Tachileik တာချီလိတ် ท่าขี้เหล็ก

Tachileik တာချီလိတ် ท่าขี้เหล็ก เมืองท่าขี้เหล็ก , รัฐฉาน , ประเทศพม่? เมืองท่าขี้เหล็ก , รัฐฉาน , ประเทศพม่า
(365)

ဗီယနမ် ခရီးစဉ်ပါ ၉လပ်ိုင်း နဲ့ ၁၀လပိုင်းဆက်သွယ်မေးမြန်းရန် 09458035125
27/07/2026

ဗီယနမ် ခရီးစဉ်ပါ
၉လပ်ိုင်း နဲ့ ၁၀လပိုင်း
ဆက်သွယ်မေးမြန်းရန်
09458035125

26/07/2026

မယ်ဆိုင်ချောင်း ရေမြင့်တက်ပြီး မြေနိမ့်ပိုင်းမှာ ချောင်းရေများဝင်ရောက်

၂၆ ဇူလိုင်လ ၂၀၂၆ ( Eastern ThanLwin)

စွန်ရဲ

တာချီလီတ်မြို့မှာ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း မိုးများအဆက်မပြတ်ရွာသွန်းမှုကြောင့် မယ်ဆိုင်ချောင်းရေ မြင့်တက်လာကာ မြေနိမ့်ပိုင်း တာလော့စျေးတွင် ချောင်းရေများဝင်ရောက်ပြီး စိုးရိမ်ရေအမှတ်ရောက်ရန် အနည်းငယ်သာ လိုတော့တယ်လို့ ပုန်းထွန် ဇလဗေဒတိုင်းတာ‌ရေးစခန်းက သိရှိရပါတယ်။

တာလော့စျေးအနောက်ဘက် မြေနိမ့်ပိုင်း ပြည်သူ့စစ်ဂိတ်ဖက်ခြမ်းတွင် ဇူလိုင် (၂၅)ရက်နေ့ ညနေ (၅)နာရီကျော်လောက်က ချောင်းရေများစိမ့်ဝင်လာနေပေမယ့် ဆိုးဝါးတဲ့ အခြေအနေမှာ မရှိသေးပါဘူး။

တာချီလိတ်မြို့ ပုန်းထွန်ဇလဗေဒ တိုင်းတာရေးစခန်းရဲ့ ထုတ်ပြန်ချက်အရ ယနေ့ ဇူလိုင် (၂၅)ရက်နေ့ ည (၈) နာရီ ခွဲ အချိန်တိုင်းထွက်ချများအရ မယ်ဆိုင်ချောင်း ရေအမှတ်မှာ ( ၃၁၆ )စင်တီမီတာဖြစ်ပြီး စိုးရိမ်ရေအမှတ်ရောက်ရန် (၇၄) စင်တီမီတာ အနည်းငယ်သာလိုတော့တယ်လို့ သိရှိရပါတယ်။

“အခုက မယ်ဆိုင်ချောင်းရေတက်လာတော့ ရေတံခါးပိတ်ထားပြီ။ ဒါပေမဲ့ ချောင်းရေကတက်နေပြီး ဒီဖက်မြောင်းရေက နိမ့်နေတော့ ရေက ပြန်မကျသေးဘူး။ ဒီအတိုင်းပဲ ရေငြိမ်ပြီး ဝပ်နေတာလို့” တာလော့ရပ်ကွက်နေ ပြည်သူ့စစ်အဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

အရင်က တာလော့စျေး မြေနိမ့်ပိုင်းရပ်ကွက်တွေမှာ ရေထိန်းတံခါးမရှိတဲ့အတွက် ရွှံ့တွေ၊ နုန်းတွေနဲ့ ရေတက်တာမြန်ပြီး ရေပြန်ကျသွားရင်လည်း ရွှံ့တွေနုန်းတွေ ခဏခဏရှင်းရတယ်။ အခုတော့ ရေထိန်းတံခါးရှိတာကြောင့် ရေတွေအရင်လိုဝင်တာ ချက်ချင်းမဝင်တော့ဘူး။ ဖြေးဖြေးချင်း စိမ့်ပြီးဝင်နေတာလို ဒေသခံတစ်ဦးကပြောပါတယ်။

တာချီလိတ်မြို့မှာ ရေကြီးရေလျှံမှုကာကွယ်ရေးအအတွက် မယ်ဆိုင်ချောင်းတစ်လျှောက်တွင် ပုန်းထုန်းရပ်ကွက်မှာ ရေထိန်းတံခါး (၄)ခု၊ တာလော့ရပ်ကွက်မှာ ရေထိန်းတံခါး (၂)ခု၊ မယ်ခေါင်ရပ်ကွက်မှာ ရေထိန်းတံခါး (၁)ခုထားရှိပြီး ‌ရေကြီးရေလျှံမှုနည်းအောင် ရေထိန်းတံခါးကို ဖွင့်/ပိတ် လုပ်ဆောင်နေတာဖြစ်ပါတယ်။

#ရေဘေးအန္တရာယ်
#မယ်ဆိုင်ချောင်းရေ
#တာလော့ရပ်ကွက်
#မြေနိမ့်ပိုင်း
#တာချီလိတ်

https://t.me/+13Tc7H7JT802NjA1

https://tiktok.com/

https://youtube.com/?si=XM0I3fm-yAG778VG

05/07/2026
ဆစ်ဆောင်ပန်းနားလည်း ထွက်တော့မယ်နော်မယ်ဆိုင် - ချင်းခေါင် - ဆစ်ဆောင်ပန်းနား (တရုတ် တိုင်းလိ)၃လပိုင်း နောက်ဆုံးပတ်လောက်ထွက...
04/02/2026

ဆစ်ဆောင်ပန်းနားလည်း ထွက်တော့မယ်နော်
မယ်ဆိုင် - ချင်းခေါင် - ဆစ်ဆောင်ပန်းနား (တရုတ် တိုင်းလိ)
၃လပိုင်း နောက်ဆုံးပတ်လောက်ထွက်ပါမယ်
ရွှေဧည့်သည်တော်တိုင်းဖိတ်ခေါ်ပါတယ်ခ
📲🇲🇲09458035125
📲🇹🇭0848083735

ဆစ်ဆောင်ပန်းနားလည်း ထွက်တော့မယ်နော်
မယ်ဆိုင် - ချင်းခေါင် - ဆစ်ဆောင်ပန်းနား (တရုတ် တိုင်းလိ)
၃လပိုင်း နောက်ဆုံးပတ်လောက်ထွက်ပါမယ်
ရွှေဧည့်သည်တော်တိုင်းဖိတ်ခေါ်ပါတယ်ခ
09458035125
0848083735

เชียงตุง เราก็ไป + เชียงแสน คิงโรมันด้วยไปด้วยกันสอบถามได้ที่ 📲 0848083735ไลน์ID 🍀 0848083735
04/02/2026

เชียงตุง เราก็ไป + เชียงแสน คิงโรมันด้วย
ไปด้วยกัน
สอบถามได้ที่ 📲 0848083735
ไลน์ID 🍀 0848083735

เชียงตุง เราก็ไป + เชียงแสน คิงโรมันด้วย
ไปด้วยกัน
สอบถามได้ที่ 0848083735
ไลน์ID 0848083735

👍👍👍
08/11/2025

👍👍👍

၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၂၄ ရက်၊ ည ၉:၂၁ နာရီတွင် မိဖုရားကြီး  Queen Sirikit နတ်ရွာစံသွားခဲ့ပြီဖြစ်ပါတယ်။အောက်တိုဘာ ၂၄ ရက...
25/10/2025

၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၂၄ ရက်၊ ည ၉:၂၁ နာရီ
တွင် မိဖုရားကြီး Queen Sirikit နတ်ရွာစံသွားခဲ့ပြီဖြစ်ပါတယ်။

အောက်တိုဘာ ၂၄ ရက်နေ့တွင် တော်ဝင်အိမ်တော်ထိန်းရုံးမှ ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့ပြီး မိဖုရားကြီး Queen Sirikit ကို ကုသပေးနေသော ဆေးအဖွဲ့ဟာ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ ၇ ရက်နေ့မှစ၍ သူမ၏ကျန်းမာရေးကို စောင့်ကြည့်ရန်အတွက် ထိုင်းကြက်ခြေနီအသင်း၊ ချူလာလောင်ကွန်းဆေးရုံသို့ တက်ရောက်ခွင့်ပြုရန် တောင်းဆိုခဲ့တာပါ။

ထိုင်းကြက်ခြေနီအသင်း၊ ချူလာလောင်ကွန်းဆေးရုံတွင် တက်ရောက်ကုသနေနေစဉ်အတွင်း မိဖုရားကြီးဟာအကြိမ်ပေါင်းများစွာ ဖျားနာခဲ့ပြီး ဆေးအဖွဲ့များသည် ခန္ဓာကိုယ်တစ်ခုလုံးတွင် မူမမှန်မှုအမျိုးမျိုးကို တွေ့ရှိခဲ့ပြီး ဆေးဆက်လက် ကုသမှုခံယူခဲ့ပါတယ်။

၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၁၇ ရက်နေ့မှစ၍ မိဖုရားကြီး Queen Sirikit ဟာသွေးပိုးဝင်ခြင်းကို ခံစားနေပြီး

ဆေးအဖွဲ့၏ အကောင်းဆုံးကြိုးပမ်းမှုများရှိနေသော်လည်း သူမရဲ့အခြေအနေဟာ တဖြည်းဖြည်းဆိုးရွားလာခဲ့ပါတယ်။

၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၂၄ ရက်၊ သောကြာနေ့၊ ည ၉:၂၁ နာရီတွင် အသက် ၉၃ နှစ်အရွယ်တွင် ထိုင်းကြက်ခြေနီအသင်း၊ ချူလာလောင်ကွန်းဆေးရုံ၌ ငြိမ်းချမ်းစွာ နတ်ရွာစံသွားခဲ့ပါတယ်။

ဘုရင်မင်းမြတ်ဟာ တော်ဝင်အစဉ်အလာနှင့်အညီ အမြင့်ဆုံးတော်ဝင်ဂုဏ်ထူးဖြင့် ဈာပနအခမ်းအနားကို စီမံခန့်ခွဲရန်နှင့် သူမ၏ရုပ်အလောင်းကို နန်းတော်ရှိ ဒူဆစ်မဟာပရဆတ်ပလ္လင်တော်တွင် ထားရှိရန် တော်ဝင်အိမ်တော်ထိန်းရုံးအား တော်ဝင်အမိန့်ထုတ်ပြန်ခဲ့ပါတယ်။

ဘုရင်မင်းမြတ်ဟာ တော်ဝင်မိသားစုဝင်များအား ဈာပနအခမ်းအနားသို့ တက်ရောက်ခွင့်ပြုခဲ့ပြီး တော်ဝင်တရားရုံးရှိ တော်ဝင်အမှုထမ်းအားလုံးသည် မိဖုရားကြီး နတ်ရွာစံသည့်နေ့မှစ၍ တစ်နှစ်ကြာ ဝမ်းနည်းကြေကွဲကြမှာပဲဖြစ်ပါတယ်။

တော်ဝင်အိမ်တော်ထိန်းရုံး
၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၂၄ ရက်

08/10/2025

Address

Tachileik
06271

Website

Alerts

Be the first to know and let us send you an email when Tachileik တာချီလိတ် ท่าขี้เหล็ก posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Establishment

Send a message to Tachileik တာချီလိတ် ท่าขี้เหล็ก:

Shortcuts

Share