Rakhine New

Directions

Rakhine New Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Rakhine New, Escape Game Room, Sittwe.

28/07/2026

Celebrating my 5th year on Facebook. Thank you for your continuing support. I could never have made it without you. 🙏🤗🎉

27/07/2026
လက်ရှိ မဒိမ်း အမှူနပတ်သတ်လို့ ရခိုင်ပြည်သူလူထုများက တရားခံကို သေဒဏ်ပေးရန် တောင်းဆိုနေကြပါတယ် သေဒဏ်မပေးနိုင်ပါက ဖာရုံများ...
27/07/2026

လက်ရှိ မဒိမ်း အမှူနပတ်သတ်လို့
ရခိုင်ပြည်သူလူထုများက တရားခံကို သေဒဏ်ပေးရန် တောင်းဆိုနေကြပါတယ် သေဒဏ်မပေးနိုင်ပါက ဖာရုံများများ ဖွင့်ပေးပါ မဟုတ်ပါက အောက်က အဝတ်အား ရောင်းပါ
#ပရဟိ #ပုဒ်မ #ရခိုင်လူထု

မောင်တောမှာ စစ်ကောင်စီတပ်နဲ့ မူဆလင်လက်နက်ကိုင်အဖွဲ့တွေ ထောင်ထားခဲ့တဲ့ မိုင်းတွေကို AA က ရှင်းလင်းနေ ရခိုင်ပြည်၊ မောင်တော...
27/07/2026

မောင်တောမှာ စစ်ကောင်စီတပ်နဲ့ မူဆလင်လက်နက်ကိုင်အဖွဲ့တွေ ထောင်ထားခဲ့တဲ့ မိုင်းတွေကို AA က ရှင်းလင်းနေ

ရခိုင်ပြည်၊ မောင်တောမြို့သိမ်း တိုက်ပွဲအတွင်းမှာ စစ်ကောင်စီတပ်နဲ့ အကြမ်းဖက် မူဆလင်လက်နက်ကိုင်အဖွဲ့တွေ ထောင်ထားခဲ့တဲ့ မိုင်းတွေကို အာရက္ခတပ်တော် AA က ရှင်းလင်းနေတယ်လို့ မောင်တောမြို့နယ်ရှိ ဒေသခံတွေဆီက သိရပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ ၂၅ ရက်နေ့၊ နံနက် ၇ နာရီကျော်အချိန်မှ စတင်ကာ မောင်တောမြို့နယ်ရှိ ရွာချင်းဆက် လမ်းပိုင်းနေရာတွေကို အာရက္ခတပ်တော် AA မှ မိုင်းရှင်းလင်းရေး ပြုလုပ်ခဲ့ရာ အရင်က စစ်ကောင်စီတပ်နဲ့ အကြမ်းဖက် မူဆလင်လက်နက်ကိုင်အဖွဲ့တွေ ထောင်ထားခဲ့တဲ့ မြေမြှုပ်မိုင်း (၆၇) လုံးကို ရှင်းလင်းနိုင်ခဲ့တယ်လို့လည်း သိရပါတယ်။

မောင်တောမြို့နယ်မှ ဇူလာ (မူဆလင်)၊ ဟိုရီတာလာ (မူဆလင်)၊ ဤတာလီယာ (မူဆလင်)၊ ဇာင်တီလာ (မူဆလင်) စတဲ့ကျေးရွာတွေကို သွားလာတဲ့ ရွာချင်းဆက်လမ်းတွေတစ်လျှောက်ရှိ M-14 အမျိုးအစား မြေမြှုပ်မိုင်း (၆၇) လုံးကို ရှင်းလင်းနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ ၄ ရက်နေ့ကလည်း အာရက္ခတပ်တော် AA ဟာ မောင်တောမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်နဲ့ မူဆလင်လက်နက်ကိုင်အဖွဲ့တွေ ဖြစ်ကြတဲ့ ARSA၊ RSO ထောင်ထားခဲ့တဲ့ M-14 မြေမြှုပ်မိုင်း (၃၅) လုံးကိုလည်း ရှင်းလင်းခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် AA ဟာ မောင်တောခရိုင်အတွင်းရှိ ဒေသခံပြည်သူတွေ သွားလာနေတဲ့ လမ်းတွေတစ်လျှောက်နဲ့ တော၊ တောင်နေရာတွေမှာလည်း မိုင်းနဲ့ စစ်ကျန်လက်နက်တွေကို ဆက်လက်ရှင်းလင်း ပေးနေတယ်လို့လည်း သိရပါတယ်။

ရခိုင်ပြည်အတွင်း အာရက္ခတပ်တော် AA ဟာ မိုင်းနဲ့ စစ်ကျန် လက်နက်အန္တရာယ်ဆိုင်ရာ အသိပညာပေး ဟောပြောပွဲတွေ ပြုလုပ်တာ၊ မိုင်းအန္တရာယ်ဆိုင်ရာ သတိပေး ဆိုင်းဘုတ်တွေ စိုက်ထူတာ၊ မိုင်းအန္တရာယ်ဆိုင်ရာပညာပေး လက်ကမ်းစာစောင်တွေ ဖြန့်ဝေပေးတာ စတဲ့လုပ်ငန်းတွေကို တစ်ပြည်နယ်လုံးအတိုင်းအတာနဲ့ ဆက်လက်လုပ်ဆောင်လျက်ရှိနေတယ်လို့လည်း သိရပါတယ်။

New #စကစ #𝔸𝕣𝕒𝕜𝕒𝕟𝕄𝕦𝕤𝕚𝕔 #ရခိုင်သတင်း

ပုဏ္ဏားကျွန်းက အမျိုးသမီးငယ်ကို အဓမ္မပြုကျင့်သတ်ဖြတ်မှုတွင် ဖမ်းဆီးထားသူ ၃ ဦးက ပြစ်မှုကျူးလွန်ကြောင်း ဝန်ခံဟု ဒီလပ်ဌာနထု...
27/07/2026

ပုဏ္ဏားကျွန်းက အမျိုးသမီးငယ်ကို အဓမ္မပြုကျင့်သတ်ဖြတ်မှုတွင် ဖမ်းဆီးထားသူ ၃ ဦးက ပြစ်မှုကျူးလွန်ကြောင်း ဝန်ခံဟု ဒီလပ်ဌာနထုတ်ပြန်

DMG | ဇူလိုင် ၂၇

ရခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့နယ်တွင် အမျိုးသမီးတစ်ဦး အဓမ္မပြုကျင့်သတ်ဖြတ်ခံရမှုတွင် သံသယရှိသူ ၃ ဦးကို ဖမ်းဆီးစစ်ဆေးလျက်ရှိရာ အဆိုပါပြစ်မှုကို ၎င်းတို့ကိုယ်တိုင် ကျူးလွန်ခဲ့ကြောင်း ဝန်ခံထွက်ဆိုထားသည်ဟု ULA/AA ၏ တရားဥပဒေစိုးမိုးရေးနှင့် ပြည်သူ့လုံခြုံရေးဌာန (DLEPS) က သတင်းထုတ်ပြန်သည်။

ပြစ်မှုကျူးလွန်ကြောင်း ဝန်ခံထွက်ဆိုသူ ၃ ဦးမှာ ဆင်အင်းကြီးကျေးရွာမှ မောင်တင်ဝင်း (၃၇ နှစ်)၊ ကြံခင်းစစ်ဘေးရှောင်စခန်းတွင် နေထိုင်သူ မောင်အေးကျော် (ခ) မောင်ပု (၂၉ နှစ်) နှင့် မောင်သန်းစိုး (ခ) င/လုံး (၂၁ နှစ်) တို့ ဖြစ်ကြသည်။

ဖြစ်စဉ်မှာ ဇူလိုင်လ ၁၈ ရက်နေ့က ပုဏ္ဏားကျွန်းမြို့နယ်၊ အောင်ဆိပ်ကျေးရွာမှ အသက် (၂၃) နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦးမှာ ပျောက်ဆုံးသွားခဲ့ခြင်းဖြစ်သည်။ ထို့နောက် ဇူလိုင်လ ၂၂ ရက်၊ ညနေ ၄ နာရီ ၄၅ မိနစ်ခန့်တွင် တန်းစွယ်-ကျော်ဇံရွာ သွားလမ်းဘေးရှိ သရက်တောခြံအတွင်း မြောင်းထဲ၌ အင်္ကျီအဖြူရောင် လက်ရှည်ဝတ်ဆင်ထားပြီး အောက်ပိုင်းအဝတ်အစားမရှိဘဲ လက်ထိပ်နောက်ပြန်ခတ်လျက် ပုပ်ပွသေဆုံးနေသည့် အဆိုပါအမျိုးသမီး၏ ရုပ်အလောင်းကို ဒေသခံတစ်ဦးက စတင်တွေ့ရှိခဲ့ခြင်းဖြစ်သည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ သက်ဆိုင်ရာ နယ်မြေဒီလပ်စခန်းက ဇူလိုင်လ ၂၃ ရက်နေ့တွင် ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၀၂ (အမှုအမှတ် ပ ၁၈/၂၀၂၆) ဖြင့် အမှုဖွင့်လှစ်ကာ စုံစမ်းစစ်ဆေးမှုများ စတင်ပြုလုပ်ခဲ့သည်။

စစ်ဆေးမေးမြန်းမှုများအရ ပုဏ္ဏားကျွန်းမြို့နယ်၊ အောင်ဆိပ်ကျေးရွာမှ ပျောက်ဆုံးနေသည့် အသက် (၂၃) နှစ်အရွယ် အမျိုးသမီးအား အဓမ္မပြုကျင့်ရန် ကြိုတင်ကြံရွယ်၍ အကူအညီတောင်းခံသည့် ပုံစံဖြင့် လှည့်ဖြားခေါ်ဆောင်ကာ ရက်ရက်စက်စက်သတ်ဖြတ်၍ အလောင်းဖျောက်ခဲ့ကြောင်း ပထမဆုံး ဖမ်းဆီးရမိသည့် မောင်တင်ဝင်းက ဝန်ခံခဲ့ကြောင်း သိရသည်။

၎င်း၏ထွက်ဆိုချက်အရ ၎င်းသည် အမဲသားရောင်းချသည့် လုပ်ငန်းလုပ်ကိုင်သူဖြစ်ပြီး သေဆုံးသူ အမျိုးသမီးနှင့် ၂၀၂၄ ခုနှစ်တည်းက သိကျွမ်းခဲ့သူဖြစ်ကြောင်း၊ ဖြစ်စဉ်ဖြစ်ပွားသည့်နေ့က အမျိုးသမီးအား မုဒိမ်းကျင့်ရန် ကြိုတင်ကြံစဉ်ကာ ဘေးတွဲဆိုင်ကယ်ဖြင့် ခေါ်ဆောင်လာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

၎င်းနှင့်အတူ ပုဏ္ဏားကျွန်းမြို့နယ် ကြံခင်းကယ်ဆယ်ရေးစခန်းမှ မောင်အေးကျော် (ခ) မောင်ပု (၂၉ နှစ်) နှင့် မောင်သန်းစိုး (ခ) င/လုံး (၂၁ နှစ်) တို့နှစ်ဦးလည်း ဘေးတွဲဆိုင်ကယ်ဖြင့် လိုက်ပါလာခဲ့ပြီး တန်းစွယ်ရွာအနီး သရက်တောခြံအတွင်းရှိ မြောင်တွင် မောင်တင်ဝင်း သိမ်းဆည်းထားသည့် လက်ထိပ်ဖြင့် အမျိုးသမီးအား လက်ထိပ်ခတ်၊ မျက်စိစည်းခိုင်းပြီးနောက် အခြားနှစ်ဦးကို လမ်းဘေးတွင် စောင့်ဆိုင်းခိုင်းခဲ့ကြောင်း သိရသည်။

ထို့နောက် အမျိုးသမီးအား အဓမ္မပြုကျင့်ရန် တောင်းဆိုစဉ် ငြင်းဆန်ခဲ့သဖြင့် အနီးရှိ ကျောက်ခဲဖြင့် လည်ဂုတ်၊ ပါးနှင့် မျက်နှာတို့ကို ရိုက်နှက်သတ်ဖြတ်ကာ မုဒိမ်းပြုကျင့်ခဲ့ပြီး အလောင်းအား ရေအိုင်အတွင်း ဆွဲချဖုံးကွယ်ခဲ့ကြောင်း မောင်တင်ဝင်းက ထွက်ဆိုထားသည်။

မောင်တင်ဝင်း၏ ထွက်ဆိုချက်အတိုင်း ကျန်ပူးပေါင်းပါဝင်သူ မောင်အေးကျော်နှင့် မောင်သန်းစိုးတို့ နှစ်ဦးကိုလည်း စစ်ဆေးရာတွင် ဟုတ်မှန်ကြောင်း ဝန်ခံခဲ့ကြသဖြင့် ဇူလိုင်လ ၂၄ ရက် နံနက်ပိုင်းတွင် ၎င်းတို့ (၃) ဦးစလုံးကို ဒီလပ်ဌာနက အမှုဖြင့် တရားဝင်ဖမ်းဆီးလိုက်ခြင်းဖြစ်သည်။

လက်ရှိတွင် တရားခံများအား ချုပ်ရက်မန်ရယူခြင်း၊ သက်သေခံပစ္စည်းများ သိမ်းဆည်းခြင်းနှင့် တရားစွဲဆိုနိုင်ရေးအတွက် စုံစမ်းစစ်ဆေးမှုများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း ULA/AA ၏ ဒီလပ်ဌာန ထုတ်ပြန်ချက်အရ သိရသည်။

ဒီလပ်ဌာန၏ ထုတ်ပြန်ချက်တွင် ရာဇသတ်ကြီး ပုဒ်မ ၃၀၂ (၁) အရ ကြိုတင်ကြံစဉ်၍ လူသတ်မှု ကျူးလွန်ပါက သေဒဏ် သို့မဟုတ် ငွေဒဏ် ချမှတ်နိုင်ပြီး၊ မုဒိမ်းမှု ပုဒ်မ ၃၇၆ အရ ကျူးလွန်သူအား ထောင်ဒဏ် (၁၀) နှစ်မှ အနှစ် (၂၀) အထိ သို့မဟုတ် ငွေဒဏ် ချမှတ်နိုင်ကြောင်း ပြဋ္ဌာန်းထားသည်။

#အာရက္ခ #ပုဏ္ဏားကျွန်း #ဒီလပ် #သတင်း #မှုခင်းသတင်း

Address

Sittwe

Website

Alerts

Be the first to know and let us send you an email when Rakhine New posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share