18/02/2026
မနက်အိပ်ယာထခြင်းရဲ့အဓိပ္ပယ်ဟာ
ဘဝကို ....
လွတ်လပ်စွာဖြတ်သန်းဖို့မဟုတ်ဘဲ.....
သေခြင်းကိုဆောင်တဲ့ သေနတ်နဲ့
တစ်ချို့ကိုတော်လှန်ဖို့သာဖြစ်တဲ့
တို့တွေရဲ့လူငယ်ဘဝ။
မျော်မှန်းထားတဲ့ မနက်ဖြန်ဆိုတာရယ်.....
မျက်စိမကန်းပေမဲ့....
...မသိမြင်နိုင်တဲ့အရာတွေဘဲ...
သို့ပေမဲ့ ...ယုံကြည်ချက်ဆိုတာ ရှိစမြဲပါ.....
ဒီသေနတ်ကိုကိုင်ပြီး
ဒီလမ်းကိုလျောက်ခဲ့တာ...
သင်္ချာပုဒ်စာလို..မွေးဖွားခြင်းနဲ့ သေခြင်းကြား
အေဖြရှာခဲ့တဲ့ငါတို့ဟာ....
ခုသိလိုက်ရပေမဲ့ ဒါနောက်ဆုံးချိန်ဖြစ်နေခဲ့။
PPN #နွေဦး**