Wave Sittwe Family Karaoke & Restaurant

Wave Sittwe Family Karaoke & Restaurant Gathering Place for Families & Friends, We offer best premium decorated room with best sound system, varieties of delicious food & drink menu ..
(347)

ကျန်းမာရွှင်လန်းသော သီတင်းကျွတ်အခါသမယလေးဖြစ်ကြပါစေကြောင်း Wave မိသားစုမှ ဆုမွန်ကောင်းတောင်းအပ်ပါတယ် 🙏🙏🙏
28/10/2023

ကျန်းမာရွှင်လန်းသော သီတင်းကျွတ်အခါသမယလေးဖြစ်ကြပါစေကြောင်း Wave မိသားစုမှ ဆုမွန်ကောင်းတောင်းအပ်ပါတယ် 🙏🙏🙏

“ဝန်ထမ်းအလိုရှိသည်”——————————စစ်တွေမြို့ရှိ Wave Family Karaoke & Restaurant တွင် လုပ်ကိုင်ရန်အတွက် အောက်ဖော်ပြပါ နေရာမျ...
13/09/2023

“ဝန်ထမ်းအလိုရှိသည်”
——————————
စစ်တွေမြို့ရှိ Wave Family Karaoke & Restaurant တွင် လုပ်ကိုင်ရန်အတွက် အောက်ဖော်ပြပါ နေရာများအတွက် ဝန်ထမ်းများအလိုရှိပါသည်။

1. Assistant Manager - 1 post
- တက္ကသိုလ်တခုခုမှ ဘွဲ့ရရှိပြီးသူဖြစ်ရမည်။
- ဝန်ထမ်းများကို စနစ်တကျစီမံခန့်ခွဲနိုင်သူဖြစ်ရမည်။
- လုပ်ငန်းဆောင်တာများကို စနစ်တကျလုပ်ဆောင်နိုင်ပြီး အဖွဲ့အစည်းကို ဦးဆောင်နိုင်သူဖြစ်ရမည်။
- ဆိုင်၏ Target ပြည့်မီအောင် ဆောင်ရွက်နိုင်သူဖြစ်ရမည်။
- Management တာဝန်ရှိသူသို့ သတ်မှတ်ထားသည့်အတိုင်း Report ပြုလုပ်နိုင်သူဖြစ်ရမည်။
- Word, Excel ကျွမ်းကျင်စွာပြုလုပ်နိုင်ပြီး Computer & Audio နှင့် ပတ်သက်ပြီး ဗဟုသုတရှိသူဖြစ်ရမည်။
- ဆက်ဆံရေးပြေပြစ်ပြီး အဖွဲ့အစည်းနှင့် ပူးပေါင်းဆောင်ရွက်နိုင်သူ ဖြစ်ရမည်။
- စားသောက်ဆိုင်နှင့် ပတ်သက်ပြီး လုပ်ငန်းအတွေ့အကြုံရှိသူကို ဦးစားပေးပါမည်။

2. Supervisor - 2 posts
- ဆယ်တန်းအောင်မြင်ပြီးသူ ဖြစ်ရမည်။
- နေ့စဉ်တာဝန်များကို ပြီးမြောက်အောင်လုပ်ဆောင်နိုင်ပြီး ဝန်ထမ်းများကို ကြီးကြပ်နိုင်သူ ဖြစ်ရမည်။
- ဆိုင်မှ သတ်မှတ်ထားသော စည်းကမ်းများကို လိုက်နာပြီး သက်ဆိုင်ရာ တာဝန်ရှိသူထံသို့ သတင်းပို့နိုင်သူဖြစ်ရမည်။
- ကွန်ပျူတာ၊ Audio system နှင့်ပတ်သက်ပြီး ဗဟုသုတရှိသူ ဖြစ်ရမည်။

3. Cashier - 2 posts
- ဆယ်တန်းအောင်မြင်ပြီးသူ ဖြစ်ရမည်။
- အကျင့်စာရိတ္တကောင်းမွန်သူ ဖြစ်ရမည်။
- စာရင်းဇယားများပြုလုပ်နိုင်ပြီး Word, Excel အသုံးပြုနိုင်သူ ဖြစ်ရမည်။
- ချမှတ်ထားသော စည်းကမ်းများနှင့်အညီ လုပ်ငန်းဆောင်တာများကို အချိန်မီ ပြီးမြောက်အောင် ဆောင်ရွက်နိုင်ရမည်။

4. ဓားကိုင် ကျွမ်းကျင် - 2 posts
- တစ်ကိုယ်ရည် သန့်ရှင်းရေ ကောင်းမွန်ပြီး ကျန်းမာသူဖြစ်ရမည်။
- စားဖိုမှူးချမှတ်ထားသည့် စည်းကမ်းနှင့် နည်းလမ်းများကို လုပ်ဆောင်နိုင်သူဖြစ်ရမည်။

ဖော်ပြပါနေရာများအတွက် လျှောက်ထားလိုသူများသည်
- အကျင့်စာရိတ္တကောင်းမွန်သူ ဖြစ်ရမည်။
- တက်ကြွပြီး အဖွဲ့အစည်းနှင့် ပူးပေါင်းလုပ်ကိုင်နိုင်သူဖြစ်ရမည်။

စိတ်ပါဝင်စားပြီး လျှောက်ထားလိုပါက September 30 ရက်နေ့ နောက်ဆုံးထားပြီး CV နှင့်အတူ Wave Family Karaoke & Restaurant သို့ လူကိုယ်တိုင်ဖြစ်စေ၊ Viber ဖုန်းနံပါတ် - ၀၉ ၅၀၀ ၇၅၁၄ သို့ CV ပေးပို့ပြီး ဖြစ်စေ လျှောက်ထားနိုင်ပါသည်။

Wave Family Karaoke & Restaurant
အမှတ် ၄၀၁၊ လမ်းမကြီး၊ လမ်းမတော်တောင်ရပ်ကွက်၊ စစ်တွေမြို့။
ဖုန်း - ၀၉၈ ၉၉၇၇ ၆၆၈၈

WE ARE BACK 👏👏👏Wave ကိုစောင့်မျှော်နေကြတဲ့ ချစ်ရတဲ့ Customer များအတွက် အင်္ဂါနေ့ (15/8) နေ့မှစပြီး ပြန်လည်ဖွင့်လှစ်တော့မ...
14/08/2023

WE ARE BACK 👏👏👏

Wave ကိုစောင့်မျှော်နေကြတဲ့ ချစ်ရတဲ့ Customer များအတွက် အင်္ဂါနေ့ (15/8) နေ့မှစပြီး ပြန်လည်ဖွင့်လှစ်တော့မည်ဖြစ်ပါကြောင်း သတင်းကောင်းလေးပါးအပ်ပါတယ်နော် ✌️✌️

🎙 ဆိုင်ပြန်လည်ဖွင့်လှစ်တဲ့အနေနဲ့ August လမှာမွေးဖွားတဲ့ မွေးနေ့ရှင်လေးများအတွက် အခန်းခအပေါ်မှာ 10% Discount ပေးသွားမှာဖြစ်တဲ့အတွက် မှတ်ပုံတင် (သို့) လိုင်စင် တခုခုယူဆောင်ပေးခဲ့ကြပါရန်လည်း မေတ္တာရပ်ခံအပ်ပါတယ်။

🎙ချစ်ရတဲ့ဘော်ဒါတွေနဲ့အတူ သီချင်းလေးတွေအတူတူဆိုရင်း အမှတ်တရအချိန်လေးတွေ ဖန်တီးပေးနိုင်ဖို့ အခုပဲ ကြိုတင်ဘိုကင်လုပ်လိုက်ကြရအောင် 😍😍



Wave Sittwe Family Karaoke & Restaurant
အမှတ် ၄၀၁၊ လမ်းမကြီး၊ လမ်းမတော်တောင်ရပ်ကွက်၊ စစ်တွေမြို့။
ဖုန်း - ၀၉၈ ၉၉၇၇ ၆၆၈၈, ၀၉၈ ၉၉၇၇၆၆၉၉

ဝန်ထမ်းအလိုရှိသည်——————————စစ်တွေမြို့ရှိ Wave Family နှင့် Restaurant တွင် လုပ်ကိုင်ရန်အတွက် အောက်ဖော်ပြပါ နေရာများအတွက...
11/07/2023

ဝန်ထမ်းအလိုရှိသည်
——————————
စစ်တွေမြို့ရှိ Wave Family နှင့် Restaurant တွင် လုပ်ကိုင်ရန်အတွက် အောက်ဖော်ပြပါ နေရာများအတွက် ဝန်ထမ်းများအလိုရှိပါသည်။

(1) Supervisor - 2 posts
(2) Waiter - 3 posts

ဖော်ပြပါနေရာများအတွက် လျှောက်ထားလိုသူများသည်
- အကျင့်စာရိတ္တကောင်းမွန်သူ ဖြစ်ရမည်။
- တက်ကြွပြီး အဖွဲ့အစည်းနှင့် ပူးပေါင်းလုပ်ကိုင်နိုင်သူဖြစ်ရမည်။

စိတ်ပါဝင်စားပြီး လျှောက်ထားလိုပါက CV နှင့်အတူ Wave Family Karaoke & Restaurant သို့ လူကိုယ်တိုင်ဖြစ်စေ၊ ဖုန်း - ၀၉ ၄၅၃ ၆၃၄ ၉၈၉ သို့ဖြစ်စေ ဆက်သွယ်ပြီး လျှောက်ထားနိုင်ပါသည်။

Wave Family Karaoke & Restaurant
အမှတ် ၄၀၁၊ လမ်းမကြီး၊ လမ်းမတော်တောင်ရပ်ကွက်၊ စစ်တွေမြို့။

ကဆုန်လပြည့် ဗုဒ္ဓနေ့🙏🙏🙏====================ကဆုန်လပြည့်နေ့ကတော့ ဗုဒ္ဓဘာသာဝင်များအတွက် နေ့ထူးနေ့မြတ် တစ်ရက်ဖြစ်ပြီး ဗျာဒိတ...
03/05/2023

ကဆုန်လပြည့် ဗုဒ္ဓနေ့🙏🙏🙏
====================
ကဆုန်လပြည့်နေ့ကတော့ ဗုဒ္ဓဘာသာဝင်များအတွက် နေ့ထူးနေ့မြတ် တစ်ရက်ဖြစ်ပြီး ဗျာဒိတ်၊ ဖွားမြင်၊ ဗောဓိပင်၊ စံဝင် နိဗ္ဗာန် နန်း ဆိုသည်နှင့်အညီ သဗ္ဗညုမြတ်စွာဘုရားနှင့် စပ်လျဉ်း၍ ထူးခြားချက် လေးမျိုးနှင့် ပြည့်စုံတဲ့အတွက် ဤနေ့ကို 'ကဆုန်လပြည့် ဗုဒ္ဓနေ့' ဟု အမွှန်းတင်ခေါ်ဆိုကြခြင်း ဖြစ်ပါတယ်။ မြန်မာ့ရိုးရာ ၁၂လရာသီပွဲတော်များအနက် ကဆုန်လ၌ ညောင်ရေသွန်းပွဲတော်ကို ရိုးရာပွဲတော်အဖြစ် အစဉ်အလာ သတ်မှတ်ခဲ့ကြပါသည်။

ဗျာဒိတ်၊ ဖွားမြင်၊ ဗောဓိပင်၊ စံဝင် နိဗ္ဗာန် နန်း ဆိုသည့် ကဆုန်လပြည့် ဗုဒ္ဓနေ့ ဖြစ်လာရသည့် အကြောင်းအရာများကတော့

- ဘုရားလောင်းတော် သုမေဓာရှင်ရသေ့ကို ဤဘဒ္ဒကမ္ဘာတွင် လေးဆူမြောက် ဂေါတမဘုရားစင်စစ်ဖြစ်လိမ့်မည်ဟု ဒီပင်္ကရာ မြတ်စွာဘုရားထံမှ နိယတဗျာဒိတ်တော် ခံယူတဲ့နေ့က ကဆုန်လပြည့်နေ့ ဖြစ်ခြင်း

- ဂေါတမဘုရားလောင်းတော် ဖြစ်လာမယ့် သိဒ္ဓတ္ထမင်းသား ဖွားမြင်ခဲ့တဲ့နေ့ကလည်း မဟာသက္ကရာဇ် ၆၈ ခု၊ ကဆုန်လပြည့်နေ့ပဲ ဖြစ်ခြင်း

- ဂေါတမဘုရားလောင်း ဗောဓိပင်အောက်မှာ မြတ်စွာဘုရားအဖြစ် ပွင့်ခဲ့တဲ့ နေ့ရက်ကလည်း မဟာသက္ကရာဇ် ၁၀၃ ခု၊ ကဆုန်လပြည့်နေ့ပဲ ဖြစ်ခြင်း

- ဂေါတမ မြတ်စွာဘုရား ပရိနိဗ္ဗာန်စံတော်မူခဲ့တဲ့နေ့ကလည်း မဟာသက္ကရာဇ် ၁၄၈ ခု ကဆုန်လပြည့်နေ့ပဲ ဖြစ်ခြင်း တို့ကြောင့် ပဲ ဖြစ်ပါတယ်။ 🙏🙏🙏

ကဆုန်လပြည့်နေ့မှာဆိုရင် မြတ်စွာဘုရား ဘုရားပွင့်တော်မူခဲ့သည့် ပရိဘောဂစေတီထိုက်သော ဗောဓိပင်ကို ရေသွန်းလောင်းလေ့ရှိကြပြီး ဗောဓိပင်သည် သဗ္ဗညုတဉာဏ်တော်ကိုရ၍ ဘုရားဖြစ်တော်မူရာ ဌာနဖြစ်ခြင်း၊ ဖွားဘက်တော် ခုနှစ်ပါးတွင် စားရင်းဝင်ဖြစ်ခြင်းတို့ ကြောင့် ထူးခြားပါသည်။ ဤသို့ မြတ်စွာ ဘုရားနှငိ့ တိုက်ရိုက်ဆက်စပ်နေသည့် ဗောဓိပင်၌ ရေသွန်းလောင်းပူဇော်ခြင်း အစဉ်အလာကို ခေတ်အဆက်ဆက်ပြု လုပ်လာခဲ့ကြပါသည်။

ကဆုန်လပြည့်နေ့ကို မြန်မာနိုင်ငံတွင်သာမက ဗုဒ္ဓဘာသာကိုးကွယ်ကြသောနိုင်ငံများဖြစ်ကြသည့် သီရိလင်္ကာ၊ ထိုင်းနိုင်ငံ၊ ကမ္ဘောဒီးယား၊ လာအို နိုင်ငံတို့တွင်လည်း ပွဲတော်များကျင်းပပြုလုပ်ကြပါတယ်။ ၁၉၉၉ ခုနှစ် ဒီဇင်ဘာလ ၁၃ ရက်နေ့မှာတော့ အပြည်ပြည်ဆိုင်ရာ ရုံးပိတ်ရက်နေ့ Vesak Universal Holiday နေ့အဖြစ် ကုလသမဂ္ဂကသတ်မှတ်ခဲ့ပါတယ်။

ကဆုန်လပြည့် ဗုဒ္ဓနေ့မှာ ကောင်းမှုကုသိုလ်များ ပြုလုပ်နိုင်ပြီး စိတ်ချမ်းသာ ကိုယ်ကျန်းမာနဲ့ လိုရာဆန္ဒတွေပြည့်ဝကြပါစေလို့ တောင်းဆုခြွေလျက် 🙏🏻🙏🏻🙏🏻



Wave Sittwe Family Karaoke & Restaurant

💕💕ဘော်ဒါတွေအတူဆုံနိုင်ဖို့ Wave ရဲ့ “တန်မှတန်” Packages🎙ကဲ ချစ်ရတဲ့အမျိုးတို့အတွက် သီချင်းတွေဆိုရင်းအပီဟဲနိုင်ဖို့ အခန်း...
24/04/2023

💕💕ဘော်ဒါတွေအတူဆုံနိုင်ဖို့ Wave ရဲ့ “တန်မှတန်” Packages

🎙ကဲ ချစ်ရတဲ့အမျိုးတို့အတွက် သီချင်းတွေဆိုရင်းအပီဟဲနိုင်ဖို့ အခန်းခလည်းပါ၊ အစားအသောက်လည်းပါပြီး အရမ်းတန်တဲ့ အပြီးအစီး “တန်မှတန်” Packages လေးတွေလာပါပြီနော် 😍😍😍

Package လေးတွေမှာပါဝင်တဲ့ အသေးစိတ်လေးတွေကို ပုံလေးတစ်ခုချင်းဆီမှာ ဖော်ပြပေးထားပါတယ်နော် ✌️

“တန်မှတန်” Package လေးတွေကို 24th April ကနေစပြီး 24th May အထိ ရောင်းချပေးသွားမှာပဲဖြစ်ပါတယ် 👏👏

ဘော်ဒါတွေဆုံရင်း အမှတ်တရအချိန်လေးတွေကိုဖန်တီးနိုင်ဖို့ အခုပဲဘိုကင်လုပ်လိုက်တော့နော် 📞



Wave Sittwe Family Karaoke & Restaurant
အမှတ် ၄၀၁၊ လမ်းမကြီး၊ လမ်းမတော်တောင်ရပ်ကွက်၊ စစ်တွေမြို့။
ဖုန်း - ၀၉၈ ၉၉၇၇ ၆၆၈၈, ၀၉၈ ၉၉၇၇၆၆၉၉

ရောဂါဘယကင်းဝေးပြီး ဘေးအန္တရာယ်ကင်းရှင်းသော မင်္ဂလာနှစ်သစ်ဖြစ်ပါစေကြောင်း ဆုမွန်ကောင်းတောင်းလျက် ....“Wave Family Karaoke...
17/04/2023

ရောဂါဘယကင်းဝေးပြီး ဘေးအန္တရာယ်ကင်းရှင်းသော မင်္ဂလာနှစ်သစ်ဖြစ်ပါစေကြောင်း ဆုမွန်ကောင်းတောင်းလျက် ....

“Wave Family Karaoke & Restaurant”

25% off အထိရနိုင်မယ့် Wave Sittwe ရဲ့ March PromoWave Sittwe ကို အမြဲလာရောက်အားပေးကြတဲ့ ချစ်ရတဲ့ ဘော်ဒါတို့အတွက် အခန်းခပ...
20/03/2023

25% off အထိရနိုင်မယ့် Wave Sittwe ရဲ့ March Promo

Wave Sittwe ကို အမြဲလာရောက်အားပေးကြတဲ့ ချစ်ရတဲ့ ဘော်ဒါတို့အတွက် အခန်းခပေါ်မှာ 25% off အထိရရှိနိုင်မယ့် MARCH PROMOTION လေးလာပါပြီနော် 😍😍😍

Promotion Campaign လေးကတော့ ၂၀-၃-၂၃ ကနေ ၃၀-၃-၂၃ အထိဖြစ်ပြီး
2 Hrs for 15 % off on room charges နဲ့
3 Hrs for 25% off on room charges ပေးသွားမှာပဲဖြစ်ပါတယ်။ 👏👏👏

ချစ်ခင်ရတဲ့ ဘော်ဒါတွေနဲ့အတူတူ အမှတ်တရအချိန်လေးတွေကို သီချင်းလေးတွေသီဆိုရင်း ဖန်တီးနိုင်ကြဖို့ အခုပဲ Wave Sittwe ကို ဘိုကင်တင်လိုက်ကြရအောင်နော် 🎙🎙🎙



Wave Sittwe Family Karaoke & Restaurant
အမှတ် ၄၀၁၊ လမ်းမကြီး၊ လမ်းမတော်တောင်ရပ်ကွက်၊ စစ်တွေမြို့။
ဖုန်း - ၀၉၈ ၉၉၇၇ ၆၆၈၈, ၀၉၈ ၉၉၇၇၆၆၉၉

အချိန်ပိုတွေရမယ့် Wave ရဲ့ Extra Time Promotion-------------------------------------------🎙 Wave ရဲ့ ချစ်ရတဲ့ Customers ...
23/02/2023

အချိန်ပိုတွေရမယ့် Wave ရဲ့ Extra Time Promotion
-------------------------------------------
🎙 Wave ရဲ့ ချစ်ရတဲ့ Customers များအတွက် သီချင်းတွေ ပိုပြီးဟဲနိုင်စေဖို့အတွက် အချိန်ပိုတွေရမယ့် Extra Time Promotion လေးကို စတင်ပေးလိုက်ပါပြီနော် 😍

🗓 Promotion Period - 23rd Feb 23 to 5th Mar 23

😍 Promo Campaign
=================
Monday to Saturday
- Every 2 Hr for Extra 60 mins

Sunday
- Every 2.5 Hr for Extra 30 mins

🙋🏻‍♂️ ချစ်ရတဲ့ ဘော်ဒါတွေနဲ့အတူတူ သီချင်းတွေဆိုကြဖို့ အခုပဲ ဘိုကင်တင်လိုက်ရအောင်နော် ✌️✌️



Wave Sittwe Family Karaoke & Restaurant
အမှတ် ၄၀၁၊ လမ်းမကြီး၊ လမ်းမတော်တောင်ရပ်ကွက်၊ စစ်တွေမြို့။
ဖုန်း - ၀၉၈ ၉၉၇၇ ၆၆၈၈, ၀၉၈ ၉၉၇၇၆၆၉၉

Wave Sittwe ရဲ့ ချစ်ရတဲ့ Customers များအတွက် 2+1 Promotion လေးကို ပြုလုပ်ပေးလိုက်ပါပြီ 😍ပိုမိုကောင်းမွန်သော သီဆိုခံစားမှ...
25/01/2023

Wave Sittwe ရဲ့ ချစ်ရတဲ့ Customers များအတွက် 2+1 Promotion လေးကို ပြုလုပ်ပေးလိုက်ပါပြီ 😍

ပိုမိုကောင်းမွန်သော သီဆိုခံစားမှုများရရှိအောင် Large Room များတွင်ပါ Projector များပြောင်းလဲတပ်ဆင်ထားပြီး အသံစနစ်ကို မြှင့်တင်ထားပေးပြီဆိုတော့ ဘော်ဒါတွေနဲ့အတူ အားရပါးရသီဆိုနိုင်ပြီနော် 🎙

ဒါ့အပြင် 25th Jan မှ 4th Feb 2023 အထိ New Large Room တွေကို 2+1 Promotion လေးပါပေးထားပြီဆိုတော့ အခုပဲဘိုကင်ပြုလုပ်လိုက်ကြရအောင်နော် ✌️



Wave Sittwe Family Karaoke & Restaurant
အမှတ် ၄၀၁၊ လမ်းမကြီး၊ လမ်းမတော်တောင်ရပ်ကွက်၊ စစ်တွေမြို့။
ဖုန်း - ၀၉၈ ၉၉၇၇ ၆၆၈၈, ၀၉၈ ၉၉၇၇၆၆၉၉

May the New Year bring you happiness, peace, and prosperity. Wishing you a joyous 2023! 🎙️ 𝙒𝘼𝙑𝙀 𝙎𝙄𝙏𝙏𝙒𝙀 𝙁𝘼𝙈𝙄𝙇𝙔 𝙆𝘼𝙍𝘼𝙊𝙆𝙀 & ...
31/12/2022

May the New Year bring you happiness, peace, and prosperity. Wishing you a joyous 2023!

🎙️ 𝙒𝘼𝙑𝙀 𝙎𝙄𝙏𝙏𝙒𝙀 𝙁𝘼𝙈𝙄𝙇𝙔 𝙆𝘼𝙍𝘼𝙊𝙆𝙀 & 𝙍𝙀𝙎𝙏𝘼𝙐𝙍𝘼𝙉𝙏

ပျော်ရွှင်ချမ်းမြေ့စရာကောင်းသော ခရစ်စမတ်အချိန်လေးများပိုင်ဆိုင်နိုင်ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းလျက်"𝙼𝙴𝚁𝚁𝚈 𝙲𝙷𝚁𝙸𝚂𝚃𝙼𝙰𝚂...
25/12/2022

ပျော်ရွှင်ချမ်းမြေ့စရာကောင်းသော ခရစ်စမတ်အချိန်လေးများပိုင်ဆိုင်နိုင်ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းလျက်

"𝙼𝙴𝚁𝚁𝚈 𝙲𝙷𝚁𝙸𝚂𝚃𝙼𝙰𝚂 𝚃𝙾 𝚈𝙾𝚄 𝙰𝙻𝙻" 🎄🎄🎄

🎙𝐖𝐚𝐯𝐞 𝐒𝐢𝐭𝐭𝐰𝐞 𝐅𝐚𝐦𝐢𝐥𝐲 𝐊𝐚𝐫𝐚𝐨𝐤𝐞 & 𝐑𝐞𝐬𝐭𝐚𝐮𝐫𝐚𝐧𝐭

Address

No. 401, Main Road, Lan Ma Daw Taung Quarter
Sittwe

Opening Hours

Monday 14:00 - 23:30
Tuesday 14:00 - 23:30
Wednesday 14:00 - 23:30
Thursday 14:00 - 23:30
Friday 14:00 - 23:30
Saturday 14:00 - 23:30
Sunday 14:00 - 23:30

Website

Alerts

Be the first to know and let us send you an email when Wave Sittwe Family Karaoke & Restaurant posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category