်ပြီး စိတ်ဓာတ်ပိုင်း တည်ငြိမ်မှုပျောက်ဆုံးနေတဲ့ လီဗာပူးလ်ကစားသမားတွေဟာ Confidence Out သလိုဖြစ်နေပြီး အိမ်ကွင်းမှာတောင် စုစည်းမှုရှိရှိ မကစားနိုင်ခဲ့ဘူး။ ပွဲစလို့ ၆၂ စက္ကန့်အကြာမှာပဲ ဒီယာလို ထိုးပေးတာကနေ အမ်ဘူမိုက ပိတ်သွင်းပြီးတော့ လီဗာပူးလ်ပရိသတ်တွေကို စောစောစီးစီး Shock ဖြစ်အောင် လုပ်ပြခဲ့ပါတယ်။

ဒီဂိုးမှာ အမ်ဘူမိုရဲ့ ကြိုးစားအားထုတ်မှုကို ချီးကျူးရမှာဖြစ်ပြီး မက်အယ်လစ္စတာနဲ့ဝင်တိုက်မိလို့ လဲကျနေတာကနေ ချက်ချင်းပြေးထပြီးတော့ ဂိုးသွင်းခဲ့တာဖြစ်ပါတယ်။ လီဗာပူးလ်အသင်းမှာ အဆိုးရွားဆုံးကစားသမား ၂ ဦးကတော့ အသင်းခေါင်းဆောင် ဗန်ဒိုက်နဲ့ ဆာလာတို့ပါပဲ။

ဒတ်ချ်ခံစစ်ကျောက်ဆောင်ကြီး ဗန်ဒိုက်က အခုပွဲမှာ ချာတိတ်လေးတစ်ယောက်လို ကစားသွားပြီး ယူနိုက်တက်ကို အချဉ်အသင်းလို့ သတ်မှတ်ထားတဲ့ ဆာလာကလည်း ဘာမှကို မလုပ်ပြနိုင်ခဲ့ဘူး။ ဂတ်ပိုကတော့ မိနစ် ၉၀ အတွင်း Zero ဖြစ်လိုက် Hero ဖြစ်လိုက်နဲ့ အတက်အကျကြမ်းခဲ့တယ်။

ဂတ်ပိုက အရေးပါတဲ့ ချေပဂိုးသွင်းခဲ့ပေမဲ့ အပိုင်ကန်ချက် ၂ ကြိမ် ဂိုးတိုင်ထိခဲ့သလို သေချာပေါက်ဂိုးရမဲ့ ခေါင်းတိုက်ချက်ကလည်း မယုံနိုင်လောက်အောင် ဘေးထွက်ခဲ့ပြန်ပါတယ်။

ယူနိုက်တက်ရဲ့ ၁၂ ယောက်ကစားသမားကတော့ နှစ်ဖက်ကွင်းဘက်ခြမ်းက ဂိုးတိုင်တွေပါပဲ။ ဒုတိယပိုင်းမှာ အမော်ရင်က ကတ်စ်မဲရိုး၊ ဒီယာလိုတို့ကို စောစောစီးစီး လူစားလဲခဲ့ပြီး နှစ်ယောက်စလုံးက အဝါကတ်တွေထိခဲ့တာကြောင့် အမော်ရင် စိုးရိမ်စိတ်များသွားပုံရပါတယ်။ ကတ်စ်မဲရိုး ထွက်သွားချိန်မှာ ယူနိုက်တက်ကွင်းလယ်က တည်ငြိမ်မှုပျောက်ဆုံးသွားသလို ကစားကွက်ပါ ပျက်သွားတယ်။

လီဗာပူးလ်ကလည်း ယူနိုက်တက်အပြိုင်ညံ့ပြီး Normal Passing ၊ Ball Control တွေက စိတ်ပျက်စရာကောင်းခဲ့သလို နှစ်သင်းစလုံးက ကိုယ့်ခြေထောက်ထဲမှာ ဘောလုံးထိတာက ၄ ချက် မပြည့်ခင်မှာပဲ ဘောလုံးပျက်ပျက်သွားတာက ဆိုးဆိုးရွားရွားပဲ။

ဒုတိယပိုင်းမှာ နှစ်သင်းစလုံးက အင်္ဂလန်ရဲ့အောင်မြင်မှုအများဆုံးကလပ်တွေလို့တောင် မထင်ရဘဲ ရပ်ကွက်အဆင့် ခြေစွမ်းနဲ့ကစားနေတာကို ထိုင်ကြည့်နေရတာက စိတ်ပျက်စရာကောင်းလွန်းပါတယ်။

၇၈ မိနစ်မှာ ခီယေဆာ ချိုးပေးတာကနေ ဂတ်ပိုက ပြေးဝင်ပိတ်ပြီးတော့ ချေပဂိုးသွင်းခဲ့ပြီး အဲဒီနောက်ပိုင်းမှာလည်း လီဗာပူးလ် တိုက်စစ်က အခွင့်အရေးတွေရခဲ့ပေမဲ့ အလွဲလွဲအချော်ချော်ဖြစ်နေတာကြောင့် ဂိုးထပ်မရခဲ့ဘူး။ ယူနိုက်တက်ရဲ့အဖိုးတန်အနိုင်ဂိုးကို ၈၄ မိနစ်မှာ ဘရူနိုဖာနန်ဒက်စ် ကန်တင်ပေးလိုက်တာကနေ မက်ဂွိုင်းယားက ခေါင်းတိုက်ပြီးတော့ သွင်းယူခဲ့ပါတယ်။

အခုနိုင်ပွဲကြောင့် ယူနိုက်တက်အသင်းဟာ ဒတ်ချ်နာမည်ကျော်နည်းပြကြီး ဗန်ဟားလ်လက်ထက် ၂၀၁၆ ခုနှစ်နောက်ပိုင်း အန်ဖီးလ်မှာ လီဗာပူးလ်ကို ပထမဆုံးအကြိမ် ပရီးမီးယားလိဂ်နိုင်ပွဲရခဲ့ပြီး အမော်ရင်ကလည်း ယူနိုက်တက်နည်းပြဘဝမှာ ပထမဆုံးအကြိမ် ပရီးမီးယားလိဂ် ၂ ပွဲဆက် အနိုင်ရခဲ့ပါပြီ။

လီဗာပူးလ်ကတော့ ၂၀၁၄ နောက်ပိုင်း ပထမဆုံးအကြိမ် ပြိုင်ပွဲစုံ ၄ ပွဲဆက်တိုက်ရှုံးနိမ့်ခဲ့သလို ၂၀၂၁ နောက်ပိုင်း ပရီးမီးယားလိဂ် ၃ ပွဲဆက်တိုက် ရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။

အာနေးစလော့တ် နိုင်ပွဲပြန်ယူနိုင်မလား . .အမော်ရင် ပထမဆုံးအကြိမ် ပရီးမီးယားလိဂ် ၂ ပွဲဆက်အနိုင်ရသွားမလား___________________...
19/10/2025

အာနေးစလော့တ် နိုင်ပွဲပြန်ယူနိုင်မလား . .အမော်ရင် ပထမဆုံးအကြိမ် ပရီးမီးယားလိဂ် ၂ ပွဲဆက်အနိုင်ရသွားမလား
___________________________________________

ပရီးမီးယားလိဂ်ပွဲစဉ် ၈ ရဲ့ ပွဲကြီးပွဲကောင်းအဖြစ် တနင်္ဂ​နွေ နေ့မှာ လက်ရှိချန်ပီယံ လီဗာပူးလ်အသင်းဟာ သမိုင်းကြောင်းအစဉ်အလာပြိုင်ဘက်ကြီး မန်ချက်စတာယူနိုက်တက်ကို အန်ဖီးလ်ကွင်းမှာ လက်ခံကစားသွားမှာဖြစ်ပါတယ်။

လီဗာပူးလ်အသင်းဟာ ရာသီအစပိုင်းမှာ နောက်ကျဂိုးတွေနဲ့ နိုင်ပွဲတွေရခဲ့ပေမဲ့လည်း ပြိုင်ပွဲစုံနောက်ဆုံး ၃ ပွဲဆက်တိုက် နောက်ကျဂိုးတွေနဲ့ ရှုံးနိမ့်ခဲ့ပြီး အာနေးစလော့တ်ရဲ့နည်းပြဘဝတစ်လျှောက် ပြိုင်ပွဲစုံ ၃ ပွဲဆက်ရှုံးနိမ့်ခဲ့တာက ပထမဆုံးပါပဲ။

ဒါပေမဲ့ လီဗာပူးလ်တို့ ရှုံးနိမ့်ခဲ့တဲ့ ၃ ပွဲက အဝေးကွင်းမှာဖြစ်ပြီး ဒီရာသီ အိမ်ကွင်းပြိုင်ပွဲစုံ ၅ ပွဲမှာ ၅ ပွဲစလုံး အနိုင်ရခဲ့ပါတယ်။

အမော်ရင်ရဲ့ ယူနိုက်တက်အသင်းကတော့ မတ်လတုန်းက လက်စတာကို ၃-၀ ဂိုးပြတ်အနိုင်ရပြီးနောက်ပိုင်းကတည်းက ပရီးမီးယားလိဂ်အဝေးကွင်းနောက်ဆုံး ၈ ပွဲဆက်တိုက် နိုင်ပွဲမရှိတော့ဘဲ ၂ ပွဲသရေ၊ ၆ ပွဲအထိ ရှုံးနိမ့်ခဲ့ပါတယ်။

ယူနိုက်တက်အသင်းဟာ ဂန္ထဝင်နည်းပြကြီးဖာဂူဆန်လက်ထက် ၁၉၈၉ စက်တင်ဘာတုန်းက အဝေးကွင်း ၁၁ ပွဲဆက်တိုက် နိုင်ပွဲပျောက်ပြီးနောက်ပိုင်း အမှတ်ပေးပြိုင်ပွဲမှာ အဝေးကွင်း ၉ ပွဲဆက်နိုင်ပွဲမရတာ တစ်ခါမှ မရှိခဲ့ပါဘူး

ယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့ရာသီတုန်းက လက်ရှိချန်ပီယံ မန်စီးတီးကို အစ်တီဟတ်မှာ ၂-၁ ဂိုးနဲ့အနိုင်ရခဲ့ပေမဲ့ ၂၁ ရာစုအတွင်း ပရီးမီးယားလိဂ် လက်ရှိချန်ပီယံအသင်းကို အဝေးကွင်း ၂ ပွဲဆက်တိုက် မနိုင်တော့ပါဘူး။

ဒီရာသီမှာ ရုန်းကန်နေရတဲ့ လီဗာပူးလ်အဓိကတိုက်စစ်ကစားသမား ဆာလာဟာ ယူနိုက်တက်နဲ့ဆိုရင် ခြေမြူးလေ့ရှိပြီး ပရီးမီးယားလိဂ်မှာ ယူနိုက်တက်ကို သွင်းဂိုးအများဆုံးအဖြစ် ၁၃ ဂိုး၊ ယူနိုက်တက်နဲ့ပွဲတွေမှာ သွင်းဂိုးပါဝင်ပတ်သက်မှု အများဆုံးကစားသမားအဖြစ် ၁၉ ဂိုးနဲ့ စံချိန်တင်ခဲ့ပါတယ်။

လီဗာပူးလ်အသင်းဟာ ၂၀၂၁ ဖေဖော်ဝါရီလတုန်းက ပရီးမီးယားလိဂ်မှာ ၄ ပွဲဆက်ရှုံးပြီးနောက်ပိုင်းကတည်းက ပရီးမီးယားလိဂ် ၃ ပွဲဆက် မရှုံးတော့ပါဘူး။

လီဗာပူးလ်အသင်းရဲ့ ဒုတိယမြောက် ဗြိတိန်စံချိန်တင်ပြောင်းရွှေ့ကြေးပိုင်ရှင် ဖလော်ရီယန်ဗစ်ဇ်ဟာ ပရီးမီးယားလိဂ်မှာ အခွင့်အရေးဖန်တီးနိုင်မှု ၁၁ ကြိမ်၊ ဂိုးပေါက်ကန်ချက် ၉ ကြိမ်အထိပြုလုပ်နိုင်ပေမဲ့ အခုအထိ သွင်းဂိုးပါဝင်ပတ်သက်မှု မရှိဘဲ ရုန်းကန်နေရပါတယ်။

လီဗာပူးလ်အသင်းဟာ နောက်ပိုင်းနှစ်တွေမှာ ယူနိုက်တက်ကို ပရီးမီးယားလိဂ်ထိပ်တိုက်ဆုံတွေ့မှုမှာ သိသိသာသာ အသာစီးယူနိုင်ပြီး နောက်ဆုံး ၁၄ ပွဲမှာ ၁ ပွဲသာ ရှုံးနိမ့်ခဲ့သလို ၇ ပွဲနိုင်၊ ၆ ပွဲသရေကျခဲ့ပါတယ်။

ယူနိုက်တက်အသင်းကတော့ အန်ဖီးလ်ကျိန်စာဆိုးကို ရပ်တန့်နိုင်အောင် ကြိုးစားရမှာဖြစ်ပြီး ၂၀၁၆ ဇန်နဝါရီလတုန်းက ရွန်နီရဲ့တစ်လုံးတည်းသောဂိုးနဲ့အနိုင်ယူပြီးနောက်ပိုင်း ပရီးမီးယားလိဂ်မှာ ၉ ပွဲဆက်တိုက် မနိုင်တော့ပါဘူး။

အမော်ရင်ဟာ ယူနိုက်တက်နည်းပြဘဝမှာ ပထမဆုံးအကြိမ် ပရီးမီးယားလိဂ် ၂ ပွဲဆက်အနိုင်ရအောင် ကြိုးစားရမှာဖြစ်ပေမဲ့ အန်ဖီးလ်ကျိန်စာဆိုးကို ရပ်တန့်နိုင်ဖို့ မလွယ်ကူပါဘူး။ နာမည်ကျော် Opta က အခုပွဲမှာ လီဗာပူးလ်အသင်း အနိုင်ရနိုင်ခြေအဖြစ် ၇၃.၃ % အထိ သတ်မှတ်ထားပြီး ယူနိုက်တက်ကိုတော့ အနိုင်ရနိုင်ခြေ ၁၁.၂ % သာ သတ်မှတ်ခဲ့ပါတယ်။

Address

Taunggon

Opening Hours

Monday 08:30 - 19:00
Tuesday 08:30 - 19:00
Wednesday 08:30 - 19:00
Thursday 08:30 - 19:00
Friday 08:30 - 19:00
Saturday 08:30 - 19:00
Sunday 08:30 - 19:00

Telephone

+959773130366

Website

Alerts

Be the first to know and let us send you an email when BaMg 24/7 Service posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share